FREDA

FREDA Founded in 1996, FREDA is a non-political, non-profit and non-government organization in the forestry sector of Myanmar.

📢 စတုတ္တအကြိမ်မြောက် အသိပညာပေးဟောပြောပွဲ ကျင်းပမည်FREDA မှ ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အသိပညာပေးဟောပြောပွဲ ကို Zoom Onl...
23/08/2026

📢 စတုတ္တအကြိမ်မြောက် အသိပညာပေးဟောပြောပွဲ ကျင်းပမည်
FREDA မှ ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အသိပညာပေးဟောပြောပွဲ ကို Zoom Online မှတစ်ဆင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ဟောပြောမည့်ခေါင်းစဉ်:
The Perspective of Marine Ecotourism in Myanmar
(မြန်မာနိုင်ငံ၏ အဏ္ဏဝါဂေဟစနစ် ခရီးသွားလုပ်ငန်း အလားအလာ)

မြန်မာနိုင်ငံ၏ ပင်လယ်နှင့် ကမ်းရိုးတန်းဒေသများ၏ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရင်း **အဏ္ဏဝါဂေဟစနစ် ခရီးသွားလုပ်ငန်း (Marine Ecotourism)** ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဤ Webinar ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

🌱 **Marine Ecotourism** ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့်—
• ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်
• အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်
• ပင်လယ်နှင့် ကမ်းရိုးတန်းဂေဟစနစ်များကို ရေရှည်ထိန်းသိမ်းကာကွယ်နိုင်ရန်
• သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ မျှဝေပေးနိုင်ရန်
တို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

🌏 ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်လာပြီး ဂေဟစနစ်ပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်းတို့ကို ရင်ဆိုင်နေရချိန်တွင် **သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်မည့် Ecotourism** သည် အရေးပါသော နည်းလမ်းတစ်ရပ် ဖြစ်လာပါသည်။

🎤 Speaker
Hla Aye (Mr.)
Managing Director
Shan Yoma Travel & Tours Co., Ltd.

• ကျင်းပမည့်ရက်စွဲ: ၂၉.၈.၂၀၂၆ (စနေနေ့)
• အချိန်: ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီ
• Zoom တက်ရောက်ရန် အချက်အလက်များ:
Zoom ID: 732 586 5920
Passcode: 13111983

သဘာဝဘေးဒဏ်အံတုရန်လိုက်လံလေးစားပြယုဂ်များ (ဆောင်းပါး အပိုင်းဆက်)ထိုနည်းတူပင် အဆိုပါ ကရင်တိုင်းရင်းသားတို့ နေထိုင်ရန်အတွက်...
19/07/2026

သဘာဝဘေးဒဏ်အံတုရန်လိုက်လံလေးစားပြယုဂ်များ (ဆောင်းပါး အပိုင်းဆက်)

ထိုနည်းတူပင် အဆိုပါ ကရင်တိုင်းရင်းသားတို့ နေထိုင်ရန်အတွက် ဝါးကိုသာအသုံးပြုသည်။ ကျွန်းသစ်တောကြီးအလယ်မှာနေပေသည့် သစ်ကိုမသုံး။ တိုင်လည်းဝါး၊ အခင်းနဲ့ အကာမှာလည်း ဝါး၊ အမိုးသာ သက္ကယ်ဖြစ်သည်။ ဝါးမှာ အကြီးမြန်သော အပင်ဖြစ်၍ တစ်နှစ်တခါ ရင့်သော ဝါးပင်ခုတ်နေသ၍ မပြုန်းတီးနိုင်ချေ။ ရွှေကရင်တို့၏ ငါးနှင့်ဝါးသယံဇာတအသုံးပြုပုံမှာ ကိုယ်လည်းစားသုံး၊ နောင်လာနောက်သားတို့အတွက်လည်း အဆင်ပြေသည့်မိရိုးဖလာ သယံဇာတသုံးစွဲနည်းများ ဖြစ်ကြသည်။ တောင်ယာမှာလည်း တစ်နှစ်တစ်ကြိမ် ဝါးပေါသောနေရာကိုသာ ရွေးခုတ်၏။ အကြီးမြန်သောဝါး မှာ ၃-၄ နှစ်ဆိုလျှင် တောင်ယာခုတ်ရန် အရွယ်ရောက်လာလေ၏။ အများပြောသလို သစ်တောများ တောင်ယာခုတ်ခြင်းကြောင့် တောပျက်ရသည်ဆိုသည်မှာ မိရိုးဖလာတောင်ယာခုတ်ခြင်းကြောင့်မဟုတ်။
၂၀၁၄ခုနှစ် ကယားပြည်နယ်သို့ ရွှေ့ပြောင်းတောင်ယာလေ့လာရေးခရီးရောက်ခဲ့စဉ်ကလည်း ကယားတိုင်းရင်းသားတို့သည် တောင်ယာလုပ်မည့်အကွက်အတွင်းရှိ ပေါက်ရောက်သစ်ပင်တို့အနက် အပင်ကြီးဆိုလျှင် မခုတ်ဘဲချန်ထားခဲ့၏၊ လုံးပတ်၂-၃ ပေ အပင်သေးဆိုလျှင် မြေပြင်အထက် ၄-၅ ပေကနေ ခုတ်၏။ အဓိကမှာ စိုက်မည့် သီးပင်စားပင်အပေါ်သို့ အရိပ်မကျရန်သာဖြစ်၏။
ထိုသို့ အပင်ချန်ခြင်း (အမြင့် ၄-၅ ပေမှခုတ်ခြင်း) တို့ကြောင့် တောင်ယာလုပ်ပြီးနောက် ၂-၃နှစ်ဆိုလျှင် ထိုတောင်ယာနေရာဟောင်းအကွက်မှာ တောအုပ်လေးသဖွယ်ပြန်ဖြစ်နေသည်။ ကိုယ့်အတွက်လည်း စားနပ်ရိက္ခာဖူလုံပြီးတောလည်းမပျက်၊ အလွန်နေရာကျသောနည်းဖြစ် သည်။
၂၀၁၆ နှစ်က Agroforestry Project ဆောင်ရွက်ဖို့ ချင်းပြည်နယ်ရောက်ခဲ့ပါတယ်၊ ချင်းပြည်နယ်ရှိ ရွှေ့ပြောင်းတောင်ယာလုပ်နည်းမှာ စိုက်ပျိုးလုပ်ကိုင်မည့်အကွက်အတွင်းမှာ မိုင်းဘောပင် (Alnus nepalensis)တွေကို ၁၅ ပေ ၂၀ ပေ အကွာနဲ့ စိုက်ထားပြီး တောင်ယာလုပ်ချိန်မှာ ဒီမိုင်းဘော အပင်တွေရဲ့အကိုင်းတွေခုတ်ပြီး လင်းဖွင့်ပါတယ်။
လင်းပွင့်သွားတော့ကိုယ်စိုက်လိုရာသီးနှံစိုက်၊ သီးနှံရိတ်သိမ်းတဲ့အခါကျတော့ အဆိုပါ မိုင်းဘောပင်က အခက်အလက်တွေနဲ့ အပင်ငယ်သဖွယ် ဝေစည်လာပြန်တယ်၊ အကိုင်းတွေခုတ်ပြီး လင်းဖွင့်တုံးကလောင်စာအတွက် ထင်းလည်းရ၊ လင်းပွင့်သွားတော့နောက် ကိုယ်စိုက်လိုရာသီးနှံစိုက်တော့လည်း စားဖို့သီးနှံရနဲ့ အလွန်နေရာကျတဲ့နည်း ဖြစ်ပါတယ်။
Rio+20 Declaration ၏ အပိုဒ်(၁၉၇)တွင် “ရိုးရာဗဟုသုတ၊ ဒေသခံလူများနှင့် ဒေသန္တရ အသိုင်းအဝိုင်းများ၏ ဆန်းသစ်တီထွင်မှုများ၊ အလေ့အထများသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ရေရှည်သုံးစွဲမှုကို အထောက်အပံ့ဖြစ်စေပြီး ပိုမိုကျယ်ပြန့်စွာ အသုံးချခြင်းသည် လူမှုအကျိုးစီးပွားနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းမှုများအတွက် အထောက်အကူ ဖြစ်စေနိုင်သည်” ဟုဖော်ပြထားပါတယ်။
မိုင်းဘောပင်သည် Nitrogen Fixing Species ဖြစ်လို့ ဒီအပင်ရှိတဲ့နေရာမှာ မြေဆီသြဇာကောင်းစေပါတယ်။ အရွက်ကလည်း ဆွေးမြေ့လွယ်တာမို့ မြေကြီးမှာ Organic Matter များစေပါတယ်။
အကြီးမြန်တဲ့ယူကလစ်မှာ အဆီပါနေတာကြောင့် ဆွေးမြေ့လာဖို့ အချိန်တော်တော်ကြာ စောင့်ရပါတယ်။ မြေဆွေးမဖြစ်လွယ်ပါ။
ဒီနေ့ခေတ်မှာ ရာသီဥတုပြောင်းလဲခြင်း သဘာဝဘေးဒဏ်ခံရပြီးနောက် ပြန်လည်ရှင်သန်ထမြောက်နိုင်ခြင်း (Climate Change Resilience)ဆိုတဲ့စကားလုံးဟာ အသုံးများလာပါတယ်။ စနစ်တခု (ဥပမာစိုက်ပျိုးနည်းစနစ်တစ်ခု)ဟာ ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံရပြီးနောက် ပြန်လည်နာလံထူနိုင်မဲ့ကိစ္စက တကယ်တော့ မလွယ်လှပါဘူး၊ အချိန်ယူရပါတယ်။ ပြန်ဖြစ်ထွန်းချင်မှလည်း ဖြစ်ထွန်းနိုင်ပါတယ်။ သို့သော် အထက်ဖော်ပြပါ စိုက်ပျိုးနည်းစနစ်ကတော့ မြေသားကို မပြိုပျက်၊ မတိုက်စားအောင် အပင်နဲ့မြေကြီး အမြဲတပ်လျှက်ရှိတာကြောင့် လည်းကောင်း၊ အပင်ကြောင့် မြေဆီသြဇာတက်စေမှုကြောင့်လည်းကောင်း၊ စိုက်ပျိုးရိတ်သိမ်းပြီး တောအုပ်ကလေး မြန်မြန် ဖြစ်စေ၍ လည်းကောင်း ရေထိန်းပေးနေ၍လည်ကောင်း Climate Change Resilience အတွက် မပူပင်ရတဲ့ ရိုးရာစိုက်ပျိုးနည်းလေးပါ။
မိုင်းဘောပင်နဲ့ လက်ဖက်ပင် တွဲစိုက်ထားသော သုတေသနတစ်ခု၏ရလဒ်မှာ လက်ဖက်ရွက်အထွက်တိုးသည့်အပြင် အရသာပါပိုမိုကောင်းမွန်ကြောင်း၊ မိုင်းဘောပင်နဲ့ ပြောင်းပင်ရော စိုက်ရာမှာ သာမန်အကွက် (Control)ထက် ၁၇% ပိုထွက်ကြောင်း သုတေသန ရလာဒ်များအရ သိရှိရပါတယ်။
တစ်ခုပဲကန့်သတ်ချက်ရှိပါတယ်။ အဲဒါကတော့ မိုင်းဘောပင်ဟာ ပင်လယ်ရေ မျက်နှာ ပြင်အထက် ပေ(၃၀၀၀) ကျော်နေရာတွေမျာသာမှာ ပေါက်ရောက်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပင်လယ်ရေ မျက်နှာပြင် အထက်ပေ (၃၀၀၀)ကျော်ဒေသတွင် ဥပမာ- ချင်း၊ ရှမ်း၊ က ချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ဒီအပင်ပေါက်ရောက်နေတာ စာရေးသူကိုယ်တိုင် တွေ့ ရှိပြီး ဖြစ်ပါတယ်။
ပင်လယ်ရေ မျက်နှာပြင် ပေ(၃၀၀၀) အောက် ရှိမြေပြန့်ဒေသတွင် ရော Nitrogen Fixing Species အပင်မျိုးဘာစိုက်နိုင်မလဲ? ရှိပါသည်။ ကျွန်တော်တို့ ဒေသမျိုးပင်များဖြစ်တဲ့ အညာကုက္ကို၊ ပြီးတော့ဘောဇကိုင်း၊ပျဉ်းကတိုး၊ဘုံမွဲဇာစသည်တို့ဖြစ်သည်။
ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကြောင့် စိုက်ပျိုးရေးအပါအဝင် ကဏ္ဍာပေါင်းစုံ ထိခိုက်နိုင်တာကို “ အညာဆူးလှည်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး(၆-၁၀-၂၀၁၃ ထုတ်ကြေးမုံသတင်း စာပါပြီး) ရေးသားခဲ့ဖူးပါတယ်၊ ရာသီဥတုပြောင်းလဲခြင်းရဲ့ဒဏ်တွေထဲမှာ အဓိကဒဏ်ရာဒဏ်ချက်ကတော့ “ရေရှားပါးမှု” (စမ်းရေခမ်းမှု၊ မြေအောက်ရေရှားပါးမှု၊ အင်းအိုင်ချောင်း မြောင်းများ ရေခန်းမှု) ပဲဖြစ်ပါတယ်။
တောင်ပေါ်ဒေသ (Hilly Region) တွေမှာ မြေပေါ်မြေအောက်ရေဓါတ် ထိန်းသိမ်း ပေးကာ မြေဆီသြဇာပါတက်စေသည့်ဖော်ပြပါ မိရိုးဖလာ စိုက်ပျိုးနည်းဖြင့် ဂျုံ၊ တောင်ယာ စပါး၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဝဥ၊ မြေပဲ စတာတွေကို စဉ်ဆက်မပြတ်စိုက်ပျိုးခြင်း (Sustainable Agriculture) လုပ်လို့ရနိုင်ပါတယ်။
IUCN ၏၂၀၂၆ ကွန်ဂရက်တွင်လည်း "Our Traditional Knowledge is the Language of Mother Earth” ဟုဆွးနွေးခဲ့ကြသည်။ ကွန်ဂရက်တွင်ရှင်းလင်းသော ခေါင်းစဉ်ချမှတ်ခဲ့သေးသည်။
ယင်းမှာ ”Indigenous science—honed through millennia of observation and deep relationship with ecosystems—is foundational to meeting the Kunming-Montreal Global Biodiversity Framework (GBF) and Paris Agreement targets” ပင်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီသော စောင့်ကြည့်လေ့လာမှုများနှင့် ဂေဟစနစ်များအပေါ် နက်ရှိုင်းသော ဆက်နွှယ်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် တိုင်းရင်းသားလူမျိုးများ၏ သိပ္ပံပညာ (Indigenous science) သည် Kunming-Montreal Global Biodiversity Framework (GBF) နှင့် ပဲရစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ပါ ရည်မှန်းချက်များကို ပြည့်မီရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
အဆုံးမှာတော့ ကဏ္ဍပေါင်းစုံတွင်ရှိနိုင်သောမိရိုးဖလာ နည်းများ/ပြယုဂ်များသည် ဒီနေ့ခေတ်မှာ ရင်ဆိုင်နေရတဲ့ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံနိုင်ပြီး ပြန်လည်ရှင်သန်ထမြောက်နိုင်ခြင်း (Climate Change Resilience)ကိုအထောက်အကူ ဖြစ်စေနိုင်ကြောင်းပါ။

ပုံ မှာ မိုင်းဘောပင်ကိုအကိုင်းချိုင်ပြီးစားသုံးသီးနှံပင်များစိုက်ထားခြင်းဖြစ်ပါသည်။ (ချင်းပြည်၊ ဟားခါးအနီး, ၂၀၁၆၊ ဓါတ်ပုံ-စန်းဝင်း)

ဒေါက်တာစန်းဝင်း (FREDA)

ငှက်ကြည့်ခြင်းသင်တန်း အမှတ်စဉ် (၁) ကို အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခြင်း 🐦✨သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့...
14/07/2026

ငှက်ကြည့်ခြင်းသင်တန်း အမှတ်စဉ် (၁) ကို အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခြင်း 🐦✨

သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် "ငှက်ကြည့်ခြင်းသင်တန်း အမှတ်စဉ် (၁)" ကို အောင်မြင်စွာ ဖွင့်လှစ်ပို့ချပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဤသင်တန်းတွင်:

📖 စာတွေ့သင်ခန်းစာများ ကို ဇွန်လနှင့် ဇူလိုင်လအတွင်း စနစ်တကျ ပို့ချပေးခဲ့ပြီး၊

🌲 လက်တွေ့ကွင်းဆင်းလေ့လာခြင်း (Field Trip) ကိုလည်း သင်တန်းသား/သူများ စိတ်အားထက်သန်စွာဖြင့် အတူတကွ ပျော်ရွှင်စွာ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

သင်တန်းတစ်လျှောက်လုံးတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် နည်းပြဆရာများ၊ အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Capital Automotive Limited နှင့် FREDA NGO တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်ပင်စိုက်ပျိုးပ...
04/07/2026

Capital Automotive Limited နှင့် FREDA NGO တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်ပင်စိုက်ပျိုးပွဲတော်🍀

Capital Automotive Limited နှင့် FREDA NGO အသင်းတို့ ပူးပေါင်းပြီး Corporate Social Responsibility (CSR) လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအနေနဲ့ သစ်ပင်စိုက်ပျိုးပွဲတော်ကို (၄.၇.၂၀၂၆) ရက်နေ့မှာ ပျော်ပျော်ပါးပါး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းမှာ အားတက်သရော စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး၊ ကမ္ဘာမြေစိမ်းလန်းစိုပြည်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုခွင့်ရခဲ့တဲ့ အမှတ်တရနေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်ရှင့်။ 🌲✨

သဘာဝဘေးဒဏ်အံတုရန်လိုက်လံလေးစားပြယုဂ်များအင်တာနက်သတင်းအရ အပူချိန်များက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့န...
03/07/2026

သဘာဝဘေးဒဏ်အံတုရန်လိုက်လံလေးစားပြယုဂ်များ

အင်တာနက်သတင်းအရ အပူချိန်များက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့နေ ပါတယ်။ မကြာသေးမီက ဥရောပတိုက်မှာ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် လူပေါင်း ၁,၃၀၀ ကျော်သေဆုံးခဲ့ရပြီး၊ ဂျာမနီနိုင်ငံတွင် ယခင်စံချိန်ဟောင်းများကို ရိုက်ချိုးကာ ၄၁.၇ ဒီဂရီ စင်တီ ဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့တယ်။ ကျန်တဲ့စိတ်ဝင်စားဖွယ်သတင်းအချို့ကတော့
• မြောက်အမေရိက တောမီးလောင်ကျွမ်းမှုများ။ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ သန်း ၁၆၀ ကျော်ဟာ ပြင်းထန်သော အပူရှိန်သတိပေးချက်များအောက်မှာ ရှိနေခဲ့ပြီး၊ ယူတာ (Utah) ကဲ့သို့သော မိုးခေါင်ရေရှားမှုဒဏ်ခံနေရသည့် အနောက်ဘက်ပြည်နယ် များတွင် ရာသီအစောပိုင်း တောမီးလောင်ကျွမ်းမှုများကို ပိုမိုမြန်ဆန် ဖြစ်နေပါတယ်။
• UNICEF ၏ အန္တရာယ်ဆိုင်ရာအစီရင်ခံစာ မကြာသေးမီက ကုလသမဂ္ဂ (UN) ၏ ဆန်းစစ်ချက်တစ်ခုအရ ကမ္ဘာပေါ်ရှိ ကလေးသူငယ် ၂.၄ ဘီလီယံနီးပါးလုံးသည် ပြင်းထန် သောအပူလှိုင်းများနှင့် မိုးခေါင်ရေရှားမှုများကဲ့သို့သော ရာသီဥတုနှင့်ဆက်စပ်သည့် ထပ်တူကျနေသော ဘေးအန္တရာယ်များကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။
• ရာသီဥတုဆိုင်ရာတာဝန်ယူမှု မှတ်တိုင်တင်ရမည့် တရားစီရင်ရေးဆုံးဖြတ်ချက် တစ်ခု တွင် ပါရီတရားရုံးက ပြင်သစ်ရေနံကုမ္ပဏီကြီးဖြစ်သည့် Total Energies အနေဖြင့် ၎င်းတို့၏ရာသီဥတုဆိုင်ရာ "ဂရုပြုစောင့်ကြည့်ရမည့်" တာဝန်(vigilance duty)ကို ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး၊ ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို အသုံးပြု ခြင်းကြောင့် ထွက်ရှိလာသည့် ဖန်လုံအိမ်ဓာတ်ငွေ့ စွန့်ထုတ်မှုများအတွက် တာဝန်ခံရ မည်ဟု စီရင်ချက်ချခဲ့ကြောင်းဖတ်ရပါတယ်။
ဒါတွေကတော့လက်ရှိအချေအနေဖြစ်နေတဲ့အချေအနေတွေပါ။ကမ္ဘာမှာ El Niño က လည်းစတင်နေပြီဆိုတော့အဲဒီ ပူလွန်းခြင်းအေးလွန်းခြင်းဆိုတဲ့အစွန်းရောက်ရာသီဥတုအခြေ အနေတွေဖြစ်နေတာလို့ ပြောလို့ရနိုင်ပါတယ်။ ကျွန်တောာ်တို့နိုင်ငံမှာ လာမဲ့နွေရာသီအတော်ပူ မယ်လို့ခန့်မှန်းရပါတယ်၊ အလွန်ပူပြင်းခြင်းရဲ့အကျိုးဆက်တွေကို ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။
ကမ္ဘာမြေပူလွန်းခြင်း အေးလွန်းခြင်းစတဲ့ ကမောက်ကမရာသီဥတုတွေရဲ့ တရားခံများ ကတော့ ကာဗွန်ထုတ်လွှတ်တောရော၊ သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲတာရောက အဓိကတရားခံတွေပါ။နာဆာရဲ့လောလောလတ်လတ်ပူတဲ့ပုံလေးတင်ပြလိုက်ပါတယ်။

တကယ်ကတော့ သဘာဝသယံဇာတများ (ရေ၊မြေ၊တောတောင်၊သားငါးစသည်)တို့ကို လူသားတို့၏ စားဝတ်နေရေးအထောက်အပံ့အတွက်ဟုသာ အမြင်များခဲ့ကြသည်။ တကယ်က တော့ ဂေဟစနစ်ပြီးတည်ငြိမ် ရာသီဥတုကောင်းမွန်နေရန်မှာလည်း သယံဇာတများဆက်လက် တည်ရှိနေမှသာ ဖြစ်နိုင်သည်။ ကိုယ်လိုတာလည်းစားသုံး၊ သယံဇာတလည်း မယိုယွင်းစေဆို လျှင် ဂေဟစနစ်တည်ငြိမ်မှု ကိုလည်း အထောက်အကူပြုနေမည်ဖြစ်သည်။ သားရွှေအိုးထမ်းဖို့ ဆိုတာ လွယ်သည်တော့မဟုတ်၊ သို့သော်လူသားတို့ကြံဆောင်လျှင်ဖြစ်နိုင်သည်။ ယင်းဖြစ်နိုင် သော ပြယုဂ်ကလေးများကို မျှဝေလိုသည်။
စာရေးသူသည် ၁၉၈၃ သစ်တောဘွဲ့ရပြီးနောက် ချက်ချင်းဆိုသလို အမှုထမ်းငယ်ဘဝ ဖြင့် ပဲခူးရိုးမအတွင်းတောင်ယာစနစ်ဖြင့် ထူထောင်သော ကျွန်း၊ ပျဉ်းကတိုးစိုက်ခင်းများကို လုပ်ကိုင်ခဲ့ရသည်။ လုပ်ဖော်ကိုင်ဖက်တောင်ယာသမားများမှာ သာယာဝတီခရိုင်၊ ကုတင် ဘီးလင်း၊ ကုန်းဘီးလင်း၊ မုက္ခာ အစရှိသော သစ်တောကြိုးဝိုင်းအတွင်းရှိ ဟိုင်းယု၊ ရေသိုး၊ ကျွဲမကိုင်းရွာများမှ တောင်ပေါ်ကရင်တိုင်းရင်းသားများ ပဲခူးရိုးမတောင်ခြေနားက ကျောင်းရွာ၊ ဘန့်ဘွေးပင်၊ ဖားရွှေကျော်၊ ရှမ်းကရင်စု၊ ရွှေညောင်ပင်၊ အင်းကောက်ရွာမှ ရှမ်းနှင့်ဗမာတိုင်း ရင်းသားများ ဖြစ်ကြသည်။
စိုက်ခင်းများမှာ ပဲခူးရိုးမအတွင်း တည်ရှိ၍ တောင်ပေါ်ကရင်တိုင်းရင်းသားများနှင့် ပိုမိုနီး ကပ်စွာနေရသည်။ သူတို့အလေ့အကျင့်များကိုလည်း သတိပြုမိသည်။ ဖေဖေါ်ဝါရီလမှာ တောင်ယာခုတ်ပြီးလျှင် ကုတင်ဘီးလင်းချောင်းဖျားရှိကျောက်အိုင်များသို့ ငါးရှာထွက်လေ့ရှိ သည်။ သူတို့နဲ့ ငါးရှာဖားရှာလိုက်ကြည့်မိသည်။ ကျွဲမကိုင်းကရင်ရွာမှ မနက်အစောထွက်သော် ညနေ ၃ နာရီတွင် ချောင်းဖျားသို့ ရောက်သည်။ရှာပုံရှာ နည်းမှာ ငါးဆေးချရွက်များဖြစ်သော ပေါက်နွယ်၊ ဗိစပ်ရွက် စသည်တို့ကို ဝါးကျည်ထောက်ထဲထည့်ကာထောင်းပြီး ကျောက်အိုင်ထဲသို့ ပစ်ချသည်၊ ရေထဲက ငါးများသည် ယင်းအရွက်၏ အဆိပ်ကြောင့် မျက်စေ့စပ်ကာ ရေပေါ် ပေါ်လာသည်၊ အချို့က မူးမေ့သွားကြသည်၊ ထိုအခါ ကိုယ်လိုချင်သော ငါးအကြီးကြီးများကို ရွေးယူလိုက်ကြသည်။ အဖမ်းမခံရသော ငါးလတ်၊ ငါးသေးများသည် နောက်နာရီဝက်၊ တစ်နာရီ ကြာသောအခါ အစပ် ပြေ၊ အမူးပြေသွားကာ ရေထဲ၌ ပြန်လည်ကူးခတ်အသက်ရှင်နိုင်ကြသည်၊ ရလာသောငါး(အများအားဖြင့် ငါးဒေါင်းမ)များကို ချက်ချင်းစားဖို့ကင်လိုက်၊ ကျန်ငါးများကို ဗိုက်ခွဲဆားနယ်ကာ ဝါးကျည်ထောက်ထဲသို့ သိပ်ထည့်သည်။ နောက်တစ်ရက်မှာ လူတစ်ဦးတွင် ငါးပိသိပ်ထားသော ဝါးကျည်ထောက် ၂ခုစီလွယ်ကာ ပြန်လာခဲ့ကြသည်။
ဤငါးဖမ်းနည်းကိုစဉ်းစားကြည့်သော် ရေလည်း အဆိပ်အတောက်မဖြစ် ကိုယ်လိုချင် သော ငါးလည်းရ၊ ငါးမျိုးလည်း မပြုန်းတီးသည်ကို တွေ့ရသည်။
ထပ်မံစဉ်းစားကြည့်သော် ပြန်ရောင်း ဖို့ဟူသောအတွေးဖြင့် “အပိုမဖမ်းခဲ့ခြင်း” ပင်ဖြစ် သည်။တစ်နှစ်စာ စားလောက်ရုံသာ ဖမ်းခဲ့ကြသည်။ ယခုခေတ်ဆိုလျှင် ပိုက်ဆံရအောင်ဟုသော အတွေးဖြင့် တစ်လကိုးသတင်း အထိုင်ချကာ နည်မျိုးစုံ(ဘက်ထရီရှော့တိုက်နည်း၊ အင်ဒရင်း ဆေးအစရှိသည့် ပိုးသတ်ဆေးချဖမ်းနည်း)တို့ဖြင့် ဖမ်းလောက်ကြမည်။ ထိုနည်းများမှာ ငါးကြီး များသာမက ငါးအသေးလေးတွေရော၊ ကျန်ရေနေအကောင်များရောသေကျေ ကြသည်။ ထို့နောက် ရေလည်းသုံးမရတော့ချေ။ နောင်ကာလအတွက် ငါးမျိုးဆက်ကျန်ရစ်ခဲ့ဖို့ဆိုတာ အဝေးကြီး။ ဤနေရာတွင်မဟတ္တမဂန္ဒီကြီး၏ “Our Planet can provide your needs, but not your greed” စကားကို သတိရမိသည်။ လောဘမကြီးလျှင်ဖြင့် နှစ်စဉ်စားဖို့ ကမ္ဘာမြေကြီးက ပေးနိုင်စွမ်းသည်။
ဒီနေရာမှာ ကြုံတုံးပြောပြချင်တာလေးရှိသည်။ အဲဒါကတော့ လိုက်လာသူတွေက ယောက်ျားအိမ်ထောင်ဦးစီးမရှိသော အိမ်များအတွက် ငါးပိဝါးကျည်ထောက်တစ်ဗူးစီ ယူလာပေး ခဲ့ခြင်းဖြစ်သည်။ အလွန်မိတ်ဆွေကောင်း ပီသကြသည့်အလေ့အကျင့်ဖြစ်သည်။
ဘူတန်လယ်သမားကိစ္စလေးကိုလည်း သတိရမိသည်။ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခု၏ ပညာရှင်တစ်ဦးက ဘူတန်လယ်သမားကို စိုက်နည်းနဲ့စပါးမျိုးစေ့ကောင်းပေးပြီး အထွက် ၂ဆ တိုးလိမ့်မည်ဟု ပြောခဲ့သည်။ လယ်သမားလည်း ထိုသူပြောသည့်အတိုင်းစိုက်ရာ ၂ဆ ထွက်လေ၏။ နောက်နှစ် အဆိုပါပညာရှင်သွားရောက်ပြန်ရာ လယ်သမားနှင့်တွေ့ပြီး အထွက်၂ဆတိုးကြောင်းသိရသဖြင့် တိုးချဲ့စိုက်မည်လားဟုမေးရာလယ်သမား က၂နှစ်စာ ဝမ်းစာ စပါးရပြီးဖြစ်၍ ယခုနှစ်မစိုက်တော့ကြောင်း ပြန်ပြောလေ၏။
ဘူတန်နိုင်ငံ၏အမျိုးသားဖွံ့ဖြိုးမှုရည်မှန်းချက်မှာ “Gross National Happiness” ဖြစ်၏။ ပစ္စည်းဥစ္စာချမ်းသာဖို့ထက်စိတ်ပျော်ရွှင်ချမ်းမြေ့မှုကိုဦးစားပေးထား၏။

ကျန်တဲ့အပိုင်းကို နောက်မှ ဆက်တင်ပေးပါမယ်။

တစ်ကုန်းတက်၍ တစ်တောင်ကျော်သစ်တေတက္ကသိုလ်တုန်းက Curricula Revise လုပ်လိုက်, Agroforestry နဲ့ Environmental သင်ရိုးကို သင်...
16/06/2026

တစ်ကုန်းတက်၍ တစ်တောင်ကျော်

သစ်တေတက္ကသိုလ်တုန်းက Curricula Revise လုပ်လိုက်, Agroforestry နဲ့ Environmental သင်ရိုးကို သင်ပေးလိုက်ရုံပဲ။ ပေါ့ပေါ့ပါးပါးပေါ့။
အခု FREDA မှာ လုပ်ရတော့ Fund Mobilization လည်း စဉ်းစားရ၊ ဒီရေတောစိုက်ခင်း အောင်မြင်အောင်စိုက်ဖို့ လုံ့လထုတ်ရ၊ အစစအရာရာတက်လာတဲ့ကုန်ဈေးနှုန်းတွေကြားမှာ ဒီရေတောစိုက်ခင်း အောင်မြင်အောင်လုပ်ရနဲ့၊ မပေါ့ပါးတော့ဘူး။
အထူးသဖြင့် ကုန်ဈေးနှုန်းကိစ္စပါ။ ကျွန်တော် အလုပ်ဝင်ကာစ ၁၉၈၄ ခုနှစ်က (၁)ဧက ပန္နက် (၆၀၀)ချောင်းအတွက် ရံပုံငွေ (၁ဝိ/-)ကျပ် ခွင့်ပြုပါတယ်။ ဆိုပါစို့ ဝါးပန္နက်(၆၀၀)ကို ၁ဝိ/- ပေါ့။ အခု FREDAရောက်တဲ့ ၂၀၂၄ ကြတော့ ပန္နက် တစ်ချောင်း (၁၅)ကျပ်ပါတဲ့။ ၂၀၂၅ ကြတော့ (၁၈) ကျပ်ဖြစ်လာပြီး ၂၀၂၆ကြတော့ အထိုင်ဈေး (၂၅)ကျပ်နဲ့ ကွင်းထဲအရောက် ပန္နက်(၁)ချာင်း (၃ဝိ/) လောက်ဖြစ်သွားတယ်။ ဟိုးတုန်းက ၁ ဧကဖိုးက အခု ၁ချောင်း ဖိုးတောင် မရှိတော့ဘူး။ အဲဒီတုံးက (၁)ဧကတောခုတ်မီးကာကွယ်၊မီးရှို့အပါအဝင် လုပ်အား ခ ကျပ် (၁၂၀)ပဲ ခွင့်ပြုခဲ့တာပါ။
ဆိုပါစို့ အခက်အခဲကြားက ဖြစ်အောင် ဘယ်လိုစိုက်ရမလဲဆိုတဲ့ "ကုန်း"ကိုတက်ဖို့ စဉ်းစား ရတာ၊ (Donor)ဆီက ရတဲ့ရံပုံငွေကလည်း တရားဝင်ပေါက်ဈေးနဲ့ပဲရတော့ ပြင်ပထက် ထက်ဝက် လောက် လျော့ရတာကိုး။ အဲဒီတော့ ၂၀၂၅ မှာ ကြံဆခဲ့တာက အရင်ကလို ၆ ပေ x ၆ ပေ ပန္နက်နဲ့စိုက် တဲ့အပြင် ၆ ပေခွဲ x ၆ ပေခွဲ ၊ ၁၀ ပေ x ၁၀ ပေ၊ ၁၂ ပေ x ၁၂ ပေဆိုပြီး Spacing Trial လေး ထည့်ပြီး စမ်းသပ်ခဲ့တယ်။ ၁၂ ပေ x ၁၂ ပေ ကပိုပြီး လုံးပတ်ရော အမြင့်ရော ကောင်းနေရင် ၆ ပေအစား ၁၂ ပေ ပန္နက်နဲ့စိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အဲဒီတော့သစ်ပင်ရော၊ ပန္နက်ရော လိုအပ်ချက် ထက်ဝက် လျော့သွားပြီး ရံပုံငွေ လုံလောက်နိုင်ရဲ့လို့ တွေးပြီး စမ်းသပ်မှုလုပ်တာပါ။ ဒါအပြင် Donor ဖက်ကို ၂၀၂၅ မှာ အစေ့စိုက်(Direct Seed Sowing)ဧက ၁၀၀ စမ်းစိုက်ချင်တယ်လို့ပြောတော့ သဘောတူရှာ ပါတယ်။ သို့သော်လည်း အစေ့စိုက်ကစပြီး စမ်းရမဲ့နှစ်မို့လို့ အပင်ပျိုးထောင်တာကိုတော့ စုစုပေါင်း စိုက်မည့်ဧကအတွက်ပဲ ပျိုးထားရတာပေါ့။ ဆိုလိုတာက တကယ်လို့ အစေ့စိုက်အဆင်မပြေရင် ပျိုးပင်အဆင့်သင့်ရှိနေအောင်လို့ပေါ့။
၂၀၂၆ မှာ အဲလိုစဉ်းစားပြီး လုပ်ဖို့ရှိလာတော့ အစေ့စိုက်ဖို့ အသီးတွေသီးရဲ့လား၊ ဇွန်လကုန် ဧက(၁၀၀)လုံး အစေ့စိုက်နိုင်အောင် ပန္နက်ရိုက်ပြီးရဲ့လား၊ အစေ့ရော စုဆောင်းထားရဲ့လားလို့ဆိုတာ သေချာအောင် လပွတ္တာကို တကိုယ်တည်းခရီးတစ်ခု မေလထဲက ထွက်ခဲ့ရပါတယ်။ အသီးတွေ သီးပါ တယ်။ ပန္နက်တွေ စုထားကြပါတယ်။ ယာခုတ်တာက အချို့ CF ပိုင်ရှင်တွေရဲ့အကွက်တွေမှာ အနည်း အပါးကျန်တာ တွေ့ခဲ့ရပါတယ်။
အားလုံးအဆင်ပြေတာမြင်ရပေမယ့် ကွင်းဝန်ထမ်း(၁)ဦးကတော့ လစာပိုပေးတဲ့အဖွဲ့ဖက်ကို ပြောင်းသွားလို့ စိတ်မကောင်းစွာနဲ့ပဲ ခွင့်ပြုခဲ့ရတယ်။ အေးလေ မူရင်းလစာ (၁၀)သိန်းရပြီး၊ ခရီး စရိတ်ထပ်ပေးမှာဆိုတော့ ပြောင်းပေမယ်ပေါ့။
အစေ့စိုက်ပျိုးခြင်းအတွက် လစ်ဟာမှုမရှိအောင် စုဆောင်းပြီးတပါတ်အတွင်း စိုက်နိုင်အောင် အတွက် အစေ့သယ်ယူပို့ဆောင်ရေး၊ အလုပ်သမား ရရှိရေးတို့ကို ဦးစားပေးကြဖို့ မှာခဲ့ရပါတယ်။ ကွင်းဝန်ထမ်းလေးတွေကလည်း ကြိုစားကြလို့ မှာခဲ့ရတယ်၊ ဒါကြောင့် ကွကွလေးစိုက်ခင်းမှာ ၄/၆/၂၀၂၆ နေ့က အစေ့စိုက် (၄၀)ဧက ပြီးစီးကြောင်း တင်ပြလာပါတယ်။ ရိုးကြီးစု စိုက်ခင်းမှာ ၃/၆/၂၀၂၆ နေ့က ဧက (၂၀)ပြီးစီးသွားပါတယ်။ ၆/၆/၂၀၂၆ သစ်ပုတ်ကုန်းစိုက်ခင်းက (၁၆)ဧက ပြီးစီးပါတယ်။ လက်ပံကုန်းကတော့ ၉/၆/၂၀၂၆ ရက် နေ့က (၂၄)ဧက အစေ့စိုက်လို့ ပြီးပါတယ်။ အစေ့စိုက်ဧကပေါင်း ဇွန်လအတွင်း အပြီးစိုက်ရန် ရည်မှန်းချက်က ဇွန်လ ၉ ရက်နေ့က ဧက (၁၀၀)လုံး စိုက်ပြီးသွားပါတယ်။ ပိုသေချာအောင်လို့ ပန္နက် တစ်တိုင်ကို ဗြူးအုပ်ဆောင်း အစေ့ (၂)စေ့ ထိုးတယ်လို့ သိရပါတယ်။
ဇွန်လမှာ အချိန်မီ အစေ့စိုက်ပြီးပြီ။ ကဲ တစ်ကုန်းတော့ တက်ပြီးသွားပြီး။ ကိုယ့်စိတ်ထဲမှာ Donor နဲ့ မျက်နှာမပျက်ရလောက်တော့ဘူးပေါ့။ စိတ်အေးလက်အေးရှိလို့ Hand phone လေး ဖွင့်ပြီး Facebook ကြည့်လိုက်တော့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလကစပြီး ကမ္ဘာကြီးမှာ Super El Niño ကျ ရောက်မယ်လို့ ဖတ်လိုက်ရတယ်။ ၂၀၂၆ မိုးနှောင်းကာလမှာ မိုးကုန်တာစောပြီး အပူချိန်အလွန် အမင်းပူပြင်းခြောက်သွေ့ လာမယ်လို့ ဖတ်ရတယ်။ အစေ့စိုက်ထားတဲ့ဗြူးအုပ်ဆောင်းပင်လေးတွေ El Niño ဆိုတဲ့ ပူပြင်းလွန်ကဲရာသီဥတုကို ကျော်ဖြတ်နိုင်ပါမလားလို့ စိတ်ပူရပြန်ပြီ။ အော်...... တစ်တောင်ကျော်ပြီးပေမဲ့ တကုန်းတက်ဖို့ ကြိုးစားရဦးမှာလေ။

12/06/2026

ငှက်ဝါသနာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအတွက် သတင်းကောင်း 🐦✨

သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ၏ ဗဟိုကော်မတီဝင် ဝါရင့်ပညာရှင် ဆရာဒေါက်တာသိန်းအောင် ကိုယ်တိုင် သင်ကြားပြသပေးမည့် "ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း (Bird Watching Course)" ကို စတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင်တန်းတွင် စာတွေ့သာမက လက်တွေ့ကွင်းဆင်းလေ့လာခြင်း (Field Trip) များပါ ပါဝင်မည်ဖြစ်သောကြောင့် ငှက်မျိုးစိတ်များအကြောင်းကို စနစ်တကျနှင့် ပျော်ရွှင်စွာ လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။

📅 သင်တန်းရက်များ
• ၂၇.၆.၂၀၂၆ (စနေနေ့)
• ၂၈.၆.၂၀၂၆ (တနင်္ဂနွေနေ့)
• ၄.၇.၂၀၂၆ (စနေနေ့)
• ၅.၇.၂၀၂၆ (တနင်္ဂနွေနေ့)

⏰ သင်တန်းအချိန်
• ညနေ ၇:၀၀ နာရီ မှ ည ၉:၀၀ နာရီအထိ (Zoom Class)

🎒 လက်တွေ့ကွင်းဆင်းလေ့လာခြင်း (Field Trip)
• သွားရောက်မည့်နေရာ - လှော်ကားသဘာဝဥယျာဉ် နှင့် တိုင်းရင်းသားကျေးရွာများသို့ နေ့ချင်းပြန်(၂)ရက်
• သွားမည့်ရက် - (၂) ရက် (ဇူလိုင်လ ဒုတိယပတ်အတွင်း သွားရောက်ရန် လျာထားပါသည်။)
• (မှတ်ချက်။ ။ နေ့လည်စာ ကျွေးမွေးမည်ဖြစ်ပြီး၊ မိုးလေဝသအခြေအနေပေါ် မူတည်၍ သွားမည့် နေ့ရက်အပြောင်းအလဲအနည်းငယ် ရှိနိုင်ပါသည်။)

💸 သင်တန်းကြေး
• ၂၀၀,၀၀၀ ကျပ်

💳 ငွေပေးချေရန် (K-Pay)
• Account Name - WAR WAR KHINE
• Phone Number - 09-445542373

သဘာဝတရားရဲ့ အလှတရားတွေကို ငှက်ကလေးတွေကတစ်ဆင့် ခံစားသိရှိနိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ရအောင်နော်။ 🌿🔭

မှတ်ချက်။ ။ zoom link ကိုသင်တန်းမစတင်မှီ (၅)ရက်အလို ID/Passcode ကိုချပေးမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်မည့်သူများအနေဖြင့် ငွေလွှဲ note လေးမှာ မိမိတို့နာမည်လေးပါထည့်ပေးစေချင်းပါတယ်ရှင့် သင်တန်း zoom link ကိုလည်း ငွေလွဲအကောင့်ကနာမည်လေးတွေအတိုင်းဘဲလက်ခံပေးမှာပါရှင့်

ဖရီဒါအသင်း

01/06/2026

ငှက်ကြည့်ခြင်းသင်တန်းလေးကို အသေးစိတ်ပြန်လည်ကြေငြာပေးပါမယ်ရှင့် စိတ်ပါဝင်စားမှု့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

၂၆.၅.၂၀၂၆                                         မင်းမူနေကြလေပြီ                                                       ...
26/05/2026

၂၆.၅.၂၀၂၆

မင်းမူနေကြလေပြီ

Dr.စန်းဝင်း(FREDA)

၁၉၈၃ ခုနှစ်သစ်တောဘွဲ့ရပြီး ၁၉၈၄ မှ ၁၉၉၂ အထိ (၉)နှစ်ကြာ သာယာဝတီခရိုင်အတွင်းက လက်ပံတန်း၊ မင်းလှ၊ သာယာဝတီမြို့နယ်များအတွင်းရှိ သစ်တောကြိုးဝိုင်းတွေထဲမှာ တာဝန်ထမ်းခဲ့ ရပါတယ်။ ရွှေဝါမြိုင်မြေပြန့်ကြိုးဝိုင်း၊ မုက္ခာကြိုးဝိုင်း၊ ကဒင်ဘီးလင်းကြိုးဝိုင်း၊ သစ်တောရိုး မြေပြန့်ကြိုးဝိုင်း၊ ကုန်းဘီးလင်း၊ သုံးဆယ်ကြိုးဝိုင်းတွေထဲမှာပေါ့။

ဒီနေရာမှာစကားစပ်မိလို့ပြောရရင် အင်းစိန်ကြက်ဖြူကန်ကြိုးဝိုင်း၊ မှော်ဘီဝါးနက်ချောင်း ကြိုးဝိုင်း၊ သာယာဝတီမြို့ သစ်တောရိုးကြိုးဝိုင်း၊ မင်းလှမြို့ ရွှေဝါမြိုင်ကြိုးဝိုင်း၊ အုတ်ဖိုမြို့ ဆတ်ပုတ်ကြိုးဝိုင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်းမှာ ဘရန်းဒစ်ကံကြီးကြိုးဝိုင်း၊ နတ္တလင်းမှာ ဒမငယ် ကြိုးဝိုင်း ဆိုပြီး ပြည်မြို့ရောက်တဲ့အထိ မြေပြန့်ကြိုးဝိုင်းတွေစီတန်းလျှက်ရှိပါတယ်။ အဲဒီကြိုးဝိုင်း တွေကိုဖြတ်ပြီး၊ တချို့ကြိုးဝိုင်းဆိုအနီးအနားကနေဖြတ်ပြီး ရန်ကုန်-ပြည်ရထားလမ်းဖောက် သွားတာပါ၊ ဆိုလိုချင် တာက ၁၈၇၇ခုနှစ်မှာ ရန်ကုန်-ပြည်ရထားလမ်းစတင်ဖွင့်ခဲ့လို့ အဲဒီတုံးက ပြေးဆွဲခဲ့တဲ့ ရထားက ထင်းလောင်စာကို အသုံးပြုဘွိုင်လာအိုးကိုဆူစေကာ ရလာတဲ့ ရေနွေးငွေ့နဲ့ မောင်းနှင်ရတာပါ၊ ဒီရထားကို လော်ကယ် ရထားလို့ခေါ်ပါတယ်၊ ဒီ Local ရထားကို ထင်း supply လုပ်ဖို့ဖော်ပြပါ မြေညီကြိုးဝိုင်းများ ဖွဲ့ထားတာဖြစ်နိုင်ပြီး အဲဒီကြိုးဝိုင်းတွေကို Local supply လို့ခေါ်ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က Local supply ဆိုရင် ဒေသခံထောက်ပံ့ရေးဆိုပြီး အဓိပ္ပယ်ပေါက်နေကြပါတယ်။

သစ်တောမှာ Teak Eradication Working Circle (TEWC) ဆိုပြီးရှိပါတယ်။ ဒီTEWCပြုလုပ်ရခြင်းရည်ရွယ်ချက်က လယ်ကွက်တွေအကြားမှာပေါက်နေတဲ့ လယ်ကြားကျွန်းကို အပြောင်ခုတ်ချင်တဲ့သဘောပါ၊ အကြောင်းရင်းကလယ်ကွက်တွေအကြားမှပေါက်နေတဲ့ ကျွန်းပင်က အကိုင်းအခက်ထွက်တာများလို့ သူထံကရတဲ့ကျွန်းသီး(အများကတော့ ကျွန်းစေ့လို့ခေါ်တယ်)က ‌ပေါက်လာခဲ့ရင် မိလိုက်ဖသားပီပီအကိုင်းများတဲ့၊ အရည်အသွေးမမီတဲ့ ကျွန်းပင်တွေပေါက်လာမှာ စိုးလို့ ဒီလယ်ကြားကျွန်းပင်တွေကိုခုတ်ခိုင်းရတာပါ၊ ဆိုလိုချင်တာကလယ်ကြားမှာတောင်ကျွန်းပင် တွေရှိနေတာ၊ ကျေးလက်ပြည်သူသုံးဖို့ထင်း/မျောတိုင်ဆိုတာအများကြီးရှိပါတယ် သူတို့အတွက်ကြိုး ဝိုင်းထဲ့က ဝါး၊ ထင်းအတွက် သတ်မှတ်တဲ့အခွန်ဆောင်စေပြီး ထုတ်ယူခွင့်လည်းပြုထားပါတယ်။ သူတို့အတွက် Local Supply ကြိုးဝိုင်းမဖွဲ့စည်းခဲ့လောက်ပါ။

ကဲ မင်းမူတဲ့အကြောင်းဆက်ပြောရအောင်။

၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလက မင်းလှမြို့၊ ရွှေဝါမြိုင်ကြိုးဝိုင်း(ရန်ကုန်-ပြည်လမ်းဘေး) အတွင်းက ရွှေဝါမြိုင်ပျိုးဉယျာဉ်မှာ စတင်တာဝန်ထမ်းဆောင်ရပါတယ်၊ ထိုစဉ်က ပဲခူးတိုင်း၊ သစ်တောဦးစီးမှူး (ထိုစဉ်ကညွှန်ကြားရေးမှူးဟုမခေါ်ပါသေးပါ)ဖြစ်သူ ဦးစိန်ဝင်းက ပျိုးပင်ပေါက်(၃) ပင်ကို စာ‌ရေးသူ အားပေးခဲ့ပြီး ပျိုးဉယျာဉ်တွင် ပျိုးထောင်စိုက်ပျိုးရန်မှာခဲ့ပါတယ်။

ယင်းပျိုးပင်များမှာ အကေရှား(Acacia-auriculiformis) အပင်ဖြစ်ပါတယ်။

Acacia genera တွင် မျိုးစိတ် ၁၀၈၀/၁၀၈၅ထိရှိပြီး Acacia အတော်များများ (90%) လောက်၏ မူရင်း‌ဒေသမှာ Australia တိုက်ဖြစ်သည်ဟုသိရပြီး၊ အနဲငယ်သော မျိုးစိတ်များကသာ အရှေ့တောင်အာရှနဲ့ မာဒါစကာအချို့ ပစ္စပိတ်ကျွန်း(ဉပမာ-ဟာဝိုင်ယီ)တို့က မူရင်းဒေသများ ဖြစ်ကြပါတယ်။

Acacia-auriculiformis ၏ မူရင်းဒေသမှာ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှားအရှေ့ပိုင်းဒေသ ဖြစ်သည်ဟုသိရပါတယ်။

Acacia mangium မှာလည်း ဩစတေးလျအရှေ့မြောက်ပိုင်း၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား အရှေ့ဖျား ဖြစ်သည်ဟုသိရသည်။

ဆိုပါစို့တိုင်းဦးစီးမှူး(ထိုစဉ်ကသစ်တောမင်းကြီးဟုလည်းခေါ်)ဦးစိန်ဝင်းက A-auriculiformis (၃)ပင်ပေးခဲ့ပြီး အပင်ကအကြီးမြန်ပြီးထင်းအတွက်အလွန်ကောင်းသည် ဟုပြောခဲ့သည်၊ အကြီး မြန်တဲ့အပင်လို့လည်းပြောသွားပါသေးတယ်။ နောက်ပိုင်းတွင် ထင်းလောင်စာ အတွက် A-auriculiformis သာမက Acacia mangium ပါစိုက်ပျိုး လာသည်ကို တွေ့ရပါတယ်။

မင်းလှ၊ လက်ပံတန်းမြို့နယ်များတာဝန်ထမ်းဆောင်ပြီး သာယာ၀တီမြို့နယ်ရောက်တော့ သုံးဆယ်သစ်တောကြိုးဝိုင်းအပြင် မြေညီမှာရှိတဲ့ သစ်တောရိုးသစ်တောကြိုးဝိုင်းကိုပါ ထင်းစိုက်ခင်း အတွက် ကြီးကြပ်ခဲ့ရတယ်၊ သစ်မျိုးကတော့ Acacia mangium ပေါ့။

ဒီမှာ Acacia mangium ကို ရွာသားတချို့က “အဲဒီသစ်မျိုးက အပွင့်-ပွင့်ရင်-အသက်ရှုကြပ်လာလို့” မစိုက်ကြဖို့ ကန့်ကွက်လာကြပါတယ်။ မန်ဂျီယံအပွင့်က အဝါရောင်ရှိပြီး ဝတ်မှုံ လေး တွေအများအပြား လေထဲလွင့် ကုန်တော့ အသက်ရှုလမ်းကြောင်းထဲက တဆင့်အဆုပ်ကို ရောက်ပြီး အသက်ရှုကြပ်တယ်လို့ထင်ပါတယ် ဆိုပါစို့ ထင်းအတွက်ကောင်းပေမဲ့ ကျန်းမာရေး ရှုထောင့်ကနေ ကန့်ကွက်ခံရဘူး တဲ့သစ်မျိုးပါ။

ပင်စင်ယူပြီးနောက် ဖရီဒါအသင်းမှာဝင်ရောက်လုပ်ကိုင်ပါတယ်၊ မန်ဂျီယံတော့မစိုက်ရပေမဲ့ ဒီရေတော အပင်(၂)မျိုး(၃)မျိုးကို အလေးပေးစိုက်နေရပါတယ်။ (အမှန်ကတော့ မျိုးအစေ့ကလည်း အဲဒီ(၂)မျိုး၊ (၃)မျိုးသာရနေလို့ပါ)၊ ဖရီဒါအသင်းမှာ သူများကကူညီပေးခဲ့တဲ့ ဖားကူးလှေတစင်း ရှိပါတယ်၊ စပါးတင်း(၅၀၀)ဆန့် လောက်လှေကြီးပါ။

လှေကရေချိုရေငံစပ်ဧရိယာဖြစ်တဲ့ မော်လမြိုင်ကျွန်း (မော်ကျွန်းဟုအတိုကောက်ခေါ်) က ဝယ်လာပြီး ရေငံဒေသဖြစ်တဲ့ လပွတ္တာမှာထားတော့ ဒီပိုးကြောင့်လှေဝမ်းဘိုက်မှာ ဆွေးမြေ့ ပေါက်လာပါတယ်၊ ဒေါက်တင်ဖို့ လိုလာပြီပေါ့၊ ‌ဒေါက်တင်တယ်ဆိုတာလှေပြင်တာကို ပြောတာပါ။ သစ်စျေးကို လပွတ္တာရှိလှေလွန်းတင်တဲ့နေရာမှာ မေးကြည့်တော့ ကျွန်းသစ်ကတစ်တန်(ကျပ်သိန်း ၁၅၀-၂၀၀)၊ ပျဉ်းကတိုး က တစ်တန်(၁၁၀)သိန်းနဲ့ အဲဒီမန်ဂျီယံသစ်က ၁ တန်ကို ကျပ် (၄၂)သိန်းတဲ့ ကျန်တဲ့ သကၤန်း၊ ပျဉ်းမကတစ်တန် သိန်း(၈၀)ဝန်းကျင်၊ ဒါပေမဲ့သကၤန်းသားကရှားသွားပြီး စျေးသာရှိ တော့တာ၊ သစ်မရှိတော့ဘူး။ သစ်ပွသားတွေဖြစ်တဲ့ မအူတို့၊ ဘိုင်တို့ ဆိုရင်(သိန်း၄၀)ဝန်းကျင်နဲ့ ပြီတော့ သစ်ပွသားဖြစ်လို့ ခနပဲခံမယ်တဲ့၊ လှေပြင်ခက“ပေ”နဲ့ယူတယ် ၁ ပေ၄၀၀၀ိ/-မှ၄၅၀၀ိ/-တဲ့၊ လှေအခြေအနေပေါ်မူတည်ပြီး ကျပ်သိန်း(၁၂၀) ကုန်ကျနိုင်ပါသတဲ့ “အင်ဂျင်ကိုင်ခမပါသေး” ကိုယ်စိတ်ထဲမှာ လွန်ခဲ့တဲ့အနှစ်(၄၀)ကျော်က အခြေအနေကို တဖြည်းဖြည်း မြင်ယောင် လာပြီး “ထင်းအတွက်သာသုံးတဲ့သစ်၊ ကျန်းမာရေး ထိခိုက်စေလို့ ကန့်ကွက်ခံရတဲ့သစ်ဖြစ်တဲ့ မန်ဂျန် သစ်ပင်တောင်မှ အရေးပါနေပြီး မင်းမူနေပါလားလို့” တွေးမိပါတော့တယ်။

26/05/2026

🦉 "ငှက်ကလေးတွေရဲ့ ကမ္ဘာထဲသို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ခြင်း" 🌳

ဖရီဒါအသင်းသူ/အသင်းသားများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ချစ်မြတ်နိုးကြတဲ့ ဆရာ/ဆရာမများနှင့် ညီအစ်ကိုမောင်နှမများတို့ရေ

သဘာဝပတ်ဝန်းကျင် ဂေဟစနစ်မှာ အရေးပါလှတဲ့ ငှက်မျိုးစိတ်လေးတွေအကြောင်းကို စနစ်တကျ လေ့လာနိုင်ဖို့အတွက် ဖရီဒါအသင်း (FREDA) ကြီးက ပထမဦးဆုံးအကြိမ်အဖြစ် "ငှက်ကြည့်ခြင်း (Bird Watching) သင်တန်း" ကို မကြာမီ အချိန်အတွင်းမှာ ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်။ 📢

✨ ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

(၁) ငှက်များရဲ့အမည်ကိုသိလိုသူများနှင့် ငှက်မျိုးစိတ်လေးတွေရဲ့ အပြုအမူနဲ့ အလှတရားကို ခံစားချင်သူများ
(၂) သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို စိတ်ဝင်စားသူများ
(၃) စိတ်အပန်းပြေမယ့် ဝါသနာအသစ်တစ်ခုကို မွေးမြူချင်သူများ
(၄) စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည် 👉

📅 သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေ့ရက်နှင့် သင်တန်းကြေး အသေးစိတ်ကိုတော့ မကြာမီမှာ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ FREDA Page လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

အသေးစိတ်ကို စိတ်ဝင်စားလို့ ကြိုတင်စုံစမ်းချင်တယ်ဆိုရင်တော့ Comment မှာဖြစ်စေ၊ Message Box မှာဖြစ်စေ မေးမြန်းထားနိုင်ပါတယ်ရှင်။ 💚

Address

Suite 707, 7th Floor, MWEA Tower, 288-290 Shwedagon Pagoda Road, Dagon Township
Yangon

Alerts

Be the first to know and let us send you an email when FREDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FREDA:

Shortcuts

Share