Royal Express

Royal Express A Pioneer of Myanmar's Express Courier Services in the Logistics Industry – bringing you Myanmar’s Most Extensive Delivery Network. Delivery & Logistics

“ဝန်ဆောင်မှုရတဲ့မြို့စာရင်းအသစ်”ပါဆယ်ပစ္စည်းပို့ဆောင်ဖို့အတွက် စိတ်ချယုံကြည်ရတဲ့𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ရှာနေတယ်ဆိုရင်𝐑𝐨𝐲𝐚𝐥...
01/09/2026

“ဝန်ဆောင်မှုရတဲ့မြို့စာရင်းအသစ်”

ပါဆယ်ပစ္စည်းပို့ဆောင်ဖို့အတွက် စိတ်ချယုံကြည်ရတဲ့
𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ရှာနေတယ်ဆိုရင်
𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရှိတယ်နော်။🤗

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှာ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့အတွက် အဆင်ပြေချောမွေ့စေမယ့် ဝန်ဆောင်မှုတွေ အမျိုးမျိုးရှိတဲ့အပြင် စိတ်တိုင်းကျ ရွေးချယ်အသုံးပြုနိုင်မယ့် 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞 ဝန်ဆောင်မှုတွေကိုလည်းစီစဉ်ပေးထားပါတယ်။

✅𝐒𝐌𝐄𝐬 လုပ်ငန်းရှင်တွေအတွက် 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 (𝐨𝐫) 𝐋𝐚𝐬𝐭 𝐌𝐢𝐥𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅မြန်မာပြည်တွင်းထုတ်ကုန်ပစ္စည်းတွေအတွက် သီးသန့်ဝန်ဆောင်မှုရရှိနိုင်တဲ့ 𝐏𝐑𝐎𝐉𝐄𝐂𝐓 𝟗𝟓 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅စာပေချစ်မြတ်နိုးသူတွေနဲ့ စာအုပ်ထုတ်ဝေသူတွေအတွက် 𝐏𝐮𝐛𝐥𝐢𝐬𝐡𝐞𝐫 (𝐏𝐔𝐁) 𝐒𝐞𝐫𝐯𝐢𝐜𝐞
✅အထူးပေးပို့မှုဆိုင်ရာ ဝန်ဆောင်မှုတွေလုပ်ဆောင်လိုတဲ့ ကုမ္ပဏီတွေအတွက် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞

နေ့ချင်းပို့ ဝန်ဆောင်မှုနဲ့ ပေးပို့လို့တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက်

ရန်ကုန်မြို့တွင်းထဲရှိ✨
(ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊
ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ အလုံ၊ ဒဂုံ၊
စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ရန်ကင်း၊
တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ကမာရွတ်၊ လှိုင်
မရမ်းကုန်း၊ အင်းစိန်၊ ဒေါပုံံ၊ သာကေတ၊ သန်လျင်၊
တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊
ရွှေပေါက်ကံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ သင်္ကန်းကျွန်း) မြို့နယ်တွေနဲ့

▪️မိတ္ထီလာ▪️ပြင်ဦးလွင်
▪️တောင်ကြီး▪️မကွေး▪️ပခုက္ကူ
▪️မုံရွာ▪️ပုသိမ်▪️ဟင်္သာတ
▪️ပဲခူး▪️ပြည်▪️တောင်ငူ
▪️မော်လမြိုင်▪️ဘားအံ မြို့တွေကို မြို့တွင်းချင်း
(𝐒𝐚𝐦𝐞 𝐃𝐚𝐲) ဝန်ဆောင်မှုနဲ့ ပို့ဆောင်ပေးပါတယ်။⚡💨

မြန်မာပြည်တွင်းမြို့ပေါင်း (၂၀၀) ကျော်နဲ့ ပြည်ပဖြစ်တဲ့
🇯🇵ဂျပန်၊ 🇰🇷ကိုရီးယား၊ 🇸🇬စင်္ကာပူ၊
🇹🇭ထိုင်း၊ 🇲🇾မလေးရှား၊ 🇦🇺ဩစတေးလျ နိုင်ငံတွေအထိ
ချောစာ၊ ပါဆယ်တွေကို လုံခြုံစိတ်ချစွာ တာဝန်ယူ ပို့ဆောင်ပေး
နေပါတယ်။✈️

ပြည်ပဝန်ဆောင်မှုတွေအတွက်-
📱𝐏𝐡𝐨𝐧𝐞 : 𝟎𝟗 𝟕𝟕𝟕 𝟗𝟗𝟗 𝟕𝟑𝟕
🔵𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 : https://www.facebook.com/share/1DQmXu5fuR/

☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 - 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖
📧𝐄𝐦𝐚𝐢𝐥 : [email protected]

ကရင်ပြည်နယ် ဘားအံမြို့ရဲ့ ဒေသထွက် အစားအစာတွေနဲ့  အသုံးအဆောင်ပစ္စည်းတွေကို ပို့ဆောင်ချင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞...
28/08/2026

ကရင်ပြည်နယ် ဘားအံမြို့ရဲ့ ဒေသထွက် အစားအစာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပို့ဆောင်ချင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ထပ်မံ ရောက်ရှိလို့ လာပြီနော်။📦

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဝန်ဆောင်မှုတွေကို ယုံယုံကြည်ကြည်
အားပေးအသုံးပြုပေးကြတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေကြောင့်

ဘားအံမြို့တွင်းထဲမှာ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရုံးခွဲပေါင်း (၄) ရုံးကို အောင်မြင်စွာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။🤗

ပါဆယ်ပစ္စည်းတွေကို မြန်မာပြည်အနှံ့ မြို့ပေါင်း (၂၀၀) ကျော်ကို
အိမ်အရောက် တာဝန်ယူ ပို့ဆောင်ပေးနေတဲ့အပြင်🚚

ဘားအံ ➡️ ရန်ကုန် မှတစ်ဆင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဩစတေးလျ စတဲ့ ပြည်ပနိုင်ငံတွေအထိ သင့်တင့်တဲ့
ဈေးနှုန်းနဲ့ အမြန်ဆုံးချိတ်ဆက် ပို့ဆောင်ပေးနေပြီမလို့✈️

လက်ခံသူဆီကို အမြန်ဆုံးရောက်ရှိစေချင်ရင်တော့ အခုပဲ
𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 နဲ့ ဆက်သွယ်ပို့ဆောင်လိုက်တော့နော်။🤙

📍“𝐇𝐩𝐚-𝐚𝐧 𝐍𝐞𝐰 𝐎𝐟𝐟𝐢𝐜𝐞 (𝟒)”
အမှတ်(၆/၆၃)၊ သီရီလမ်း၊ (၆)ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
𝐏𝐡:𝟎𝟗 𝟕𝟗𝟕 𝟏𝟕𝟔 𝟔𝟎𝟎
𝐎𝐩𝐞𝐧 𝐓𝐢𝐦𝐞 : 𝟖:𝟎𝟎 𝐀𝐌 𝐭𝐨 𝟓:𝟎𝟎 𝐏𝐌
𝐌𝐚𝐩: https://maps.app.goo.gl/Nwzs4UhVX6TqWmAB9


#ဘားအံမြို့

စာအုပ်ဖိုးထက် ပို့ဆောင်ခက ပိုများနေမှာကို စိုးရိမ်နေစရာ မလိုတော့ဘူးနော်။🙅စာပေချစ်မြတ်နိုးသူတွေအနေနဲ့ စာဖတ်ရတာ ဝါသနာပါပေမ...
26/08/2026

စာအုပ်ဖိုးထက် ပို့ဆောင်ခက ပိုများနေမှာကို စိုးရိမ်နေစရာ မလိုတော့ဘူးနော်။🙅

စာပေချစ်မြတ်နိုးသူတွေအနေနဲ့ စာဖတ်ရတာ ဝါသနာပါပေမယ့် စာအုပ်တန်ဖိုးထက် ပို့ဆောင်ခက ပိုများနေမှာကို စိုးရိမ်နေစရာ မလိုတော့သလို

ထုတ်ဝေသူတွေအတွက်လည်း ပို့ဆောင်ခနှုန်းထားကို အထူးလျော့ဈေးနှုန်းတွေနဲ့ ပို့ဆောင်နိုင်မယ့် ဝန်ဆောင်မှုတစ်ခု 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှာရှိလို့နေပါပြီ။🚚💨

အဲ့ဒါကတော့ 𝐏𝐮𝐛𝐥𝐢𝐬𝐡𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပဲဖြစ်ပါတယ်။✨

ထူးခြားတဲ့ ဝန်ဆောင်မှုတွေက ….🌟

☑️ပုံမှန်ပို့ခထက် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ မြို့ပေါင်း ၂၀၀ ကျော်ကို ပို့ဆောင်နိုင်မယ်။
☑️အိမ်ရောက်ငွေချေ ဝန်ဆောင်မှု (𝐂𝐎𝐃 𝐒𝐞𝐫𝐯𝐢𝐜𝐞) ရယူနိုင်တယ်။
☑️ပေးပို့အောင်မြင်ပြီးတဲ့ ပါဆယ်တွေအတွက် တစ်ပတ်မှာ ၅ ကြိမ် (𝐌𝐨𝐧 𝐭𝐨 𝐅𝐫𝐢) အတွင်း ငွေပြန်ရှင်းပေးတယ်။
☑️𝐏𝐚𝐜𝐤𝐚𝐠𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬 တွေကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့ရအောင် စီစဉ်ပေးထားတယ်။
☑️အကြောင်းအမျိုးမျိုးကြောင့် ပေးပို့မရဖြစ်ခဲ့တဲ့ ပါဆယ်တွေကို
ပေးပို့သူ အိမ်အရောက် ပြန်လည်ပို့ဆောင်ပေးတယ်။

အဓိက အားသာချက်ကတော့ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 𝐌𝐞𝐦𝐛𝐞𝐫 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 နဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐚𝐦 တို့ကို သီးသန့်ထားရှိပေးထားပါတယ်။🤗

ဒါ့အပြင် 𝐏𝐮𝐛𝐥𝐢𝐬𝐡𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 မှာ အခြားခံစားခွင့်တွေ ထပ်မံရရှိနိုင်သေးတာမလို့ စာပေထုတ်ဝေသူတွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်

https://forms.gle/LzdxBPoL3bzEuPyv8
မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။ 📝

☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 : 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖

🤝 "စာအုပ်ကောင်းတွေ စာဖတ်သူထံ ရောက်ရှိစေဖို့၊ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 နဲ့ လက်တွဲစို့"

#စာပေချစ်သူများ #စာအုပ်ထုတ်ဝေသူများ

“ရေဆင်းရုံးခွဲသစ်”🎉📦မြန်မာနိုင်ငံမြို့တော်ကြီးဖြစ်တဲ့ နေပြည်တော်မြို့မှာ𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့ရဲ့ ချောစာ၊ ပါဆယ်တွေကို တာဝန်ယူ ပို...
22/08/2026

“ရေဆင်းရုံးခွဲသစ်”🎉📦

မြန်မာနိုင်ငံမြို့တော်ကြီးဖြစ်တဲ့ နေပြည်တော်မြို့မှာ
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့ရဲ့ ချောစာ၊ ပါဆယ်တွေကို တာဝန်ယူ ပို့ဆောင်ပေးနေတဲ့ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 က

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့နဲ့ ပိုမိုနီးကပ်ပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် နေပြည်တော် ရေဆင်းကျေးရွာအနီးမှာ ရုံးခွဲသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။ 🎊

အထူးသဖြင့် နေပြည်တော်ကို စာရွက်စာတမ်းတွေ အများဆုံးပို့ဆောင်နေကြတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် အခုဆိုရင် ရုံးခွဲသစ်မှာ လာရောက်အပ်နှံပို့ဆောင်နိုင်သလို အိမ်အရောက် (𝐏𝐢𝐜𝐤-𝐔𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞) လဲခေါ်ယူနိုင်ပါတယ်။ 📄🚚

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 က ဝန်ဆောင်မှု အရည်အသွေးကို အလေးထားပြီး 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့ရဲ့ ပါဆယ်တိုင်းကို လက်ခံသူဆီကို မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်စေဖို့အတွက် အကောင်းဆုံးကြိုးစားပို့ဆောင်ပေးသွားပါမယ်ရှင်။ 💙📦

📍𝐀𝐝𝐝𝐫𝐞𝐬𝐬
ရန်ကုန်-မန္တလေးလမ်းမကြီး၊ ရေဆင်းကျေးရွာ၊ ရေဆင်းတက္ကသိုလ်အနီး၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်။
📞𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 – 𝟎𝟗 𝟕𝟔𝟓 𝟒𝟏𝟕 𝟗𝟐𝟗
⏰𝐎𝐩𝐞𝐧 𝐓𝐢𝐦𝐞 - 𝟖:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌

☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 : 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖

#ရေဆင်းကျေးရွာ

ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့ရှင်…❤️လမ်းခရီးအခြေအနေတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့်ယာယီရပ်နားထားခဲ့ရတဲ့ မြင်းမူနဲ့ မုံရွာမြို့က...
20/08/2026

ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့ရှင်…❤️

လမ်းခရီးအခြေအနေတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့်
ယာယီရပ်နားထားခဲ့ရတဲ့ မြင်းမူနဲ့ မုံရွာမြို့ကို ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးနေပါပြီ။ 🥰

မြင်းမူ၊ မုံရွာဘက်ကို ပါဆယ်ပို့ချင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့အနေနဲ့ ချောစာ၊ ပါဆယ်တွေကို ပုံမှန်အတိုင်း ပြန်လည်လက်ခံပေးနေပြီ
ဖြစ်တာမလို့ အမြန်ဆုံးလာရောက်အပ်နှံ့နိုင်ပါပြီ။📦

ယာယီရပ်နားထားခဲ့တဲ့အချိန်အတွင်း လက်ခံပြီးဖြစ်တဲ့ ပါဆယ်ပစ္စည်းတွေကို လက်ခံသူဆီကို အမြန်ဆုံးဆက်သွယ်ပြီး ဆက်လက်ပို့ဆောင်ပေးသွားပါမယ်။

လမ်းခရီးအခက်အခဲတွေကြောင့် ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ 🙏

📍 မြင်းမူ (𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐨𝐢𝐧𝐭)
📞 𝟎𝟗 𝟕𝟔𝟓 𝟔𝟖𝟖 𝟐𝟕𝟗

📍 မုံရွာ
ကျောက္ကလမ်းပေါ်၊ အောင်သပြေလမ်းထိပ်၊ မြဝတီရပ်ကွက်၊ ဆောင်းလေပြေထမင်းဆိုင်ဘေးကပ်လျက်၊ ဆင်မင်းလေးနဲ့ မျက်စောင်းထိုး၊ မုံရွာမြို့။
📞 𝟎𝟗 𝟕𝟔𝟓 𝟒𝟖𝟒 𝟑𝟕𝟑
📞 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟎 𝟕𝟓𝟑
📍 𝐌𝐚𝐩 — https://maps.app.goo.gl/wUvigjGFfAgZyGav8

☎️𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 𝐏𝐡𝐨𝐧𝐞 : 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖

#မြင်းမူ #မုံရွာ

“ဝန်ဆောင်မှုရတဲ့မြို့စာရင်းအသစ်”𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဝန်ဆောင်မှုတွေကို ယုံကြည်စိတ်ချစွာ အသုံးပြုကြတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့အတွက်…❤️မြန်...
15/08/2026

“ဝန်ဆောင်မှုရတဲ့မြို့စာရင်းအသစ်”

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဝန်ဆောင်မှုတွေကို ယုံကြည်စိတ်ချစွာ အသုံးပြုကြတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့အတွက်…❤️

မြန်မာပြည်တွင်းရှိ မြို့ပေါင်း (၂၀၀) ကျော်ကို ဝန်ဆောင်မှုပေးနေတဲ့ အပြင် ပြည်ပဖြစ်တဲ့
🇯🇵ဂျပန်၊ 🇰🇷ကိုရီးယား၊ 🇸🇬စင်္ကာပူ၊
🇹🇭ထိုင်း၊ 🇲🇾မလေးရှား၊ 🇦🇺ဩစတေးလျ နိုင်ငံတွေအထိ ချောစာ၊ ပါဆယ်တွေကို အမြန်ဆုံးနဲ့ လုံခြုံစိတ်ချစွာ တာဝန်ယူ ပို့ဆောင်ပေးနေပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသန္တရအခြေအနေတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဖော်ပြပါမြို့နယ်ဒေသအချို့မှာ ဝန်ဆောင်မှုတွေကို ယာယီရပ်နားထားရသလို၊ ပို့ဆောင်ရေး အနည်းငယ် ကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။

မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ နယ်မြေအခြေအနေတွေကြောင့် ပါဆယ်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေမှာ နှောင့်နှေးကြန့်ကြာသွားခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင့်။❣️

ဝန်ဆောင်မှုတွေအားလုံးပုံမှန်အတိုင်း ပြန်လည်ရရှိပါက 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရဲ့ တရားဝင် 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေမှတစ်ဆင့် အချိန်နဲ့ တပြေးညီ ပြန်လည်အသိပေးအကြောင်းကြားပေးသွားပါမယ်။🤗

ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး စုံစမ်းသိရှိလိုပါက. . .
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖
📧𝐄𝐦𝐚𝐢𝐥 : [email protected]
ကို မနက် ၈ နာရီ မှ ည ၈ နာရီအတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။🤗

ပြည်ပဝန်ဆောင်မှုတွေအတွက်-
🔵𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 : https://www.facebook.com/share/1DQmXu5fuR/
📱𝐏𝐡𝐨𝐧𝐞 : 𝟎𝟗 𝟕𝟕𝟕 𝟗𝟗𝟗 𝟕𝟑𝟕

Royal Express On Viber: https://bit.ly/3HW83bi
Royal Express On Telegram: https://t.me/RoyalExpressMM
Royal Express On TikTok: https://tiktok.com/
Royal Express On Mobile Member Application: https://play.google.com/store/apps/details?id=com.royalexpress.memberapp

ကရင်ပြည်နယ်မြို့ကို လျင်မြန်၊ တိကျတဲ့ ဝန်ဆောင်မှုတွေနဲ့ချောစာ၊ ပါဆယ်တွေပေးပို့နိုင်ဖို့အတွက်𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရုံးခွဲသစ်ကို ...
08/08/2026

ကရင်ပြည်နယ်မြို့ကို လျင်မြန်၊ တိကျတဲ့ ဝန်ဆောင်မှုတွေနဲ့
ချောစာ၊ ပါဆယ်တွေပေးပို့နိုင်ဖို့အတွက်

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရုံးခွဲသစ်ကို လှိုင်းဘွဲ့မြို့နယ်မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။🎉

စားသောက်ကုန်(အခြောက်အခြမ်း)၊ အဝတ်အထည်၊ လူသုံးကုန်နဲ့ စာရွက်စာတမ်းများကို ဈေးနှုန်းချိုသာစွာနဲ့ တာဝန်ယူပို့ဆောင်ပေးနေပါတယ်။🚚💨

လှိုင်းဘွဲ့မြို့မှ မြန်မာပြည်အနှံ့ မြို့ပေါင်း (၂၀၀) ကျော်ကို ပို့ဆောင်ပေးနေတဲ့အပြင်

လှိုင်းဘွဲ့ ➡️ ရန်ကုန် မှတစ်ဆင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊
ကိုရီးယား၊ ဩစတေးလျ စတဲ့ ပြည်ပနိုင်ငံတွေအထိ ပါဆယ်ပစ္စည်း
များကို ယုံကြည်စိတ်ချစွာ ချိတ်ဆက် ပို့ဆောင်ပေးနေပါပြီ။✈️

ပါဆယ်ပစ္စည်းများကို ရုံးသို့ ကိုယ်တိုင်လာပို့ဖို့ မအားလပ်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက် လှိုင်းဘွဲ့မြို့တွင်း အိမ်အရောက် ပါဆယ်ကောက် (𝐏𝐢𝐜𝐤-𝐔𝐩) ဝန်ဆောင်မှုရယူနိုင်ပါတယ်။🏠

📍လှိုင်းဘွဲ့
အမှတ်(က-၈၇၇)၊ ကျောင်းကြီးလမ်း၊ (က)ရပ်ကွက်၊ လှိုင်းဘွဲ့မြို့။
𝟎𝟗 𝟕𝟔𝟓 𝟔𝟓𝟖 𝟑𝟔𝟔
[ https://www.google.com/maps?q=17.122323,97.819889 ]

📍ဘားအံ(၁)
အမှတ်(C-02)၊ ရေတမာလမ်း၊ (၉)ရပ်ကွက်၊ ဘားအံကားကြီးကွင်းအပြင်ဘက်၊ ဘားအံမြို့။
𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟎 𝟕𝟒𝟏/ 𝟎𝟗 𝟕𝟔𝟓 𝟔𝟖𝟑 𝟎𝟖𝟐
[ https://www.google.com/maps?q=16.866342,97.660752 ]

📍ဘားအံ(၂)
အခန်းနံပါတ်(၆)၊ လေသာကျောင်းအနောက်လမ်း၊ (၂)ရပ်ကွက်၊
ရွှေယဉ်မျော်ဘုရားအနီး၊ ဘားအံမြို့။
𝟎𝟗 𝟕𝟗𝟕 𝟒𝟎𝟕 𝟔𝟕𝟔 / 𝟎𝟗 𝟕𝟔𝟓 𝟔𝟔𝟏 𝟏𝟓𝟐
[ https://www.google.com/maps?q=16.893416,97.630771 ]

📍ဘားအံ(၃)
ဗိုလ်ချုပ်လမ်း၊ (၉)ရပ်ကွက်၊ လမ်းဂွ၊ ဘားအံမြို့။
𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟎 𝟕𝟒𝟏/ 𝟎𝟗 𝟕𝟔𝟓 𝟔𝟖𝟑 𝟎𝟖𝟐
[ https://www.google.com/maps?q=16.872702,97.660726 ]

📍မြ၀တီ
သုခလမ်း၊ (၅)ရပ်ကွက်၊ ရဲစခန်းနား၊ သက်တန့်ရောင်မိုတယ် နှစ်အိမ်ကျော်၊ ပို့ဆောင်ဆက်သွယ်ရေးရုံးရှေ့၊ မြဝတီမြို့။
𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟎 𝟕𝟒𝟑 / 𝟎𝟗 𝟕𝟔𝟓 𝟒𝟏𝟖 𝟎𝟏𝟔
[ https://www.google.com/maps?q=16.690194,98.502111 ]

📍မြိုင်ကလေး 𝟎𝟗 𝟕𝟔𝟓 𝟔𝟔𝟏 𝟓𝟐𝟐 (𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐨𝐢𝐧𝐭)

☎️ 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 : 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖

ချစ်ခင်ရပါသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များရှင့်…📢  𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဝန်ဆောင်မှုပေးနေတဲ့ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ...
05/08/2026

ချစ်ခင်ရပါသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များရှင့်…📢

𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဝန်ဆောင်မှုပေးနေတဲ့
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်သွားတာကြောင့် လတ်တလော ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိနေပါတယ်။🌊

ဒါကြောင့် ယနေ့ (၅-၈-၂၀၂၆) ရက်နေ့မှစပြီး လေးမျက်နှာမြို့နယ်သို့ ချောစာ၊ ပါဆယ် ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ယာယီရပ်နားထားပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်။📦🚫

လမ်းခရီးအခြေအနေတွေ ပြန်လည်ကောင်းမွန်တာနဲ့ ပါဆယ်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ပြန်လည်ပေးအပ်သွားပါမယ်ရှင့်။🚛

ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက
📞𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 : 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖 ကို မနက် (၈) နာရီ မှ
ည (၈) နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအားလုံး ရေဘေးအန္တရာယ်ကနေ
အမြန်ဆုံးဘေးကင်းကြပါစေလို့ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙏


#လေးမျက်နှာမြို့ #ဧရာ၀တီ

"အလှူရေစက် လက်နဲ့မကွာ" ဆိုသလို နှစ်စဉ်နှစ်တိုင်းကုသိုလ်ပြု လှူဒါန်းဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူတော်ကိုယခုနှစ်မှာလည်း 𝐑𝐨𝐲𝐚𝐥...
04/08/2026

"အလှူရေစက် လက်နဲ့မကွာ" ဆိုသလို နှစ်စဉ်နှစ်တိုင်း
ကုသိုလ်ပြု လှူဒါန်းဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူတော်ကို
ယခုနှစ်မှာလည်း 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မိသားစုမှ ဝန်ထမ်းညီအစ်ကို မောင်နှမများနဲ့ အတူ စုပေါင်းပြီး ကြည်နူးချမ်းမြေ့စွာ
ကျင်းပပြုလုပ်ခဲ့ကြပါတယ်။🤗

ဝါတွင်းကာလရက်မြတ်မှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတော်ကြီးအပြင် မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးမြို့တွေနဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့

ကျောင်းတိုက်အသီးသီးက သံဃာတော်အရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနဲ့ အတူ လှူဖွယ်ဝတ္ထုအစုစုတို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် ကပ်လှူပူဇော်ခဲ့ပါတယ်။🙏

အထူးသဖြင့် ဒီနှစ်မှာတော့ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မိသားစုမှ
မ တည်ပြီး ဝန်ထမ်းအားလုံးအတွက် မိမိတို့နေထိုင်ရာ ဒေသအသီးသီးရှိ ကိုးကွယ်ရာ ကျောင်းများသို့ ကိုယ်တိုင်ကိုယ်ကြ သွားရောက်လှူဒါန်းကုသိုလ်ပြုနိုင်ကြစေဖို့အတွက် ဝါဆိုသင်္ကန်းများကို ကုမ္ပဏီမှ အလှူတော်အဖြစ် သီးသန့်စီစဉ် ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းရခြင်းကြောင့်. . . ✨
၁။ ဖြစ်လေရာဘဝမှာ အဝတ်အထည်အတွက် စိုးရိမ်မကင်းဖြစ်ရခြင်း။
၂။ အသားအရေ ရွှေရောင်လို ဝင်းဝါတောက်ပခြင်း။
၃။ ခန္ဓာကိုယ်မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။
၄။ အသားအရေ နုညံ့ချောမွေ့ခြင်း။
၅။ မှဲ့ခြောက်၊ တင်းတိတ်၊ ဝက်ခြံ စတဲ့ အညစ်အကြေးများ ကင်းစင်ခြင်း။
၆။ လိုချင်သော အဝတ်အထည်များကို တောင်းတရုံဖြင့် အလွယ်တကူ ရရှိခြင်း။
၇။ နောင်ပွင့်တော်မူမည့် ဘုရားရှင်များထံ၌ "ဧဟိဘိက္ခု" တရားထူးရ၍ ရဟန္တာစစ်စစ် ဖြစ်ရခြင်းဆိုတဲ့ လောကီ၊ လောကုတ္တရာ အကျိုးတရား (၇) မျိုးကို ရရှိနိုင်ပါတယ်။

ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေနဲ့ ဓမ္မမိတ်ဆွေ ဗုဒ္ဓဘာသာဝင် အပေါင်းတို့လည်း 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မိသားစုရဲ့ စုပေါင်းအလှူတော် ပုံရိပ်များကို ကြည့်ရှုပြီး ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ကြပါစေ။

ဒီဝါတွင်းကာလမှာ မိမိတို့ကိုယ်တိုင်လည်း သဒ္ဓါတရားထက်သန်စွာနဲ့ အလှူဒါန ကောင်းမှုအစုစုကို ဆက်ကပ်လှူဒါန်းနိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း နှိုးဆော်လိုက်ပါတယ်ရှင်။ ။🙏💛

#ဝါဆိုသင်္ကန်းအလှူ #အလှူတော်မင်္ဂလာ

ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးဒုက္ခဒဏ်ကိုပြင်းထန်စွာခံစားနေရတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့န...
03/08/2026

ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးဒုက္ခဒဏ်ကို
ပြင်းထန်စွာခံစားနေရတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေအတွက် 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှ အရေးပေါ် ပစ္စည်းများကို လာမယ့် (၅-၈-၂၀၂၆) ရက်နေ့မှာ အခမဲ့ ကူညီပေးပို့မှုလုပ်ငန်းစဉ်များ ပြုလုပ်ပေးသွားဖို့ရှိပါတယ်ရှင်။🚚

ရေဘေးသင့် မြေပြင်ဒေသတွေဆီသို့ ကိုယ်တိုင်သွားရောက်ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းများထံသို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊နေရာထိုင်ခင်း၊ အရေးပေါ် လိုအပ်တဲ့ ကူညီထောက်ပံ့ရေးပစ္စည်းများနဲ့ ကယ်ဆယ်ရေးသုံး လိုအပ်တဲ့ ပစ္စည်းများကို ကူညီပို့ဆောင်ပေးသွားပါမယ်။📦

လေးမျက်နှာမြို့နယ်ရှိ မိမိတို့ရဲ့ ဆွေမျိုးသားချင်းများထံ ပစ္စည်းပို့လိုသူများ၊ အရေးပေါ်ပစ္စည်းများအတွက် သယ်ယူရန် အခက်အခဲဖြစ်နေတဲ့ လူမှုကူညီရေးအသင်းများရဲ့ပစ္စည်းများကို

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ရှိ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရုံးချုပ်သို့ (၄-၈-၂၀၂၆) ရက်နေ့ ညနေ (၅) နာရီနောက်ဆုံးထားပြီး လာရောက်ပေးပို့နိုင်ပါတယ်။⚡

(၅-၈-၂၀၂၆) ရက်နေ့မှာ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 မှ လူမှုကူညီရေးအသင်းများရှိရာ လေးမျက်နှာမြို့မရောက်ခင် စရင်းကွင်းတံတားအနီးသို့ တာဝန်ယူပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

မိမိတို့ရဲ့ ဆွေမျိုးသားချင်းတွေဆီသို့ ပစ္စည်းပို့လိုသူတွေအနေနဲ့ ပေးပို့သူ၊ လက်ခံသူ အချက်အလက်ပြည့်စုံစွာထည့်သွင်းပေးရမှာဖြစ်ပြီး တစ်ဦးခြင်း လက်ခံသူတွေနဲ့ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူတွေအနေနဲ့လည်း စရင်းကွင်းတံတားအနီးမှာ လာရောက်ထုတ်ယူနိုင်ပါတယ်ရှင်။

☎️ 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 : 𝟎𝟗 𝟕𝟕𝟗 𝟖𝟖𝟖 𝟔𝟖𝟖

#ရေဘေးသင့် #လေးမျက်နှာမြို့ #ဧရာဝတီတိုင်း

Address

North Oakkalarpa, 77, Amara Street Corner Of Padomar Street, Industrial Zone Road
Yangon
11031

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00

Telephone

+959779888688

Alerts

Be the first to know and let us send you an email when Royal Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Royal Express:

Shortcuts

Share

Category