Te Su' Digest

Te Su' Digest Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Te Su' Digest, Public & Government Service, Yangon.

အောင်မြင်ပျော်ရွှင်ဖို့အတွက် စိတ်သန်မာဖို့လိုတယ်။ ပျော့ညံ့တဲ့စိတ်ထားနဲ့ ဘယ်လိုပျော်ရွှင်မှုမျိုးကိုမှ ကိုယ့်ဘဝထဲကို ဖိတ်ခေါ်...
11/12/2018

အောင်မြင်ပျော်ရွှင်ဖို့အတွက် စိတ်သန်မာဖို့လိုတယ်။
ပျော့ညံ့တဲ့စိတ်ထားနဲ့ ဘယ်လိုပျော်ရွှင်မှုမျိုးကိုမှ ကိုယ့်ဘဝထဲကို ဖိတ်ခေါ်လို့မရပါဘူး။

စိတ်ဆိုတာ ရေစစ်လိုပါပဲ။ အသုံးချတတ်မယ်ဆို အညစ်အကြေးတွေကို စစ်ထုတ်လို့ရပါတယ်။

အဲ့ဒိလိုစစ်ထုတ်ဖို့ဆိုရင် အတွေးတွေကို ဂရုစိုက်ဖို့လိုပါတယ်။ တကယ်တော့ အတွေးတွေက လူတစ်ယောက်ဘဝအောင်မြင်ဖို့အတွက် အရမ်းကိုအရေးပါပါတယ်။ သက်ရှိတွေလိုပဲ သူတို့က အရမ်းကို အစွမ်းထက်ပါတယ်။

လူတစ်ယောက် ဘယ်လိုတွေးလဲဆိုတာက အဲ့ဒီလူရဲ့ ဘဝအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ဘဝ ကောင်းခြင်း၊ ဆိုးခြင်းဟာ ကိုယ့်ရဲ့အတွေး ကောင်းခြင်း၊ ဆိုးခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

ဒါကြောင့် ကိုယ်နေ့စဉ်နဲ့အမျှ တွေးနေမိတဲ့အတွေးတွေက ကောင်းသလား၊ ဆိုးသလားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။

ကိုယ်နေ့တဓူဝတွေးနေတဲ့အတွေးတွေက မကောင်းဘူးလို့ သတိထားမိရင် အဲ့ဒိ့မကောင်းတဲ့အတွေးတွေနေရာမှာ ကောင်းတဲ့အတွေးတွေနဲ့ အမြန်အစားထိုးလိုက်ပါ။

တရုတ်တွေးခေါ်ပညာရှင်ကြီး Laozi က
"သင်စိတ်ဓာတ်ကျနေတယ်ဆိုရင်
သင့်ရဲ့အတိတ်အကြောင်းတွေပဲ အမြဲတွေးနေလို့"

"သင်အမြဲစိုးရိမ်ပူပန်ကြောင့်ကြနေတယ်ဆိုရင်တော့
သင့်အနာဂတ်အကြောင်းပဲ တွေးနေလို့"

"သင်စိတ်ငြိမ်းချမ်းနေတယ်ဆိုရင်တော့
သင်ပစ္စုပ္ပန်မှာ နေထိုင်နေလို့ပါ" တဲ့။

ဒါကြောင့် ကျမတို့ဟာလက်ရှိပစ္စုပ္ပန်မှာ နေထိုင်ဖို့လိုပြီး ကောင်းမွန်မှန်ကန်တဲ့အတွေးတွေ တွေးဖို့လိုပါတယ်။

အားလုံး မှန်ကန်သောအတွေးများတွေးရင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

'လူအချို့ထက် ပိုပြီးထက်မြက်နေခြင်း၊ သာလွန်နေခြင်းမှာ မြင့်မြတ်ခြင်းဆိုတာမရှိဘူး။ တကယ့်မြင့်မြတ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို...
10/12/2018

'လူအချို့ထက် ပိုပြီးထက်မြက်နေခြင်း၊ သာလွန်နေခြင်းမှာ မြင့်မြတ်ခြင်းဆိုတာမရှိဘူး။ တကယ့်မြင့်မြတ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို အမြဲကောင်းမွန်အောင် ကြိုးစားခြင်းမှာသာ တည်ရှိတယ်'တဲ့။

😍😍😍😍😍❤️❤️❤️❤️❤️😘😘😘😘😘

ဒါကြောင့် လူအချို့ထက် ပိုပြီးထက်မြက်ဖို့၊ သာလွန်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မကြိုးစားဘဲ ကိုယ့်ကိုယ်ကို အမြဲကောင်းမွန်အောင် ကြိုးစားဖို့လိုပါတယ်။

😊😊😊😘😘😍😍❤️❤️🤗🤗🤗🤗🤗

ပြီးတော့ 'အခြားသူတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေအကြောင်း တွေးလိုက်တိုင်း သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သင့်မှာရှိတဲ့အချိန်တွေ ပဲ့ပါသွားတယ်ဆိုတာ မမေ့ပါနဲ့'တဲ့။
☘️🌳🌲🌴🌿🌹🍾🎊❤️❤️❤️😍😍😍😘

(ဆရာမိုးရှင်း၏ ဖာရာရီလမ်းခွဲ စာအုပ်မှ)

''စက္ကန့်တိုင်း ရွေးချယ်နေရပါတယ်...မိတ်ဆွေဘာကိုရွေးချယ်မလဲ???''တကယ်တော့ ဘဝဆိုတာ ကိုယ်ရွေးချယ်တာ ကိုယ်ရတာပါ။ ဒါကြောင့် လူတ...
06/12/2018

''စက္ကန့်တိုင်း ရွေးချယ်နေရပါတယ်...မိတ်ဆွေဘာကိုရွေးချယ်မလဲ???''

တကယ်တော့ ဘဝဆိုတာ ကိုယ်ရွေးချယ်တာ ကိုယ်ရတာပါ။ ဒါကြောင့် လူတစ်ယောက်ရဲ့ကံကြမ္မာက သူဘယ်အရာတွေကို ရွေးချယ်လဲဆိုတာပေါ် မူတည်ပါတယ်။

ဥပမာ ဘဝမှာ ကိုယ်မလိုချင်တဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာတယ်ဆိုပါစို့။ အဲ့ဒီအဖြစ်အပျက်ကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။

အဲ့ဒီရွေးချယ်လိုက်တဲ့ တုန့်ပြန်မှုပေါ်မူတည်ပြီး ကျမတို့ဘဝမှာ ရလဒ်တွေ ရလာတာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင်
Event+Response =Outcome
(အဖြစ်အပျက်+တုန့်ပြန်မှု=ရလဒ်)ပေါ့

တကယ်တော့ အောင်မြင်တဲ့သူရော ကျရှုံးတဲ့သူရော တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေက တူကြပါတယ်။ ဒါဆို ရလဒ်တွေကျ ဘာကြောင့်မတူကြတာလဲ???

ရှင်းပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေအပေါ် ခံယူချက်အမြင်တွေမတူညီတာရယ်နဲ့ တုန့်ပြန်မှုတွေ မတူကြလို့ပါ။

အောင်မြင်တဲ့သူတွေက များသောအားဖြင့် အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ် ရှိတတ်ကြပြီး ဘယ်လောက်ပဲဆိုးတဲ့အဖြစ်အပျက်ဖြစ်လာပါစေ အဲ့ဒီအဖြစ်အပျက်ဟာ ရုပ်ဖျက်ပြီးရောက်လာတတ်တဲ့ လက်ဆောင်တစ်ခုလို့ တွေးတတ်ကြပါတယ်။
ပြီးရင် အဲ့ဒီအဖြစ်အပျက်ကနေ ရယူစရာအကျိုးကျေးဇူးတစ်ခု ရအောင်ရှာပါတယ်။ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ဆိုးကိုလည်း အသုံးချလို့ရအောင် စဉ်းစားပါတယ်။

ပြောင်းလဲလို့မရတဲ့ အဖြစ်အပျက်တိုင်းကနေ ကောင်းတဲ့အကွက်ကို ရွေးကြည့်ရင်း စိတ်ချမ်းသာမှုတွေနဲ့အတူ အောင်မြင်လာကြတာဖြစ်ပါတယ်။
များသောအားဖြင့် အောင်မြင်နေသူတွေဟာ ဘဝရဲ့ အမှောင်ဆုံးအခိုက်အတန့်မှာတောင် အခွင့်အလမ်းတွေ ကပ်ပါလာတတ်တယ်လို့ ယုံကြည်ကြပါတယ်။

အောင်မြင်တဲ့လူအများစုက သူတို့ဘဝရဲ့ အခက်ခဲဆုံးစိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး တိုးတက်လာကြတာ ဖြစ်ပါတယ်။
ကိုယ်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာတဲ့အချိန်မှာတောင် စိတ်ပျက်လက်လျှော့သွားခြင်းမရှိကြဘဲ တံခါးတစ်ပေါက်ပိတ်သွားတိုင်း အခြားတံခါးတစ်ပေါက်ပွင့်အောင် ကြိုးစားတတ်ကြသူများ ဖြစ်ပါတယ်။

အတိတ်ရဲ့ အကျဉ်းသားအဖြစ်ကနေ လွတ်မြောက်အောင် ကျိုးစားကြပြီး အနာဂတ်ကို ထုဆစ်ပုံဖော်သူများဖြစ်ပါတယ်။

ဖြစ်ပျက်လာတဲ့အရာတိုင်းအပေါ်ကနေ သင်ယူဖို့ကြိုးစားရင်း စိတ်ဓာတ်ခိုင်မာလာကြတဲ့သူတွေဖြစ်ပါတယ်။

ရွေးချယ်မှုမှန်ကန်ကြပါစေ...
ဆန္ဒမွန်ဖြင့်
Te Su
Motivational Speaker & Business Coach
09440350380

😍😍😍😍😍😍😍😍😍❤️
(ဆရာမိုးရှင်း၏ ဖာရာရီလမ်းခွဲ စာအုပ်မှ တချို့စကားလုံးများကို ကူးယူပါသည်)

17/11/2018

Public & Government Service

19/05/2018
ဘယ်တော့မှ ......လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့လူတစ်ယောက်ကိုဘယ်သူကမှ....ဘယ်လိုအကြောင်းတရားကမှ....အလဲထိုးနိုင်မှာမဟုတ်ဘူး။Te S...
12/04/2018

ဘယ်တော့မှ ......
လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့လူတစ်ယောက်ကို
ဘယ်သူကမှ....
ဘယ်လိုအကြောင်းတရားကမှ....
အလဲထိုးနိုင်မှာမဟုတ်ဘူး။
Te Su- Master Coach &Motivation Speaker

👌စိတ်ရှည်တတ်သူဖြစ်ပါစေ👌တစ်ခါတုန်းက ဆင်တစ်ကောင်နှင့် ခွေးတစ်ကောင် တပြိုင်နက် ကိုယ်ဝန်ဆောင်ကြတယ်။ 🐶🐘သုံးလလောက်ကြာတဲ့အခါမှာ...
10/04/2018

👌စိတ်ရှည်တတ်သူဖြစ်ပါစေ👌

တစ်ခါတုန်းက ဆင်တစ်ကောင်နှင့် ခွေးတစ်ကောင် တပြိုင်နက် ကိုယ်ဝန်ဆောင်ကြတယ်။ 🐶🐘

သုံးလလောက်ကြာတဲ့အခါမှာ ခွေးက ခွေးကလေးခြောက်ကောင်မွေးတယ်။
🐶🐶🐶🐶🐶
🐶
နောက်ထပ်ခြောက်လလောက်ကြာတဲ့အခါမှာ တဖန်နောက်ထပ်ခွေးလေး(၁၂)ကောင်မွေးပြန်တယ်။

ဒီလိုနဲ့ ခွေးက ထပ်ခါထပ်ခါကိုယ်ဝန်ဆောင်ပြီး လပေါင်းများစွာ ကလေးမွေးဖွားတယ်။🌹🌹🌹

(၁၇)လလောက်ကြာတဲ့အထိ ဆင်ကတော့ ကလေးမမွေးရသေးဘူး။ အဲ့ဒီတော့ ခွေးက ဆင်စီကိုလာပြီးပြောတယ်"မဆင်ကြီးရေ....ရှင်ကကိုယ်ဝန်ဆောင်နေတယ်လို့ ကျမတော့ မထင်ဘူး။ ကျမဆိုရင် ၃လလောက်ကြာတာနဲ့ ကလေးမွေးနိုင်တယ်။ ရှင်တစ်ခုခုတော့ မှားနေပြီ။"

ခွေးက အဲ့ဒီလိုပြောတဲ့အခါမှာ ဆင်ကဘာမှပြန်မပြောဘူး။ ပြုံးပဲပြုံးနေတယ်။
🙂🙂🙂🙂🙂🙂🙂

ဒီလိုနဲ့နောက်ထပ်နှစ်လလောက်ကြာသွားပြန်တယ်။ အဲ့ဒိအ ချိန်မှာတော့ ခွေးကလုံးဝသေချာနေတဲ့မျက်နှာထားနဲ့ "မဆင်ကြီးရေ.....ရှင်ကတော့ ကိုယ်ဝန်မရှိတာ လုံးဝသေချာသွားပြီ။ ဘာလို့လဲဆိုတော့ ကျမကလေးတွေအခါခါမွေးပြီးတာတောင် ရှင်ကခုချိန်ထိ တစ်ကောင်မှ မမွေးလာလို့ပဲ။ ခုဆို ကျမကလေးတွေတောင် အရွယ်ရောက်ကုန်ကြပါပေါ့လား။" ဆိုပြီး လာပြောပြန်တယ်။
👂👂👂👂👂

အဲ့ဒီအချိန်မှာ ဆင်ကပြန်ပြောလိုက်တယ်။ (ပြုံးပြီးတော့ပေါ့)

"မခွေးမရေ....ရှင်ပြောတာကို ကျမလက်ခံပါတယ်။ 👍👏

ပြီးတော့ ရှင်က အခေါက်ပေါင်းများစွာ ကလေးမွေးပြီးတာတောင် ကျမကအခုချိန်ထိ ကိုယ်ဝန်ဆောင်နေရတဲ့ အကြောင်းအရင်းကိုလည်း ပြောပြချင်တယ်။
ရှင်နဲ့ ကျမ မတူညီတဲ့အချက်ပေါ့။

အဲ့ဒါကဘာလဲဆိုရင်....ကျမကိုယ်ထဲမှာရှိနေတဲ့အရာက ခွေးပေါက်လေးမဟုတ်ဘူး။ ဆင်တစ်ကောင်ဆိုတာပဲ။🐘

နှစ်နှစ်နေမှ တစ်ကောင်ပဲမွေးလို့ရတဲ့ အရာပေါ့။ ဒါပေမယ့်
ကျမရဲ့ကလေး မြေကြီးကိုထိလိုက်ပြီဆိုတာနဲ့ မြေကြီးကတောင် တုန်ခါရတယ်လေ။
လမ်းဖြတ်ကူးနေချိန် လူတွေကမြင်သွားရင်လည်း ရပ်ပြီးငေးမောရတဲ့အထိပဲ။
ကျမသယ်ဆောင်နေတဲ့အရာက သာမန်မဟုတ်ဘဲအဲ့ဒိလို တွေ့ရခဲတဲ့အရာလေ။ ကြီးမားတဲ့အရာ၊ ထူးခြားတဲ့အရာပေါ့။ ဒါကြောင့် အဲ့ဒိလောက်အထိ အချိန်ကြာနေတာပါ။" ဆိုပြီး ပြောလိုက်ပါတယ်။

🌷💐🌹🌺🌸🌼

ကဲ........
သင်ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သင့်အနီးကလူတွေ ကလေးတွေမွေးနေကြပြီလား?????
သူတို့တွေ ကလေးမွေးနေကြမှာပါ။
🤱🤱🤱🤱🤱🤱🤱🤱🤱
သူတို့ရဲ့အိပ်မက်တွေပြည့်ဝနေကြမှာပါ။
သူတို့အတွက် သင်ပျော်ရွှင်ပေးလိုက်ပါ။ ကြိုဆိုဂုဏ်ပြုပေးလိုက်ပါ။ 👏👏👏👏🤝🤝

ဒါပေမယ့် သင့်အတွက် အချိန်ပိုကြာနေရခြင်းဟာ ဆင်တစ်ကောင်လိုပဲ သင်သယ်ဆောင်နေတဲ့အရာက သာမန်မဟုတ်ဘူးဆိုတာ မမေ့ပါနှင့်။

သင်မွေးဖွားမယ့်အရာက တော်ရုံသင့်ရုံမဟုတ်ဘဲ ပိုပြီးကြီးမားတဲ့အရာ၊ ပိုပြီးလုပ်ရကျိုးနပ်တဲ့အရာ၊ သင်ထင်ထားတာထက် သင့်ကို ပိုပြီးစိတ်ကျေနပ်မှုပေးမယ့်အရာ ဆိုတာ နားလည်သဘောပေါက်မိပါစေ။

NLP-Singapore page မှပို့စ်တစ်ခုအား ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


Te Su- Professional Life Coach & Motivational Speaker
09- 974575886

09/04/2018

⭐️ကိုယ့်ကိုယ်ကိုယ် ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း(၃)ခု👍

မိတ်ဆွေတို့ကို ကိုယ့်ကိုယ်ကိုယ် ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းသုံးခုကို မျှဝေပေးချင်ပါတယ်။

🌷 အဲ့ဒီ့နည်းလမ်း(၃)ခုကတော့

နံပါတ်တစ် 🌼 ကိုယ့်ရဲ့စူးစမ်းလိုစိတ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်း။

ကျမတို့ဟာ ကိုယ့်ရဲ့ဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဖို့ဆိုရင် ကိုယ့်ရဲ့စူးစမ်းလိုစိတ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ရပါမယ်။

ဘယ်လိုလုပ်ရမလဲဆိုရင် ဖြစ်နိုင်ချေရှိတဲ့ ဆန်းသစ်သောတွေးခေါ်မှုတွေကို လက်ခံနိုင်ဖို့အတွက် ကျမတို့ရဲ့စိတ်ကို ဖွင့်ထားဖို့လိုပါတယ်။ 🌹

ပြီးတော့ ကျမတို့ရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းတဲ့အခါမှာ အာရုံငါးပါး(အကြား၊ အမြင်၊ အနံ့ ၊ အရသာ၊ ခံစားမှု)ကနေ ဖြတ်သန်းဝင်ရောက်လာတဲ့အရာတွေကို မေးခွန်းများများထုတ်ဖို့လိုပါတယ်။🤔🤔

အဲ့ဒိလို မေးခွန်းများများထုတ်ခြင်းအားဖြင့် ပိုမိုဆန်းသစ်တဲ့အတွေးတွေကို တွေးနိုင်လာစေပြီးတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်စေပါတယ်။🌞🌞🌞

အကယ်၍ စူးစမ်းလိုစိတ်ကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဘဲ ကျမတို့ရဲ့ဦးနှောက်ကို တရားသေဒီအတိုင်းထားမယ်ဆိုရင် ရှေ့တည့်တည့်မှာရှိနေတဲ့ အခွင့်အရေးတွေနှင့် ကျမတို့လွဲသွားပါလိမ့်မယ်။🤦‍♀️🤦‍♂️

နံပါတ်နှစ် 🌸 ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားဖြစ်စေတဲ့မေးခွန်း များများမေးခြင်း။

ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့မေးခွန်းတွေ မေးတတ်မယ်ဆိုရင် ကျမတို့ရဲ့ဦးနှောက်က ကောင်းမွန်တဲ့အဖြေ(ရလဒ်)ကို အလိုလိုထုတ်သွားပါလိမ့်မယ်။ ဒါကြောင့် ကျမတို့ကိုယ်ကျမတို့ မေးခွန်းများများမေးဖို့လိုပါတယ်။🤷‍♀️🤷‍♂️

တစ်ခုသတိထားရမှာက မေးတဲ့မေးခွန်းတွေဟာ မှန်ကန်တဲ့မေးခွန်းတွေဖြစ်ဖို့ အရေးကြီးသလို ကျမတို့ရဲ့စိတ်ခွန်အားကိုကျစေတဲ့ မေးခွန်းတွေမမေးမိဖို့လည်း အထူးအရေးကြီးပါတယ်။⭐️⭐️

အထူးသဖြင့် အောက်ကမေးခွန်းတွေကို မမေးမိဖို့ လိုပါတယ်။

“ငါ့ကျမှဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ ???
ဘာ့ကြောင့် ငါဒါကိုမလုပ်နိုင်ရတာလဲ ???
ငါက ဘာ့ကြောင့်အမြဲတမ်းပဲ ကံဆိုးနေရတာလဲ???"

ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်မေးမိနေပြီဆိုရင် မိတ်ဆွေရဲ့စိတ်က အဆိုးဘက်ကိုဦးတည်နေပါပြီ။
ဒါကြောင့် မိတ်ဆွေရဲ့မေးခွန်းတွေကို အောက်မှာဖော်ပြထားတဲ့မေးခွန်းတွေနှင့် အစားထိုးဖို့လိုပါတယ်။🌺💐

"ဒီဟာကိုကောင်းအောင် ငါဘယ်လိုလုပ်ရမလဲ ???
ဒီအဖြစ်အပျက်ကနေ ငါဘာကိုသင်ယူလို့ရမလဲ???
ဘာတွေကို ငါရွေးချယ်ဖို့လိုမလဲ???
ဒီဟာကို လုပ်လိုက်ရင် ဘာဖြစ်နိုင်လဲ???"
စသဖြင့် မေးဖို့လိုပါတယ်။

Sometimes you win, sometimes you learn.
ကျမတို့ရဲ့ဘဝမှာ မအောင်မြင်ခဲ့တဲ့အရာတွေကနေ သင်ယူလို့ရပါတယ်။ ကျရှုံးတယ်ဆိုတာမရှိပါဘူး။🌝💪🌝

ဒါကြောင့် အဲ့ဒိလိုပြောင်းလဲမေးလိုက်တာနှင့်တပြိုင်နက် မိတ်ဆွေရဲ့စိတ်က ပိုမိုဆန်းသစ်တဲ့ အတွေးတွေကို စတင်ပြီးတော့ တွေးလာပါလိမ့်မယ်။
ဒီလိုနဲ့ ကောင်းမွန်တဲ့ရလဒ်တွေရလာမှာ မလွဲပါဘူး။

နောက်ဆုံးအချက်ကတော့ 💐🌸🌺 ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ်လေ့လာမှုတွေ လုပ်နေဖို့ပါပဲ။

ခေတ်ကတိုးတက်လာတာနှင့်အမျှ ကိုယ့်ကိုယ်ကိုယ် သင်ယူလေ့လာမှု ပြုလုပ်လို့ရတဲ့ ရင်းမြစ်တွေလည်း ပေါများကြွယ်ဝလာပါတယ်။
🌷စာအုပ်တွေဖတ်တာ၊ youtube က video ဖိုင်လ်တွေကနေသင်ယူတာ၊ အွန်လိုင်းကနေ သင်တန်းတက်တာ၊ ဟောပြောပွဲတွေသွားတာ 🌷 စသဖြင့် မိတ်ဆွေရဲ့အိမ်မှာ သက်တောင့်သက်သာနေရင်းနဲ့ လေ့လာမှုတွေ အများကြီးပြုလုပ်နိုင်ပါတယ်။

ဒါမှမဟုတ် စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ သူ့အမြင်ကိုယ့်အမြင်၊ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံကို ဖလှယ်ရင်းနဲ့လဲ သင်ယူနိုင်ပါတယ်။ 💐💐👨‍💻👩‍💻

အထက်မှာရေးခဲ့တဲ့အချက်သုံးချက်က မိတ်ဆွေရဲ့ဘဝကို တိုးတက်ပြောင်းလဲစေလိုတယ်ဆိုရင် လိုက်နာပြီး ကျင့်သုံးရမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

ဒိထက်ပိုပြီးကောင်းမွန်ချင်တယ်ဆိုရင်တော့ မိတ်ဆွေကို အနီးကပ်ဆွေးနွေးပေးမယ့် Professional Life Coach တစ်ယောက် လိုနေပြီဆိုတာ အသေအချာပါပဲ👩👩👩

Professional Life Coach တစ်ဦးရဲ့ အရည်အချင်းက ဘာတွေလဲ????

-သင်ယူလေ့လာထားတဲ့ မှန်ကန်တဲ့နည်းလမ်းတွေကိုသုံးပြီးတော့ ကိုယ့်clientကို မေးခွန်းမေးတတ်ခြင်း
-အဲ့ဒိလိုမေးခြင်းအားဖြင့် ကိုယ့်clientရဲ့ စိတ်ထဲမှာရှိနေပြီးပုန်းကွယ်နေတဲ့ အဖြေတွေကိုရှာတွေ့စေနိုင်ပါတယ်
-အဲ့ဒိလိုရှာတွေ့စေနိုင်ခြင်းအားဖြင့် သူ့ကို စိတ်ခွန်အားဖြစ်စေပြီး ဘဝကိုအလျင်မြန်ဆုံးတိုးတက်ပြောင်းလဲစေနိုင်ပါတယ်။
အဲ့ဒိလို coachတစ်ယောက်မှာရှိသင်တဲ့ အရည်အသွေးတွေရှိအောင် ကြိုးစားသင်ယူပြီး

မိတ်ဆွေတို့ရဲ့ဘဝတိုးတက်ပြောင်းလဲရေးကို အစွမ်းကုန်ကူညီပေးဖို့ အသင့်ရှိနေတဲ့သူတစ်ယောက်ရှိပါတယ်💐🌷🌹
ဖုန်းလေး တစ်ချက်ပဲဆက်လိုက်ပါ

Te Su - Professional Life Coach & Motivations Speaker
#
Certified Master Practioner of NLP Coaching (The American Board of NLP)
Certified Master Practioner of Neuro Linguistic Programming (The American Board of NLP)
Certified Master Practioner of Time Line Therapy ( Time Line Therapy Association)
Professional Business Coaches Alliance PBCA member
Certified Leadership Program by U Naing Win Aung #
09-974575886

Address

Yangon

Telephone

+959440350380

Website

Alerts

Be the first to know and let us send you an email when Te Su' Digest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share