New Zealand Embassy Yangon, Myanmar

New Zealand Embassy Yangon, Myanmar Kia Ora! Welcome to the official page of the New Zealand Embassy in Yangon, Myanmar.

[English below] New Zealand Embassy Fund မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးရှိ ကျေးလက်နေ အမျိုးသမီးငယ်များအတွက် ရက်ကန်းအတတ်ပ...
14/09/2026

[English below] New Zealand Embassy Fund မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးရှိ ကျေးလက်နေ အမျိုးသမီးငယ်များအတွက် ရက်ကန်းအတတ်ပညာဖွံ့ဖြိုးရေးနဲ့ သဘာဝဆိုးဆေးအသုံးပြုခြင်းဆိုင်ရာ သင်တန်းတွေ ပြုလုပ်ပေးနိုင်ဖို့ “Pochisilk” (www.facebook.com/pochisilk) ကို ပံ့ပိုးကူညီနိုင်ခဲ့တဲ့အတွက် နယူးဇီလန်သံရုံး၊ ရန်ကုန်က ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

မြန်မာ့ရိုးရာ လက်မှုပညာအမွေအနှစ်ကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့တဲ့ ရက်ကန်းပညာရပ်များကို အားပေးမြှင့်တင်ဖို့က စီမံကိန်း၏ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ ငှက်ပျောချည်ကဲ့သို့သော ပါဝင်ပစ္စည်းအမယ်သစ်များနဲ့ သဘာဝဆိုးဆေးအသုံးပြုနည်းအမျိုးမျိုးကို မိတ်ဆက်ပေးခြင်းအားဖြင့် သင်တန်းသူများဟာ သူတို့ရဲ့ ရက်ကန်းအတတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ဖို့ အခွင့်အလမ်းကောင်းတွေ ရရှိခဲ့ပါတယ်။ ဒါ့ပြင် အမြတ်အစွန်းတွက်ချက်ခြင်းနဲ့ ကုန်ကျစရိတ်စီမံခန့်ခွဲခြင်း စတဲ့အခြေခံစီးပွားရေးပညာကိုလည်း လေ့လာသင်ယူခွင့်ရရှိခဲ့ကြပါတယ်။ ဒီပညာရပ်တွေက ပါဝင်သူအမျိုးသမီးငယ်များကို ထုတ်ကုန်အရည်အသွေး မြှင့်တင်ဖို့၊ ဝင်ငွေတိုးမြှင့်ရရှိဖို့နဲ့ ပိုမိုကြံ့ခိုင်ပြီး ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းမှုများ တည်ဆောက်နိုင်ဖို့ အထောက်အကူပြုခဲ့ပါတယ်။

The New Zealand Embassy Yangon was proud to support “Pochisilk” (www.facebook.com/pochisilk) in delivering weaving skills development and natural dyeing workshops to rural young women from Mandalay Region, through the New Zealand Embassy Fund.

A core part of this project is supporting traditional Myanmar cultural artistry and promoting sustainable weaving practices. It created valuable opportunities for participants to strengthen their weaving skills and creativity by introducing new weaving materials, including banana threads, along with a variety of natural dyeing techniques. Participants also gained basic business skills, including profit calculation and cost management, equipping them to improve product quality, increase their earning potential, and create more resilient, and independent livelihoods.

[English below] စက်တင်ဘာလ ၁၄-၂၀ ရက်ထိကို မော်ရီဘာသာစကား ရက်သတ္တပတ်လို့ သတ်မှတ်ထားပါတယ်။ ၁၉၈၇ ခုနှစ်မှာ မော်ရီဘာသာစကားဟာ ...
13/09/2026

[English below] စက်တင်ဘာလ ၁၄-၂၀ ရက်ထိကို မော်ရီဘာသာစကား ရက်သတ္တပတ်လို့ သတ်မှတ်ထားပါတယ်။

၁၉၈၇ ခုနှစ်မှာ မော်ရီဘာသာစကားဟာ နယူးဇီလန်နိုင်ငံရဲ့ တရားဝင်ဘာသာစကားဖြစ်လာပြီး အစိုးရက ကာကွယ်စောင့်ရှောက်ပေးရမယ့် အမွေအနှစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

မော်ရီဘာသာနဲ့ စကားတစ်ခွန်းပြောဆိုလိုက်တိုင်း ဒီဘာသာစကားကို မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့ခိုင်မာစွာရှိနေစေဖို့ အထောက်အကူပြုပါတယ်။ မော်ရီဘာသာစကား အစဉ်အမြဲ တည်တံ့နိုင်ပါစေ။

This week (14-20 September) is Te Wiki o te Reo Māori.

Māori became an official language of New Zealand in 1987and it’s a taonga (treasure) that our government works to protect.

Every conversation helps strengthen and sustain te reo for future generations. Kia kaha te reo Māori!

[English Below] ကြွယ်ဝလှတဲ့ ထားဝယ်ရိုးရာရက်ကန်းအမွေအနှစ်တွေနဲ့ ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာများနဲ့ ပညာရှင်များရဲ့ ဖန်တီး...
09/09/2026

[English Below] ကြွယ်ဝလှတဲ့ ထားဝယ်ရိုးရာရက်ကန်းအမွေအနှစ်တွေနဲ့ ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာများနဲ့ ပညာရှင်များရဲ့ ဖန်တီးမှုများကို ပြသမယ့်“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်” ပြပွဲကို လာရောက်လေ့လာကြည့်ပါ။

📅 ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂-၁၃
🕙 နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀ နာရီထိ
📍 မူလပန်းချီပြခန်း၊ ဝန်ကြီးများရုံး၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

ဒေသခံပြည်သူများကို အခွင့်အလမ်းများဖန်တီးပေးနိုင်တဲ့ စီမံကိန်းများကို ကျွန်ုပ်တို့က ဝမ်းမြောက်စွာ ပံ့ပိုးကူညီပေးပါတယ်။

Join "The Art of Living Heritage – Tavoy", an exhibition that highlights Tavoy's rich weaving traditions and showcases contemporary creations by textile designers and artisans from Yangon.

📅 12-13 September 2026
🕙 10:00 AM - 5:00 PM
📍 MULA Art Gallery, The Secretariat Yangon, Maha Bandula Road, Botahtaung Township, Yangon.

We are delighted to support initiatives that create opportunities for local communities.


[English Below]

“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်”
- အမွေအနှစ်သည် ယနေ့မျိုးဆက်၏ လက်ထဲတွင် ဆက်လက်ရှင်သန်နေသည် -

နယူးဇီလန်သံရုံး၏ ထောက်ပံ့မှုဖြင့် ဆန်းဖလားဝါးသဘာဝဆိုးဆေးလက်ရက်ကန်းမှ စီစဉ်ခဲ့သော(၆)လတာ ပြုလုပ်ခဲ့သည့် “ထားဝယ်လက်ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း”ပိတ်ပွဲနှင့်အတူ လက်ရက်ကန်းပညာရှင်များနှင့် လက်ရက်ကန်းမျိုးဆက်သစ်များ၊ ရက်ကန်းမြတ်နိုးသူများ တွေ့ဆုံနိုင်စေရန် ရန်ကုန်မြို့ရဲ့ အမွေအနှစ်အဆောက်အဦးထဲမှာ “ရှင်သန်နေသောအမွေအနှစ်များ- ထားဝယ်”ပြပွဲကို ကျင်းပသွားမှာဖြစ်တယ်။

ဒီပြပွဲမှာ -
ထားဝယ်ရဲ့အမွေအနှစ်စုဆောင်းသူများရဲ့ရက်ကန်းအဆင်များ
လက်ရှိ ထားဝယ်မှာ တဦးတည်းကျန်နေတဲ့ လက်ရက်ကန်းပညာရှင်ရဲ့ ထားဝယ်လက်ရက်ကန်းအဆင်များ
၎င်းတို့ကို ပြုစုထားတဲ့ “အမွေအနှစ်-ရက်ကန်း-ထားဝယ်အဆင်”စာအုပ်မိတ်ဆက်
အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းသွားမယ့် မျိုးဆက်သစ်များရဲ့ လက်ရက်ကန်းအဆင်များ
ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာနဲ့ ဖန်တီးသူများက ဖန်တီးထားတဲ့ ဖန်တီးမှုလက်ရာများကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။

ထားဝယ်ရိုးရာ အစားအစာအချို့ကိုလည်း ခင်းကျင်းပြသမှာဖြစ်လို့ အားလုံးကိုဖိတ်ကြားအပ်ပါတယ်။

၂၀၂၆ စက်တင်ဘာ ၁၂-၁၃ (စနေ၊ တနင်္ဂနွေ)
နံနက် ၁၀:၀၀ ~ ညနေ ၅:၀၀ နာရီ
မူလပန်းချီပြခန်း
S1-13/14/15, ဝန်ကြီးများရုံး၊
မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

“The Art of Living Heritage – Tavoy”

Heritage continues to live in the hands of today’s generation

With the support of the New Zealand Embassy Yangon, Myanmar, Sunflower Natural Dye Textiles is pleased to present the exhibition “The Art of Living Heritage – Tavoy”, held in conjunction with the closing ceremony of the six-month “Empower Tavoy Handloom Weaving Industry Development Project.”

The exhibition will take place in a heritage building in Yangon, bringing together traditional handloom artisans, a new generation of weavers, textile designers and those who love for handwoven textiles. It will provide an opportunity to celebrate Tavoy’s rich weaving heritage and explore how this living tradition can continue into the future.

At the exhibition, visitors will have the opportunity to see:

- Traditional Tavoy weaving patterns from heritage textile collectors
- Tavoy handwoven textiles created by the last remaining traditional handloom artisan currently practicing in Tavoy
- The launch of “Heritage – Handloom – Tavoy Pattern,” a book documenting and preserving these traditional weaving patterns
- Handwoven textile created by the new generation, who are carrying forward and preserving this heritage
- Creative works by textile designers and creators from Yangon, inspired by Tavoy’s traditional weaving heritage

A selection of traditional Tavoy cuisine will also be presented at the exhibition.

Everyone is warmly invited to join us in celebrating and keeping this living heritage alive.

📅 12–13 September 2026 (Saturday & Sunday)
🕙 10:00 AM – 5:00 PM
📍 ᗰᑌᒪᗩ ᗩᖇT GᗩᒪᒪEᖇY, MULA
S1-13/14/15, The Secretariat Yangon,
Maha Bandula Road, Botahtaung Township,






Myanmar Textile and Handcraft Creator's MSMEs Network - Dawei
Myanmar Textile & Handicraft Creators’ MSME Network - Yangon

08/09/2026

[English below] New Zealand Embassy Fund (သို့မဟုတ်) Head of Embassy Fund (HEF) လို့ခေါ်တဲ့ နယူးဇီလန်သံရုံးကပေးအပ်တဲ့ ထောက်ပံ့ငွေအကြောင်း လေ့လာလိုက်ပါ။

ရန်ကုန်မြို့ရှိ နယူးဇီလန်သံရုံးရဲ့ သံရုံးအကြီးအကဲ မစ္စစတတ်ဖနီလီက HEF အကြောင်းနဲ့ အဲဒီလူထုအခြေပြုစီမံကိန်းတွေက ‌ဆောင်ကြဉ်းပေးတဲ့ အကျိုးသက်ရောက်မှုတွေကို ရှင်းပြပေးထားပါတယ်။ နားထောင်ကြည့်ကြပါ။

လာမယ့်ရက်သတ္တပတ်များမှာ မျှဝေသွားမယ့် စိတ်အားတက်ကြွဖွယ် HEF စီမံကိန်းများအကြောင်း သိရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ Facebook စာမျက်နှာကို ‘Follow’ လုပ်ထားလိုက်ပါနော်။

Learn more about the New Zealand Embassy Fund (or) Head of Embassy Fund (HEF)

Hear from Ms. Stephanie Lee, Head of Mission at the New Zealand Embassy Yangon, as she introduces HEF and highlights the impact of the community projects it supports.

Follow our page to discover inspiring HEF success stories in the weeks ahead.

[English below] ပျော်ရွှင်ဖွယ် အာဆီယံနေ့ဖြစ်ပါစေ 🎉 ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း စတင်တည်ထောင်သည့် (၅၉) နှစ်မြော...
07/08/2026

[English below] ပျော်ရွှင်ဖွယ် အာဆီယံနေ့ဖြစ်ပါစေ 🎉

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း စတင်တည်ထောင်သည့် (၅၉) နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

အာဆီယံသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုနေသည့် အဓိကအဖွဲ့အစည်း ဖြစ်ပါသည်။ ဤအဖွဲ့အစည်းသည် ကမ္ဘာ့အကြီးဆုံးစီးပွား‌ရေးအဆင့်(၅)နေရာတွင် ရပ်တည်နေပြီး ၂၀၃၀ ခုနှစ်မတိုင်မီ အဆင့်(၄)နေရာသို့ ရောက်လာမည် ဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံ၏အနာဂတ်သည် အင်ဒိုပစိဖိတ်ဒေသ၏ အောင်မြင်မှုပေါ်တွင် ပိုမိုဆက်နွှယ်လျက်ရှိလာသည့်အပြင် ကျွန်ုပ်တို့သည် အာဆီယံ၏ အရင်းနှီးဆုံးမိတ်ဖက်နိုင်ငံများထဲတွင် ပါဝင်နေသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Happy ASEAN Day! 🎉

Today marks 59 years since the founding of the Association of Southeast Asian Nations.

ASEAN is a key contributor to regional stability and economic integration. As a grouping, it’s the world’s fifth largest economy and poised to become the fourth by 2030.

New Zealand’s future is increasingly tied to the success of the Indo-Pacific, and we are proud to be one of ASEAN’s closest partners.

[English below] နယူးဇီလန်နိုင်ငံသည် Proximity Designs https://www.facebook.com/proximitydesigns ကို ၂၀၁၉ ခုနှစ်မှစတင်၍ ဂ...
07/08/2026

[English below] နယူးဇီလန်နိုင်ငံသည် Proximity Designs https://www.facebook.com/proximitydesigns ကို ၂၀၁၉ ခုနှစ်မှစတင်၍ ဂုဏ်ယူစွာပံ့ပိုးကူညီလျက်ရှိပါသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း တောင်သူ ၃၀၁,၀၀၀ ကျော်သည် Proximity Designs ၏ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းပညာများအနက် အနည်းဆုံးစိုက်ပျိုးနည်းစနစ်တစ်မျိုးကို သုံးစွဲခဲ့ကြပါသည်။ အချုပ်အားဖြင့် အဆိုပါတောင်သူမိသားစုများသည် လယ်ယာလုပ်ငန်းမှ အသားတင်ဝင်‌ငွေ အမေရိကန်ဒေါ်လာ ၇၄ သန်း ပိုမိုရရှိခဲ့သည့်အပြင် လယ်ယာမြေ ဧကပေါင်း ၁.၁ သန်းကျော်၏ မြေဆီလွှာအရည်အသွေးကိုလည်း မြှင့်တင်နိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် Proximity Designs ၏ ထိရောက်သော တောင်သူအကျိုးပြုလုပ်ငန်းများကို အနာဂတ်တွင်လည်း ဆက်လက်ကူညီပံ့ပိုးရန် မျှော်လင့်လျက်ရှိပါသည်။

New Zealand has been a proud supporter of Proximity Designs https://www.facebook.com/proximitydesigns since 2019.

In the year ending June 2026, over 301,000 Proximity Designs customers adopted at least one of its regenerative farming solutions. In aggregate, these farm households earned an estimated USD 74 million in additional net farm income and improved the health of their soils on over 1.1 million acres of farmland.

We look forward to supporting the impactful work of Proximity Designs into the future.

[English below] နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာ(စ်)သည် CGIAR အာရှ မြစ်ဝကျွန်းပေါ်ဒေသကြီးများ စီမံကိန်း (CGIAR...
31/07/2026

[English below] နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာ(စ်)သည် CGIAR အာရှ မြစ်ဝကျွန်းပေါ်ဒေသကြီးများ စီမံကိန်း (CGIAR Asian Mega Deltas Initiative) ကို နောက်ထပ်တစ်နှစ် ဆက်လက်ဆောင်ရွက်နိုင်ရန် နယူးဇီလန်ဒေါ်လာ ၃.၃၉ သန်းကို ထောက်ပံ့ကြောင်း ကြေညာခဲ့ပါသည်။
https://www.cgiar.org/news-events/news/nz-and-cgiar-extend-partnership-asian-delta-food-climate-security

အာရှ မြစ်ဝကျွန်းပေါ်ဒေသကြီးများ စီမံကိန်း၏ မြန်မာနိုင်ငံရှိ အဓိကလုပ်ငန်းမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား လယ်သမားများ၊ ပဲစိုက်တောင်သူများနှင့် ငါးမွေးမြူရေးလုပ်ကိုင်သူများအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရာသီဥတုအကြံပေးဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ နယူးဇီလန်နိုင်ငံ၏ အထောက်အပံ့ဖြင့် တောင်သူလယ်သမား ၁၄၀,၀၀၀ နီးပါး သည် ပိုမိုကောင်းမွန်သော ရာသီဥတုဒေတာများကို အခြေခံသည့် လက်တွေ့အသုံးချနိုင်သော အကြံပေးဝန်ဆောင်မှုများကို မိမိတို့လိုအပ်ချက်နှင့်အညီ အချိန်မီ ရရှိနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ အကြံပေးဝန်ဆောင်မှုများကို ပုဂ္ဂလိကပိုင်ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းဝန်ဆောင်မှုများကြောင့် တောင်သူလယ်သမားများသည် စိုက်ပျိုးရိတ်သိမ်းချိန်အပါအဝင် အခြားစိုက်ပျိုးရေးလုပ်ငန်းများကို ရာသီဥတုအခြေအနေနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ပြီဖြစ်ရာ ရာသီဥတုကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများကို လျှော့ချနိုင်ခဲ့ပါသည်။ ဤစီမံကိန်းကို သက်တမ်းတိုးခြင်းအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရာသီဥတုအကြံပေးဝန်ဆောင်မှုများကို ပိုမိုသုံးစွဲလာစေရန်နှင့် အခြားသီးနှံများနှင့် ဒေသများသို့ ဝန်ဆောင်မှုတိုးချဲ့နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

New Zealand’s Foreign Minister Winston Peters has announced a NZ$3.39 million, one-year extension to the CGIAR Asian Mega Deltas Initiative:
https://www.cgiar.org/news-events/news/nz-and-cgiar-extend-partnership-asian-delta-food-climate-security

In Myanmar the focus of the Asian Mega Deltas Initiative has been on digital climate advisory services for smallholder rice, pulse and fish farmers in the Ayeyarwady Region. Since 2023, New Zealand’s support has reached nearly 140,000 farmers with timely, customised and actionable advisory services, based on improved climate data. The advisory services, delivered in partnership with the private sector, have enabled famers to minimise climate-related losses through their adaptation of agricultural practices including the timing of their planting and harvesting. The extension of the initiative will support increased usage of digital climate advisory services and their expansion to other crops and regions.

Photo: Htwet Toe – ‘Weather’ AND ‘Field Training’

[English Below] နယူးဇီလန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ နယူးဇီလန်‌ဒေါ်လာ ၁၂ သန်းကို ပံ့ပိ...
24/07/2026

[English Below] နယူးဇီလန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ နယူးဇီလန်‌ဒေါ်လာ ၁၂ သန်းကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာအပ်ပါသည်။ ယင်းသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပဋိပက္ခဘေးဒဏ်နှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများကြောင့် ထိခိုက်ခံစားနေရသည့် ပြည်သူများကို ထောက်ပံ့ကူညီမည့် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခြင်းလည်း ဖြစ်ပါသည်။ ဤအကူအညီသည် အထိခိုက်လွယ်ဆုံးသော ပြည်သူများအတွက် အစားအစာ၊ အမိုးအကာ၊ ရေနှင့် တစ်ကိုယ်ရေသန့်ရှင်းအတွက်လိုအပ်သော ပစ္စည်းများအပါအဝင် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှတဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လူသားချင်းစာနာထောက်ထားမှုအကူအညီသည် မြန်မာနိုင်ငံအတွက် ‌ထောက်ပံ့လျက်ရှိသော ဖွံ့ဖြိုးရေးအကူအညီ၏ အစိတ်အပိုင်းလည်း ဖြစ်ပါသည်။ အဆိုပါဖွံ့ဖြိုးရေးအကူအညီသည် စိုက်ပျိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများမှတဆင့် စီးပွားရေးနှင့် လူမှုရေးခိုင်မာအားကောင်းလာစေရန် မြှင့်တင်ပေးလျက်ရှိပါသည်။

New Zealand is pleased to announce NZ$12 million in humanitarian assistance for Myanmar, reaffirming our commitment to supporting people affected by conflict and displacement throughout the country. It will contribute to the provision of the essential needs of the most vulnerable communities, including food, shelter and water and sanitation, and be delivered in partnership with international and local organisations. Our humanitarian assistance complements our development assistance to Myanmar, which promotes economic and social resilience through agricultural and peace and security initiatives.

ယနေ့တွင် ကျွန်ုပ်တို့သည် အာဇာနည်နေ့ကို ဂုဏ်ပြုအောက်မေ့ရင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော ဗိုလ်ချုပ...
18/07/2026

ယနေ့တွင် ကျွန်ုပ်တို့သည် အာဇာနည်နေ့ကို ဂုဏ်ပြုအောက်မေ့ရင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားအာဇာနည် ရှစ်ဦးတို့အား လေးလေးနက်နက် အမှတ်ရလျက်ရှိပါသည်။ ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေခဲ့သော ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။

လုပ်ကြံခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူ့အသက်ကို သတ်ဖြတ်ခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရန်အတွက် မည်သည့်အခါမျှ လက်ခံနိုင်ဖွယ် နည်းလမ်းများ မဟုတ်ကြောင်းကို အာဇာနည်နေ့က ကျွန်ုပ်တို့အား သတိပေးနေပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းမှု၊ အပြန်အလှန် လေးစားမှုနှင့် လူသားဆန်စွာ ဆက်ဆံတတ်မှုတို့ဖြင့်သာ တည်ဆောက်နိုင်ပါသည်။

ဤအောက်မေ့ဖွယ်နေ့တွင် ကျွန်ုပ်တို့သည် အဆိုပါ အမျိုးသားခေါင်းဆောင်ကြီးများကိုသာမကဘဲ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် မိမိတို့လူမျိုးများ၏ အခွင့်အရေးများအတွက် ကြိုးပမ်းရင်း အသက်ပေးခဲ့ကြသော မြန်မာနိုင်ငံ၏ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးအားလုံးကိုလည်း ဂုဏ်ပြုအောက်မေ့ အလေးပြုပါသည်။

Today, we commemorate Martyrs' Day and honour the memory of General Aung San and the eight other martyrs who were assassinated on 19 July 1947, a tragedy that changed the course of Myanmar’s history.

Martyrs' Day is a reminder that assassination, violence, and the taking of human life can never be an acceptable way to shape a nation's future. Lasting peace can only be built through dialogue, mutual respect, and our shared humanity.

On this day of remembrance, we pay tribute not only to these national leaders, but also to all those from Myanmar's diverse ethnic communities who have lost their lives in the pursuit of freedom, justice, equality, and the rights of their people.

Mānawatia a Matariki! ⭐ we welcome the celebration of Matariki, the Māori New Year. This is a is a time to reflect, reme...
10/07/2026

Mānawatia a Matariki! ⭐ we welcome the celebration of Matariki, the Māori New Year. This is a is a time to reflect, remember, and look ahead with intent.

As we mark Matariki, we acknowledge those we have lost in the past year, celebrate the present with whānau and loved ones, and share goals and aspirations for the year ahead.

မော်ရီ‌တိုင်းရင်းသားများရဲ့ နှစ်သစ်ကူးပွဲတော် “မာတာရီကီ” ကို ကြိုဆိုပါတယ်။ ဤအချိန်ဟာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး အမှတ်ရသင့်သည်များကို ပြန်လည်အောက်မေ့ကာ အနာဂတ်ကို ရည်ရွယ်ချက်ရှိရှိရှေးရှုသင့်တဲ့ အချိန်ကာလဖြစ်ပါတယ်။

“မာတာရီကီနေ့”မှာ ကျွန်ုပ်တို့ဟာ အတိတ်ကာလတွေမှာ ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့အမှတ်ရသလို ပစ္စုပ္ပန်ကာလကိုလည်း ချစ်ခင်သူဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အတူတူဖြတ်သန်းပြီး အနာဂတ်ကာလအတွက် ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကို မျှဝေခံစားကြပါတယ်။

Address

No. 43 C, Inya Myaing Road, Shwe Taung Kyar 2 Ward, Bahan Township
Yangon
11201

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Telephone

+959403323982

Alerts

Be the first to know and let us send you an email when New Zealand Embassy Yangon, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to New Zealand Embassy Yangon, Myanmar:

Shortcuts

Share