Embassy of Switzerland in Myanmar

Embassy of Switzerland in Myanmar Mingalabar, Grüezi, Bienvenue, Benvenuti, Allegra! Welcome to the official page of the Emba

The Embassy of Switzerland in Yangon is the official representation of Swiss interests in Myanmar, and promotes dialogue and cooperation between the two countries in a wide range of areas, from politics, economy and finance to development cooperation and peace support. The Embassy's page is a new tool to engage and interact with a wider audience and raise the visibility of our varied acti

vities. We look forward to an open and stimulating dialogue with all friends, fans and visitors! Please note that this site is NOT designed for Visa or Consular queries. Please contact [email protected] if you require assistance in these matters and check http://www.eda.admin.ch/eda/en/home/reps/asia/vtha/ref_visinf/vistha.html

🇨🇭 ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီနိုင်ရေး ဆွစ်ဇာလန်နိုင်ငံ၏ ပံ့ပိုးမှုဆွစ်ဇာလန်နိုင်ငံသည် UNFPA မြန်မာ၏ Wome...
04/09/2026

🇨🇭 ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီနိုင်ရေး ဆွစ်ဇာလန်နိုင်ငံ၏ ပံ့ပိုးမှု

ဆွစ်ဇာလန်နိုင်ငံသည် UNFPA မြန်မာ၏ Women and Girls First (WGF) အစီအစဉ် ကို အလှူရှင်နိုင်ငံအဖြစ် ပံ့ပိုးပေးလျက်ရှိပြီး လက်လှမ်းမီရန်ခက်ခဲသော ဒေသများတွင် လူထုအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ရေးကို ပံ့ပိုးကူညီပေးပါသည်။

UNFPA မြန်မာ နှင့် ပူးပေါင်း၍ ရွေ့လျားကျန်းမာရေးဆေးခန်းများမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် မသန်စွမ်းသူအချင်းချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များ အတွက် ကျန်းမာရေးအသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

အဆိုပါလုပ်ငန်းများမှတစ်ဆင့် လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ (SRHR)၊ ဘေးကင်းလုံခြုံသော မိခင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အထွေထွေကျန်းမာရေးဝန်ဆောင်မှုများကို လိုအပ်နေသူများထံ ပိုမိုနီးကပ်စွာ ပေးအပ်နိုင်လျက်ရှိပါသည်။ ထို့အပြင် မသန်စွမ်းသူများအပါအဝင် လူထု၏ ကျန်းမာရေးအသိပညာများ တိုးမြင့်လာစေရန်နှင့် လိုအပ်သည့်အခါ ကျန်းမာရေးဝန်ဆောင်မှုများကို အချိန်မီ ရှာဖွေရယူနိုင်စေရန်လည်း ပံ့ပိုးပေးလျက်ရှိပါသည်။

🤝 ဆွစ်ဇာလန်နိုင်ငံအနေဖြင့် လူတိုင်း တန်းတူညီမျှစွာ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် UNFPA မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပါသည်။

🇨🇭 Swiss Support for Inclusive Healthcare

Through its contribution to UNFPA Myanmar’s Women and Girls First (WGF) programme, Switzerland supports efforts to improve access to essential healthcare services for communities in hard-to-reach areas.

UNFPA Myanmar is supporting mobile clinic services and awareness-raising activities for Persons with Disabilities (PWD) self-help groups, providing access to Sexual and Reproductive Health and Rights (SRHR), safe motherhood, and general healthcare services.

These activities contribute to greater health awareness, more inclusive access to healthcare, and improved health-seeking behaviours among community members, including persons with disabilities.

🤝 Switzerland is pleased to support UNFPA Myanmar and its partners in advancing inclusive and equitable access to healthcare for all.

🇨🇭🎓 Swiss Government Excellence Scholarships 2027–2028 | Frequently Asked QuestionsThinking about applying for a Swiss G...
03/09/2026

🇨🇭🎓 Swiss Government Excellence Scholarships 2027–2028 | Frequently Asked Questions

Thinking about applying for a Swiss Government Excellence Scholarship? The official FAQ provides useful guidance for prospective applicants and academic supervisors.

📌 For applicants:

• You are responsible for finding your own academic supervisor.
• Identify a professor whose research area matches your proposed project and allow sufficient time for the process.
• When contacting a professor, prepare a clear and personalised inquiry and include your CV, motivation letter, 2–3 recommendation letters and a 2–3 page research plan.
• Applicants may submit a maximum of three applications for the same type of scholarship.

🔎 For academic supervisors:

Professors considering supporting an applicant should be familiar with the proposed research project and its fit with their department. A formal letter of support is required, outlining the research project, relationship with the candidate and potential future collaboration.

📅 Applications deadline for the 2027–2028 scholarships is 24 November 2026.

👉 For the full FAQ and application information, please visit the official Swiss Government website:
https://www.sbfi.admin.ch/en/faq-swiss-government-excellence-scholarships

👩‍🔬🧑‍🎓 Are you considering applying for a Swiss Government Excellence Scholarship for research fellowships or PhDs for t...
28/08/2026

👩‍🔬🧑‍🎓 Are you considering applying for a Swiss Government Excellence Scholarship for research fellowships or PhDs for the 2027–28 academic year?
See the following guidelines for your potential application. ⤵️

Detailed information regarding the different scholarship types as well as regarding the eligibility criteria are available on the ESKAS webpage https://www.sbfi.admin.ch/en/swiss-government-excellence-scholarships

🇨🇭💧 ဆွစ်ဇာလန်ရဲ့ ရေကန်တွေအကြောင်း သိကောင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက် ၆ ချက်ကို သိပါသလား။💧 ဆွစ်ဇာလန်နိုင်ငံမှာ ရေကန်ပေ...
27/08/2026

🇨🇭💧 ဆွစ်ဇာလန်ရဲ့ ရေကန်တွေအကြောင်း သိကောင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက် ၆ ချက်ကို သိပါသလား။

💧 ဆွစ်ဇာလန်နိုင်ငံမှာ ရေကန်ပေါင်း ၁,၅၀၀ ကျော် ရှိပါတယ်။

🌊 ဆွစ်ဇာလန်နဲ့ ပြင်သစ်နိုင်ငံတို့ မျှဝေထားတဲ့ Lake Geneva ဟာ ဥရောပအလယ်ပိုင်းရဲ့ အကြီးဆုံး ရေချိုကန် ဖြစ်ပါတယ်။

🇨🇭 ဧရိယာ ၂၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ Lake Neuchâtel ဟာ ဆွစ်ဇာလန်နိုင်ငံအတွင်းမှာသာ တည်ရှိတဲ့ အကြီးဆုံးရေကန် ဖြစ်ပါတယ်။
📍 သင်ဆွစ်ဇာလန်နိုင်ငံရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ၊ ရေကန်တစ်ခုခုနဲ့ ၁၆ ကီလိုမီတာထက် ပိုဝေးတဲ့နေရာ မရှိပါဘူး။

⬇️ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉၃ မီတာသာ မြင့်တဲ့ Lake Maggiore ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အနိမ့်ဆုံးနေရာ ဖြစ်ပါတယ်။

🏔️ ထို့အပြင် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ရေကန်ငယ်ပေါင်း ရာနှင့်ချီဟာ ဆွစ်ဇာလန်တစ်ဝန်း၊ အထူးသဖြင့် အဲလ်ပ်တောင်တန်းဒေသမှာ ပြန့်နှံ့တည်ရှိနေပါတယ်။

ရေကန်တွေသာ မရှိတော့ရင် ဆွစ်ဇာလန်ကို စိတ်ကူးကြည့်ဖို့တောင် ခက်ပါတယ်။ 🏔️💧

အဲဒီရေကန်တွေဟာ အဲလ်ပ်တောင်ကြားဒေသတွေကနေ မြို့ကြီးတွေအထိ နိုင်ငံတစ်ဝန်းက ရှုခင်းတွေ၊ ဂေဟစနစ်တွေနဲ့ နေ့စဉ်ဘဝကို ပုံဖော်ပေးနေပါတယ်။

ဒါပေမဲ့ ရေကန်တွေဟာ လှပတဲ့ရှုခင်းတွေထက် အများကြီးပိုပါတယ်။ ၎င်းတို့ဟာ ရေချိုသိုလှောင်ပေးခြင်း၊ မျိုးစိတ်ပေါင်းများစွာအတွက် နေထိုင်ရာပတ်ဝန်းကျင် ပံ့ပိုးပေးခြင်းတို့အပြင် အပူချိန်မြင့်တက်လာမှုနဲ့ ရေအရည်အသွေး ပြောင်းလဲမှုတွေလို ဖိအားများရဲ့ သက်ရောက်မှုကိုလည်း ခံနေရပါတယ်။

💙 အထိမ်းအမှတ်အဖြစ်၊ ကျွန်ုပ်တို့နဲ့ ရင်းနှီးပြီးသား ဒီရေကန်တွေဟာ နားလည်လေ့လာပြီး ထိန်းသိမ်းကာကွယ်သင့်တဲ့ အဖိုးတန်ဂေဟစနစ်တွေဖြစ်ကြောင်း သတိပြုကြပါစို့။

You might know Swiss lakes. But do you know these 6 facts? 🇨🇭💧

💧 Switzerland is home to more than 1,500 lakes.
🌊 Lake Geneva, shared by Switzerland and France, is the largest freshwater lake in Central Europe.
🇨🇭 At 218 km², Lake Neuchâtel is the largest lake located entirely within Switzerland.
📍 Wherever you are in Switzerland, you’re never more than 16 km from a lake.
⬇️ At just 193 metres above sea level, Lake Maggiore marks the lowest point in the country.
🏔️ And hundreds of small natural lakes are scattered across Switzerland, most of them in the Alps.
Switzerland without its lakes? Hard to imagine. They shape landscapes, ecosystems and everyday life across the country, from Alpine valleys to major cities.
But they’re much more than beautiful scenery. Lakes store freshwater, provide habitats for countless species and are increasingly affected by pressures such as rising temperatures and changes in water quality.
On , a reminder that these familiar landscapes are also precious ecosystems worth understanding and protecting. 💙

🇨🇭 ဆွစ်ဇာလန်အလံရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ရှိပါတယ်။အနီရောင်နောက်ခံပေါ်က အဖြူရောင်ကြက်ခြေခတ်ပုံဟာ ၁...
26/08/2026

🇨🇭 ဆွစ်ဇာလန်အလံရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ရှိပါတယ်။

အနီရောင်နောက်ခံပေါ်က အဖြူရောင်ကြက်ခြေခတ်ပုံဟာ ၁၃၃၉ ခုနှစ်၊ Laupen တိုက်ပွဲမှာ ဆွစ်ကွန်ဖက်ဒရေးရှင်းတပ်ဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း အချင်းချင်း ခွဲခြားသိရှိနိုင်ဖို့ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာစုနှစ်များစွာကြာတဲ့အထိ စစ်ဘက်နဲ့ ပြည်နယ်အဆင့် သင်္ကေတအဖြစ်သာ အသုံးပြုခဲ့ပြီး ၁၈၄၈ ခုနှစ်မှာမှ နိုင်ငံတော်အလံအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။

ကြက်ခြေနီအလံနဲ့လည်း စိတ်ဝင်စားစရာ ဆက်နွယ်မှုရှိပါတယ်။ ဗိုလ်ချုပ် Guillaume-Henri Dufour ဟာ ၁၈၄၀ ခုနှစ်မှာ ဆွစ်ဇာလန် စစ်ဘက်အလံကို တီထွင်မှုမှာ ပါဝင်ခဲ့ပြီး၊ ၁၈၆၃ ခုနှစ်မှာ ဂျီနီဗာမြို့တွင် International Committee of the Red Cross (ICRC) ကို ပူးတွဲတည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အလံနှစ်ခုရဲ့ သင်္ကေတပုံစံတွေဟာ အလွန်ဆင်တူနေတာ ဖြစ်ပါတယ်။

ထို့အပြင် ဆွစ်ဇာလန်အလံဟာ ကမ္ဘာပေါ်မှာ လေးထောင့်စတုရန်းပုံစံရှိတဲ့ နိုင်ငံတော်အလံ ၂ ခုထဲက တစ်ခု ဖြစ်ပြီး (အခြားတစ်ခုက ဗာတီကန်နိုင်ငံအလံ) University of St Gallen ရဲ့ လေ့လာမှုအရ ဆွစ်ကြက်ခြေခတ်သင်္ကေတဟာ “Swiss Made” ထုတ်ကုန်တွေရဲ့ တန်ဖိုးကို အမှန်တကယ် မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒီအချက်တွေထဲမှာ ဘယ်အချက်က သင့်အတွက် အံ့ဩစရာအကောင်းဆုံးလဲ။ 🇨🇭🤔

🇨🇭 Switzerland's flag has quite a story behind it. The white cross on red first appeared in 1339, at the Battle of Laupen, as a way for Swiss confederates to recognize each other in battle. But it stayed a military and cantonal symbol for centuries. It only became the country's official flag in 1848, after Napoleon briefly forced a tricolour on the country during the Helvetic Republic.

There's also a surprising connection to the Red Cross: General Guillaume-Henri Dufour helped adopt Switzerland's military flag in 1840, then co-founded the International Committee of the Red Cross in Geneva in 1863 which explains why the two emblems look so alike.

On top of that, Switzerland's flag is one of only two square national flags in the world (the other is the Vatican's), and a University of St Gallen study found the Swiss cross adds genuine value to "Swiss Made" products.

Which fact surprised you most? 🇨🇭🤔

RBF+ မှ ပံ့ပိုးကူညီထားသည့် စီးပွားရေးလုပ်ငန်းများသို့ အလှူရှင်များ၏ ပူးပေါင်းလေ့လာရေးခရီးစဉ်၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့...
25/08/2026

RBF+ မှ ပံ့ပိုးကူညီထားသည့် စီးပွားရေးလုပ်ငန်းများသို့ အလှူရှင်များ၏ ပူးပေါင်းလေ့လာရေးခရီးစဉ်

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဆွစ်ဇာလန်နှင့် ဒိန်းမတ်သံရုံးများမှ ကိုယ်စားလှယ်များသည် RBF+ စီမံကိန်းအဖွဲ့နှင့်အတူ Responsible Business Fund Plus (RBF+) Project မှ ပံ့ပိုးကူညီထားသည့် ရွေးချယ်ထားသော စီးပွားရေးလုပ်ငန်းများသို့ အတူတကွ လေ့လာရေး ခရီးစဉ် သွားရောက် ခဲ့ကြပါသည်။

ကိုယ်စားလှယ်အဖွဲ့သည် လှည်းကူး၊ အင်းတကော်နှင့် ဖြူး မြို့နယ်များရှိ စီးပွားရေးလုပ်ငန်း ၃ ခုသို့ သွားရောက်ခဲ့ပြီး စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်ရန် လေဆာဖြတ်တောက်နည်းပညာ အသုံးပြုခြင်း၊ ကော်ဖီထုတ်လုပ်ရေးအတွက် Button Dripper ဆည်မြောင်းစနစ် အသုံးပြုခြင်းနှင့် ပဲကုန်သွယ်ရေးတွင် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း စသည့် လုပ်ငန်းများကို လေ့လာခဲ့ကြပါသည်။

ဤခရီးစဉ်သည် ပံ့ပိုးကူညီထားသည့် စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်၊ RBF+ ရင်းနှီးမြှုပ်နှံမှုများ၏ တိုးတက်မှုကို လေ့လာရန်နှင့် စီမံကိန်း၏ အကျိုးသက်ရောက်မှုများကို ကိုယ်တိုင်သိရှိနိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။

ဤလေ့လာရေးခရီးစဉ်မှတစ်ဆင့် RBF+ ၏ ပံ့ပိုးကူညီမှုများသည် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်း ခိုင်မာစေခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ခဲ့ပါသည်။

Joint Donor Monitoring Visits to RBF+ Supported Businesses

On 14 August 2026, representatives from the European Union Delegation Office, Switzerland, and Denmark Embassies, together with the RBF+ project team, conducted joint monitoring visits to selected businesses supported under the Responsible Business Fund Plus (RBF+) Project.

The delegation visited three businesses in Hlegu, Inn Ta Kaw, and Phyu townships, including enterprises investing in laser-cutting technology for agricultural equipment, button-dripper irrigation systems for coffee production, and value-added processing for bean trading.

The visits provided an opportunity to engage directly with supported businesses, observe the progress of RBF+ investments, and gain first-hand insights into the project's impact. The visits highlighted how RBF+ support is helping businesses enhance productivity, strengthen competitiveness, and drive sustainable growth.

23/08/2026

ဆွစ်ဇာလန်မှာ တနင်္ဂနွေနေ့တိုင်း ဘာလို့ အရာအားလုံးနီးပါး ပိတ်ထားရတာလဲ လို့ ကိုယ့်ကိုယ်ကို မေးဖူးပါသလား။ 🤔😉

အကြောင်းရင်းကို အောက်မှာ လေ့လာကြည့်လိုက်ပါ။ 👇

Have you ever asked yourself why everything in Switzerland is closed on Sundays? 🤔😉

Here's why 👇

Are you under 35 and have completed a Master’s degree? You may be eligible to apply for a Swiss Government Excellence Sc...
22/08/2026

Are you under 35 and have completed a Master’s degree? You may be eligible to apply for a Swiss Government Excellence Scholarship for the 2027–2028 academic year, including Research and PhD scholarships.

🇨🇭 Applications open 20 August 2026
📅 Applications deadline: 24 November 2026

📌 Important: Detailed information regarding the different scholarship types as well as regarding the eligibility criteria are available on the ESKAS webpage: https://www.sbfi.admin.ch/en/swiss-government-excellence-scholarships

If you are considering pursuing your research or PhD in Switzerland, this could be your opportunity to take the next step. 🇨🇭🎓

21/08/2026

🇨🇭🏊 ဥရောပရဲ့ အကြီးဆုံး အများပြည်သူရေကူးကန်ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့မှာ ရှိတယ်ဆိုတာ သိပါသလား။

Weyermannshaus ရေကူးကန်မှာ ရေထုထည် ၂၅,၀၀၀ ကုဗမီတာခန့် ရှိပြီး အိုလံပစ်ရေကူးကန် ၁၀ ကန်ခန့်နဲ့ ညီမျှပါတယ်။

ထူးခြားတာက ဝင်ကြေးအခမဲ့ ဖြစ်ပြီး ဘန်းမြို့က စီမံခန့်ခွဲတဲ့ အများပြည်သူရေကူးကန်အားလုံးကိုလည်း အခမဲ့ အသုံးပြုနိုင်ပါတယ်။

ဒါဟာ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေက လူနေမှုဘဝအရည်အသွေးနဲ့ လူတိုင်းလက်လှမ်းမီနိုင်မှုကို ဘယ်လိုမြှင့်တင်ပေးနိုင်သလဲဆိုတာ ပြသတဲ့ နမူနာကောင်းတစ်ခု ဖြစ်ပါတယ်။

Europe's largest public swimming pool is located in Bern 🇨🇭

The Weyermannshaus pool contains approximately 25,000 m³ of water, equivalent to around 10 Olympic swimming pools.

What makes it even more remarkable is that access is free, just like all public swimming pools operated by the City of Bern.

An example of how public infrastructure can contribute to quality of life and accessibility.

ဆွစ်ဇာလန်နိုင်ငံ၊ Grandson ရှိ  Neuchâtel ရေကန် တွင် ရွက်လွှင့်အားကစား၏ ကမ္ဘာ့ဖလား ဟု တင်စားခေါ်ဝေါ်သည့် SSL Gold Cup ပြ...
20/08/2026

ဆွစ်ဇာလန်နိုင်ငံ၊ Grandson ရှိ Neuchâtel ရေကန် တွင် ရွက်လွှင့်အားကစား၏ ကမ္ဘာ့ဖလား ဟု တင်စားခေါ်ဝေါ်သည့် SSL Gold Cup ပြိုင်ပွဲမတိုင်မီ အားသွန်ခွန်စိုက် ပြင်ဆင်လေ့ကျင့်ခဲ့မှုအတွက် SSL Team Myanmar အဖွဲ့အား ဂုဏ်ပြုပါတယ်။

ဤအရေးကြီးသော ခရီးစဉ်အဆင့်တွင် မြန်မာ့ ရွက်လွှင့်အားကစားအဖွဲ့အား ဆွစ်ဇာလန်နိုင်ငံတွင် ကြိုဆိုခွင့်ရရှိခဲ့ခြင်းအတွက်လည်း ဝမ်းမြောက်မိပါတယ်။

ဆွစ်ဇာလန်တွင် ကြိုးစားလေ့ကျင့်ခဲ့မှုများက ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် SSL Gold Cup ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရန် ခိုင်မာသောအခြေခံ ဖြစ်စေရန် ဆုတောင်းပေးပါတယ်။ 🇲🇲🤝🇨🇭🏆

Congratulations to SSL Team Myanmar on their dedicated preparation and training in Lake Neuchâtel, Grandson, Switzerland, ahead of the SSL Gold Cup—the “Football World Cup of Sailing”—in Brazil .

It was a pleasure to welcome the team to Switzerland for this important stage of their journey.

Wishing you all the very best, SSL Team Myanmar! May your hard work and training in Switzerland lay the foundation for a successful SSL Gold Cup campaign. 🇲🇲🤝🇨🇭🏆

Address

Vantage Tower, 623 Pyay Road, Kamaryut Township
Yangon
11041

Opening Hours

Monday 09:00 - 11:00
Friday 09:00 - 11:00

Telephone

+ 95 1 230 7465

Alerts

Be the first to know and let us send you an email when Embassy of Switzerland in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Embassy of Switzerland in Myanmar:

Shortcuts

Share