YGN Driving Licence Service

Call Directions Contact the organization

YGN Driving Licence Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGN Driving Licence Service, Public Service, တိုက်အမှတ် (၂၂)မြေညီ၊ငမိုလ်ရိပ်(၁၀)လမ်း၊သံသုမာလမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်။, Yangon.

✅ မော်တော်ယာဉ် သက်တမ်းတိုး နှင့် ယာဉ်မောင်းလိုင်စင် ပိုင်ဆိုင်ရာ ကိစ္စများကို စနစ်တကျ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ 🏢Office -☎️ Ph - 09;440009300 / 09;450840505 /09;453386699 (Ko Pho La Pyae)
📱Ph-09;5060210 ရန်ကုန် [က.ည.န] ဝန်ဆောင်မှု
---------------------------------------------

က.ည.န မှ သက်မှတ်သော စည်းမျဥ်းစည်းကမ်း နှင့် အညီ .....

- မော်တော်ယာဥ်သက်တမ်းတိုး ကိစ္စများဆောင်ရွက်ပေးခြင်း.....

- မော်တော်ယာဥ်အမည်ပြောင်းဆောင်ရွက်ပေးခြင်း....

- ယာဥ်မှတ်ပုံတင်ကဒ် (ဝှီးတက်)အပျောက်လျှောက်ခြင်း....

- ယာဥ်မောင်းလိုင်စင် ပိုင်းဆိုင်ရာကိစ္စများ....

- (သ) အမောင်းသင် လိုင်စင်အသစ်လျှောက်ခြင်း......

- သက်တမ်းတိုးခြင်း နှင့် ပျောက်ဆုံးလျှောက်ခြင်း.....

- (ခ) အနက် ၊ (ဃ) အညို ၊ (င) အနီ ယာဥ်မောင်းလိုင်စင် အသစ်ဖြေဆိုခြင်း.....
သက်တမ်းတိုးခြင်း.....

- ပျောက်ဆုံးလျှောက်ခြင်း.....

- နေရပ်ပြောင်း (နယ်ဝင် / နယ်ထွက်)ဆောင်ရွက်ခြင်း.....

- IDP (International Driving Permit) အသစ်ဆောင်ရွက်ခြင်း.....

ကိစ္စများကိုစနစ်တကျ၊တာဝန်ယူ ဆောင်ရွက်ပေးပါသည်။

မှတ်ချက်။ ။
က.ည.န မှ ထုတ်ပြန် သက်မှတ်ထားသည့်စည်းမျဥ်းစည်းကမ်း နှင့်မညီသောမည်သည့်(အတု) စာရွက်စာတမ်းများ ဆောင်ရွက်ပေးခြင်းမပြု
ပါ။


Admin
Ko Pho La Pyae

Office Phone -09;440009300

နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်၁။ ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီ...
09/09/2026

နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်

၁။ ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီဖြန့်ဖြူးချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် "စုံ" ရက်များတွင် စုံနံပါတ် အက္ခရာပါသောယာဉ်များနှင့် "မ" ရက်များတွင် မပါဝင်သောအက္ခရာပါသောယာဉ်များကို သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ပြည်သူသို့ အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့ပါသည်။

၂။ ယခုအခါ စက်သုံးဆီသုံးစွဲမှုသည် ပုံမှန် တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီး ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးနှင့် စီးပွားရေးလုပ်ငန်းများ အချိန်အဆန့်မပြတ် လည်ပတ်စေရန်တို့အတွက် အထက်ပါထုတ်ပြန်ခဲ့သည့် ပြည်သူသို့ အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်သည်။

၃။ မော်တော်ယာဉ်များကိုအား "စုံ" ရက်၊ "မ" ရက် ခွဲခြားမောင်းနှင်မှု အစား ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပါကြောင်းနှင့် နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်း စနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသော "စုံ" / "မ" ရက်စနစ်- QR Code သတ်မှတ်ချက်နှင့်အညီ ဆက်လက်ဝယ်ယူရန် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်သမ္မတရုံး

ယာဉ်မောင်းလိုင်စင်လာရောက်ဖြေဆိုသော သူများအနေဖြင့် ယာဉ်မောင်းလိုင်စင်ထဲ၌ ဖေါ်ပြသော မိမိတို့ဓာတ်ပုံများအား Network များချိ...
05/08/2026

ယာဉ်မောင်းလိုင်စင်လာရောက်ဖြေဆိုသော သူများအနေဖြင့် ယာဉ်မောင်းလိုင်စင်ထဲ၌ ဖေါ်ပြသော မိမိတို့ဓာတ်ပုံများအား Network များချိတ်ဆက်ထားသော ကွန်ပျူတာ We**am ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှိ မှတ်တမ်းခန်းတွင် ကနဦးဓာတ်ပုံ ရိုက်ကြရပါသည်။ ထိုသို့ဓာတ်ပုံရိုက်ရာတွင် အောက်ပါအချက်များဖြင့် ပြည့်စုံမှန်ကန်မှုရှိရမည်ဖြစ်ပါသည်-

👨 အမျိုးသားများအတွက်:
• ကော်လံပါသော အင်္ကျီ (Shirt) ဖြစ်ရပါမည်။
• စပို့ရှပ်၊ တီရှပ် (T-Shirt) မဖြစ်စေရ

👩 အမျိုးသမီးများအတွက်:
• လည်မဟိုက်သော အင်္ကျီ ဝတ်ဆင်ရပါမည်။
• နားရွက်နှစ်ဖက်လုံး ပေါ်ရမည်။
• မျက်နှာကို ရှင်းလင်းစွာ ပေါ်ရပါမည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ယာဉ်မောင်းလိုင်စင်လာရောက်ဖြေဆိုမည်မိတ်ဆွေများ ဆင်ပြေပါစေ 🚘✨

#မော်တော်ယာဉ်
#သက်တမ်းတိုးနှင့်
#ယာဉ်မောင်း
#လိုင်စင်
#တာဝန်ယူ
#ဝန်ဆောင်မှု
#ရန်ကုန်
#ကညန
#မော်တော်ယာဥ်သက်တမ်းတိုး
#ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး








#မြင်သာ
#ကညနဝန်ဆောင်မှု


Map ရုံးခန်းလိပ်စာလမ်းညွှန် ⬇
https://maps.app.goo.gl/sneMTUR64sbz29hz9

Ko Pho La Pyae 📲 (09;5060210) (Viber)
Ma Zin Mar

Phone ⬇
☎(09 440009300) (Viber)
☎(09 450 840 505) (Viber)

🏢(Office) ရုံးခန်းလိပ်စာ ⬇
တိုက်အမှတ် (၂၂)မြေညီ ၊ ငမိုလ် (၁၀)လမ်းတို၊အပိုင်း (၁)၊ ငမိုလ်ရိပ် ရပ်ကွက်၊ မြင်သာ က.ည.န ရုံးထွက်ပေါက်အရှေ့၊ သံသုမာလမ်းမကြီးမျက်နှာစာ နောက်ကျောလမ်းတို၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

၁။ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများမှ မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ရေနံထ...
30/07/2026

၁။ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများမှ မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသို့ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးနိုင်ရေး အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်။

( က ) မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်မူရင်း၊

( ခ ) မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်မိတ္တူ (Colour)၊

( ဂ ) ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ (Colour)၊

( ဃ ) ယာဉ်ပိုင်ရှင်၏နေရပ်လိပ်စာ (မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်) နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊

( င ) မိမိယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား (ရက်စွဲ၊ အချိန်၊ ဆိုင်အမည် စသည်)။

၂။ ယင်းအချက်အလက်များနှင့် လျှောက်ထားလာပါက တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများမှ စိစစ်တင်ပြမှုဆောင်ရွက်ပြီးနောက် QR Code အသစ်ထုတ်ပေးမည် ဖြစ်ပါသည်။

၃။ QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်တွင်ပါရှိသည့် Barcode သို့မဟုတ် အရောင်းဆိုင်မှထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည် ဖြစ်ပါသည်။

၄။ ယာဉ်ပိုင်ရှင်အနေဖြင့် အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှုမရှိစေရေး တာဝန်ယူထိန်းသိမ်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

#စက်သုံးဆီ #ကညန #ယာဉ်မောင်းများသတိပြုရန် #အသိပေးကြေညာချက်

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်စစ်ဆေးခြင်း/သက်တမ်းတိုးခြင်း လုပ်ငန်းများကို မိမိမြို့နယ် ပါဝင်သော သက်ဆိုင်...
24/07/2026

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်စစ်ဆေးခြင်း/သက်တမ်းတိုးခြင်း လုပ်ငန်းများကို မိမိမြို့နယ် ပါဝင်သော သက်ဆိုင်ရာ ရုံးခွဲများတွင် သွားရောက်ဆောင်ရွက်နိုင်ပါသည်။

1. အရှေ့ပိုင်းခရိုင် - တောင်ဒဂုံ (Y3)

YGN-16 : ပုဇွန်တောင်
YGN-17 : ဗိုလ်တထောင်
YGN-18 : မင်္ဂလာတောင်ညွန့်
YGN-20 : ရန်ကင်း
YGN-9 : တာမွေ
YGN-14 : ဒဂုံမြို့သစ် (အရှေ့ပိုင်း)
YGN-12 : ဒဂုံမြို့သစ် (တောင်ပိုင်း)
YGN-13 : ဒဂုံမြို့သစ် (မြောက်ပိုင်း)

2. အနောက်ပိုင်းခရိုင် - မြင့်သာ 👍

YGN-22 : သင်္ဃန်းကျွန်း
YGN-10 : တောင်ဥက္ကလာပ
YGN-19 : မြောက်ဥက္ကလာပ
YGN-41 : မရမ်းကုန်း
YGN-36 : စမ်းချောင်း
YGN-35 : ကြည့်မြင်တိုင်
YGN-45 : အလုံ
YGN-43 : လမ်းမတော်
YGN-42 : လသာ
YGN-39 : ပန်းဘဲတန်း
YGN-34 : ကျောက်တံတား
YGN-38 : ဒဂုံ
YGN-40 : ဗဟန်း
YGN-37 : ဆိပ်ကမ်း

3. တောင်ပိုင်းခရိုင် - သန်လျင် (Y1)

YGN-21 : သာကေတ
YGN-15 : ဒေါပုံ
YGN-11 : ဒဂုံမြို့သစ်ဆိပ်ကမ်း
YGN-31 : သန်လျင်
YGN-25 : ကျောက်တန်း
YGN-27 : ခရမ်း
YGN-32 : သုံးခွ
YGN-29 : တွံတေး
YGN-23 : ကိုကိုးကျွန်း
YGN-24 : ကော့မှူး
YGN-26 : ကွမ်းခြံကုန်း
YGN-30 : ဒလ
YGN-28 : ဆိပ်ကြီးခနောင်တို

4. မြောက်ပိုင်းခရိုင် - အင်းစိန် (Y2)

YGN-33 : ကမာရွတ်
YGN-44 : လှိုင်
YGN-8 : အင်းစိန်
YGN-6 : လှိုင်သာယာ
YGN-5 : ရွှေပြည်သာ
YGN-3 : မင်္ဂလာဒုံ
YGN-4 : မှော်ဘီ
YGN-1 : တိုက်ကြီး
YGN-7 : လှည်းကူး
YGN-2 : ထန်းတပင်

#ကညန #ကားလိုင်စင်

#မော်တော်ယာဉ်
#သက်တမ်းတိုးနှင့်
#ယာဉ်မောင်း
#လိုင်စင်
#တာဝန်ယူ
#ဝန်ဆောင်မှု
#ရန်ကုန်
#ကညန
#မော်တော်ယာဥ်သက်တမ်းတိုး
#ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး








#မြင်သာ
#ကညနဝန်ဆောင်မှု


Map ရုံးခန်းလိပ်စာလမ်းညွှန် ⬇
https://maps.app.goo.gl/sneMTUR64sbz29hz9

Ko Pho La Pyae 📲 (09;5060210) (Viber)
Ma Zin Mar

Phone ⬇
☎(09 440009300) (Viber)
☎(09 450 840 505) (Viber)

🏢(Office) ရုံးခန်းလိပ်စာ ⬇
တိုက်အမှတ် (၂၂)မြေညီ ၊ ငမိုလ် (၁၀)လမ်းတို၊အပိုင်း (၁)၊ ငမိုလ်ရိပ် ရပ်ကွက်၊ မြင်သာ က.ည.န ရုံးထွက်ပေါက်အရှေ့၊ သံသုမာလမ်းမကြီးမျက်နှာစာ နောက်ကျောလမ်းတို၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

(2026 ခုနှစ်၊ဇူလိုင်လ(16) ရက်နေ့မှစ၍မော်တော်ယာဉ်ပိုင်ရှင်အမည်ပြောင်းဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများ...
16/07/2026

(2026 ခုနှစ်၊ဇူလိုင်လ(16) ရက်နေ့မှစ၍
မော်တော်ယာဉ်ပိုင်ရှင်အမည်ပြောင်းဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း



#ယာဉ်အမည်ပြောင်း
#ကားအခွန်

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန “ခ”၊ “ဂ”၊ “ဃ”၊ “c” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအ...
14/07/2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန “ခ”၊ “ဂ”၊ “ဃ”၊ “c” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ် အသုံးပြုရာတွင် အများပြည်သူမှ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံး၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင် ရုံး(ရန်ကုန်အနောက်ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်တောင် ပိုင်း)နှင့် ခရိုင်ရုံး(ရန်ကုန် မြောက်ပိုင်း)၊ ခရိုင် ရုံး(မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး(မန္တလေးမြောက် ပိုင်း)ရုံးများ၏ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင် များကိုသာ Online စနစ်ဖြင့် ကြိုတင်သက်တမ်းတိုး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၂။ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်မှု အာမခံကြေးပေးဆောင်ထားပြီးဖြစ်သည့် ယာဉ်မောင်းလိုင်စင်များကိုသာ Online စနစ်ဖြင့် သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။

၃။ Online စနစ်ဖြင့် ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးဆောင်ရွက်ရာတွင် လိုင်စင်ဓာတ်ပုံ Upload ပြုလုပ်ရမည်ဖြစ်ပြီး စုစုပေါင်းဖိုင် Size မှာ 10 MB(Max) သာရှိရပါမည်။

၄။ လိုင်စင်ဓာတ်ပုံမှာ

(က) နောက်ခံအပြာရောင်၊ (၆)လအတွင်း ရိုက်ကူးထားသောဓာတ်ပုံ

(ခ) အမျိုးသား ကော်လံပါအင်္ကျီ(စပို့ရှပ်၊ တီရှပ်မဖြစ်ရ)၊ အမျိုးသမီး လည်မဟိုက်ရ

(ဂ) နားရွက်နှစ်ဖက်လုံးပေါ်ရမည်။ မျက်နှာကို ရှင်းလင်းစွာပေါ်ရမည်။

(ဃ) ဓာတ်ပုံကို ပကတိအရှိအတိုင်းပုံဖြစ်ရမည်။

(င) ပြင်ပပုံဖြင့်မတူညီအောင် AI ဖြင့် ပြန်လည် ပြင်ဆင်ထားသည့်ပုံများမဖြစ်ရ။

(စ) Selfie ပုံမဖြစ်စေရ။

၅။ ယာဉ်မောင်းလိုင်စင်သက်တမ်းမကုန်ဆုံးမီ ရက် ပေါင်း ၉၀ အတွင်း Online စနစ်ဖြင့် ကြိုတင် သက်တမ်းတိုးဆောင်ရွက်နိုင်ပါသည်။

၆။ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်ဆုံးသည့်နေ့ ရက်၌ Online စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်ပါ က လိုင်စင်သက်တမ်းကုန်ဆုံးမည့် ရက်၊ လ၊ ခုနှစ်၏ နေ့လည် ၀၂ နာရီ ၅၉ မိနစ်အထိသာ Online စနစ် ဖြင့် သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ (ယာဉ်မောင်း လိုင်စင်သက်တမ်းကုန်ဆုံးသည့်နေ့ ရက်သည် အစိုးရရုံးပိတ်ရက်မဖြစ်ရပါ။)

(၇) Online စနစ်ဖြင့် ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးဆောင်ရွက်ပြီး အစိုးရရုံးဖွင့်ရက် (၃)ရက်ပြည့်ပြီးနောက်တွင် သက်ဆိုင်ရာရုံးသို့ သွားရောက်၍ လိုင်စင်ကတ်အဟောင်းနှင့် ငွေသွင်း Receipt တို့ တင်ပြပြီး လိုင်စင်ကတ်အသစ်ကို ထုတ်ယူရန်ဖြစ်ပါသည်။

၈။ သက်တမ်းတိုးပြီးဖြစ်သည့်လိုင်စင်ကို သက်ဆိုင်ရာရုံးတွင် ရက်ပေါင်း(၃၀)အထိသာ ထိန်းသိမ်းထားမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက ပျက်စီးစာရင်းသွင်းပြီး ဖျက်စီးသွားမည် ဖြစ်ပါသည်။

၉။ ယာဉ်မောင်းလိုင်စင်ကတ် အဟောင်းနှင့် အသစ် လဲလှယ်ရာ၌ လူစားထိုးဓာတ်ပုံလဲလှယ်ခြင်း၊ ကတ် အတု တင်ပြခြင်း၊ ကတ်အဟောင်းမတင်ပြနိုင်ခြင်း၊ ကတ်ပျက်စီးနေခြင်း စသည့် သံသယဖြစ်စရာ တစ်စုံတစ်ခုရှိပါက ယာဉ်မောင်းလိုင်စင်ကတ်အသစ် ကို ထုတ်ပေးမည် မဟုတ်ဘဲ ပေးသွင်းပြီးသွားသော ငွေများသည်လည်း နိုင်ငံတော်ဘဏ္ဍာသို့ ဝင်သွားပြီ ဖြစ်၍ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

၁၀။ Online စနစ်ဖြင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပြီး လိမ်လည်၍လိုင်စင်(၂)ကတ် ကိုင် ဆောင်ထားခြင်းကိုတွေ့ရှိရပါက ယာဉ်မောင်းလိုင်စင် ကို ပိတ်သိမ်းမည်ဖြစ်ပါသည်။

၁၁။ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအတွက် Online Payment ငွေပေးချေရာတွင် ဘဏ် ဝန်ဆောင်ခကို အသုံးပြုသူမှပေးဆောင်ရမည်။

၁၂။ (၅)နှစ်ကျော် သက်တမ်းပြတ်နေသော လိုင်စင်များ၊ သက်တမ်းကျော်လွန်နေသော လိုင်စင် များ၊ ပျောက်ဆုံး/ပျက်စီးလိုင်စင်များ၊ လိုင်စင် အချက်အလက်ပြင်ဆင်လိုသည့် လိုင်စင်များ၊ နေရပ် လိပ်စာပြောင်းလိုသည့်လိုင်စင်များ ဝန်ဆောင်မှုရယူ လိုပါက ပုံမှန်ဆောင်ရွက်နေသည့် အတိုင်း သက်ဆိုင်ရာရုံးသို့ သွားရောက်ဆောင်ရွက်ရမည်ဖြစ် ပါသည်။

၁၃။ ရဲမှုဆိုင်ရာကိစ္စရပ်များ၊ ယာဉ်တိုက်ခိုက်မှု ကျူးလွန်ထားသော တားစာရင်းမှတ်တမ်းဝင်ဖြစ် သည့်လိုင်စင်များကို Online စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်၍မရပါ။သက်ဆိုင်ရာရုံးသို့ သွားရောက်၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၁၄။ နိုင်ငံခြားသား မြန်မာလိုင်စင်ကိုင်ဆောင်ထား သူများအနေဖြင့် 'ခ' လိုင်စင် (B License) တစ်မျိုး တည်းကိုသာ Online စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

Application ဒေါင်းရန် link

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးအတွက်⬇️⬇️⬇️

https://play.google.com/store/apps/details?id=com.mm_mngjv_rtad

အဆိုပါ စနစ်နှင့်ပတ်သက်၍ အသုံးပြုရန် အသေးစိတ်အချက်အလက်များအား

www.mot.gov.mm၊ www.rtad.gov.mm နှင့်
www.myanmarrtad.comWebsite

များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မရှင်းလင်းသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
·
ရုံးချုပ်(နေပြည်တော်) နေပြည်တော်ရုံး

၀၆၇-၃၄၀၅၀၉၉
၀၆၇-၄၅၁၀၀၆၂၊ ၀၆၇-၄၅၁၀၀၆၄
·
တိုင်းဒေသကြီးရုံး(ရန်ကုန်) တိုင်းဒေသကြီးရုံး(မန္တလေး)
၀၉-၉၅၄၉၂၁၀၀၀
၀၉-၄၃၀၉၆၉၈၀

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

⁠ #လိုင်စင်သက်တမ်းတိုး⁠
်
#ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး
⁠


#

ယာဉ်သက်တမ်းတိုးဆောင်ရွက်မည့်မိတ်ဆွေများအတွက်အသိပေးကြေညာခြင်း၁။ လက်တလောဖြစ်ပေါ်လျက်ရှိသော စက်သုံးဆီခြွေတာရေးနှင့် ဖူလုံမှ...
10/07/2026

ယာဉ်သက်တမ်းတိုးဆောင်ရွက်မည့်မိတ်ဆွေများအတွက်
အသိပေးကြေညာခြင်း

၁။ လက်တလောဖြစ်ပေါ်လျက်ရှိသော စက်သုံးဆီခြွေတာရေးနှင့် ဖူလုံမှု ရှိစေရေးအတွက် မော်တော်ယာဉ်များကို စုံ/ မ ရက် ခွဲခြား၍ မောင်းနှင်သွားလာရန် သတ်မှတ်ထားရှိခြင်းကြောင့် သက်တမ်းတိုးဆောင်ရွက်မည့် မော်တော်ယာဉ်များကိုလည်း “စုံ” ကားကို “စုံ” ရက် တွင်လည်းကောင်း ၊ “မ” ကားကို “မ” ရက် တွင်လည်းကောင်း သက်တမ်းတိုးခြင်းလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်သူ ပြည်သူများအနေဖြင့် Online Booking ရယူဆောင်ရွက်ရာတွင် “မ” ကားကို “စုံ” ရက်တွင်လည်းကောင်း ၊ “စုံ” ကားကို “မ” ရက်တွင်လည်းကောင်း Booking ရယူမိပါက နီးစပ်ရာ စုံ/ မ ရက်များတွင် လုပ်ငန်းလာရောက်ဆောင်ရွက်ပေးပါရန် အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)

#ကညန⁠ ⁠ #ယာဉ်သက်တမ်းတိုး⁠ ⁠ ⁠ ⁠ #ရန်ကုန်တောင်ပိုင်း⁠ ⁠ #စုံမစနစ်

အများပြည်သူသို့အသိပေးကြေညာခြင်း၁။ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့် မော်တော်ယာဉ်များအနက် အချို့ယာဉ်ပိုင်ရ...
25/06/2026

အများပြည်သူသို့အသိပေးကြေညာခြင်း

၁။ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့် မော်တော်ယာဉ်များအနက် အချို့ယာဉ်ပိုင်ရှင်များသည် ယာဉ်တိုက်ခိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ယာဉ်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်သုံးစွဲမရနိုင်သည့် အခြေအနေမျိုးတွင် မော်တော်ယာဉ်အား အပ်နှံခြင်းမပြုဘဲ အမျိုးအမည်၊ အမျိုးအစား၊ ဆေးရောင်နှင့်ရုပ်ပုံစံတူ မှတ်ပုံတင်မဲ့ယာဉ်တစ်စီးတွင် ဘောင်အမှတ်အား ဖောက်ထည့်ဖြတ်ကပ်ခြင်း၊ ပြန်ရိုက်ခြင်း၊ Body Coach ပြောင်းလဲခြင်း၊ မှတ်ပုံတင်ထားသည့် ယာဉ်၏မူလကိုယ်ထည်အပိုင်းနှင့် အခြားကိုယ်ထည်အပိုင်းများကို Welding ဖြင့် ပေါင်းစပ်ပြုပြင်၍ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲခြင်း စသည့် မသမာသောနည်းလမ်းများဖြင့် မှတ်ပုံတင်သက်တမ်းတိုးခွင့်ရရှိရန် ဆောင်ရွက်လာခြင်းများ တွေ့ရှိရပါသည်။

၂။ ထိုကဲ့သို့ အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားသော ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက “ညွှန်ကြားချက်-၁၀/၁၉” အရ မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဉ်အိုယာဉ်ဟောင်းအဖြစ် သံရည်ကျိုအပ်နှံရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ဖျက်သိမ်းပြီး သံရည်ကျိုအပ်နှံခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်နိုင်မှသာ ယာဉ်စစ်ဆေးမှုခံယူကြပါရန် အသိပေးကြေညာအပ်ပါသည်။

ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

#ယာဉ်စစ်ဆေးခြင်း #ညွှန်ကြားချက် #သံရည်ကျိုအပ်နှံခြင်း

ကမ(၃) ယာဉ်မှတ်ပုံတင်စာအုပ်(အုံနာဘုတ်)မိတ္တူလျှောက်ထားခြင်း လုပ်ငန်းစဉ်လိုအပ်ချက်(၁) ရဲစခန်း၌ ပျောက်ဆုံးကြောင်းတိုင်ကြားစ...
19/06/2026

ကမ(၃) ယာဉ်မှတ်ပုံတင်စာအုပ်(အုံနာဘုတ်)မိတ္တူလျှောက်ထားခြင်း လုပ်ငန်းစဉ်

လိုအပ်ချက်

(၁) ရဲစခန်း၌ ပျောက်ဆုံးကြောင်းတိုင်ကြားစာ

(၂) ယာဉ်မှတ်ပုံတင်ထားသူ(သို့) ယာဉ်လက်ဝယ်ရှိသူ
ကိုယ်တိုင်

(၃) လာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင်/ ဓါတ်ပုံပါအထောက်အထားမိတ္တူ

(၄) မော်တော်ယာဉ်

(၅) မော်တော်ယာဉ်သက်သေခံလက်မှတ်

အဆင့် (၁) - ရဲစခန်းတိုင်ချက်ဖွင့်ခြင်းနှင့် စာရွက်စာတမ်းပြင်ဆင်ခြင်း

ဦးစွာ မိမိယာဉ်အမှတ် (သို့) မော်တော်ယာဉ်သက်သေခံလက်မှတ်လိုအပ်ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် စာအုပ်ပျောက်ဆုံးကြောင်း တိုင်ကြားချက် (ရဲစခန်းထောက်ခံစာ) အရင်ဆုံး သွားရောက်ယူရပါမည်။

ယာဉ်မှတ်ပုံတင်ထားသူ (မူလပိုင်ရှင်) သို့မဟုတ် ယာဉ်ကို လက်ရှိပိုင်ဆိုင်ထားသူ ကိုယ်တိုင် သွားရောက်ရပါမည်။

သွားရောက်သူ၏ မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ) သို့မဟုတ် ဓာတ်ပုံပါဝင်သော တရားဝင် အထောက်အထား တစ်ခုခုကို ပြင်ဆင်ထားပါ။

မော်တော်ယာဉ်၏သက်သေခံလက်မှတ်(ဝှီးတက်)ယူဆောင်သွာရန်ပြင်ဆင်ထားပါ။

အဆင့် (၂) - ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် ရုံးလုပ်ငန်းများ စတင်ခြင်း

ပုံစံဖြည့်စွက်ခြင်း:
ကညနရုံးသို့ သွားရောက်ပြီး သတ်မှတ်ထားသော ပုံစံစာရွက်ကို ဖြည့်စွက်ရပါမည်။

ခရိုင်ဦးစီးမှူးထံ တင်ပြခြင်း:
ဖြည့်စွက်ထားသော ပုံစံကို ခရိုင်ဦးစီးမှူးထံ တင်ပြပြီး ဆက်လက်ဆောင်ရွက်ရန် မှတ်ချက် (ခွင့်ပြုချက်) ရယူရပါမည်။

စီစစ်ချက်ရယူခြင်း:
ယာဉ်မှတ်ပုံတင်ဌာနသို့ သွားရောက်ကာ မိမိယာဉ်၏ မှတ်တမ်းအချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စီစစ်ချက် တောင်းခံရပါမည်။

အဆင့် (၃) - ယာဉ်စစ်ဆေးခြင်း

ခရိုင်ဦးစီးမှူးထံမှ ယာဉ်စစ်ဆေးခွင့်ပြုချက် ရယူရပါမည်။

သတ်မှတ်ထားသော ယာဉ်စစ်ဆေးခပေးသွင်းခြင်း (ငွေသွင်းရန်) ကို ဆောင်ရွက်ပြီးနောက် ကညနရုံးသို့ မော်တော်ယာဉ်ကို ကိုယ်တိုင်မောင်းနှင် ယူဆောင်ပြသကာ ယာဉ်စစ်ဆေးမှုကို ခံယူရပါမည်။

အဆင့် (၄) - သတင်းစာတွင် ကြော်ငြာထည့်ခြင်း

ယာဉ်စစ်ဆေးချက်နှင့် ရုံးမှတ်တမ်းပါ အချက်အလက်များ ကိုက်ညီမှုရှိပါက ယာဉ်စာအုပ် ပျောက်ဆုံးသွားကြောင်းကို "မြန်မာ့အလင်း" သတင်းစာတွင် လူသိရှင်ကြား ကြော်ငြာထည့်သွင်းရပါမည်။

အဆင့် (၅) - ကန့်ကွက်သူမရှိပါက စာအုပ်အသစ်ထုတ်ယူခြင်း

သတင်းစာတွင် ကြော်ငြာပါရှိသည့်ရက်မှစ၍ ရက်ပေါင်း (၃၀) ကျော် အထိ ထိုယာဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ဦးမှ လာရောက်ကန့်ကွက်ခြင်း၊ တားမြစ်ခြင်း မရှိပါက ကမ(၃) မိတ္တူ (စာအုပ်အသစ်) ကို ဌာနက တရားဝင် ထုတ်ပေးမည် ဖြစ်သည်။

#ကညန #ကားလိုင်စင် #အုံနာဘုတ်ပျောက် #ယာဉ်မှတ်ပုံတင်

ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက် တရားဝင် စားသောက်ဆိုင်/ယာဥ်ရပ်နားစခန်း နေရာများ၊ အခြားမြို့များသို့သွားရန်လမ်းခွဲလမ်းဆု...
12/06/2026

ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက် တရားဝင် စားသောက်ဆိုင်/ယာဥ်ရပ်နားစခန်း နေရာများ၊ အခြားမြို့များသို့သွားရန်လမ်းခွဲလမ်းဆုံ Interchange များ နှင့် လမ်းမကြီးအနီးရှိ အထင်ကရ ဗုဒ္ဓရုပ်ပွားတော်၊စေတီ၊ပုထိုး များသို့ သွားရောက်နိုင်မည့် မိုင်တိုင်များကို လမ်းအရှေ့ဖက်ခြမ်း(ရန်ကုန် မှ မန္တလေးသို့အသွားလမ်း) နှင့် လမ်းအနောက်ဖက်ခြမ်း (မန္တလေး မှ ရန်ကုန် သို့ အပြန်လမ်း) ကို လမ်း​ကြောင်းပြပုံနှင့်၎င်း၊စာဖြင့်အပိုင်း၂ပိုင်းခွဲ၍၎င်း ၊ တရားဝင် (ဖွင့်လှစ်ပြီး/တည်ဆောက်ဆဲ/ပြုပြင်ဆဲ) စက်သုံးဆီဆိုင်များနှင့် EV ယာဉ်များအတွက် အားသွင်းရုံ Charging Station များတည်ရှိရာ မိုင်တိုင်နှင့်ဆိုင်အမည်များကို လမ်းအရှေ့ဖက်ခြမ်း (ရန်ကုန် မှ မန္တလေးသို့အသွားလမ်း) နှင့် လမ်းအနောက်ဖက်ခြမ်း (မန္တလေး မှ ရန်ကုန် သို့ အပြန်လမ်း) အပိုင်း၂ပိုင်းခွဲ၍ ၎င်းအမြန်လမ်းအသုံးပြုသည့်ပြည်သူအပေါင်း သိရှိနိုင်ရန် ပြုစုတင်ပြ အပ်ပါသည်။

>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့

Address

တိုက်အမှတ် (၂၂)မြေညီ၊ငမိုလ်ရိပ်(၁၀)လမ်း၊သံသုမာလမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်။
Yangon
1990

Telephone

+959453386699

Website

Alerts

Be the first to know and let us send you an email when YGN Driving Licence Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to YGN Driving Licence Service:

Shortcuts

Share

Category