Asswiraatwul Mustaqeem

Asswiraatwul Mustaqeem လေ့လာမှတ်သားလိုက်နာနိုင်စေရန်

18/08/2021

မော်လဝီဆပ်တွေဆိုတာ ငါတို့သူဋ္ဌေးတွေရှိမှ စားရတာပါ။ သောက်ရတာပါလို့
ခင်ဗျားတို့ သဘောပေါက်နားလည်
ထားတယ်ဆိုရင် သူတို့တတွေကို
ခင်ဗျား တို့ ဘာမှမပေးကြပါနဲ့။
မကျွေးကြပါနဲ့။
ခင်ဗျားတို့သူဋ္ဌေးတွေအကုန်လုံး
ဝိုင်းမရှ်ဝရာလုပ်ပြီး မော်လဝီဆပ်တွေကိုပေးတာ ကျွေးတာတွေကို ရပ်လိုက်ကြပါ။

အလ်ဟမ်ဒုလစ်လာဟ်......
ကျုပ်တို့မော်လဝီဆပ်တွေကတော့
ခင်ဗျားတို့အာ့လို လုပ်လို့ တစ်စက်လေးမှ
ဂရုစိုက်ဖို့မရှိဘူးဆိုတာ မှတ်ထားပါ။

ကျုပ်တို့ ကိုယ့်ဟာကိုယ် ဆိုင်ဖွင့်ရောင်းမယ်။
တချို့က ဆန်ဆိုင်..တချို့ က ဂျုံ ဆိုင်...စသဖြင့် ကျုပ်တို့ကိုယ့်စီးပွားရေးကိုယ် လုပ်လိုက်လို့ရပါတယ်။

ဒါပေမဲ့ အာ့လိုအခြေအနေမှာ
ခင်ဗျားတို့....ကိုယ့် သားသမီးတွေ
အပေါ်သောကထားကြလေတော့။
နှစ်ငါးဆယ်လောက်ကြာမြင့်ပြီးသွားပြီဆိုရင် ခင်ဗျားတို့သားသမီးတွေအခြေအနေ
ဘယ်လိုလဲကြည့်ုလိုက် ကြပါ။
တချို့ကလေးတွေက ယဟူဒီဖြစ်သွားလိမ့်မယ်။
တချို့ကလေးတွေက နဆွရာနီဖြစ်သွားလိမ့်မယ်။
(နအူဇို့ဗစ်လ်လာဟ်)

ဘာလို့လဲဆိုရင် ဒိလိုဘာသာပျက်စေတဲ့လုပ်ရပ်တွေကနေ တားမြစ်ပေးတာက အစ္စလာမ့်ကျောင်းတွေရဲ့ သင်ကြားရေးစနစ်ပါ။
အာလင်မ်တွေက ကိုယ့်စိးပွားရေးကိုယ်လုပ်၊ ကိုယ့်ဆိုင်ကိုယ် ထိုင်နေရင် ခင်ဗျားတို့သားသမီးတွေကိုသင်ကြားပေးဖို့အချိန်ရှိတော့မှာမဟုတ်ဘူး။

(ဟဇရသ်မော်လာနအရှ်ရဖ်အလီ ထာနဝီသခင်၏ မီရတ်ထ်မြို့၌ ဆုပေးပွဲအခမ်းအနားတစ်ခုတွင်ပြောကြားသည့်ဘယာန်မှ.......)


MdShahid ✍
Copy ဖြစ်ပါသည်။Asswiraatwul Mustaqeem Islamic Page

18/08/2021
18/08/2021

"ချစ်သမီးရဲ့ အနှိုင်းမဲ့သစ္စာ"

ငယ်ရွယ်နုနယ် ပျိုမြစ်သန်မာတဲ့ လူငယ်တစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖြစ်ပါတယ်။ မင်္ဂလာဆောင်ဟာ အတော်အတန်ဝေးတဲ့ တခြားမြို့တစ်မြို့မှာ ဖြစ်ခဲ့တာပါ။ ဒါကြောင့် မင်္ဂလာဆောင်ပြီး အိမ်ပြန်လာချိန်ဟာ အလွန်နောက်ကျခဲ့တယ်။ ပြန်လာရင်းနဲ့ပဲ တညလုံး ခရီးလမ်းမှာကုန်ဆုံးခဲ့တယ်။ ယခုအိမ်ရောက်လာတဲ့အခါ လူငယ်အများစု နားလည်ထားတာက "မင်္ဂလာဦးညဟာ ဇနီးမောင်နှံစုံရဲ့ အချစ်ည" ဆိုတာပါပဲ။ ဒါကြောင့် လူငယ်လေးက ဇနီးသည်ကိုပြောတယ်
" ညကတော့ တညလုံးကုန်သွားခဲ့ပြီ။ ခုမနက်ရှစ်နာရီလောက်ဆိုရင် လူတွေလာကြတော့မယ်။ ဒါပေမယ့် ငါတို့ ရှစ်နာရီအစား ဆယ်နာရီမှ အိပ်ယာထကြမယ်။ တွေ့ချင်တဲ့သူတွေ လာပြီး တံခါးခေါက်ရင်လည်း ငါတို့ မဖွင့်ပေးတော့ဘူး။ ဒီအချိန်လေးကို ငါတို့နှစ်ဦးတည်းသီးသန့် ကုန်ဆုံးချင်တယ်။"
ခင်ပွန်းသည်က ဒီလိုပြောနေပေမယ့် ဇနီးကတော့ တိတ်ဆိတ်သွားခဲ့တယ်။
ထုံးစံအတိုင်း မနက်ရှစ်နာရီထိုးလောက်ကျတော့ ကောင်လေးရဲ့ဖခင်ဟာ အခန်းတံခါးအနားကို ရောက်လာပါတော့တယ်။ ပြီးတဲ့နောက် တံခါးခေါက်ပါတော့တယ်။ အခန်းက ကင်မရာတပ်ဆင်ထားတဲ့အခန်းဖြစ်လေတော့ ဇနီးမောင်နှံဟာ စခရင်ဖန်သားပြင်ပေါ်မှာ ကောင်လေးရဲ့ ဖခင်ဟာ မတ်တပ်ရပ်လျက် ဘဲလ်တီး နေတာကို မြင်တွေ့နေရတယ်။ သားဖြစ်သူဟာ ဖခင်ကိုတွေ့တော့ ဇနီးကိုပြောတယ်။
" မင်းဘာမှ သောကမရောက်နဲ့။ ငါ့အနားမှာ လှဲနေပါ။ ငါတံခါးဖွင့်မှာ မဟုတ်ဘူး။ ဆယ်နာရီထိုးမှပဲ တံခါးဖွင့်မှာပါ။"
ဒီလိုနဲ့ ဖခင်ဖြစ်သူဟာ အကြိမ်ကြိမ် တံခါးခေါက်ခဲ့ပါတယ်။ မရတဲ့အဆုံးလှည့်ပြန်သွားခဲ့ပါတော့တယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ ခမ်းနားထည်ဝါမှုကို ကြည့်ပါ။ ခဏအကြာမှာ ကောင်မလေးရဲ့ ဖခင်ဟာတံခါးအနားကို ရောက်လာတယ်။ ဘဲလ်တီးလိုက်တယ်ဆိုရင်ပဲ ကောင်မလေးဟာ ဖန်သားပြင်ကိုကြည့်လိုက်တယ်။ အဲဒီအခါမှာ ကောင်မလေးဟာ "ငါ့အဖေ ငါ့အခန်းတံခါးဝမှာ ရပ်နေပါလား" ဆိုပြီး ခံစားလိုက်ရတယ်။ ခင်ပွန်းသည်ရဲ့ တားမြစ်ထားမှုကြောင့် သူမဟာ ထပြီးတံခါးတော့ မဖွင့်ပေးနိုင်ပေမယ့်လည်း " ငါ့အဖေ ဘဲလ်တီးနေတယ်၊ ငါတံခါးမဖွင့်ပေးနိုင်ပါလား" ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်ရှုံ့ချနေမိတယ်။ သူမဟာ တိတ်ဆိတ်စွာ မျက်ဝန်းမှမျက်ရည်များ ပေါက်ပေါက်ကျနေလေတော့တယ်။ ခင်ပွန်းသည်ဟာ မိမိဇနီးရဲ့ မျက်ဝန်းမှ မျက်ရည်ကျနေတာကို မြင်တော့ မေးတယ်။
" မင်းဘာဖြစ်တာလဲ?"
သူမက ပြောတယ်။
" ကျမအဖေ ကျမအခန်းတံခါးဝမှာရပ်ပြီး တံခါးခေါက်နေပါလျက် ကျမတံခါးဖွင့်မပေးနိုင်တာကို ကျမ မတွေးတတ်တော့ဘူး"
ခင်ပွန်းသည်က ဇနီးသည် စိတ်ထိခိုက်နေတာမြင်တော့
ပြောတယ်။
" ကောင်းပြီ၊ သွား... တံခါးဖွင့်လိုက်ပါ။ "
သမီးဖြစ်သူဟာ အပြေးတပိုင်း ထသွားပြီး ဖခင်အတွင် တံခါးဖွင့်ပေးလိုက်ပါတော့တယ်။

အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ်မှုပါပဲ။ အဲဒီ ဇနီးမောင်နှံမှာ သားသုံးဦးထွန်းကားခဲ့ပါတယ်။ သားတစ်ဦး မွေးဖွားတဲ့အခါတိုင်း ခင်ပွန်းသည်ဟာ
လူအယောက်တစ်ရာအား အလှူကျွေးမွေးတယ်။ ပြီးတော့ အလွန်ပျော်ပျော်ရွှင်ရွှင်နဲ့ အကီကဟ် ပြုတယ်။ စတုတ္ထအကြိမ်မွေးဖွားခြင်းမှာတော့ သူတို့အတွက် သမီးလေး မွေးဖွားလာခဲ့ပါတယ်။ သမီးလေးအတွက် အကီကဟ် ပြုတဲ့အခါ အဲဒီ အဖေဟာ လူတစ်ရာနေရာမှာ လူနှစ်ရာကို အလှူပေး ကျွေးမွေးခဲ့ပါတယ်။ ပြီးတော့ ရက်ရက်ရောရော ဖောဖောသီသီသုံးစွဲခဲ့ပါတယ်။ အကောင်းဆုံး အစားအသောက်တွေ ပြင်ဆင်ပေးတယ်။ သူ့ရဲ့ ပျော်ရွှင်မှုနဲ့ သုံးစွဲနေမှုကို ကြည့်ပြီး ဇနီးဖြစ်သူက မေးတယ်။
" ရှင်ဟာ သားသုံးယောက်မွေးခဲ့တုန်းက တစ်ယောက်တိုင်းအတွက် လူတစ်ရာကို ခေါ်ပြီး အလှူပေးခဲ့ပေမယ့်၊ အခု သမီးလေး မွေးတဲ့အခါကျတော့မှ ရှင်ဟာ လူနှစ်ရာကို အလှူပေးတယ်။ အစားအသောက်တွေကိုလည်း အကောင်းဆုံးပြင်ဆင်စေတယ်။ နှလုံးသားထဲက ရက်ရက်ရောရော သုံးစွဲခဲ့တယ်။ ဘာကြောင့်များလဲ? သမီးလေးမွေးလာလို့ ရှင် အပျော်ကြီးပျော်နေတာလား?"
ခင်ပွန်းက အဖြေပေးတယ်။
" ဟုတ်ပါတယ်။ သမီးလေးမွေးလို့ ငါအရမ်းပျော်ရွှင်နေတယ်။ ဘာကြောင့်လဲဆိုရင် " She is the one who will open the door for me" သားတွေဟာ တံခါးဖွင့်ပေးမှာမဟုတ်ဘူး။ သမီးလေးကတော့ ငါအိုမင်းမစွမ်းချိန်မှာ ငါ့အတွက် သေချာပေါက် တံခါးဖွင့်ပေးမှာ" .....
အလ္လာဟ်အရှင်မြတ် ကျွနု်ပ်တို့၏ သမီးရတနာလေးများအား ကောင်းမှုအပေါ် မြဲမြံစွာရပ်တည်နိုင်စွမ်းချီးမြှင့်တော်မူပါ။ သူမတို့အား မိမိ လက်ခံကဗူလ်ပြုသော ဗန္ဒီများတွင် ထည့်သွင်းသတ်မှတ်တော်မူပါ။..........................အာမီးန် ယာရဗ္ဗလ်အာလမီးန်....
ဟဿွ်ရသ် ပီးရ် ဇုလ်ဖိကာရ် နက့်ယှ်ဗန္ဒီရေးသားသော "မိဆာလီ အောဝ်ရသ်" ကျမ်းမှ ကောက်နုတ်တင်ပြပါသည်။
ဗန္ဒဟ် မုဟမ္မဒ် ဟာယှင်မ် {MHMD}

18/08/2021
https://youtu.be/DiAVNQHG2L0
09/10/2020

https://youtu.be/DiAVNQHG2L0

မုဖ်သီအာဒမ် ရှရီအသ်ကပေးသောလူအခွင့်အရေး အပိုင်း ( 2 ) ( A ) အပိုင်း ( 4 ) ပိုင်းပါရှိပါသည်

Address

Pa'an Street
Yangon

Telephone

+959794794837

Website

Alerts

Be the first to know and let us send you an email when Asswiraatwul Mustaqeem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Asswiraatwul Mustaqeem:

Share

Category