28/08/2026
Supporting LGBTQIA+ Youth on Wear It Purple Day 💜
LGBTQIA+ လူငယ်တွေကြုံတွေ့ရတဲ့ အနိုင်ကျင့်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ ဖယ်ကျဉ်ခံရမှုတွေကိုတုံ့ပြန်ဆောင်ရွက်ဖို့အတွက် သြစတြေးလျမှာ Wear It Purple Day လှုပ်ရှားမှုကို ၂၀၁၀ ခုနှစ်ကစပြီး လုပ်ဆောင်လာခဲ့ကြပါတယ်။
သြစတြေးလျသံရုံးအနေနဲ့ သြဂုတ်လတိုင်းရဲ့နောက်ဆုံးသောကြာနေ့မှာခရမ်းရောင်ဝတ်ဆင်ပြီး LGBTQIA+ လူငယ်တွေမိမိကိုယ်ကိုဂုဏ်ယူနိုင်ဖို့ရည်ရွယ်တဲ့ဒီနှစ်စဥ်ဆင်နွှဲမှုမှာ ပါဝင်ရတာဂုဏ်ယူပါတယ်။
ဒီနေ့အပါအဝင် နေ့စဉ်နေ့တိုင်းမှာ မြန်မာ LGBTQIA+ အသိုက်အဝန်း၊ အထူးသဖြင့် ၄င်းတို့ရဲ့သတ္တိနဲ့ကြံ့ခိုင်မှုတို့ကြောင့်အတုယူစရာကောင်းတဲ့လူငယ်တွေနဲ့အတူ မိမိတို့ရပ်တည်ပါတယ်။
The ‘Wear It Purple Day’ movement in Australia began in 2010 in response to the bullying, discrimination and exclusion faced by LGBTQIA+ young people.
The Australian Embassy is proud to wear it purple on the last Friday of every August, as an annual celebration for LGBTQIA+ young people to be proud of who they are.
Today, and every day, we stand with the Myanmar LGBTQIA+ community, especially young people whose courage and resilience continue to inspire positive change.