01/07/2026
👩💻 ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး 🎙️ Inclusive Independent Podcast နဲ့အတူ Audio Podcast 💁🏼Video Podcast 💁🏻♂️ တွေမှာ ✨Creative Partner✨ အနေနဲ့ ဇာတ်ကြောင်းပြောဆို ပါဝင်တင်ဆက်လိုကြတဲ့ 🧑🏻💼အသိပညာရှင်၊ 👨🏻💼အတတ်ပညာရှင်၊ 🧑💼အနုပညာရှင်များနဲ့ 👨🏽💼စီးပွါးရေး လုပ်ငန်းရှင်များကို ၁။ အခြေခံ Podcast တင်ဆက်ခြင်း Foundation ၊ ၂။ အကြောင်းအရာ ဖန်တီးခြင်း မဟာဗျူဟာ Content Strategy ၊ ၃။အမှတ်တံဆိပ်တည်ဆောက်ခြင်း Branding ကဏ္ဍ(၃) ရပ်ကို (July, August & September) ၃ လအတွင်း Online & In-person (ရန်ကုန် သီးသန့်) အချိန်ပိုင်းဝေမျှပေးဖို့ 👩💻 အပတ်စဉ် (၁) 👨🏻💻ကနေ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကရတဲ့ အတွေ့အကြုံတွေကို လူမှုအကျုံးဝင် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအဖြစ် မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ စီးပွါးရေးကဏ္ဍတွေကို ပြန်လည်အသုံးချနိုင်မယ့်အပြင် ကိုယ်ပိုင် အသံတင်ဆက်မှုတွေလည်း တစ်ပိုင်တစ်နိုင် အစပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်သူ အသက် ၁၈ နှစ်နဲ့ ၄၀ နှစ် ကြားရှိကြတဲ့ စိတ်ပါဝင်စားသူများ အနေနဲ့ မိမိတို့ရဲ့ တက်ရောက်လိုကြောင်း ပြောဆိုမိတ်ဆက်ထားတဲ့ ၃ မိနစ်စာ Video နမူနာဖိုင်ကို အောက်ပါ QR Code မှတစ်ဆင့် ကျွန်မရဲ့ Telegram Account မှာ ပေးပို့လျှောက်ထား နိုင်ပါပြီ။ ရွေးချယ်ခံရသူများကို ပြန်လည် အကြောင်းကြားပေးမှာဖြစ်ပါတယ်။
👩💻 ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး 🎙️
Inclusive Independent Podcast 👇🏼
YouTube: https://youtube.com/
TikTok: https://www.tiktok.com/
Website: https://myanmarcinemabilitynetwork.wordpress.com
Nwaye Zar Che Soe
Founder
MCA Network