Nyan Lynn Thit Analytica

Nyan Lynn Thit Analytica Nyan Lynn Thit Analytica is an independent, non-partisan, and non-governmental research organization.
(1)

မြင်ကွင်း - တော်လှန်စစ်ဆင်ရေး၂၀၂၆ ခုနှစ်၊ မေ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်...
08/05/2026

မြင်ကွင်း - တော်လှန်စစ်ဆင်ရေး

၂၀၂၆ ခုနှစ်၊ မေ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဥ်များ စုစုပေါင်း ၁၉၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် မြို့နယ်ပေါင်း ၂၃ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အနည်းဆုံး ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မကွေးဒေသတွင် စုစုပေါင်းဖြစ်စဉ် ၁၇ ခုဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။ ယခင်အပတ်နှင့် နှိုင်းယှဥ်ပါက တိုက်ပွဲဖြစ်စဥ်အရေအတွက် လျော့ကျလာသည်ကို တွေ့ရသည်။ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအနေဖြင့် မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် အနည်းဆုံး ဖြစ်စဉ် ၁၂၅ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားအနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၁၂၁ ဦး မတရားဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/3Wf9XR
အင်္ဂလိပ် >>> nolog.link/s/22RPyc

07/05/2026

Conflict Diary (7.5.2026)

CJ Platform

မေလ ၆ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၉ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၃၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် အင်ဂျင်စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၆ ကြိမ်၊ အရပ်သားဖမ်းဆီးမှု ၄ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၅ ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၃ ကြိမ်စီ ဖြစ်ပွားခဲ့တဲ့အပြင် အခြားဖြစ်စဉ် ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ မွန်ပြည်ဖြစ်ပြီး စစ်ကိုင်းတိုင်းက ဒုတိယအများဆုံး ဖြစ်ပွားခဲ့ပါတယ်။

အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပြီး မေလ ၆ ရက် တစ်ရက်တည်းမှာတင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၉ ဦး သေဆုံးခဲ့ရပါတယ်။ အထူးသဖြင့် မေလ ၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

#စစ်ရေးလှုပ်ရှားမှု #အရပ်သားထိခိုက်သေဆုံးမှု #မွန်ပြည် #စစ်ကိုင်းတိုင်း

Conflict Diary----------------------မေလ ၆ ရက်နေ့၌ နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိ...
07/05/2026

Conflict Diary
----------------------
မေလ ၆ ရက်နေ့၌ နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်းဆုံး ၃၇ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စု၏ အင်ဂျင်တပ် လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဖြစ်စဥ်သည် အများဆုံးဖြစ်ပြီး ၉ ကြိမ်ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်သည် ဒုတိယ အများဆုံးဖြစ်ပြီး ၆ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှု ဖြစ်စဉ်သည် တတိယအများဆုံးဖြစ်ပြီး ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၂၇ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ကာ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ၅၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာ >>> nolog.link/s/zoQvBE
English >>> nolog.link/s/5SkgYt

06/05/2026

Conflict Diary (6.5.2026)

CJ Platform

မေလ ၅ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်၊ အင်္ဂါနေ့မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၂၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် ထိတွေ့တိုက်ပွဲ ၁၁ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်စီ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်အပြင် အခြားဖြစ်စဉ် ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး မေလ ၅ ရက် တစ်ရက်တည်းမှာတင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၄ ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

#စစ်ရေးလှုပ်ရှားမှု #အရပ်သားထိခိုက်သေဆုံးမှု #စစ်ကိုင်းတိုင်း

Conflict Diary----------------------မေလ ၅ ရက်နေ့၌ နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိ...
06/05/2026

Conflict Diary
----------------------
မေလ ၅ ရက်နေ့၌ နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်းဆုံး ၂၈ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုဖြစ်စဉ်နှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တို့သည် တတိယအများဆုံးဖြစ်ပြီး ၄ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၆ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့သည်။
မြန်မာ >>> nolog.link/s/LsXfb3
English >>> nolog.link/s/RQpaXs

05/05/2026

Conflict Diary (5.5.2026)

CJ Platform

မေလ ၄ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်၊ တနင်္လာနေ့မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲ ၇ ကြိမ်စီ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှု ၄ ကြိမ်စီ၊ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်အပြင် အခြားဖြစ်စဉ် ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုတိယကတော့ ပဲခူးတိုင်းပဲ ဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး အထူးသဖြင့် မေလ ၂ ရက်မှာ ချင်းပြည်၊ တီးတိန်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ကလေး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

#စစ်ရေးလှုပ်ရှားမှု #အရပ်သားထိခိုက်သေဆုံးမှု #စစ်ကိုင်းတိုင်း #ပဲခူးတိုင်း #ချင်းပြည်

Conflict Diary----------------------မေလ ၄ ရက်နေ့တွင် နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက...
05/05/2026

Conflict Diary
----------------------
မေလ ၄ ရက်နေ့တွင် နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်းဆုံး ၂၇ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တို့သည် အများဆုံးဖြစ်ပြီး ၇ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၆ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုဖြစ်စဉ်သည် တတိယအများဆုံးဖြစ်ပြီး ၄ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာ >>> nolog.link/s/ogIw2i
English >>> nolog.link/s/IaKoJv

04/05/2026

Conflict Diary (4.5.2026)

CJ Platform

မေလ ၃ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်၊ တနင်္ဂနွေနေ့မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၈ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၃၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် ထိတွေ့တိုက်ပွဲ ၉ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၇ ကြိမ်၊ ဖမ်းဆီးမှု ၆ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ အင်ဂျင်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်အပြင် အခြားဖြစ်စဉ် ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပြီး မေလ ၃ ရက် တစ်ရက်တည်းမှာတင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

#စစ်ရေးလှုပ်ရှားမှု #အရပ်သားထိခိုက်သေဆုံးမှု #စစ်ကိုင်းတိုင်း

Conflict Diary----------------------မေလ ၃ ရက်နေ့တွင် နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက...
04/05/2026

Conflict Diary
----------------------
မေလ ၃ ရက်နေ့တွင် နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်းဆုံး ၃၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး ၉ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၇ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ဖမ်းဆီးမှုဖြစ်စဥ်တို့သည် တတိယ အများဆုံးဖြစ်ပြီး ၆ ကြိမ်စီ ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၂၇ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ၆၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာ >>> nolog.link/s/d3CBtG
English >>> nolog.link/s/3fuj2f

Conflict Diary----------------------မေလ ၂ ရက်နေ့တွင် နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက...
03/05/2026

Conflict Diary
----------------------
မေလ ၂ ရက်နေ့တွင် နိုင်ငံတဝှမ်းတွင် စစ်ရေးလှုပ်ရှားမှုများနှင့် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဥ်များ အနည်းဆုံး ၂၀ ကြိမ် ဖြစ်ပွားခဲ့သည်။ ၄င်းတို့အနက် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှု ဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး ၁၂ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်သည် ဒုတိယအများဆုံးဖြစ်ပြီး ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် စုစု ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့သည်။
မြန်မာ >>> nolog.link/s/Sa7skN
English >>> nolog.link/s/rUVdXx

02/05/2026

Conflict Diary (2.5.2026)

CJ Platform

မေလ ၁ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်၊ သောကြာနေ့မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၁၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် ထိတွေ့တိုက်ပွဲ ၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ စစ်ကြောင်းထိုးဝင်ရောက်မှု ၂ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၁ ကြိမ်စီ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပြီး အထူးသဖြင့် မေလ ၁ ရက်မှာ ချင်းပြည်၊ ဖလမ်းမြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသား ၁ ဦးနဲ့ ကလေး ၅ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

#စစ်ရေးလှုပ်ရှားမှု #အရပ်သားထိခိုက်သေဆုံးမှု #စစ်ကိုင်းတိုင်း #ချင်းပြည်

Address

U Tun Lin Chan Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959770006360

Alerts

Be the first to know and let us send you an email when Nyan Lynn Thit Analytica posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Nyan Lynn Thit Analytica:

Share