T&T Preserved Fruits

T&T Preserved Fruits ဘာဓာတုဆိုးဆေးမှမပါဘဲ ပျားရည်နဲ့သကြားကို အသုံးပြုပြီးယိုထိုးထားတဲ့ T&T ယိုစုံလေးပါရှင့်

အိတ်ကပ်ထဲ အမြဲပါပြီး အတူရှိနေမယ့် T&T ❤ဟိုဟိုဒီဒီပဲသွားမလား၊ ခရီးထွက်မလား၊ ကျောင်းသွားမလား၊ ရုံးတက်မလား❓အိတ်ကပ်လေးထဲ ဆော...
31/08/2026

အိတ်ကပ်ထဲ အမြဲပါပြီး အတူရှိနေမယ့် T&T ❤

ဟိုဟိုဒီဒီပဲသွားမလား၊ ခရီးထွက်မလား၊ ကျောင်းသွားမလား၊ ရုံးတက်မလား❓
အိတ်ကပ်လေးထဲ ဆောင်ထည့်သွားရုံနဲ့ ယိုစုံကြိုက်သူတွေရဲ့ အချဥ်အစပ်တောင့်တတတ်တဲ့ ဆန္ဒကို အချိန်နေရာမရွေး ဖြည့်ဆည်းပေးမယ့် T&T ရဲ့ #တလုတ်စာ ယိုစုံထုပ်လေးတွေ ရှိတယ်နော်။

​🔸သစ်သီးယိုစုံအစပ်

​🔸စပ်စပ်လန်သစ်သီးယိုစုံအစပ်

​🔸အညာဆီးယိုအစပ်

​🔸အညာဆီးယို ရှယ်အစပ် — ဆိုပြီး နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်ရှင့်။

​တလုတ်စာလေးတွေမို့ သယ်ရတာလည်းလွယ်ပြီး အရသာလည်းရှိတာကြောင့် အချဥ်ဓာတ်လေး​ လိုအပ်လာရင် T&T ကို သတိရလိုက်ပါ ချစ်တို့ရေ…🧡

💰(၁၀) ထုပ် (၁) ပါကင် - ၂၅၀၀ ကျပ်

T&T ရဲ့ ဆီးယိုဘယ်နှမျိုးလောက်စားဖူးလဲ❓ဆီးယိုနဲ့ ပတ်သတ်ပြီး ​T&Tရဲ့ Customer တွေ အမေးအများဆုံး မေးခွန်းတစ်ခုကတော့... "ပုလ...
27/08/2026

T&T ရဲ့ ဆီးယိုဘယ်နှမျိုးလောက်စားဖူးလဲ❓

ဆီးယိုနဲ့ ပတ်သတ်ပြီး ​T&Tရဲ့ Customer တွေ အမေးအများဆုံး မေးခွန်းတစ်ခုကတော့... "ပုလဲဆီးသီးနဲ့ ထိုင်ဝမ်ဆီးသီး ဘာကွာလဲ?" ဆိုတာပါပဲ 🤩

​၂ မျိုးစလုံးက အစေ့လွတ်ဆိုတော့ စားရတာ အဆင်ပြေပြီးသားနော်။ ဒါပေမဲ့ အရသာနဲ့ Texture လေးတွေကတော့ ကွာပါတယ်။

​👉ပုလဲဆီးသီးက အညာဒေသထွက်ဆီးသီး အလုံးသေးသေးလေးတွေဖြစ်ပြီး၊ အရသာက ချိုတယ် စားလိုက်ရင် ပါးစပ်ထဲမှာ တဖောက်ဖောက်နဲ့ ကြွပ်ဆတ်ဆတ် ဖြစ်နေတာလေးက စွဲမက်စရာလေးပါ။

​👉ထိုင်ဝမ်ဆီးသီးကတော့ တရုတ်ဆီးသီး အလုံးကြီးကြီးကိုမှ အသားထူထူအိအိလေးနဲ့ဖြစ်လို့ကိုအားရပါးရ ဝါးချင်သူတွေ အတွက်တော့ ကွက်တိပါပဲ။

​နှစ်မျိုးလုံးကို မည်သည့်ဓာတုဆေးဝါး၊တာရှည်ခံဆေးတွေလုံးဝမပါဝင်ပဲ ပျားရည် နဲ့ သကြားတို့နဲ့သာ ကျန်းမာရေးနဲ့အညီ ယိုထားထားလို့ ကိုယ့်စတိုင်နဲ့ကိုယ် အရသာရှိနေတာဆိုတော့ ဘယ်ဟာကို ပိုကြိုက်လဲဆိုတာ ရွေးခဲ့ပေးဦးနော် 👇

​🛒 မှာယူလိုပါက Page Messenger ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

ဘာစားစား အာသီသ မပြေဘဲ ခံတွင်းရှင်းဖို့ တစ်ခုခု လိုအပ်နေပြီဆိုရင် T&T ရဲ့ ချဥ်ပေါင်ဖူးယိုအစပ်ရှိတယ်နော်‼️​❌ဓာတုဆိုးဆေးတွေ...
26/08/2026

ဘာစားစား အာသီသ မပြေဘဲ ခံတွင်းရှင်းဖို့ တစ်ခုခု လိုအပ်နေပြီဆိုရင် T&T ရဲ့ ချဥ်ပေါင်ဖူးယိုအစပ်ရှိတယ်နော်‼️

​❌ဓာတုဆိုးဆေးတွေ လုံးဝမပါဘဲ
✅သဘာဝချဉ်ပေါင်ဖူးကို ပျားရည်၊သကြား၊ ငရုတ်သီးမှုန့်တို့နဲ့ ချို၊ ချဉ်၊ စပ် အရသာရအောင် အချိုးအစားကျကျ ပေါင်းစပ်ပြီး ယိုထိုးထားလို့

🍋 ချဉ်ပေါင်ဖူးရဲ့အချဉ်ဓာတ်က Vitamin-C ကြွယ်ဝပြီး၊ စားလိုက်တာနဲ့ ခံတွင်းရှင်းသွားစေလို့ တစ်ခါစားဖူးပြီးရင် ထပ်ခါထပ်ခါ တောင့်တနေရမယ့် အရသာမျိုးလေးပေါ့

​✨ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ချက်ချင်းမေ့ပျောက်စေပြီး ထိမိတဲ့အရသာကြောင့် အကြိုက်တွေ့စေမယ့် T&T ချဉ်ပေါင်ဖူးယိုအစပ်က အခုလို ရာသီဥတုနဲ့ဆို ကွက်တိပဲပေါ့ရှင်..😉

#ချဉ်ပေါင်ဖူးယို #ယိုစုံ

အသားထူထူအရသာအပြည့်နဲ့ T&T ရဲ့ ထိုင်ဝမ်ဆီးယို  အရသာလည်းကောင်း၊ ဆီးသီးအသားက ထူအိအိနဲ့ စားလိုသိပ်ကောင်းတဲ့ ထိုင်ဝမ်ဆီးယိုကိ...
24/08/2026

အသားထူထူအရသာအပြည့်နဲ့ T&T ရဲ့ ထိုင်ဝမ်ဆီးယို

အရသာလည်းကောင်း၊ ဆီးသီးအသားက ထူအိအိနဲ့ စားလိုသိပ်ကောင်းတဲ့ ထိုင်ဝမ်ဆီးယိုကို နှစ်သက်ကြသူတွေအတွက် T&T ရဲ့ အစေ့လွတ်ထိုင်ဝမ်ဆီးယို Series လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။

▪️အစေ့လွတ် ထိုင်ဝမ်ဆီးသီး အစပ်
ထိုင်ဝမ်ဆီးသီးကို အစေ့ထုတ်ထားပြီး ပျားရည်၊ သကြားနဲ့ ငရုတ်သီးမှုန့်တို့ကို အချိုးကျရောစပ်ကာ ယိုထိုးထားတဲ့ ပုံမှန်အစပ်အရသာလေးပါ။

▪️စပ်မှစပ် ထိုင်ဝမ်ဆီးသီးအစပ်
အစေ့ထုတ်ထားတဲ့ ထိုင်ဝမ်ဆီးသီးကို ပျားရည်၊ သကြားနဲ့ သရုတ်သီးမှုန့်တို့ကို အချိုးကျရောစပ်ကာ ယိုထိုးထားတဲ့ ပုံမှန်ထက် ၂ဆလောက် ပိုစပ်တဲ့အရသာလေးပါ။

▪️ထိုင်ဝမ်ပေါင်း အစပ်
အစေ့ထုတ်ထားတဲ့ ထိုင်ဝမ်ဆီးသီးကို အရသာပိုမိုထူးကဲစေရန် နာနတ်၊ သရက်၊ မရမ်း၊ ရှောက် စတဲ့ ရာသီပေါ်သီးနှံတွေရဲ့ ချိုချဉ်ဓာတ်လေးပါထည့်ပြီး ပျားရည်၊ သကြားနဲ့ ငရုတ်သီးမှုန့်တို့ကို ပေါင်းစပ်ကာ ယိုထိုးထားတဲ့ ချိုချိုစပ်စပ် အရသာလေးပါ။

မိမိနှစ်သက်ရာ အရသာအလိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။

​ထိုင်ဝမ်အစေ့လွတ်ဆီးသီးအစပ်၊ ထိုင်မှစပ်ထိုင်ဝမ်ဆီးသီးအစပ် နဲ့ ထိုင်ဝမ်ပေါင်းအစပ် အထုပ်ကြီး (၃) မျိုးကို Online ကနေ မှာယူနိုင်ပြီး

ထိုင်ဝမ်အစေ့လွတ်ဆီးသီးအစပ် (အထုပ်သေး) ကို
👉ဂမုန်းပွင့် (ကမ္ဘာအေး၊ စံရိပ်ငြိမ်၊ ဘိုကလေးစျေး၊ မြေနီကုန်း၊ သိမ်ကြီးစျေး)
👉စိန်ဂေဟာ (လှည်းတန်း) နဲ့
👉United Living Mall တွင် ဝယ်ယူရရှိနိုင်ပါတယ်။

အရသာချိုချိုစပ်စပ်လေးကြိုက်ပြီး ဆီးသီးအသားထူထူအိအိကို ပါးစပ်ထဲအပြည့် အားရပါးရစားချင်သူတွေဆိုရင်တော့ T&T ရဲ့ အစေ့လွတ်ထိုင်ဝမ်ဆီးယိုကိုသာ မြည်းစမ်းကြည့်ပါရှင်။

ကဲ... ချစ်သောတို့ တောင့်တလွန်းလို့ ကိုယ်ထင်ပြရတဲ့ T&T ရဲ့ ယို (၉) မျိုးT&T ရဲ့  ချစ်ရတဲ့ မိတ်ဟောင်းမိတ်သစ်တွေ တောင်းဆိုထ...
21/08/2026

ကဲ... ချစ်သောတို့ တောင့်တလွန်းလို့ ကိုယ်ထင်ပြရတဲ့ T&T ရဲ့ ယို (၉) မျိုး

T&T ရဲ့ ချစ်ရတဲ့ မိတ်ဟောင်းမိတ်သစ်တွေ တောင်းဆိုထားကြတဲ့ သတင်းကောင်းလေး လာပါပြီရှင် 🥰

​ပုံမှန်ဆိုရင် လပြည့်နေ့တွေမှာမှ Pre-order တင်ပြီး စောင့်စား မှာယူခဲ့ရတဲ့ T&T ရဲ့ ယို (၉) မျိုး ကို အခုအခါမှာတော့...

​🗓 လပြည့်နေ့တွေမှ မဟုတ်တော့ဘူး ❌

✨ အခါကြီးရက်ကြီးတွေကိုလည်း မစောင့်ရတော့ဘူး ❌

​Customer တွေ အမေးအများဆုံးဖြစ်တဲ့ "ဘယ်အချိန်စားချင်စားချင် ဝယ်လို့ရအောင် in-stock အမြဲရှိအောင် လုပ်ပေးပါ"ဆိုတဲ့ တောင်းဆိုချက်လေးကို T&T က ဖြည့်ဆည်းပေးလိုက်ပါပြီ🎉

​တစ်ထုပ်တည်းနဲ့တင် ယိုအရသာမျိုးစုံကို စုံစုံလင်လင် သုံးဆောင်နိုင်မှာမို့ လက်လွှတ်မခံဘဲ အိမ်အမြဲဆောင်ထားလိုက်ရအောင်နော်😋

​🛒 အမြဲတမ်း In-stock ရှိနေပြီမို့ လိုအပ်တဲ့အချိန်တိုင်း မှာယူအားပေးနိုင်ပါပြီရှင်။

#ယို၉မျိုး #ယိုစုံ

ယိုစုံချစ်သူတွေ အသည်းစွဲဖြစ်နေရတဲ့ T&T ရဲ့ ချိုချဉ်အရသာအစုံအလင်နဲ့ မရမ်းယိုစုံ👍တစ်လုပ်စားလိုက်တာနဲ့ ကြွပ်ဆတ်တဲ့အထိအတွေ့န...
19/08/2026

ယိုစုံချစ်သူတွေ အသည်းစွဲဖြစ်နေရတဲ့ T&T ရဲ့ ချိုချဉ်အရသာအစုံအလင်နဲ့ မရမ်းယိုစုံ👍

တစ်လုပ်စားလိုက်တာနဲ့ ကြွပ်ဆတ်တဲ့အထိအတွေ့နဲ့အတူ ခံတွင်းထဲ အရသာတွေ တစိမ့်စိမ့်ပြန့်သွားမယ့် T&T ရဲ့ မရမ်းယိုစုံလေးတွေ လာပါပြီရှင့်😋

​မရမ်းအချိုလား၊ မရမ်းအစပ်လား၊ ဒါမှမဟုတ် အရသာစုံလင် စားကောင်းတဲ့ မရမ်းပေါင်းအစပ်လား❓

▪️T&T ရဲ့ မရမ်းအချိုနဲ့ မရမ်းအစပ်က ယိုထိုးထားတာမျိုးမဟုတ်ဘဲ အိုးစိမ်ထားတာဖြစ်လို့ ကြွပ်ဆတ်ဆတ်နဲ့ အရမ်းစားလို့ကောင်း၊ ဝါးလို့ကောင်းပါတယ်👍

▪️မရမ်းပေါင်းအစပ်ကတော့ မရမ်းကို သရက်၊ရှောက်၊နာနတ်စတဲ့ ရာသီပေါ်သီးနှံတွေရဲ့ချိုချို ၊ ချဉ်ချဉ်အရသာအစုံအလင် ပါဝင်အောင် ပေါင်းစပ်ယိုထိုးထားလို့ သာမာန်မရမ်းယိုထက် ပိုကောင်းတဲ့ အရသာကိုခံစားရမှာပါ။

အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း T&T ရဲ့ယိုစုံတွေက ဆိုးဆေးနဲ့ တာရှည်ခံဓာတုဆေးဝါးတွေ လုံးဝမပါဝင်ပဲပျားရည်၊သကြားကိုသာသုံးပြီး ယိုထိုးထားတာဖြစ်တဲ့အတွက် ကလေး၊ လူကြီး အရွယ်မရွေး စိတ်ချလက်ချသုံးဆောင်နိုင်ပါတယ်။

ရပ်တန့်လို့မရအောင် စွဲမက်သွားစေမယ့် စားလို့ကောင်းတဲ့ T&T မရမ်းယိုစုံလေးတွေမှာယူချင်တယ်ဆိုရင်တော့ Order code လေးတွေကို ခုပဲ 📩 Page Chat Box မှာ ပို့ထားလိုက်တော့နော်🛒

#ယိုစုံ #မရမ်းယို

ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် Level နဲ့ပဲ ဆုံးဖြတ်မယ်" ဆိုတဲ့ ယိုစုံ ချစ်သူတို့ရေ... 🌶️T&T ရဲ့ အစေ့လွတ် ပုလဲဆီးသီးယိုစုံ အစပ...
17/08/2026

ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် Level နဲ့ပဲ ဆုံးဖြတ်မယ်" ဆိုတဲ့ ယိုစုံ ချစ်သူတို့ရေ... 🌶️
T&T ရဲ့ အစေ့လွတ် ပုလဲဆီးသီးယိုစုံ အစပ်ကို ဘယ် Level အထိ စားဖူးလဲ Comment မှာ ဖြေခဲ့ကြပါဦး 💬👇
🌶️ Level 1 အစေ့လွတ်ပုလဲဆီးသီးအစပ် : အစပ်မစားနိုင်တဲ့သူတွေပါ စားလို့ရမယ့် ပုံမှန်အစပ်အရသာ။
🌶️🌶️ Level 2 အစေ့လွတ်ပုလဲဆီးသီး Double Spicy : ပုံမှန်ထက် ၂ ဆ ပိုစပ်လို့ အစပ်ကြိုက်သူတွေ အကြိုက်တွေ့စေမယ့် အရသာ။
🌶️🌶️🌶️ Level 3 အစေ့လွတ်ပုလဲဆီးသီးဂိတ်ဆုံးအစပ် : တစ်လုပ်ထက်တစ်လုပ် ပိုပိုစပ်လာပြီး မျက်ရည်ပါ ကျတဲ့အထိ ရှူးရှူးရှဲရှဲနဲ့ အရသာတွေ့စေမယ့် အစပ်ဂိတ်ဆုံးအရသာ။

အစပ်ကြိုက်သူတွေရော၊ အစပ်မစားနိုင်သူတွေပါ အဆင်ပြေအောင် အစပ်အရသာကို Level 1 ကနေ 3 အထိ ထုတ်လုပ်ပေးထားတာမို့ တစ်အိမ်သားလုံး အကြိုက်တွေ့မှာ အသေအချာပဲပေါ့😉

သားသားမီးမီးတို့အတွက် ဓာတုဆိုးဆေး လုံးဝမပါဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Snack ကို ရွေးချယ်ရတာ ဖေဖေ မေမေတို့အတွက် ခေါင်းခဲစရ...
12/08/2026

သားသားမီးမီးတို့အတွက် ဓာတုဆိုးဆေး လုံးဝမပါဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Snack ကို ရွေးချယ်ရတာ ဖေဖေ မေမေတို့အတွက် ခေါင်းခဲစရာဖြစ်နေပြီလား⁉️

ဒါဆိုရင်တော့ ကလေးတို့ အရသာတွေ့စေမယ့် သန့်ရှင်းလတ်ဆတ်ပြီး ချိုချဉ်အရသာအစုံအလင်နဲ့ "T&T ယိုစုံ" ကိုသာ သတိရလိုက်ပါ✨

တာရှည်ခံဆေးနဲ့ ဓာတုဆိုးဆေး လုံးဝ (လုံးဝ) မပါပဲ သဘာဝ အသီးစစ်စစ်တွေကို ပျားရည်၊ သကြား စတဲ့ သဘာဝ ကုန်ကြမ်းတွေကိုသာ သုံးပြီး ယိုထိုးထားတာမို့ သားသားမီးမီးတို့ ကျန်းမာရေးအတွက်လည်းစိတ်ချရပါတယ်❤️

T&T ယိုစုံတွေထဲက ကလေးတွေအကြိုက်နဲ့ထပ်တူကျမယ့် အချိုအရသာတွေက
🥭 သရက်ယိုအချို
🫒 မရမ်းအချို
🍋 ရှောက်ယိုအချို
🍒 အစေ့လွတ်ပုလဲဆီးသီးအချို

ကျန်းမာရေးအတွက် လုံးဝမစိုးရိမ်ရဘဲ ကလေးတို့ စိတ်ကြိုက်သစ်သီးယိုစုံလေးတွေ ကျွေးချင်တယ်ဆိုရင်တော့ "T&T ယိုစုံ" ကို အခုပဲ မှာယူလိုက်ပါရှင်🥰

📥မှာယူလိုပါက Chat Box (Inbox) မှတစ်ဆင့် Order Code များပို့ပြီး တိုက်ရိုက် ဆက်သွယ်မှာယူနိုင်ပါတယ်။

အစာစားပြီးတိုင်း လန်းဆန်းဖို့ T&T ရှိတယ်👍​ဆီများတဲ့ အစားအသောက်တွေ၊ အဆီအဆိမ့်တွေ စားပြီးလို့ ပါးစပ်ထဲမှာ အီစိမ့်စိမ့်ဖြစ်...
10/08/2026

အစာစားပြီးတိုင်း လန်းဆန်းဖို့ T&T ရှိတယ်👍

​ဆီများတဲ့ အစားအသောက်တွေ၊ အဆီအဆိမ့်တွေ စားပြီးလို့ ပါးစပ်ထဲမှာ အီစိမ့်စိမ့်ဖြစ်နေပြီလား❓

​ဒါဆိုရင်တော့ "ခံတွင်းရှင်းလို့ ရင်လည်းချောင်၊ T&T ရှောက်ယိုသာ ဆောင်" ပါ😉

အစာစားပြီးတိုင်း T&T ရှောက်ယိုလေး တစ်လုတ်လောက် စားလိုက်ရုံနဲ့ ခံတွင်းရှင်း လန်းဆန်းစေပါတယ် ✨

ဆိုးဆေးမပါဘဲ သန့်ရှင်းလတ်ဆတ်တဲ့ T&T ရှောက်ယိုကို မှာယူအားပေးချင်ရင်တော့ Chat Box ကနေ Hello လိုက်တော့နော် 👇

Marketplace, City Mart နဲ့ Ocean သွားရင် T&T ဒီယိုစုံ အထုပ်သေးလေးတွေကို ရှာဝယ်လို့ရပြီဆိုတာ သိကြပြီလား 😍​🔆အစေ့လွတ် ပုလဲဆ...
07/08/2026

Marketplace, City Mart နဲ့ Ocean သွားရင် T&T ဒီယိုစုံ အထုပ်သေးလေးတွေကို ရှာဝယ်လို့ရပြီဆိုတာ သိကြပြီလား 😍

​🔆အစေ့လွတ် ပုလဲဆီးသီးအချို

​🔆အစေ့လွတ် ပုလဲဆီးသီးအစပ်

​🔆အစေ့လွတ် ပုလဲဆီးသီးဂိတ်ဆုံး

​🔆သစ်သီးယိုစုံ အစပ်

​🔆သရက်ယို အစပ် - ဒီယိုစုံတွေကို Mini Pack ထုပ်ပိုးမှုပုံစံနဲ့ ရနိုင်ပါတယ်ရှင် 🛒

​ဒါကြောင့် shopping ထွက်ရင်း လမ်းကြုံပဲဖြစ်ဖြစ် T&T ကို တကူးတက သတိရလို့ပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်ပြီး ဝယ်ဖို့ မမေ့နဲ့နော် 🛒❤️

Address

Yangon
11111

Telephone

+9595190255

Website

Alerts

Be the first to know and let us send you an email when T&T Preserved Fruits posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to T&T Preserved Fruits:

Shortcuts

Share