08/10/2026
【Salon of Special Screening (တရုတ်ရုပ်ရှင်များ ကြည့်ရှုခံစားခြင်း) အခမ်းအနားကို ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပ】
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးကျင်းပသည့် “ရုပ်ရှင်ပုံရိပ်မှတစ်ဆင့် သံယောဇဉ်များကို လက်ဆင့်ကမ်းကာ တေးသံချိုပမာ ချစ်ကြည်ရင်းနှီးခြင်း တရုတ်ရုပ်ရှင်များ ကြည့်ရှုခံစားခြင်း အခမ်းအနား” ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ဒေသခံ ယဉ်ကျေးမှုအနုပညာ၊ ပညာရေး၊ မီဒီယာအစရှိသည့် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်စုစုပေါင်း (၃၀၀) ကျော်က တက်ရောက်ကာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရုံတင်ပြသသည့် “Once Upon a Time in the Middle East” ရုပ်ရှင်ကို အတူတကွ ကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အရှေ့တိုင်းကိုယ်ပိုင် အထက်တန်းကျောင်း (ELBC) ဥက္ကဋ္ဌ (Chairperson) Li Liqing အစရှိသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး၊ ရုပ်ရှင်ကို ကြည့်ရှုခံစားပြီးသည့်အခါ ယခုလိုမှတ်ချက်ပေးခဲ့ကြပါသည်။ “Once Upon a Time in the Middle East” ရုပ်ရှင်သည် အကြောင်းအရာဆန်းသစ်ခြင်း၊ ရိုက်ကူးထုတ်လုပ်မှု ကောင်းမွန်ခြင်း၊ နက်ရှိုင်းစွာ ခံစားရစေသည့်အပြင် လူသားအားလုံးတို့၏ ငြိမ်းချမ်းပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုသည့်ဘုံဆန္ဒကို ထင်ဟပ် ဖော်ပြထားကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် အနာဂတ်တွင် ရုပ်ရှင်နှင့်အနုပညာ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်ရေးအစရှိသည့် နယ်ပယ်ကဏ္ဍများတွင် ဖလှယ်မှုနှင့်ပူပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ကြသည်။