Parami Hospital

Parami Hospital Parami General Hospital Yangon, also known before as the first private Hospital exclusively for Women and Children in Yangon, Myanmar since 2010.

To be a center of medical excellence, the management of Royal Parami Life Sciences Co., Ltd has laid down plans, that embody a strong commitment to continuously improved quality service and patient safety. In mid 2011, Parami Hospital extends medical care services for adult patients and it becomes "Parami General Hospital, Yangon". Parami General Hospital, Yangon brings a group of dedicated specia

lists together to provide a multidisciplinary approach to patient care, in collaboration with advanced medical science and technology.

🌏🏥 Parami General Hospital at HMA 2026 | Connecting, Learning & Inspiring Better Careထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျ...
04/09/2026

🌏🏥 Parami General Hospital at HMA 2026 | Connecting, Learning & Inspiring Better Care

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Hospital Management Asia (HMA) 2026 သို့ Parami General Hospital မှ တာဝန်ရှိသူများအနေဖြင့် ဂုဏ်ယူစွာပါဝင်တက်ရောက်ခဲ့ကြပါသည်။✨

အာရှဒေသတစ်ဝန်းရှိ Healthcare Leaders နှင့် Professionals များ စုစည်းရာ HMA 2026 တွင် ယခုကဲ့သို့ ပါဝင်ခြင်းအားဖြင့် Healthcare Industry အတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများ၊ ခေတ်မီဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများနှင့် လူနာများအတွက်အထူးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အတွေ့အကြုံကောင်းများကို လေ့လာဆွေးနွေးခဲ့ကြပါသည်။ 🤝💡

ထို့အပြင် Healthcare နယ်ပယ်များတွင် ကျွမ်းကျင်သော Professionals များနှင့် ချိတ်ဆက်ဆွေးနွေးခြင်းမှတစ်ဆင့် အတွေ့အကြုံအသစ်များ၊ အမြင်သစ်များနှင့် အတွေးအခေါ်သစ်များကို ရရှိခဲ့ပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်မည့် အခွင့်အလမ်းများကိုလည်း ရရှိခဲ့ကြပါသည်။

Parami General Hospital အနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊ အတွေ့အကြုံဖလှယ်မှုနှင့် တိုးတက်ကောင်းမွန်မှု တို့ကို ရှေးရှုပြီး ဝန်ထမ်းများ၏ Professional Development မှတစ်ဆင့် လူနာများအတွက် ပိုမိုကောင်းမွန်သော Healthcare Experience နှင့် Quality Care များ ပေးအပ်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ 💜

✨We Care For Everyone
✨Expert By Experience













Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

တိတ်တဆိတ်ရှိနေနိုင်သော သွေးတိုးရောဂါ စောစီးစွာစစ်ဆေးပါ 🩺💜သွေးတိုးရောဂါဆိုတာ လက္ခဏာပေါ်ပေါ်ထင်ထင် မပြဘဲ ကိုယ်ခန္ဓာအတွင်း ...
03/09/2026

တိတ်တဆိတ်ရှိနေနိုင်သော သွေးတိုးရောဂါ စောစီးစွာစစ်ဆေးပါ 🩺💜

သွေးတိုးရောဂါဆိုတာ လက္ခဏာပေါ်ပေါ်ထင်ထင် မပြဘဲ ကိုယ်ခန္ဓာအတွင်း ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

လူအများစုက သွေးတိုးရောဂါရဲ့ လက္ခဏာကို ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းလို့ ထင်တတ်ကြပေမယ့် အမှန်တကယ်မှာတော့ သွေးတိုးရောဂါဟာ ဘာလက္ခဏာမှ မပြဘဲ တိတ်တဆိတ် ရှိ‌‌နေတတ်ပါတယ်။

သွေးတိုးရောဂါရှိမှန်း ကြိုတင်မသိထားတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ -

📍 နှလုံးကျန်းမာရေးထိခိုက်ခြင်း

သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းခြင်း၊ မာကြောခြင်း (atherosclerosis)၊ နှလုံးကြွက်သားအားနည်းခြင်းနဲ့ နှလုံးပျက်စီးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါကြာရှည်ရင် နှလုံးက သွေးတွန်းထုတ်ဖို့ ပိုအားစိုက်ရတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါနဲ့ နှလုံးအားနည်းရောဂါ (Heart Failure) ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

📍 ကျောက်ကပ်ကျန်းမာရေးအားနည်းခြင်း

ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်များကို ထိခိုက်စေပြီး ကျောက်ကပ်၏ စစ်ထုတ်နိုင်စွမ်းကို ကျဆင်းစေကာ ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်စေနိုင်ပါတယ်။

📍 အမြင်အာရုံထိခိုက်ခြင်း

မျက်စိအတွင်းရှိ သွေးကြောငယ်များကို အားနည်းစေပြီး အမြင်အာရုံဝေဝါးခြင်း၊ မျက်စိကွက်ကျန်ခြင်း သို့မဟုတ် ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

📍 ဦးနှောက်နှင့် အာရုံကြောကျန်းမာရေး

သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောများ ကျန်းမာရေးထိခိုက်ကာ သွေးခဲခြင်းမှ တစ်ဆင့် လေဖြတ်ခြင်း (Stroke) နဲ့ သွေးကြောပေါက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါဟာ ကလေးလူကြီး၊ ကျားမ၊ အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်တာမို့ မပေါ့ဆဘဲ စောစီးစွာစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။

သွေးတိုးရောဂါကို စောစီးစွာသိရှိပြီး ဆေးဝါးနဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

✨ ပါရမီအထွေထွေရောဂါကုဆေးရုံကြီး ✨ မှာလည်း သွေးတိုးရောဂါကို စနစ်တကျ စစ်ဆေးပြီး ကုသပေးလျက်ရှိပါတယ်။

သွေးတိုးရောဂါဟာ တိတ်တဆိတ်ဝင်ရောက်လာပြီး ဆိုးကျိုးတွေကို သယ်ဆောင်လာနိုင်တဲ့ အရာဖြစ်တာမို့ စောစီးစွာစစ်ဆေးကြဖို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးမှ အကြံပြုမျှဝေ တိုက်တွန်းအပ်ပါတယ်။ 💜








Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

🥗👶 National Nutrition Week: Child Growthကလေးတစ်ယောက်ရဲ့ ကျန်းမာတဲ့ကြီးထွားဖွံဖြိုးမှုအတွက် အာဟာရက ဘာကြောင့်အရေးကြီးသလဲ? ...
02/09/2026

🥗👶 National Nutrition Week: Child Growth

ကလေးတစ်ယောက်ရဲ့ ကျန်းမာတဲ့ကြီးထွားဖွံဖြိုးမှုအတွက် အာဟာရက ဘာကြောင့်အရေးကြီးသလဲ? 💜

ကလေးဘဝအစောပိုင်းကာလဟာ ကိုယ်ခန္ဓာကြီးထွားမှု၊ ဦးနှောက်ဖွံဖြိုးမှုနဲ့ ကိုယ်ခံအားစနစ်တိုးတက်မှုအတွက် အရေးကြီးဆုံးအချိန်ကာလတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်ဖို အရေးကြီးပါတယ်။ 🧠💪

အာဟာရပြည့်ဝတဲ့အစားအစာတွေကို စနစ်တကျကျွေးမွေးပေးရုံသာမက ကလေးရဲ့ အရပ်၊ ကိုယ်အလေးချိန်နဲ့ အသက်အရွယ်အလိုက် ကြီးထွားဖွံဖြိုးမှုကို ပုံမှန်စောင့်ကြည့်ပေးခြင်း ကလည်း အရေးကြီးပါတယ်။ 📈👶

🩺 Parami General Hospital တွင် ကျွမ်းကျင်သော ကလေးအထူးကုဆရာဝန်ကြီးများမှ ကလေးငယ်များ၏ ကြီးထွားဖွံဖြိုးမှု၊ အရပ်အမြင့်နှင့် ကျန်းမာရေးအခြေအနေများကို အသေးစိတ် စစ်ဆေးအကြံပြုပေးလျက်ရှိတာကြောင့် မိမိတို၏ ရင်သွေးငယ်လေးများနှင့်ပက်သက်သည့် ကျန်းမာရေးစစ်ဆေးမှုများကို ယခုဘဲ ဆွေးနွေးတိုင်ပင်လိုက်ပါ။
📞 Hotline: 09 774 5555 66

National Nutrition Week မှာ မိဘတိုင်းအနေနဲ့ ကလေးတွေရဲ့ အာဟာရလိုအပ်ချက်တွေကို ပိုမိုဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာနိုင်အောင် အတူတကွပံ့ပိုးပေးကြရအောင်။ 💜







Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

ပျိုမေတို့ ဂရုစိုက်သင့်တဲ့ ရာသီမမှန်ခြင်းနဲ့ ဆက်စပ် PMOS ကျန်းမာရေးပြဿနာ 🩺🩸အမျိုးသမီးတိုင်း ရာသီလာချိန်မှာ ခံစားရတဲ့ မသက...
01/09/2026

ပျိုမေတို့ ဂရုစိုက်သင့်တဲ့ ရာသီမမှန်ခြင်းနဲ့ ဆက်စပ် PMOS ကျန်းမာရေးပြဿနာ 🩺🩸

အမျိုးသမီးတိုင်း ရာသီလာချိန်မှာ ခံစားရတဲ့ မသက်မသာဖြစ်မှုတွေက ဘဝရဲ့ သဘာဝ အစိတ်အပိုင်းတစ်ခုလိုပါပဲ။ ဒါပေမဲ့ ရာသီလာချိန် မခံမရပ်နိုင်အောင် နာကျင်တာ၊ ရာသီစက်ဝန်း မမှန်တာတွေဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်ဆိုတာကိုတော့ အများစုက သတိမထားမိတတ်ကြပါဘူး။

ဒီလိုလက္ခဏာတွေရဲ့ နောက်ကွယ်မှာ အဖြစ်များတဲ့ ဟော်မုန်းဆိုင်ရာရောဂါတစ်ခုဖြစ်တဲ့ Polyendocrine Metabolic Ovarian Syndrome (PMOS) ရှိနေနိုင်ပါတယ်။ PMOS ဟာ ယခင်က Polycystic O***y Syndrome (PCOS) လို့ ခေါ်ဆိုခဲ့ကြပြီး ၂၀၂၆ ခုနှစ် မေလမှာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုအရ အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ် ။

PMOS ဆိုတာ ဘာလဲ💭

PMOS ဟာ အမျိုးသမီး (၉) ယောက်မှာ (၁) ယောက်လောက်ကို သက်ရောက်မှုရှိတဲ့ ရှုပ်ထွေးတဲ့ ဟော်မုန်းနဲ့ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး ရာသီမမှန်ခြင်းနဲ့ မျိုးမအောင်နိုင်ခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေထဲက တစ်ခုပါ ။

PMOS မှာအများဆုံးတွေ့ရလေ့ရှိတဲ့ ပြဿနာတွေကတော

▪️Polyendocrine (ဟော်မုန်းစနစ်မျိုးစုံ)

ဒီရောဂါဟာ သားဥအိမ်တစ်ခုတည်းကိုသာ သက်ရောက်တာမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်များစွာကို ထိခိုက်စေတယ်ဆိုတာကို ဖော်ပြပါတယ်။

▪️Metabolic (ဇီဝကမ္မဖြစ်စဉ်)

အင်ဆူလင်ခံနိုင်ရည်ဖြစ်ပေါ်ခြင်းကြောင့် ဆီးချိုနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေတွေမြင့်တတ်လာပါတယ်။

▪️Ovarian (သားဥအိမ်)

သားဥအိမ်နဲ့ မျိုးဥကြွေခြင်းဆိုင်ရာ ပြဿနာဖြစ်လေ့ရှိပါတယ်။

📌PMOS ရဲ့ အဓိက
ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပေမယ့် သတိပြုသင့်တဲ့ အချက်တွေကတော့

▪️ရာသီမမှန်ခြင်း

ရာသီလာချိန် ကြာမြင့်ခြင်း၊ သွေးဆင်းနည်းခြင်း၊ ဒါမှမဟုတ် လုံးဝမလာခြင်း (တစ်နှစ်ကို ၈ ကြိမ်ထက် နည်းခြင်း) ။

▪️မျိုးဥမကြွေခြင်း (Anovulation)

သားဥအိမ်ကနေ မျိုးဥကို ပုံမှန်ထုတ်လွှတ်ခြင်း မရှိတော့တာကြောင့် ကလေးရရှိရန် ခက်ခဲစေပါတယ် ။

▪️အမျိုးသားဟော်မုန်း (Androgen) များခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာများ

မျက်နှာ၊ ရင်ဘတ်၊ ဗိုက်ပေါ်မှာ အမွှေးအမျှင်တွေ ထူထပ်စွာပေါက်ခြင်း။

ဝက်ခြံအများအပြားထွက်ခြင်း ။

ဆံပင်ကျွတ်ခြင်း သို့မဟုတ် ဆံပင်ပါးခြင်း။

ကိုယ်အလေးချိန်တက်ခြင်း ၊ အထူးသဖြင့် ဗိုက်မှာ အဆီပိုများခြင်းနဲ့ ကိုယ်အလေးချိန် ထိန်းရခက်ခြင်း ။
အင်ဆူလင်ခံနိုင်ရည်ဖြစ်ပေါ်ခြင်း

(Insulin Resistance) – သွေးတွင်းသကြားဓာတ် ထိန်းညှိရခက်ခဲပြီး ဆီးချိုဖြစ်နိုင်ခြေ မြင့်မားစေပါတယ် ။

📍ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

အောက်ပါလက္ခဏာတွေ ခံစားရရင် မီးယပ်အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

ရာသီစက်ဝန်း ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေ ဖြစ်နေတာ (ဥပမာ – ၃ လကျော် ရာသီမလာခြင်း)။

ကိုယ်အလေးချိန် ရုတ်တရက်တက်ခြင်း ဒါမှမဟုတ် ထိန်းရခက်ခြင်း။
မျက်နှာအမွှေးအမျှင်များခြင်း၊ ဝက်ခြံအများအပြား ပေါက်လာခြင်း။

PMOS ဟာ ကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်ပြီး အချိန်မီသိရှိပြီး နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးကုသမှုခံယူခြင်းတွေနဲ့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ပါတယ် ။

မိမိမှာ ဒီလိုလက္ခဏာတွေ ခံစားရတယ်ဆိုရင် အွန်လိုင်းပေါ်က အချက်အလက်တွေကိုပဲ အားမကိုးဘဲ မီးယပ်အထူးကုဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စစ်ဆေးမှုခံယူဖို့ ✨ပါရမီအထွေထွေရောဂါကုဆေးရုံကြီး🩺 မှ တိုက်တွန်းအပ်ပါတယ်။ 💜







Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

💪🩺 ကိုယ်ခန္ဓာပြန်လည်သန်စွမ်းခြင်းဟာ ဘာလို့အရေးကြီးပါသလဲ?ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ လေဖြတ်ခြင်း သို့မဟုတ...
31/08/2026

💪🩺 ကိုယ်ခန္ဓာပြန်လည်သန်စွမ်းခြင်းဟာ ဘာလို့အရေးကြီးပါသလဲ?

ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် အခြားကျန်းမာရေးအခြေအနေများကြောင့် လျော့နည်းသွားတဲ့ ကိုယ်ခန္ဓာလုပ်ဆောင်နိုင်စွမ်းတွေကို ပြန်လည်တိုးတက်လာစေဖို့ Physiotherapy (ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးကုသမှု) က အရေးကြီးပါတယ်။ 💜

ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးကုသမှုခံယူခြင်းက-
✨ လှုပ်ရှားသွားလာနိုင်စွမ်းကို ပိုမိုကောင်းမွန်စေခြင်း
✨ နာကျင်မှုနှင့် ကိုယ်ခန္ဓာတင်းကျပ်မှုများ လျော့နည်းစေခြင်း
✨ နေ့စဉ်လုပ်ငန်းများကို ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း
✨ ကိုယ်ခန္ဓာလုပ်ဆောင်နိုင်စွမ်းများ ပြန်လည်ရရှိစေရန် အထောက်အကူပြုနိုင်ပါတယ်။

🏥 Parami General Hospital တွင်လည်း အသက်အရွယ်အလိုက် လိုအပ်ချက်များကို သင့်လျော်စွာ စောင့်ရှောက်ပေးနိုင်ရန် ကလေးများနှင့် လူကြီးများအတွက် Physiotherapy ကုသမှုများ ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ 💜

ပိုမိုကောင်းမွန်တဲ့ လှုပ်ရှားမှုနဲ့ နေ့စဉ်ဘဝကို ပြန်လည်ရရှိနိုင်ဖို့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ Physiotherapy ကုသမှုကို အချိန်မီခံယူလိုက်ပါ။ 🩺✨




Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

👶💧 ကလေးငယ်များ၏ ဝမ်းလျှောဝမ်းပျက်အကြောင်း သိကောင်းစရာများ 💧🩺ကလေးငယ်လေးတွေမှာ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ခြင်းဟာ အဖြစ်များတဲ့...
30/08/2026

👶💧 ကလေးငယ်များ၏ ဝမ်းလျှောဝမ်းပျက်အကြောင်း သိကောင်းစရာများ 💧🩺

ကလေးငယ်လေးတွေမှာ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ခြင်းဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲချိန်နဲ့ အစားအသောက်၊ ရေသန့်ရှင်းမှု မလုံလောက်တဲ့အခါ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

🔹 ဝမ်းလျှောဝမ်းပျက် ဘာကြောင့်ဖြစ်နိုင်လဲ?
• ဗိုင်းရပ်စ်၊ ဘက်တီးရီးယား စတဲ့ ရောဂါပိုးများကြောင့်ဖြစ်ပွားနိုင်သကဲ့သို့
• မသန့်ရှင်းသော ရေများကိုသောက်သုံးမိခြင်း
• လက်မသန့်ရှင်းဘဲ အစားအစာစားခြင်း
• အစားအစာကို သန့်ရှင်းစွာ မပြင်ဆင်ထားခြင်း

🔹 ကလေးဝမ်းလျှောနေချိန်မှာ ဘာတွေဂရုစိုက်သင့်လဲ?
💧 ရေဓာတ်မလျော့အောင် ORS (ဓာတ်ဆားရည်) ကို ဆရာဝန်၏ညွှန်ကြားချက်နှင့်အညီ သင့်တော်သလို တိုက်ပေးရန်လိုအပ်ပါတယ်။
🤱 နို့စို့ကလေးများကို မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
🍚 အသက်အရွယ်နဲ့ သင့်တော်တဲ့ အာဟာရရှိသော အစားအစာများကို ဆက်လက်ကျွေးပါ။
🧼 အစားအစာမပြင်ဆင်မီ၊ မစားမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။

⚠️ ယခုလိုလက္ခဏာတွေဖြစ်ပေါ်ပါက ဆေးရုံ/ဆေးခန်းသို့ လျင်မြန်စွာသွားရောက်ပြသသင့်ပါသည်။
• အလွန်နုံးချည့်ခြင်း သို့မဟုတ် သတိလစ်ချင်သလိုဖြစ်ခြင်း
• ရေမသောက်နိုင်ခြင်း၊ နို့မစို့နိုင်ခြင်း
• ဆီးသွားနည်းလာခြင်း
• မျက်လုံးချိုင့်ဝင်ခြင်း၊ ပါးစပ်ခြောက်ခြင်း
• ဝမ်းထဲတွင် သွေးပါခြင်း
• အဖျားတက်ခြင်း သို့မဟုတ် အခြေအနေ ပိုမိုဆိုးရွားလာခြင်း

💙 ကလေးငယ်လေးတွေမှာ ဝမ်းလျှောဝမ်းပျက်ဖြစ်တဲ့အခါ ရေဓာတ်ဆုံးရှုံးမှုကို အထူးဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

“ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ” 👶💙
Parami General Hospital မှာလည်း ကလေးငယ်များအတွက်ကျန်းမာရေးစစ်ဆေးမှုများကို ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။







Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

🩺💜 ကျန်းမာရေးပြဿနာများကို ယုံကြည်စိတ်ချစွာ စစ်ဆေးကုသနိုင်ရန်…Dr. B La TawngM.B.,B.S(Ygn),M.Med.Sc(Neurosurgery)📅 OPD Tim...
29/08/2026

🩺💜 ကျန်းမာရေးပြဿနာများကို ယုံကြည်စိတ်ချစွာ စစ်ဆေးကုသနိုင်ရန်…

Dr. B La Tawng
M.B.,B.S(Ygn),
M.Med.Sc(Neurosurgery)
📅 OPD Time – Tue/Thu/Sat/Sun ( 04:00PM )

Parami General Hospital တွင် ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး Dr. B La Tawng မှ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများအတွက် စနစ်တကျ စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် လိုအပ်သော ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ 🩺

❤️ ကျန်းမာရေးပြဿနာများကို ပေါ့ဆမထားဘဲ စောစီးစွာ စစ်ဆေးခြင်းဖြင့် ရောဂါများကို အချိန်မီ သိရှိပြီး သင့်လျော်သော ကုသမှုများ ရရှိနိုင်ပါသည်။

ကျန်းမာရေးနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ၊ လက္ခဏာများနှင့် ရောဂါအခြေအနေများကို ကျွမ်းကျင်သမားတော်ကြီးနှင့် လာရောက်ဆွေးနွေး စစ်ဆေးနိုင်ပါပြီ။ 💜

📞 Appointment ရယူရန်
Hotline – 09 774 5555 66

📍 လိပ်စာ
အမှတ် (၆၀)၊ (ဂျီ-၁)၊ ပါရမီလမ်း၊ (ချော်တွင်းကုန်းမီးပွိင့်အနီး)၊ မရမ်းကုန်းမြိုနယ်၊ ရန်ကုန်မြို။

🤰 ကိုယ်ဝန်​ဆောင်​မေ​မေတို့ရဲ့ ရင်​သွေး​လေးများ၏ မျက်နှာသွင်ပြင်ကို ကြိုတင်မြင်​တွေ့နိုင်မဲ့𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဝန်​ဆောင်မှု ကိ...
27/08/2026

🤰 ကိုယ်ဝန်​ဆောင်​မေ​မေတို့ရဲ့ ရင်​သွေး​လေးများ၏ မျက်နှာသွင်ပြင်ကို ကြိုတင်မြင်​တွေ့နိုင်မဲ့
𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဝန်​ဆောင်မှု ကိုပါရမီအထွေထွေရောဂါကုဆေးရုံတွင်ပြုလုပ်နိုင်ပါတယ်။🤰
👼 ​ရင်​သွေး​လေးများရဲ့ မျက်နှာသွင်ပြင်ကိုမြင်​တွေ့ခံစားနိုင်ခြင်း
👼ရင်​သွေး​လေးများ၏ လှုပ်ရှားမှုပုံရိပ်ကို​တွေ့မြင်နိုင်ခြင်း
👼ကိုယ်ဝန်​ဆောင်​နေစဉ်အတွင်းရင်သွေးငယ်လေးများ၏ခန္ဓာကိုယ် အ​ခြေအ​နေ ပုံမှန် ရှိ/မရှိ အစရှိသည်တို့ကို စစ်​ဆေး​တွေ့ရှိနိုင်ခြင်း
👼 ကြည်လင်ပြတ်သားသောပုံရိပ်များ​ကို ကြည့်ရှုစစ်​ဆေးပြီး သက်ဆိုင်ရာဆရာဝန်ကြီးများမှ တိကျ​သေချာ​သော စစ်​ဆေးကုသမှုများပြုလုပ်​ပေးနိုင်ခြင်း
👼 ​နောက်ဆုံး​ပေါ်​ခေတ်မီနည်းပညာဖြစ်သည့်အ​လျောက် လေ့လာ​တွေ့ရှိချက်များအရလည်း ဘေးထွက်ဆိုးကျိုးမရှိခြင်း စသည့်အားသာချက်များ​ကြောင့် ပါရမီ​အထွေထွေရောဂါကု ဆေးရုံတွင်
𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဖြင့် မိမိတို့၏ရင်​သွေးငယ်​လေးများရဲ့ ချစ်စဖွယ်မျက်နှာသွင်ပြင်ကိုကြည့်ရှုခံစားလို့ ရနိုင်ပါပြီ ....
အ​သေးစိတ်အချက်အလက်များသိရှိနိုင်​စေရန်နှင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် ပါရမီဆေးရုံ၏ Hot Line ဖုန်းဖြစ်သော☎️ 09-09774555566 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။









Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

🏥 Advanced Surgical Innovations at Parami General Hospitalလူနာများ၏ နာကျင်မှုကို လျော့နည်းစေပြီး၊ ခွဲစိတ်ပြီးနောက် လျင်မ...
26/08/2026

🏥 Advanced Surgical Innovations at Parami General Hospital

လူနာများ၏ နာကျင်မှုကို လျော့နည်းစေပြီး၊ ခွဲစိတ်ပြီးနောက် လျင်မြန်စွာ ပြန်လည်သက်သာစေရန် ရည်ရွယ်သော Minimally Invasive Laparoscopic Surgery နည်းပညာများကို Parami General Hospital တွင် စစ်ဆေးကုသနိုင်ပြီဖြစ်ပါသည်။

📌 စစ်ဆေးကုသနိုင်သည့် Laparoscopic Procedures များ

✅ Appendectomy – အူအတက်ရောင်ထုတ်ခြင်း
✅ Cholecystectomy – သည်းခြေအိတ်ထုတ်ခြင်း
✅ Colectomy - အူမကြီးဖြတ်ထုတ်ခြင်း
✅ Gastrectomy - အစာအိမ်ဖြတ်ထုတ်ခြင်း
✅ Herniotomy and Herniorrhaphy - အူကျရောဂါခွဲစိတ်ခြင်း
✅ Nephrectomy - ကျောက်ကပ်ထုတ်ခြင်း
✅ Pyelolithotomy - ပြည်တည်ကျောက်ကပ်နှင့် ဆီးကျောက်ထုတ်ခြင်း
✅ Ovarian Cystectomy - သားဥအလုံးထုတ်ခြင်း
✅ Hysterectomy - သားအိမ်ထုတ်ခြင်း
✅ Tubal Ligation - သားကြောဖြတ်ခြင်း
✅ Ectopic Pregnancy - သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
✅Tubal Patency Test - သားဥအိမ်ပြွန် ပွင့်/ မပွင့်စမ်းသပ်ခြင်း
✅ Diagnosis of Intra-Abdominal Organs - ဝမ်းဗိုက်အတွင်းရှိ အင်္ဂါများနှင့်ပက်သက်သော ရောဂါများရှာဖွေခြင်း

🔹 သေးငယ်သော အပေါက်များဖြင့် ခွဲစိတ်ခြင်း
🔹 နာကျင်မှုနည်းပါးခြင်း
🔹 ဆေးရုံတက်ရက် လျော့နည်းခြင်းများ
🔹 ပြန်လည်ကျန်းမာသန်စွမ်းသော နေ့ရက်များကို ပြန်လည်ရရှိနိုင်ခြင်း

Advanced Surgical Innovations ဖြင့် ပိုမိုတိကျသော ကုသမှုနှင့် ပိုမိုကောင်းမွန်သော ရလဒ်များကို Parami General Hospital တွင် ရယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

📞 အသေးစိတ်သိရှိလိုပါက Parami General Hospital Hotline No; 09 774 5555 66 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။







Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

25/08/2026

💜 သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ကျန်းမာရေးစစ်ဆေးမှုနှင့် ကုသမှုများကို ခံယူလိုပါသလား? 🏥

ကျန်းမာရေးအတွက် ဆေးရုံတက်ရောက်ကုသမှုခံယူရသည့်အချိန်တွင် ကုသမှုအရည်အသွေးသာမက စိတ်အေးချမ်းမှုနှင့် သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုလည်း အရေးကြီးပါသည်။

Parami General Hospital ၏ (၈) လွှာရှိ အခန်းများ တွင် လူနာများ စိတ်အေးချမ်းစွာ အနားယူနိုင်ရန်နှင့် ကုသမှုများကို သက်တောင့်သက်သာ ခံယူနိုင်ရန် စနစ်တကျ ပြင်ဆင်ထားရှိပါသည်။

✨ အခန်းအတွင်း ပါဝင်သည့် ဝန်ဆောင်မှုများ
☁️ ကျယ်ဝန်းသန့်ရှင်းသော အခန်းများ
☁️ TV, ရေခဲသေတ္တာနှင့် ဗီရိုများ ထည့်သွင်းပေးထားခြင်း
☁️ အောက်ခြေမှ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်များ တပ်ဆင်ထားခြင်း
☁️ မနက်ခင်းနေရောင်ခြည်နှင့် ညနေဆည်းဆာမြင်ကွင်းများကို ကြည့်ရှုနိုင်ခြင်း
☁️ နိုင်ငံတကာအဆင့်မီ Electric Hospital Bed များ ထားရှိခြင်း
☁️ အဆင့်မြင့် သန့်စင်ခန်းများ ပါဝင်ခြင်း

💜 ထို့အပြင်...

👨‍⚕️👩‍⚕️ (၂၄) နာရီပတ်လုံး ဆရာဝန်များနှင့် သူနာပြုများမှ အနီးကပ်စောင့်ရှောက်ပေးလျက်ရှိသဖြင့် လူနာများအနေဖြင့် လုံခြုံစိတ်ချစွာ ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။

🏅 AACI အသိအမှတ်ပြု လက်မှတ်ရရှိထားသော Parami General Hospital သည် လူနာများ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ သက်သာချမ်းမြေ့မှုကိုပါ အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။

💜 ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် သက်တောင့်သက်သာ အနားယူကုသမှုခံယူနိုင်ရန် Parami General Hospital မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။


Floor
Adress; No (60), (G-1), New Parami Road, Mayangone Township, Yangon.
Email; [email protected]
Facebook Link; https://lnkd.in/gVQBXYQv
Telegram Link; https://lnkd.in/gTRCXhpU
LinkedIn Link; https://lnkd.in/gnfHwYRr
Tik Tok Link; https://lnkd.in/gMDR9NJy
Website Link; www.paramihospital.com
Youtube Link; www.youtube.com/

Address

No60 G(1) Parami Road, Mayangone Township
Yangon
11062

Alerts

Be the first to know and let us send you an email when Parami Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Parami Hospital:

Shortcuts

Share