MCA Network

MCA Network Fostering Collaboration with Business and Arts to Empower Vulnerable Lives through Social Services I will share what I’ve learned in this group. Thank you all.

MCA Network is set up to nurture Vulnerable Youth including Youth with Disabilities from Myanmar who want to create documentary films, short films, animation films, Vlog and podcasts with the freedom of thought. Giving priority to the capability, I would like to invite those with any kind of disabilities who want to learn with great perseverance in addition to interest and hobby. I warmly welcome

anyone: those who want to create & produce works behind the camera as well as those who want to act before the camera. What’s more, there will be meetings in person and the implementation of a part-time training program starting from 2017. Please, kindly invite those who want to know about this group and get involved in the group’s activities. I would like to urge all the members to work in cooperation and give a helping hand to each other when the golden opportunities come. The disciplines of the group just depend on the respect of individual members for human rights. Let’s try our best together to show the creative arts of disabled people in the near future! Nwaye Zar Che Soe
Founder


ဒီကွန်ရက်ဟာ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုရုပ်ရှင်၊ ကာတွန်းရုပ်ရှင်၊ ဗွီဒီယိုဘလော့နှင့် ပေါဒ့်ကက်စ် (အွန်လိုင်းရေဒီယို)များကို မိမိတို့ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်နဲ့ ဖော်ထုတ်ကြိုးစား ရိုက်ကူးတင်ပြလိုကြတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူ လူငယ်များနဲ့ အနယ်နယ်အရပ်ရပ်က အခွင့်အလမ်းနည်းပါးတဲ့ လူငယ်များကို တစ်စိတ်တစ်ပိုင်း ပျိုးထောင်ဝေမျှပေးဖို့ မျှော်လင့်တည်ထောင်ရခြင်း ဖြစ်ပါတယ်။ မိမိရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာသာမက ဇွဲရှိရှိကြိုးစားလေ့လာ တတ်မြောက်ချင်သူများကို မည်သည့်မသန်စွမ်းမှုမဆို စွမ်းဆောင်လိုစိတ်ကို အလေးထားပြီး ဖိတ်ခေါ်လိုပါတယ်။ ကင်မရာနောက်ကွယ်ကနေ ရိုက်ကူးထုတ်လုပ် ဖန်တီးလိုကြသူများနဲ့ ကင်မရာအရှေ့ကနေ သရုပ်ဆောင် တင်ပြလိုကြသူ မည်သူ့ကိုမဆို နွေးထွေးစွာကြိုဆိုရင်း ကျမတတ်ထားသမျှ ဒီထဲမှာ ဝေငှပေးမှာဖြစ်သလို အပြင်မှာတွေ့ဆုံဆွေးနွေးမှုကနေ အစပြုပြီး အချိန်ပိုင်းသင်ပေးဖို့လည်း ၂၀၁၇ ခုနှစ်ကနေစပြီး အကောင်အထည်ဖော်သွားမှာပါ။ ကျေးဇူးပြုပြီး အဖွဲ့နှင့်ပတ်သက်သမျှ သိလိုသူများ ပါဝင်လိုသူများကို ဖိတ်ခေါ်ပေးကြပါ။ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြပါ။ အခွင့်အလမ်းတွေပေါ်လာရင် လက်တွဲခေါ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ အဖွဲ့စည်းကမ်းဆိုတာ တစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေး လေးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မသန်စွမ်းမှုအနုပညာများ မကြာခင် လက်စွမ်းပြဖော်ထုတ်နိုင်ဖို့ တက်ညီလက်ညီ ကြိုးစားကြပါစို့။
နွေးဇာခြည်စိုး
တည်ထောင်သူ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959450067352

Alerts

Be the first to know and let us send you an email when MCA Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MCA Network:

Share

Category