National League for Democracy

National League for Democracy Official page of National League for Democracy
(2)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင် ဆိုရှယ်မီဒီယာစာမျက်နှာဖြစ်သည်။ မည်သူမဆို လွတ်လပ်စွာ ဝေဖန်ပြောကြားနိုင်သည်။ သို့သော် အမုန်းစကားများ၊ ရိုင်းပြသောအသုံးအနှုံးများ ရေးသားချက်များကို ဖျက်ဆီးမည်ဖြစ်သည်။ ထပ်မံပြုလုပ်ပါက ရေးသားခွင့်ကို အပြီးတားမြစ်မည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးသူရဦးတင်ဦး ကွယ်လွန်ခြင်း ( ၂ )နှစ်ပြည့်။     သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ စစ်ဘ...
31/05/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး
သူရဦးတင်ဦး ကွယ်လွန်ခြင်း ( ၂ )နှစ်ပြည့်။

သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ စစ်ဘက် ၊ နိုင်ငံရေးနှင့် ဒီမိုကရေစီသမိုင်းတွင် အထူးလေးစားဂုဏ်ယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါ
သည်။ ၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေဖွား
ခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက နိုင်ငံအပေါ် တာဝန်သိ
စိတ်၊ အများအကျိုးဆောင်လိုစိတ်တို့ဖြင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

သူရဦးတင်ဦးသည် တပ်မတော်တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါသည်။ စစ်ဘက်တာဝန်များ ထမ်းဆောင်စဉ်ကပင် တိုင်းပြည်နှင့် ပြည်သူအကျိုးကို ဦးစားပေးဆောင်ရွက်ခဲ့သူဖြစ်သလို စည်းကမ်း၊ ရိုးသားမှုနှင့် တာဝန်သိမှုတို့ကြောင့် လေးစားခံရသူတစ်ဦး ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တည်ထောင်ခဲ့ပြီး ပါတီ
၏ ဥက္ကဋ္ဌ၊ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်
မြတ်ရေးအတွက် သူ၏ဘဝတစ်လျှောက်လုံး အနစ်
နာခံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နေအိမ်အကျယ်
ချုပ်၊ ဖမ်းဆီးချုပ်နှောင်မှုများနှင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း မိမိယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ ခိုင်မာစွာ ရပ်တည်ခဲ့သူ ဖြစ်သည်။

သူရဦးတင်ဦးသည် အာဏာ၊ ဂုဏ်ပုဒ်များထက် ပြည်သူကို ပိုမိုတန်ဖိုးထားခဲ့သူဖြစ်ပြီး “နိုင်ငံအတွက်
ဘာလုပ်ပေးနိုင်မလဲ” ဟူသည့် စိတ်ဓာတ်ဖြင့် ဘဝတစ်လျှောက် ရှင်သန်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအကြား “ရိုးသားသော နိုင်ငံရေးသမားကြီး” အဖြစ် အမြဲတမ်းလေးစားဂုဏ်ပြုခံခဲ့ရသည်။

ယနေ့ သူရဦးတင်ဦး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အချိန်တွင် သူ၏ နိုင်ငံချစ်စိတ်၊ သစ္စာရှိမှု၊ အနစ်နာခံမှုနှင့် ဒီမိုကရေစီအပေါ် မယိမ်းယိုင်သော ယုံကြည်ချက်တို့ကို လေးနက်စွာ အောက်မေ့သတိရဖွယ်​​ဖြစ်
သည်။

“သူရဦးတင်ဦး ကွယ်လွန်သွားခဲ့သော်လည်း သူယုံကြည်ခဲ့သော အမှန်တရားနှင့် ချန်ထားရစ်ခဲ့သော စိတ်ဓာတ်ခွန်အားများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲသမိုင်းတွင် ထာဝရရှင်သန်နေမည်သာ ဖြစ်သည်။”

အဖွဲ့ချုပ်နာယကကြီး သူရဦးတင်ဦးအား လေးစားဂုဏ်ယူစွာဖြင့် အမြဲအောက်မေ့သတိရလျက်။



30/05/2026



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ့ဆုံပွဲကျင်းပပြုလုပ် ၂၀၂၆ခုနှစ် မေ ၁၅ရက်အမျိုးသားဒီမိုကရ...
15/05/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ့ဆုံပွဲကျင်းပပြုလုပ်
၂၀၂၆ခုနှစ် မေ ၁၅ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ် မေလ ၁၅ရက် (သောကြာနေ့) မြန်မာစံတော်ချိန် နံနက်၉း၀၀ နာရီမှ နေ့လည် ၁၂နာရီအထိ online မှတဆင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုအမျိုးသမီးလုပ်ငန်း ကော်မတီမှ ဒေါက်တာမေဝင်းမြင့်၊ လူငယ်ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ(ဟောင်း) ဦးမောင်မောင်ဦးတို့က ခေတ်အဆက်ဆက် လူငယ်မျိုးဆက်များ၏သမိုင်းကြောင်းများပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များက တော်လှန်ရေးအတွေ့အကြုံများ၊ လူငယ်မျိုးဆက်များအတွက် လက်တွေ့ကျကျဆောင်ရွက်သင့်သည်များ၊ ပါတီခေါင်းဆောင်၊လူငယ့်ရေးတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွတ်မြောက်ရေး နှင့် တော်လှန်ရေးတွင် ပါတီလူငယ်များ ပိုမိုတက်ကြွထိရောက်စွပါဝင်နိုင်ရေး၊ ပါတီလူငယ်များ​၏ တော်လှန်ရေးကာလ အရ်အသွေးမြှင့်တင်နိုင်ရေး စသည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့မှဦးဆောင်၍ လာမည့် ဇွန်လ ၁၉ ရက်နေ့ ပါတီဥက္ကဋ္ဌ​၏ မွေးနေ့ပွဲလှုပ်ရှားမှု လုပ်ဆောင်ရန်၊ ယနေ့ကဲ့သို့တွေ့ဆုံမှုများအခါအားလျော်စွာပြုလုပ်သွားရန်နှင့် ယနေ့ဆွေးနွေးပွဲမှရရှိသော ဆွေးနွေးအကြံပြုမှုများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Credit - ဗဟိုလူငယ်လုပ်ငန်းအဖွဲ့

Address

No. 97/B, West Shwe Gone Dine Road, Bahan Township
Yangon

Telephone

951555156

Website

Alerts

Be the first to know and let us send you an email when National League for Democracy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National League for Democracy:

Share