TBELC Library

TBELC Library Welcome,TBELCers!!!! This is the page for you all to help you in your studying and to give the informations of the updated books and books we've got.

တစ်ခါက တက္ကသိုလ်ပြည်တွင် ပညာ သင်လာခဲ့ကြသောကျောင်းသားနှစ်ဦးသည် ပညာစုံသောကြောင့် မိမိတို့ နေရပ်သို့ပြန်လာခဲ့ကြသည်။တစ်နေ့တာ...
24/01/2021

တစ်ခါက တက္ကသိုလ်ပြည်တွင် ပညာ သင်လာခဲ့ကြသော
ကျောင်းသားနှစ်ဦးသည် ပညာစုံသောကြောင့် မိမိတို့ နေရပ်သို့ပြန်လာခဲ့ကြသည်။

တစ်နေ့တာခရီး လမ်းလျှောက်ခဲ့ပြီးသောအခါ ညနေ
စောင်းတွင် ကျေးရွာတစ်ခုသို့ ရောက်လာသောကြောင့် ထိုရွာတွင် တည်းခိုအနားယူကြလေသည်။
ကျေးရွာငယ်လေး ဖြစ်သောကြောင့် တက္ကသိုလ်ပြန် ကျောင်းသားနှစ်ဦး ရောက်နေကြောင်း သတင်းမှာလည်း ချက်ချင်းပင် ပျံ့နှံ့သွားလေသည်။
မိန်းမတစ်ယောက်က တက္ကသိုလ်ပြန် ကျောင်းသားများ ဖြစ်ကြ သည့်အတိုင်း ဗေဒင်ပညာကို တတ်ကျွမ်းကြမည်ဟု ယုံကြည်သည့်အလျောက် မိမိခင်ပွန်း အိမ်ပြန်ချိန်ရောက်ပါလျက် ပြန်မရောက်သည့် အကြောင်းကို ဗေဒင်လာမေးသည်။ပထမကျောင်းသားက အချိန်ကာလ စသည်အားဖြင့် တွက်ချက်ပြီးနောက် ခင်ပွန်းသည်မှာ ပြန်လမ်းမရှိ ကွယ်လွန်ပြီဖြစ်ကြောင်းဟောလိုက်သည်။ သို့နှင့် အမျိုးသမီး ဇနီးခမျာမှာ မကျေနပ်သောကြောင့် ဒုတိယကျောင်းသားအား တွက်ချက်စစ်ဆေးပေးပါရန် ထပ်မေးမြန်းပါသည်။

ဒုတိယကျောင်းသားလည်း ထပ်မံစစ်ဆေးပြန်သည်။
ပြန်လမ်းမရှိ ကွယ်လွန်နေပြီဖြစ်ကြောင်းကိုပင် တွေ့ရှိနေလေသည်။ ထိုအခိုက်တွင် ပြင်ပသို့ လှမ်းကြည့်လိုက်ရာ အိမ်ပြင်ရှိ မီးဖိုကုန်းမြင့်ကလေးအနီးမှ ကြွက်ငယ်တစ်ကောင် ဖြတ်ပြေးသည်ကို ကြောင်တစ်ကောင်က အုပ်လိုက်သည်တွင် ဖမ်းမိသွားသည်ကို မြင်တွေ့ လိုက်ရသည်။ သို့နှင့် “ခင်ဗျား ခင်ပွန်းကျားကိုက်လို့ သေရှာပြီ။ဒီအနီးတဝိုက်မှာ ကျားရဲတဲ့ တောင်ကုန်းရှိလျှင် သွားပြီး ရှာကြပါ၊ အလောင်းကို တွေ့ပါလိမ့်မယ်"ဟု ဟောလိုက်၏။

မိန်းမဖြစ်သူနှင့် အခြားသူများလည်း ထိတ်လန့်တကြား
ဖြစ်ကုန်ကြ၏။ သို့နှင့် ရွာသူကြီးက မောင်းထု လူစုပြီး မီးတုတ်၊မီးစည်းများ ကိုင်ဆောင်ကာ ကျားရဲတတ်သော တောင်ကုန်းဆီသို့ စုဝေးသွားရောက် ရှာဖွေကြရာ အလောင်းကို တွေ့၍ ဆောင်ယူပြန်လာခဲ့ကြရသည်။ ဗေဒင်မှန်လှသော ကျောင်းသားကိုလည်းတအံ့တသြ ချီးကျူးကြလေသည်။ နောက်တစ်နေ့ နံနက်လင်း၍
ခရီးဆက်ကြမည် ရှိသောအခါ ပထမကျောင်းသားက ဒုတိယကျောင်းသားအား....

“သူငယ်ချင်း မင်းပြန်နှင့်ပါတော့၊ငါတော့ ဆရာ့ဆီ ပြန်
သွားဦးမယ်”

“ဘာကြောင့်လဲ သူငယ်ချင်း”

“တပည့်ချင်းတူပါလျက် ပညာတူ သင်မပေးတာကို ငါ
မကျေနပ်ဘူး သူငယ်ချင်း”

ဒုတိယကျောင်းသားက သူ့ကို သီးခြားပညာ သင်မပေးပါ
ကြောင်း၊ ဆရာ့ကို အထင်မလွဲသင့်ကြောင်း၊ အတန်တန်ပြောသော်လည်း မရသဖြင့်

“ကဲ- ဒါဖြင့် မင်းပြန်သွားမှာဆိုလဲ တစ်ယောက်တည်း၊
ငါက ရှေ့ခရီး ဆက်ရမည်ဆိုလဲ တစ်ယောက်တည်း ဖြစ်နေပြီ။ဒီတော့ သွားအတူ ပြန်အတူ ငါလဲ ပြန်လိုက်ခဲ့ပါ့မယ်"

ဤသို့နှင့် နှစ်ယောက်သား ပြန်လာခဲ့ကြရာ ညနေရီ
တရောတွင် ကျောင်းပြန်ရောက်ကြလေသည်။

ဆရာက အံ့အားသင့်စွာ ကျိုးကြောင်း မေးကြည့်၍ သိ
တော့...

“ကောင်းပြီ တပည့်တို့။ ဒီအကြောင်းကို နက်ဖန်ကျမှ
ပြောကြစို့၊ အခုတော့ဖြင့် အချိန် မဟုတ်တော့ဘူး။ မင်းတို့လဲခရီးပန်းလာကြတယ်၊ စားသောက်ပြီး နားကြပေတော့"

နောက်တစ်နေ့ နံနက်လင်း၍ ဆရာရှေ့မှောက် ရောက်
သွားကြတော့ ဆရာက...

“ကဲ- တပည့်တို့ပြောစရာရှိတာ နောက်မှ ပြောကြစို့။အခု‌ လောလောဆယ် ဆရာ့မှာဆေးဖော်ဖို့ ဟို မြက်ပင်တွေမှာ
ဖလားပြည့် နှင်းရည်ကလေးတွေကို နေမရင့်မီ ဖလားတစ်လုံးစီစုခဲ့ကြစမ်းပါ”

ဤသို့ ပြောပြီး ရွယ်တူဖလားငယ်ကလေး တစ်လုံးစီ
ပေးလိုက်သည်။ အတန်ကြာသောအခါ ဒုတိယကျောင်းသားကဖလားပြည့် နှင်းရည်ကလေးများကို စုလာခဲ့သည်။ ထို့နောက်အတော်လေးကြာမှ ပထမကျောင်းသားက ဖလားပြည့်လာသည်။
ဆရာက ပထမကျောင်းသားအား နှင်းရည်ကို မည်သို့ စုသနည်းဟု မေးသည်။

"ဖလားကို အောက်က ခံပြီး မြက်ကို ခါချပြီး စုပါတယ်
ဆရာ”

တစ်ခါ ဒုတိယကျောင်းသားကို မေးလိုက်တော့
“သန့်စင်တဲ့ ပုဝါ တစ်ခုကို မြက်ပင်ပေါ်မှာပွတ်ပြီး နှင်းရည်
ကို စုပါတယ်။ စိုရွှဲလာတဲ့အခါမှာ ဖလားထဲကို ညှစ်ယူပါတယ်ဆရာ"

“ကဲ- တပည့်တို့ ဆရာ မကွာပါဘူး၊ မင်းတို့ တပည့်ချင်း
သာ ကွာကြတာပါ။ ပြန်ကြတော့"

ဤပုံပြင်ကလေးကို မကြာခဏ ကျွန်တော် သတိရမိသည်။
ဤကဲ့သို့ လိုရင်းအချက်ကို မြင်တတ်အောင် ပုံသေမဟုတ်ဘဲဘေးပေါက်နည်းတွေကို ရှာဖွေ သုံးစွဲတတ်အောင် ကျောင်းသားများကို လေ့ကျင့်ပေးဖို့ ရနိုင်ကောင်းသလားဟုလည်း စဉ်းစားကြည့်မိဖူးသည်။ ကျောင်းသားတွေကို သင်ပေးဖို့ ထားလိုက်ဦး။မိမိကိုယ်တိုင်က ထိုကဲ့သို့ စဉ်းစားတတ်အောင် မြင်တတ်အောင်လုပ်နိုင်ပါသလားဟူသော အချက်ကို အထပ်ထပ် စဉ်းစားကြည့်မိဖူးပါသည်။ မလွယ်လှဘူးဟူသောအဖြေ ထွက်လာပါသည်။ မဖြစ်နိုင်တာလား မလွယ်တာလားဟု ဆက်ပြီး စဉ်းစားကြည့်လိုက်
တော့ မဖြစ်နိုင်တာမဟုတ်ဟုလည်း ထင်မိပါသည်။

စာဖတ်သူများ ဆက်လက် စဉ်းစားရန် တင်ပြလိုက်ပါသည်

**********************
အောင်သင်း
ပညာသာလျှင် နှင့် သစ်လွင်အတွေးဆောင်းပါးများစာအုပ်

The One and Only Ivan သည်၂၀၂၀ ခုဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။(K. A. Applegate) ၏ကလေးများဝတ္ထုကို အခြေခံ၍ Mike White ၏ဇာတ်ညွှ...
20/01/2021

The One and Only Ivan သည်၂၀၂၀ ခုဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။
(K. A. Applegate) ၏ကလေးများဝတ္ထုကို အခြေခံ၍ Mike White ၏ဇာတ်ညွှန်းမှ Director Thea Sharrock ကရိုက်ကူးခဲ့ပါသည်။

ဂေါ်ရီလာအိုင်ဗန်၏ဖြစ်ရပ်မှန်လှုံ့ဆော်မှုနှင့်အတူ ပေါ်ပေါက်လာသောဒီရုပ်ရှင်ဟာ ရိုက်ကူးရေးကို ၂၀၁၄ ခုနှစ်တွင်ပထမဆုံးကြေငြာခဲ့ပြီးနှစ်နှစ်အကြာတွင်ထုတ်လုပ်မှုသို့စတင်ခဲ့ပြီး 2018 ခုနှစ်၊ နွေရာသီတွင်ဖလော်ရီဒါတွင်ရိုက်ကူးခြင်းဖြင့်စတင်ခဲ့ပါတယ်။
The One and Only Ivan ကို 2020
သြဂုတ် 21 တွင်ထုတ်လွှင့်ခဲ့ပါတယ်ခင်ဗျာ။
ဒီဇာတ်ကားလေးဟာဆိုရင် သင့်English Skill အတွက် အကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရသအတွက်သာမကEnglish Learning အတွက်လည်းသုံးနိုင်ကြပါစေ။
Movie Link
*********************************************
https://drive.google.com/drive/folders/1-0Gt1vW2p7BLAFCQRXxn3fX38rPLoK5R?usp=sharing
**********************************************

13/01/2021

- Soul အမည်ရတဲ့ ဒီဇာတ်ကား‌ေလးက‌ေတာ့၂၀၂၀ တွင်းမှာ ထွက်ရှိထားတဲ့စိတ်ကူးယဉ်ဟာသ - ဒရာမာရုပ်ရှင်ဖြစ်ပါတယ်။
Pixar Animation Studios မှထုတ်လုပ်ခဲ့ပြီး Walt Disney Pictures မှ U.S ၌ ၂၀၂၀ ဇွန်လ ၁၉ ရက်နေ့တွင်ဖြန့်ရန်စီစဉ်ထားခဲ့ပေမယ့်COVID-19 ကြောင့် ၂၀၂၀၊ နိုဝင်ဘာ ၂၀ အထိနှောင့်နှေးခဲ့ရပါတယ်။

- ဒီကားလေး(Soul) ဟာအာဖရိကန်အမေရိကန်ဇာတ်ကောင်များကိုပြသသည့် ပထမဆုံး Pixar ရုပ်ရှင်ဖြစ်ပါတယ်။

- ဖန်တီးသူ Pete Docter သည် ၂၀၁၆ ခုနှစ်တွင်ဒီရုပ်ရှင်ကိုစတင်တီထွင်ခဲ့ပြီး ဂီတသမားအမျိုးမျိုးနှင့်တိုင်ပင်ပြီးဂီတပညာရှင်များ ၏ရည်ညွှန်းချက်ကို အသုံးပြု၍ ၎င်း၏ဂီတအစီအစဉ်များကိုသရုပ်ဖော်ခဲ့သည်။

- ဒီကားလေးဟာ သင့် English Skill အတွက် အကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်
ရသအတွက်သာမကEnglish Learning အတွက်လည်းသုံးနိုင်ကြပါစေ။

Movie Link 👇👇👇👇👇👇👇👇👇👇👇
************************************************
https://drive.google.com/drive/folders/1-jtTYZSFKr0Y8lU9KuJKql9IvQ84vyqV?usp=sharing
************************************************

ဒီကနေ့ Sharingလေးမှာ ယူဆောင်လာတာ‌ေတွကတော့🙋💁"English Learner"လေးတွေအတွက်ကိုယ်ကိုတိုင်"Practice" လုပ်လို့ရမယ့် ''App''လေးတ...
11/01/2021

ဒီကနေ့ Sharingလေးမှာ ယူဆောင်လာတာ‌ေတွကတော့🙋
💁
"English Learner"လေးတွေအတွက်
ကိုယ်ကိုတိုင်"Practice" လုပ်လို့ရမယ့်
''App''လေးတွေကို မျှဝေမှာ ဖြစ်ပါတယ်။
>Part-1(အနေနဲ့ ) IELTS App တွေကို ဖော်ပြပေးသွားမှာပါ။🙆
By the way ုပ်လို့ရတဲ့Appတွေဖြစ်လို့အရမ်းကိုလွယ်ကူပါတယ်နော်။

************************************************
>>IELTS Speaking
https://play.google.com/store/apps/details?id=com.fr_solutions.ielts.speaking

>>IELTS Writing
https://play.google.com/store/apps/details?id=com.fr_solutions.ielts.writing

>>IELTS Reading
https://play.google.com/store/apps/details?id=com.fr_solutions.ielts.reading

>>IELTS Listening
https://play.google.com/store/apps/details?id=mimosa.english.ieltpractice.listening

>>IELTS Vocabulary & Prepation
https://play.google.com/store/apps/details?id=com.vynguyen.ieltspreparation
************************************************

အပိုင်း(၂)၊အဆက်(ငါး)အမေနဲ့ပတ်သက်ပြီးတော့ ဘ၀မှာ ရှိုက်ကြီးတငင်ငိုခဲ့ဖူးတဲ့အချိန်တွေရှိခဲ့တယ်။ကျွန်တော်ဟာ နွေရာသီကျောင်းပိ...
10/01/2021

အပိုင်း(၂)၊အဆက်

(ငါး)

အမေနဲ့ပတ်သက်ပြီးတော့ ဘ၀မှာ ရှိုက်ကြီးတငင်ငိုခဲ့ဖူးတဲ့အချိန်တွေရှိခဲ့တယ်။ကျွန်တော်ဟာ နွေရာသီကျောင်းပိတ်ရက်ကို ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာမှာပုစွန်ကန်အလုပ်ကြမ်းသမားအဖြစ် အလုပ်လုပ်ဖြစ်ခဲ့တယ်။ ဘာအလုပ်တစ်ခုမှမည်မည်ရရမလုပ်ဖူးတဲ့အရွယ်
၊ စိတ်ဓာတ်တွေထွေပြားနေတဲ့ ကြီးကောင်ဝင်စအရွယ်၊
အိမ်ကိုမခွဲဖူးဘဲ ခွဲရချိန်လည်းဖြစ်နေတော့ ညတိုင်းညတိုင်း ပင်လယ်ကမ်းစပ်မှာတစ်ယောက်တည်းထိုင်ရင်း ပင်လယ်ကြီးကိုတိုင်တည်ပြီး ငိုမိခဲ့တယ်။ တစ်ခါတလေ
လူတွေနဲ့အဝေးဆုံး ကမ်းစပ်တစ်နေရာကိုသွားပြီး အသံတစ်ဆုံးအော်ဟစ်ပစ်ခဲ့ဖူးတယ်။ပင်လယ်ပြင်ဆီကတန်ပြန်လာတဲ့ပဲ့တင်သံတွေရင်ထဲကိုတဒိန်းဒိန်းဝင်ဆောင့်တဲ့အခါ
တိုင်း ကျွန်တော် ပျော့ခွေလဲမတတ်။

ကျွန်တော် အမေ့ကိုလွမ်းတယ်။ အိမ်မှာဆိုရင် မျက်နှာကြောမတည့်တဲ့အဖေ့ကိုလွမ်းတယ်။ အဖေမရှိချိန်မှာ အဖေကိုအသိမပေးဘဲထွက်လာခဲ့လို့ အမေ့ကို အဖေ
ဆူနေမလားတွေးတယ်။ ဒါမှမဟုတ် ကျွန်တော်အိမ်ပြန်ရောက်ချိန်မှာ ကျွန်တော့်ကိုဆူဦးမှာလား တွေးမိပြန်တယ်။
ကျွန်တော် အိမ်ကိုပြန်ပြေးသွားချင်မိတယ်။မျက်လုံး
ကြောင်တောင်တောင်နဲ့ ကျွန်တော့်အောက်ကညီလေးကို လွမ်းတယ်။အစားအသောက်ကြီးပြီး အငိုသန်တဲ့ညီအငယ်ဆုံးကိုလွမ်းတယ်။တီတီတာတာစကားပြောစ အထွေးဆုံးညီမငယ်လေးကိုလွမ်းတယ်။ ရန်ဖြစ်နေကျ အဖေ့အစ်မအပျိုကြီးအရီးဒေါ်အေးကိုလွမ်းတယ်၊ သူငယ်ချင်းတွေကိုလွမ်းတယ်။ ကျွန်တော်အိပ်ခန်းထဲကကျွန်တော်တီးနေကျဂစ်တာလေးနဲ့ စုဆောင်းထားတဲ့စာအုပ်တွေကို လွမ်းတယ်။
ပြီးတော့ကျွန်တော်မနမ်းရဲတဲ့ ပန်းကလေးကိုလွမ်းတယ်။

(ခြောက်)

ဘ၀မှာ မေ့မရနိုင်ခဲ့တဲ့အမှတ်တရတွေ အဲဒီနွေရာသီမှာ အနာတရအပြည့်နဲ့ကျွန်တော့်ရင်ထဲရောက်ရှိလာခဲ့ကြတယ်။ နွေရက်တွေကုန်ဆုံးခါနီးမှာကျွန်တော်ဟာ
ပုစွန်ကန်အငှားသမားဘဝကို အနားယူပြီး အိမ်ပြန်လာတယ်။ နေရောင်စားထားတဲ့အသားရေမွဲခြောက်ခြောက်နဲ့ ဆားငန်ငွေ့ ရိုက်ထားတဲ့ ဆံပင်ရှည်ကြီးတွေ ဖရိုဖရဲ
ကောက်ကွေးတွန့်လိမ်လို့။ သဲကြိုးပြတ်လုလုမြင်းကြယ်ဖိနပ်အနီရောင်နဲ့ မိုးပြာရောင်မွဲမွဲကျောပိုးအိတ်အနွမ်းလေးကိုလွယ်လို့။ ခြေလှမ်းကြဲကြီးတွေနဲ့ ကျွန်တော့်အိမ်ရှိရာလမ်းကြားထဲကိုကသုတ်ကရက်ဝင်တယ်။ အိမ်ကိုရောက်တဲ့အခါ စုဆောင်းမိလာတဲ့ငွေစတချို့ကို အမေ့ကိုအပ်ပြီးတော့ကန်တော့မယ်လို့စိတ်ကူးတယ်။ ဒီလိုနေ့လယ်ခင်းမျိုးဆိုရင် အဖေ အိမ်မှာရှိမနေတတ်တာကိုသိပေမယ့်ကြုံတောင့်ကြုံခဲ အဖေရှိနေခဲ့ရင်အမေ၊ အဖေနဲ့အရီး‌ဒေါ်အေးပုကိုပါ တစ်ပါတည်းကန်တော့ဖို့ စိတ်ကူးတယ်။ ပြီးမှ
အငယ်ကောင်တွေကို လမ်းက၀ယ်လာတဲ့ သကြားလုံးတွေ အညီအမျှခွဲပေးမယ်။ကိုယ့်အတွေးနဲ့ကိုယ်နွေးနွေး ထွေးထွေးလေးပဲ ကြည်နူးနေမိသေးတယ်။

ဒါပေမဲ့ ကြည်နူးနေတဲ့ ကျွန်တော့်အတွေးလေးတွေဟာ အိမ်ထဲကိုလှမ်းဝင်ဖို့ပြင်လိုက်စဉ်မှာပဲ ပျောက်ဆုံးသွားခဲ့ရတယ်။ “ဘယ်သူနဲ့တွေ့ချင်လို့လဲ"ဆိုတဲ့ အသံတစ်သံက နားထဲကို သံရည်ပူလောင်းထည့်လိုက်သလိုပြင်းပြင်းရှရှစိမ့်ဝင်လာတယ်။နားထဲကတစ်ဆင့် နှလုံးသားထဲအထိ စူးရှလွန်းစွာဝင်သွားတယ်။မျက်နှာစိမ်း၊ အသံစိမ်းတွေကျွန်တော့်ကို အစိမ်းလိုက် စိုက်ကြည့်လို့။ ကျွန်တော့်အသိစိတ်ထဲကိုအလိုလိုဝင်ရောက်လာတဲ့ အသိတစ်ခုက ကျွန်တော့်ကိုဆောက်တည်ရာမရ ဖြစ်စေခဲ့ပြီ။ကျွန်တော် ဘာတစ်ခုမှပြန်မပြောနိုင်တော့ဘဲကျောခိုင်းထွက်ပြေးမိတယ်။ပါးပြင်ထက်ကိုပူပူနွေးနွေးစီးကျလာတဲ့မျက်ရည်စက်တွေက တဖြိုင်ဖြိုင်။

သွားပြီ။ ကျွန်တော့်မှာ အိမ်မရှိတော့ဘူး။ ကျွန်တော်နားခိုမယ့်အိမ်မရှိတော့ဘူး။
ကျွန်တော်ရူးသွပ်မှုတွေကို သိုလှောင်ထားတဲ့ ကျွန်တော့်အိပ်ခန်းငယ်လေး မရှိတော့ဘူး။ ကျွန်တော့်မိသားစုတွေကျွန်တော့်ကိုထားခဲ့ပြီးတော့ ထွက်ခွာသွားခဲ့ကြပြီ။အဖေ၊
အမေ၊အရီး၊ ညီလေးတွေနဲ့ ညီမလေးတို့တစ်တွေ ဘယ်ဆီကိုရောက်သွားခဲ့ကြပြီလဲ။ကျွန်တော် ဘယ်မှာခိုနားရတော့မလဲ။ ကျွန်တော့်မိသားစုတွေ အိမ်လေးကိုရောင်းပြီး
တော့ တစ်နေရာဆီကို ပြောင်းရွှေ့သွားခဲ့ကြပြီ။သွေးရူးသွေးတန်းလျှောက်လာရင်းကိုယ့်ရှိုက်သံကို ကိုယ်ကြားနေရတယ်။နောက်ဆုံးမှာတော့ ကျွန်တော့်ခြေလှမ်းတွေဟာကျွန်တော်မနမ်းရဲတဲ့ပန်းကလေးရဲ့ ကုန်စုံဆိုင်ရှေ့မှာ အဆုံးသတ်သွားခဲ့တယ်။

အမေဟာကျွန်တော်ထိုင်နေကျကုန်စုံဆိုင်ကိုတစ်နေ့တစ်ခေါက်ကျပုံမှန်လာပြီးတော့ ကျွန်တော်ပြန်ရောက်ပြီလားလို့ လာစုံစမ်းတတ်ကြောင်း ကျွန်တော့်ပန်းပွင့်လေးက ပြန်ပြောပြတယ်။ ကျွန်တော်အိမ်ပြန်လာတဲ့အချိန်မှာ အားမငယ်ဖို့နဲ့ ပြောင်းရွှေ့သွားတဲ့ အိမ်လိပ်စာကိုလည်း ပြောပြပေးဖို့ နေ့တိုင်း တဖွဖွလာရောက်မှာနေတတ်တယ်လို့ပြန်ပြောပြတယ်။ အမေ့လက်ရေးနဲ့ သတ်ပုံမပီမသရေးထားတဲ့ အိမ်လိပ်စာ စာရွက်အပိုင်းအစလေးတစ်ခုကိုထုတ်ပေးတဲ့အခါ ကျွန်တော်ရှိုက်ကြီးတငင်ငိုလိုက်မိတယ်။ လူတချို့ရှိနေကြပေမယ့် ရှက်ရမှာကို ကျွန်တော် သတိမထားမိတော့ဘူး။ရှိုက်ရှိုက်ပြီးတော့ ကျွန်တော်ငိုလိုက်မိတယ်။ အဲဒီနေ့က အမေ့မေတ္တာကို အစအဆုံးမြင်တွေ့လိုက်ရတဲ့နေ့။ ကောင်းကင်ကြီး ကျယ်ပြန့်သည်ထက် အမေ့မေတ္တာက ပိုပြီးကျယ်ပြန့်နေတယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တဲ့နေ့။

အမေပေးထားတဲ့လိပ်စာလေးအတိုင်းကျွန်တော်လိုက်သွားတဲ့အချိန်မှာ ညနေစောင်းချိန်ကိုရောက်နေခဲ့ပြီ။လိပ်စာထဲမှာပါတဲ့အိမ်ကို ရောက်တယ်။ရေနံချေးတွေဝနေအောင်သုတ်ထားတဲ့ ခြေတံရှည်နှစ်ထပ်အိမ်ကြီး အိမ်ခန်းတွေဖွဲ့ပြီး အခန်းငှားစားနေတဲ့အိမ်ဆိုတာကို မြင်လိုက်ရုံနဲ့ သတိထားမိတယ်။ ဆင်းရဲပေမယ့် လုံးချင်းခြံဝင်း၊လုံးချင်းအိမ်ကလေးနဲ့ နေသားကျလာခဲ့တဲ့ ကျွန်တော့်မိသားစုတွေ အငှားအိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပူလောင်ကျဉ်းကျပ်နေကြမှာပဲဆိုတဲ့အတွေးနဲ့ မျက်ရည်တွေစီးကျလာပြန်တယ်။

အိမ်ရှင်မိန်းမကြီးကိုမေးမြန်းပြီးတော့အမေတို့ငှားနေတဲ့ အပေါ်ထပ်က အခန်းလေးဆီကို လှေကားထစ်တွေ တစ်ထစ်ချင်းနင်းပြီး တက်တယ်။ အမေတို့အခန်းရဲ့ စေ့ရုံစေ့ထားတဲ့ သစ်သားတံခါးလေးကို ဖြည်းဖြည်းလေး ကျွန်တော်တွန်းဖွင့်တယ်။အိမ်ခန်းကျဉ်းလေးထဲမှာ ထမင်းဝိုင်းဖွဲ့စားဖို့ပြင်နေကြတဲ့မိသားစုအစုံအလင်ကိုတွေ့ရတယ်။ မှောင်နေတဲ့အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်မီးရောင်က ဝါကြင်ကြင့်မှိန်ဖျော့ဖျော့။ ထမင်းစားပွဲဝိုင်းကလေးက တိတ်ဆိတ်လို့။ တို့ထိဖို့ လက်တွန့်နေကြတဲ့ဟင်းခွက်အနည်းငယ်က စားပွဲအလယ်မှာ ပုံစံမယွင်း ငြိမ်သက်လို့။

အမေနဲ့ အဖေ့ကို ကျွန်တော်လှမ်းခေါ်တယ်။ညီလေးညီမလေးတွေကို လှမ်းခေါ်တယ်။အရီးကြီးကို ကျွန်တော်လှမ်းခေါ်တယ်။ဒါပေမဲ့ကျွန်တော့်အသံတွေအပြင်ကိုထွက်ကျမလာ။ လည်ချောင်းထဲဆို့တစ်နေတယ်။စကားသံတွေအစား ပူနွေးလွန်းတဲ့မျက်ရည်တွေ ပါးပြင်ကို လိမ့်ဆင်းလာတယ်။
ကျွန်တော်ရှိုက်သံကိုကျွန်တော် ကြားနေရတယ်။ကျွန်တော်ငိုနေခဲ့ပြီ။ ကျွန်တော်တကယ်ပဲရှိုက်ရှိုက်ပြီးတော့ငိုနေခဲ့ပြီ။ရှိုက်ငိုသံတွေ တစ်စစကျယ်လောင်ရင်းကျယ်လောင်ရင်း ညာဘက်လက်မှာသိုင်းကြိုးကဆုပ်ကိုင် ထားတဲ့ကျောပိုးအိတ်ကလေး ကြမ်းပြင်ပေါ်ကိုသတိလက်လွတ်ပြုတ်ကျတယ်။ အခန်းဝမှာ မတ်တတ်ရပ်နေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကခွေခွေပျော့ပျော့လေးထိုင်ကျတယ်။ကျွန်တော့်ရှိုက်သံတွေ အထိန်းအကွပ်မရှိ ကျယ်ကျယ်လောင်လောင် ထွက်ကြလို့။ “သားပြန်လာပြီ"ဆိုတဲ့ အမေ့အသံနဲ့အတူ ကျွန်တော်ချစ်တဲ့ကျွန်တော့်မိသားစုတွေ ကျွန်တော့်အနားကို အားလုံးရောက်လာကြတယ်။ ကျွန်တော်တို့ဘာစကားမှမပြောနိုင်ကြ။ ကျွန်တော်နဲ့အတူအဖေ၊ အမေ၊ အရီးနဲ့ညီအစ်ကိုမောင်နှမတွေအကုန်လုံး ချုံးပွဲချငိုလိုက်မိကြတယ်။
အပြင်မှာကြတော့ ရှစ်ရက်လခြမ်းပဲ့ကခလးကောငိုနေမလား မပြောတတ်။

(ခုနစ်)

အမေ့ရဲ့ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှအနားယူဖို့မရှိတဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်။ အမေဟာ အဲဒီလိုချစ်ခြင်းမေတ္တာကြောင့် စကြဝဠာထုရဲ့ အလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ အမေဟာ အဲဒီလိုချစ်ခြင်းမေတ္တာကြောင့် အပူလောင်ရဆုံးမီးလျှံတစ်ခုလည်းဖြစ်တယ်။ အမေဟာ အဲဒီလိုချစ်ခြင်းမေတ္တာကြောင့် ပြီးပြည့်စုံဆုံးသောချစ်ခြင်းဖွဲ့ကဗျာ တစ်ပုဒ်လည်း ဖြစ်တယ်။ အမေဟာအဲဒီချစ်ခြင်းမေတ္တာကြောင့် အမွှေးပျံ့ဆုံးသော ရနံ့တွေလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေဟာအတောင် အလက်စုံတဲ့အခါတစ်နေရာစီကိုခွဲပြီးတော့အကွဲကွဲအပြားပြား ရောက်ရှိခဲ့ကြတယ်။အမေဟာ သားမခွဲသေးတဲ့ မိခင်ကြက်မကြီးလိုသားသမီးတွေကို ရင်ခွင်ထဲမှာထွေးပိုက်ထားချင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ သားသမီးတွေအပြင်ကိုထွက်သွားချိန်တိုင်း အိမ်ကိုပြန်မဝင်မချင်း ညလုံးပေါက် မအိပ်ဘဲစောင့်နေတတ်တဲ့ အမေတစ်ယောက်ရင်ကို ခြေစုံကန်ထွက်သွားကြတဲ့ သားသမီးတွေကိုစောင့်ရင်း ညစဉ်တိုင်း အိပ်လို့ပျော်နိုင်ပါ့မလားလို့ဆွေးဆွေးမြည့်မြည့်တွေးမိပြန်တယ်။ အမေရဲ့ ချစ်ခြင်းမေတ္တာနဲ့ အိပ်ဖန်စောင့်တာဝန်၊ဝတ္တရားတွေဟာဘယ်သူကအနားပေးပေမယ့် ရနိုင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အမေဟာ အဲဒီလိုကောက်ကြောင်းတွေကြားထဲမှာ မျက်ဝန်းတွေပိုဖျော့တော့ညှိုးမှိန်လာတယ်လို့ထင်ပါရဲ့။
အမေ့ရဲ့ မျက်ဝန်းထဲကအမြဲစိမ်းကောက်ကြောင်းတွေဟာ
ရှေ့ဆက်ပြီးလည်း မှိုင်းညို့ ရီဝေနေလိမ့်ဦးမယ်ဆိုတာ သေချာပါတယ်။

ရက္ခ

၁၁၊ဒီဇင်ဘာ၊၂၀၁၉(ဗုဒ္ဓဟူးနေ့)
စံတော်ချိန်သတင်းစာ၊ ရသစာကဗျာ

ဖတ်ကြည့်ပါ ။ရင်ထဲတစ်စုံတစ်ရာ ထိမိခံစားစေမှာပါ။@@@@@@@@@@@@@@@@@@@@အမေဟာ ညှိုးငယ်ဖျော့တော့တော့မျက်ဝန်းတွေကိုပိုင်ဆိုင်ထား...
10/01/2021

ဖတ်ကြည့်ပါ ။ရင်ထဲတစ်စုံတစ်ရာ ထိမိခံစားစေမှာပါ။
@@@@@@@@@@@@@@@@@@@@

အမေဟာ ညှိုးငယ်ဖျော့တော့တော့မျက်ဝန်းတွေကိုပိုင်ဆိုင်ထားသူတစ်ဦးလို့ ကျွန်တော်ဆိုချင်တယ် ။ အမေ့ရဲ့မျက်ဝန်းတွေဟာ ရီဝေလွန်းတယ် ။ အမေ့မျက်ဝန်း ထဲမှာ ထိခိုက်ရှတလွယ်ခြင်းနဲ့မျက်ရည်လွယ်တတ်ခြင်း အငွေ့အသက်တွေကိုအတိုင်း သားတွေ့ရရဲ့။ အနည်းငယ်ရွှန်းလဲ့နေသယောင်ထင်ရတဲ့ အမေ့မျက်ဝန်းတွေဟာ မျက်ရည်ငွေ့တွေနဲ့ ရွှဲရွှဲစိုလို့ရှိနေတတ်တယ် ။ အဲဒီလို မျက်ရည်ငွေ့တွေ စွန်းထင်းနေ တတ်တဲ့မျက်ဝန်းညိုညို လေးတွေကပဲ အမေ့ရဲ့ ပကတိအလှတရားလို့ ကျွန်တော် ခံစားမိပြန်တယ် ။ အမေ့မျက်ဝန်းတွေဟာ ချစ်ခြင်းတရားနဲ့ထုဆစ်ထားတဲ့ အမြစိမ်း တောင်တန်းကြီးတွေလိုထာဝရ စိမ်းညို့ညို့ ရီဝေဝေ။

အမေဟာ ဝါညက်ညက်အသားအရေကို ပိုင်ဆိုင်တယ်။ မှိန်ဖျော့ဖျော့ အရောင်တွေကိုသာ ကြိုက်တတ်တဲ့ အမေ့ ခန္ဓာကိုယ်မှာ မိုးပြာရောင် သို့မဟုတ် မီးခိုး ရောင်ဖျော့ဖျော့လေးတွေကိုသာ ရွေးပြီးဆင်မြန်းတတ်တယ် ။ တွေ့မြင်နေကျတဲ့ခါ အမေကြိုက်တတ်တဲ့အရောင်အဆင်းနဲ့ အမေ့အသွင်သဏ္ဌာန်ကို ငြိမ်းချမ်းရေး သင်္ကေတတစ်ခုလို့ကျွန်တော်သတ်မှတ်မိပြန်တယ် ။

အသက်အရွယ်ကြီးရင့်လာတဲ့အခါ အမေ့မျက်ဝန်းတွေပိုလို့ရီဝေလာသယောင် ထင်ရရဲ့။ လှိုင်းထန်နေတဲ့မျက်ကွင်းညိုကြီးတွေကြားက ရီဝေမှိန်ဖျော့မျက်ဝန်းလေး တွေကိုဘာသာပြန်နိုင်ဖို့ကျွန်တော်အကြိမ်ကြိမ်ကြိုးစားခဲ့ ဖူးတယ်။အမေ့မျက်ဝန်းတွေဟာ ဘယ်တုန်းကမှအနားယူဖို့ အချိန်မရခဲ့တဲ့မျက်ဝန်းတွေပါပဲ။ကျွန်တော်ဟာ ၃၆ထစ်မြောက် လှေကားထစ်ပေါ်ကို တက်ရောက်လာခဲ့ပါပြီ ။ဒါပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ ဖွဲ့ဆိုတဲ့ အမေ့မျက်ဝန်းတွေကို ကျွန်တော်ဘယ်တုန်းကမှ ပြီးပြည့်စုံအောင် ဘာသာမပြန်နိုင်ခဲ့။

(နှစ်)

ညသန်းခေါင်ကျော် ချိန်အထိမအိပ်စက်တတ်ခြင်းက
အမေ့ရဲ့ ဝတ္တရားတစ်ခုလို့ ကျွန်တော်နားလည်ဖြစ်တယ်။ အမေဟာ အိပ်ဖန်စောင့်တစ်ယောက်ဖြစ်ကြောင်း ကျွန်တော် အတိကျဆုံး ညွှန်းဆိုတယ် ။ သားသမီး ခြောက်ယောက်ရှိတဲ့ ကျွန်တော်တို့ မိသားစုလေးရဲ့ အိပ်ဖန်စောင့်ဟာ အမေဖြစ်တယ်။ ဒါပေမဲ့ အမေဟာ ပုံပြင်ထဲကလို အိပ်ပျော်သွားတတ်တဲ့အိပ်ဖန်စောင့်မျိုးတော့မဟုတ်ဘူး။ အမေဟာတာဝန်ကျေပွန် လွန်းတဲ့ အိပ်ဖန်စောင့်သာဖြစ်တယ် ။ အမေဟာ အခကြေးငွေမရတဲ့ အိပ်ဖန်စောင့် လည်းဖြစ်တယ်။ နှစ်ကာလတွေအကြိမ်ကြိမ်အလီလီပြောင်းလဲသွားခဲ့ပေမယ့်အမေဟာ ပင်စင်မရသေးတဲ့ အိုကြီးချက်မ အိပ်ဖန်စောင့်တစ်ယောက်အဖြစ် ရှိနေဆဲ ။

အမေဟာကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်တယ် ။ ကျွန်တော်ငယ်ငယ်တုန်းက အမေကွမ်းစားတာကို မမြင်ခဲ့ဖူးပေမယ့် နောက်ပိုင်းအချိန်ကာလတွေမှာ ကွမ်းကိုစွဲစွဲလမ်းလမ်းစားတတ်တဲ့ အလေ့အကျင့်တစ်ခုမသိမသာစွဲကပ်လာခဲ့တယ် ။ ညသန်းခေါင်ယံအချိန်တွေဆိုရင်
အမေဟာ အိမ်အဝင်တံခါးထောင့်ချိုးလေးနားမှာငိုက်မြည်း လို့ရှိနေတတ်တယ် ။ အမေ့ပါးစပ်ထဲမှာ ပလုတ်ပလောင်းငုံထားတဲ့ကွမ်းကို တမြုံ့မြို့ ဝါးလို့။ အမေဟာ ဘာကြောင့် ကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်လာခဲ့ရသလဲဆိုတာ အမေ့ကိုဘယ်တုန်းကမှကျွန်တော်မမေးမိခဲ့ ။ ဒါပေမဲ့အမေစားတတ်တဲ့ကွမ်းရဲ့ နက်နဲခြင်းကိုကျွန်တော်ဉာဏ်မီသလောက် တွေးတော နိုင်ခဲ့တယ်။

ညလုံးပေါက်ဟိုက်ဝေးမောင်းရတဲ့ကားဒရိုင်ဘာတွေဟာပါးစပ်ထဲမှာကွမ်းကို မပြတ်ဝါးထားတတ်တာမျိုးကို ကျွန်တော်သတိထားမိတဲ့နေ့က ကွမ်းကို စွဲစွဲလမ်းလမ်း စားတတ်တဲ့အမေ့ကို ကိုယ်ချင်းစာရင်း မျက်ရည်တွေ တသွင်သွင်စီးကျခဲ့ဖူးတယ်။ သားယောက်ျားကြီးငါးယောက် နဲ့အငယ်ဆုံးသမီးတစ်ယောက်ကိုမွေးဖွားသန့်စင်ထား တဲ့ အမေ့နှလုံးသားတွေဟာ သားသမီးဇောနဲ့ ဘယ်တုန်းကမှ အနားမရခဲ့တာကို ကျွန်တော် ပြည့်ပြည့်ဝဝနားလည်မိခဲ့တယ်။ အမေစားတတ်တဲ့ ကွမ်းယာတွေဟာ ချစ်ခြင်းဖွဲ့ သင်္ကေတတွေ။


(သုံး)

ကျွန်တော့်အထက်ကကိုကိုနဲ့ ကိုလေးတို့ ကြီးကောင်ဝင်လာတဲ့ခါ ညဉ့်နက်သန်းခေါင်အချိန်ထိ အိမ်ပြန်မဝင်ဘဲလျှောက်လည်နေတတ်တာမျိုးကိုကြုံရတယ်။အမေဟာ ညရောက်ရင် အိမ်ပြန်မဝင်သေးတဲ့သားတွေအတွက်ကြက်သားပေါက်လေးတွေကိုရင်ခွင်ထဲမရောက်မချင်း တစာစာအော်ခေါ်နေတတ်တဲ့မိခင်ကြက်မကြီးပုံမျိုး၊
အမေဟာ အိမ်တံခါးမကြီးနားမှာငိုက်မြည်းပြီးတော့သားသမီးတွေ အိမ်ပြန်လာချိန်မှာအဆင်သင့်တံခါးထဖွင့်ပေးဖို့စောင့်နေတတ်တယ်။ အဝေးကခွေးဟောင်သံ သို့မဟုတ် အော်ဟစ်သီဆိုလာတဲ့ သီချင်းသံတွေကြားတိုင်း သားတွေပြန်လာပြီလားအတွေးနဲ့ဒေါက်ခနဲ ခေါင်းထောင်ပြီးတော့ နားစွင့်နေတတ်တဲ့အဖြစ်။ ကြာလာတော့ အမေ့
ဘေးနားမှာ ဝမ်းစာအပြည့်ထည့်ထားတဲ့ ကွမ်းအစ်လေးတစ်လုံးနေရာယူလာခဲ့တယ်။အမေဟာ ညလုံးပေါက်ခရီးနှင်ရတဲ့ ဟိုက်ဝေး ဒရိုင်ဘာတွေလိုမအိပ်ငိုက်မိအောင်
ကွမ်းကို စွဲစွဲလမ်းလမ်းစားဖြစ်လာခဲ့တယ်။

အမေ့နှလုံးသားဟာ အဆုံးစွန်ထိ နူးညံ့လွန်းတယ်လို့ ယုံကြည်မိတယ်။
ကျွန်တော်ဟာ ဝမ်းနည်းတတ်ခြင်းနဲ့မျက်ရည်လွယ်တတ်ခြင်းကိုအမေ့ဆီက အမွေရခဲ့တယ်ထင်ပါရဲ့။ အမေဟာ ရှေ့ရေးကိုကြိုတွေးပြီးတော့ အသည်းငယ်တတ်သလိုမျိုး
ကျွန်တော်လည်း အမေ့ခြေရာကိုထပ်ကြပ်မကွာနင်းမိပြန်တယ်။ ဒါပေမဲ့ကျွန်တော့်မှာအမေနဲ့တူတဲ့ စိတ်ထားတချို့ ကလွဲလို့ အမေ့လို မိသားစုအပေါ် ပေးဆပ်အနစ်နာခံ
ခြင်းကနတ္ထိ။

ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေထဲမှာ ကျွန်တော်ဟာ အပေတေဆုံးတစ်ယောက်လို့ ပတ်ဝန်းကျင်ကပြောကြတဲ့အချိန်တိုင်း အမေဟာ ကက်ကက်လန်အောင်ပြန်လည်ချေပတတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ အမေ့ရဲ့ ဝါညက်ညက်ပါးပြင်လေးတွေဒေါသရိပ်နဲ့ နီမြန်းနေတတ်တယ်။
အမေဟာ တစ်အိမ်လုံးမှာကျွန်တော့်ကို အချစ်ဆုံးလို့ ကျွန်တော်ယုံတယ်။ အဆိုးဆုံးဖြစ်တဲ့ ကျွန်တော့်ကိုစိတ်မချနိုင်ခြင်းပေါင်းစုံနဲ့တသသချစ်နေတတ်တဲ့ အမေ။

(လေး)

အမေ့မျက်ဝန်းတွေထဲမှာ ကျွန်တော်ခြွေချပစ်ခဲ့တဲ့ မျက်ရည်စက်တွေဘယ်လောက်ထိတောင်များပြားလိမ့်မလဲလို့ကျွန်တော်မတွေးဝံ့ခဲ့ဘူး။ ကျွန်တော်ဟာ
အမေ့ရဲ့ ပျော်ရွှင်ခြင်းတွေအားလုံးကို ထုတ်ယူစားသုံးပစ်လိုက်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့လိမ့်မယ် ထင်ပါရဲ့။ ကျွန်တော် ရှစ်တန်းဖြေပြီးတဲ့အချိန် နွေရာသီ
ကျောင်းပိတ်ရက်တွေကို မှတ်မှတ်ရရဖြစ်မိနေသေးတယ်။ ကျွန်တော်တို့မိသားစုရဲ့ခေါင်မိုးထက်ကို တိမ်မည်းကြီးတွေ ဖွဲ့ပြိုဆင်းကျလာချိန်တစ်နေ့မှာ ကျွန်တော့်အထက်ကအစ်ကိုနှစ်ယောက်ဟာ မိသားစုရဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရေခြားမြေခြားအရပ်တွေဆီကို ထွက်ခွာသွားခဲ့ကြပြီ။ ကျွန်တော်ကအိမ်မှာ အကြီးဆုံးသားတစ်ယောက်အဖြစ် ညီနှစ်ယောက်၊အငယ်ဆုံးညီမလေးတစ်ယောက်နဲ့အတူကျန်ရစ်ခဲ့တယ်။

ကျွန်တော့်အဖေဟာ မိသားစုကိုးယောက်တာဝန်ကို ခါးဝတ်ပုဆိုးလို မြဲမြံစွာတာဝန်ကျေပွန်ခဲ့သူတစ်ယောက် ဖြစ်တယ်။ အဖေဟာ မိသားစုအတွက်ထာဝရသူရဲကောင်းတစ်ယောက်။ အမေ့အတွက် ထာဝရလင်ယောက်ျားကောင်းတစ်ယောက်ဖြစ်သလိုသားသမီးတွေအတွက်ထာဝရဖခင်ကောင်းတစ်ယောက်ဖြစ်တယ်။ ဒီထက်မကသေးဘဲ အဖေဟာ သူ့အလုပ်ရှင်တွေအတွက် ထာဝရကျွန်ကောင်းတစ်ယောက်လည်း ဖြစ်သေးတယ်။

ကျွန်တော်ရှစ်တန်းဖြေပြီးစအချိန်မှာ အဖေ့ရဲ့ လုပ်အားတစ်ခုတည်းနဲ့ကျားကန်ထားရတဲ့ ကျွန်တော်တို့မိသားစုလေးဟာ ယိုင်နဲ့နဲ့ဖြစ်လာတယ်။ အမေဟာ အဖေနဲ့တန်းတူလိုက်ပြီး အပြင်ကို အလုပ်ထွက်လုပ်ဖို့အထိ အခြေအနေ ဆိုက်ရောက်လာခဲ့တယ်။ မိသားစုအိမ်ကလေးရဲ့ ကြီးမားလွန်းတဲ့ ကံကြမ္မာပေါက်ပြဲရာကြီးကိုအဖေနဲ့အမေ နှစ်ယောက်ပြိုင်တူဖာထေးဖို့ ကြိုးစားခဲ့ကြတယ်။အဖေဟာ သူများအိမ်တွေမှာအိမ်ခေါင်အငှားမိုး၊မြက်ကွင်းရက်(ဝါးထရံရက်)၊ မိလ္လာကျင်းတူးအလုပ်တွေနဲ့ သူရင်းငှားလုပ်နေချိန်မှာ အမေက သူဌေးအိမ်တွေမှာ အဝတ်အငှားလျှော်ဘဝကို ဒိုးတူပေါင်ဖက် ခံယူခဲ့တယ်။ သားသမီးတွေရဲ့ ပညာရေးနဲ့ မိသားစုကိုးယောက်ရဲ့ စားဝတ်နေရေးအတွက်နှစ်ပေါင်းများစွာယိုင်နဲ့လာခဲ့တဲ့ကမ်းပါးကြီးမပြိုကျရေးကိုအားသွန်လို့ ရုန်းကန်ခဲ့ကြတယ်။

ကျွန်တော် ကြီးကောင်ဝင်လာစချိန်မှာ စိတ်ခံစားချက်ကိုအလေးပေးတတ်တစ်ယောက်အဖြစ် ရုပ်လုံးပေါ်လာပြန်တယ်။ ကျွန်တော့်အစ်ကိုတွေတီးခဲ့တဲ့ ဂစ်တာလေးနဲ့ နားရည်ဝနေတဲ့သီချင်းတွေကို ကောင်းကောင်းတီးခေါက်တတ်လာခဲ့တယ်။ဂစ်တာပိုက်ပြီး လမ်းဘေးအုတ်ခုံပေါ်မှာ ညလုံးပေါက် ခရီးဆန့်လာတတ်ခဲ့တယ်။ညကောင်းကင်နဲ့ ကြယ်တွေကိုကြည့်ရင်း ကဗျာလေးတွေရေးဖွဲ့ တတ်လာခဲ့တယ်။ဆေးလိပ်နဲ့အရက်ကိုစမ်းသပ်သောက်တတ်လာခဲ့တယ်။နီတာရဲနတ်ခမ်းလွှာလေးကို မစို့မပို့ ရင်ခုန်တတ်လာခဲ့တယ်။ အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီး အမေ့အိမ်လေးကိုဆန့်ကျင်တတ်လာခဲ့တယ်။ အဆင်မပြေတဲ့အိမ်ကလေးရဲ့ အားနည်းချက်လက်ညှိုးထိုးပြီး အိမ်မကြာခဏထွက်ပြေးတတ်လာခဲ့တယ်။ ကျွန်တော်ဟာ အမေ့
မျက်ရည်စက်တွေနဲ့ အဖေ့ရဲ့ဒေါသတွေကို အကြိမ်ကြိမ်အခါခါ ထုတ်ယူစားသုံးခဲ့ဖူးတယ်။

ဒါပေမဲ့ အဆိုးရွားဆုံးအခြေအနေတစ်ခုကို မထိန်းနိုင်သိမ်းမရ ကြုံလာတဲ့တစ်နေ့မှာကျွန်တော်ဟာနယ်ကပုစွန်ကန်တစ်ခုမှာ အလုပ်သွားလုပ်ဖို့အတွက်အမေဆီမှာခွင့်တောင်းတယ်။ အမေကခွင့်မပြုပေမယ့်ကျွန်တော်ဇွတ်အတင်းတိုးပြီးတော့ခရီးထွက်ဖြစ်ခဲ့တယ်။ နေ့လယ်ခင်းရဲ့နွေဟာပြင်းပြင်းပြပြပူလို့ ဟိုးအရင်နှစ်တွေတုန်းကလိုနွေကျောင်းပိတ်ရက်တွေကို ကျွန်တော် မပျော်တတ်တော့တာသေချာခဲ့ပါပြီ။

ရက္ခ

၁၁၊ဒီဇင်ဘာ၊၂၀၁၉(ဗုဒ္ဓဟူးနေ့)
စံတော်ချိန်သတင်းစာ၊ ရသစာကဗျာ

အပိုင်း(၂)မျှော်

06/01/2021

ကျွန်တော်တို့ ဒီတစ်ပတ် အတွက်စီစဥ်ထားတဲ့ ဇာတ်ကားလေးကတော့...

The three stooges ဆိုတဲ့ ဟာသဇာတ်ကားလေးပါ။

ဒီကားလေးဟာ 2012 ရုံတင် Comedy/Slapstick ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

ကြာချိန် 1hr 32min ရှိပြီး
Director Bobby Farrelly, Peter Farrelly တို့ရိုက်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Cast တွေအနေနဲ့
Will Sasso, Chris Diamantopoulos နဲ့ Sean Hayes တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားလေးအကြောင်းကတော့

ဒီကားလေးမှာ ကလေးလေးသုံးယောက်ကို Will Wirk မိဘမဲ့ဂေဟာမှာ လူတစ်ယောက်ကထားသွားပါတယ်။
Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ Church sister တွေရဲ့ နတ်သားလေးသုံးပါးပေါ့၊၊
အတန်ကြာတော့ ဒီကောင်တွေက မျက်နှာပြောင် တလွဲလုပ်တတ်တဲ့ ငချွတ်သုံးကောင် ဖြစ်လာပါ​ရော။
အနှစ်၂၀ကျော်ကြာတဲ့အခါ ဒင်းတို့ ဘဝတစ်လျှောက် လုပ်ခဲ့တဲ့ အလွဲတွေကြောင့် အပျက်စီးကုန်ကျစရိတ်တွေ ပိလာခဲ့တဲ့ မိဘမဲ့ဂေဟာကြီးတစ်ခုလုံးဟာ
အကြွေးတွေနဲ့ ပိတ်သိမ်းခံရမယ့် အခြေအနေ ရောက်လာပါတော့တယ်။
အဲ့တာနဲ့ တစ်နေ့မှာတော့ဘုန်းတော်ကြီးတစ်ယောက်ကရောက်လာပြီး ဂေဟာကိုပိတ်ပစ်ရတော့မယ်ဆိုတာကို လာရောက်ပြောခဲ့ပါတယ်။
အိမ်လို့ခေါ်စရာ မရှိတော့မယ့် အခြေအနေဟာ သူတို့သုံးယောက်တင်မဟုတ်ဘဲ ဂေဟာမှာ နေနေတဲ့ ကလေးတွေအားလုံးပါဝင်ပါတယ်။အဲ့တော့ သူတို့ ဘာတွေဆက်လုပ်ကြမလဲ။
သူတို့သုံးယောက်အနေနဲ့ ဂေဟာမပိတ်ရအောင်ဘယ်လိုတွေလုပ်မလဲ
တင်နေတဲ့ အကြွေးတွေ ကို ရှာပေးဖို့ ပြင်ပ ကိုထွက်လာတဲ့အခါ. . .
ပြင်ပကမ္ဘာကြီးမှာ ဘာတွေထပ်လွဲကြမလဲ. . .
ဘယ်လိုပြဿနာတွေရှာမလိုဆိုတာကို ဟာသလေးနှောပြီ ကြည့်ရမယ့် The Three Stooges.

Relaxation အတွက်သာ မက English အတွက်ရော အသုံးချနိုင်တဲ့ ဇာတ်ကားလေးဖြစ်တာမို့ ဒီတစ်ပတ်အတွက် ရွှေးချယ် တင်ပြပေးလိုက်ရပါတယ်။

အားလုံး Covid ဘေးမှ ကင်ဝေးကြပါစေခင်ဗျာ။

Drive Link
***********
https://drive.google.com/folderview?id=10JMiEDgPRquQ4DlpmsnQ3LLrB-Z7LiM2

Hey Guys! Adminတို့ ညွှန်းထားတဲ့ English Conversation Clubတွေရော Joinဖြစ်ကြရဲ့လား ။ မသိသေးဘူး ဆိုရင်တော့ ရော့ဒီမှာ https:...
04/01/2021

Hey Guys! Adminတို့ ညွှန်းထားတဲ့ English Conversation Clubတွေရော Joinဖြစ်ကြရဲ့လား ။ မသိသေးဘူး ဆိုရင်တော့ ရော့ဒီမှာ https://m.facebook.com/story.php?story_fbid=1120632811687267&id=217256635358227

ဒီနေ့တော့ထူးထူးခြားခြားလေးဖြစ်တဲ့ Facebook ပေါ်မှာဘဲ LIVE နဲ့ Free သင်ကြားပေးနေတဲ့ /ပေးနေဆဲ Class တစ်ခုနဲ့မိတ်ဆက်ပေးမယ်ကွာ။

ဒီ English Class က တစ်ပတ်မှာ ၃ ရက် တစ်ရက်မှာ မိနစ် ၃၀-၆၀ကြားဘဲ သင်ရပြီး လုံးဝ လုံးဝ မပျင်းရဘဲ ဆရာတွေက မေးလိုက် လေ့လာသူတွေက ဖြေလိုက်နဲ့ သိပ်မိုက်လို့ ညွှန်းရဦးမယ်။

English Languageလေ့လာနေကြတဲ့ Learnersကြားမှာတော့" BBC English"လို့ပြောလိုက်ရင် မသိသူရယ်လို့မရှိသလောက်ပါဘဲ။ မရှိဆို သူ့ တင်ဆက်ပုံတွေကလည်း မိုက်တာကိုး။ Liveနဲ့သင်တာဆိုလို့ သင်ခဲ့ပြီးတဲ့ lesson‌ တွေမဖျက်ပစ်တဲ့အတွက် သင်ပြီးသား Live lessonတွေကလည်း ပြန်လေ့လာလို့ရသလို upcoming liveမှာရော ဘယ်လို Lessonသင်ကြားမယ်ဆိုတာပါ နေ့ရက်နဲ့ Titleနဲ့ တစ်ခါတည်း ကြေညာပြီးသားမို့ ကိုယ်သဘောကျတဲ့ Lessonတွေကို ၀င်ရောက်သင်ယူနိုင်တာပေါ့ အပတ်စဉ် (Tuesday, Wednesday & Thursday) ရဲ့ ည 8:30 pm နော်။

ကဲ ဟုတ်ပြီ ။တစ်ပတ်သုံးရက်က ဘာတွေအဓိက သင်ပေးလို့လဲ။ Grammar& Pronunciation,...စတာတွေကို ဆရာ၊ဆရာမတွေလည်းတက်တက်ကြွကြွသင်ပေးကြသလို Comment sectionမှာလည်း တစ်ကမ္ဘာလုံးက learnersတွေက သူ့ထက်ငါ အပြိုင်ဖြေကြ၊ ဪ ပြီးတော့ ရှင်းပြနေရင်း နားမလည်တာ သိချင်ရှိတဲ့အခါလည်း comment မှာမေးလို့ရတော့ စိတ်ဝင်စားဖို့ကောင်းပြီး အကျိုးရှိတာမို့ Adminတို့ရဲ့ Buddiesလေးတွေကို တိတ်တိတ်လေး လက်တို့လိုက်ပြီမို့ ကပ်ကြီးမှာ အပျင်းမတစ်ကြရအောင် sharingလုပ်ပေးရမှာက Adminတို့ရဲ့ တာဝန်မို့ ကဲဒီနေ့တော့ ဒီလောက်နဲ့ဘဲ တာ့တာပါ။



အမေ၏အသုဘ****************     ကျွန်တော်သည် မဂ္ဂဇင်းများတွင် သက်မဲ့ရုပ်ဝတ္ထုပစ္စည်းများ နှင့်ပတ်သက်၍ စာတမ်းငယ်များရေးသားလာ...
03/01/2021

အမေ၏အသုဘ
****************

ကျွန်တော်သည် မဂ္ဂဇင်းများတွင် သက်မဲ့ရုပ်ဝတ္ထုပစ္စည်းများ နှင့်ပတ်သက်၍ စာတမ်းငယ်များရေးသားလာခဲ့သည်မှာ လပေါင်းအတန် ကြာခဲ့ပါပြီ။ အထူးသဖြင့် ကျွန်တော်ပိုင်ဆိုင်ခဲ့သော ပစ္စည်းများအကြောင်း ဖြစ်ပြီး ကြိုကြားဆိုသလို ကျွန်တော် ပတ်သက်ဆက်နွယ်ခဲ့သော ပစ္စည်များအကြောင်းဖြစ်ပါသည်။ ယခုရေးသားမည့်အကြောင်းအရာမှာလည်း မိခင်ကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ခန္ဓာနှင့်ပတ်သက်နေသည်ဖြစ်ရာ သက်မဲ့ပစ္စည်းဟူ၍ပင် ဗုဒ္ဓဘာသာအလိုအားဖြင့် ယူဆသဖြင့် အထက်ပါ စာစုစာရင်း သွတ်သွင်းမိပါသည်။

မိခင်ကြီးသည် (၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက် ၊ နံနက်၁ဝနာရီခန့် )တွင် ကံကုန်ပါသည်။ သာမန်ပင်စင်စားကျောင်းဆရာမကြီး တစ်ဦးမျှသာဖြစ်သော မိခင်ကြီးအား “ကံကုန်သည်"ဟု သုံးနှုန်းရသည်မှာ အကြောင်းရှိပါသည်။ ကျွန်တော်၏လက်ရှိ အသက်အရွယ်အရ ဘာသာ ရေးတွင် ပိုပြီးသက်ဝင်နေလေရာ ကျွန်တော့်မိခင်ကြီးသည် နတ်ရွာလားမည် ဧကန်ဟု ယုံကြည်မိသောကြောင့် တစ်ကြောင်းဖြစ်ပါသည် ။ နောက် တစ်ကြောင်းမှာ ကျွန်တော်သည် စာရေးဆရာတစ်ဦးဖြစ်နေပြန်ရာ စကားလုံး ၊ ဝေါဟာရများအား ပစ်ပေါက်ကစားပိုင်ခွင့် အသုံးချ၍ “ကွယ်လွန်ခြင်း” ဟူသည့် ဝေါဟာရကိုလှည့်စားမိခြင်းဖြစ်ပါသည်း ထိုသို့ သုံးနှုန်းမိစေရန် မှာလည်း ကျွန်တော့်တွင် ခိုင်လုံသော ယုံကြည်စရာအချက်အချို့ရှိခဲ့ပါ သည် ။ ထူးထူးခြားခြားမဟုတ်သော်လည်း ကိုယ့်ဘက်ကိုယ်ယက်တတ် သော လူ့သဘာဝ သဘောအရ သာမန်ကိစ္စသည်ပင် မှတ်မှတ်ထင်ထင် ဖြစ်ရပါသည်။ ကျွန်တော့်မိခင်ကြီးသည် တရားဖြင့်နေခဲ့ပြီး တရားဖြင့်ပင် အသေတတ်ခဲ့လေရာ နတ်ရွာလားမည့်နိမိတ်သည် သူ၏နှုတ်ခမ်းပါး၌ အပြံုးရိပ်ကို တန်ဆာဆင်ရင်း ပြသခဲ့လေသည်။

“အသုဘ" ရုပ်အလောင်း၏ မျက်နှာပြင်များသည် အများအား ဖြင့် ပြံုးခဲပါသည်။ တည်တည်ငြိမ်ငြိမ်က များပါသည် ။ အချို့ကမူ ပါးစပ် အဟောင်းသားနှင့် ကြည့်မကောင်းလှပေ။ အနည်းငယ်သော ရုပ် ၊ အလောင်းတို့ကမူပြံုးယောင်သန်းကြလေသည်။ထိုအထဲတွင် ကျွန်တော် မိခင်ကြီး၏ ရုပ်အလောင်းမျက်နှာပါဝင်ပါသည် ။ ဒါသည် အထူးအဆန်း ကြီးမဟုတ်သော်လည်း နည်းနည်းထူးခြားသည်မှာ မိခင်ကြီး မကွယ်လွန်မီ အချိန်ပိုင်းကလေးက အဖြစ်အပျက်ဖြစ်ပါသည် ။ အကြမ်းဖျဉ်းဆိုရပါမူ ဇောငါးတန်ပြန်နေသော အချိန်ဟုဆိုရပါမည်း။ထိုသို့ ဆိုသဖြင့် ဖျတ်ဖျတ် လူးတော့ဖြင့် မဟုတ်ရှာပါပေ။ မျက်နှာအမူအရာအားဖြင့် မခံချိ မခံသာ သောဟန်ပေါ်ပေါက်နေခြင်းကို ဆိုပါသည်။ ဝေဒနာကိုကြိတ်မှိတ်ခံစား နေရမှန်း သိသာပါသည်။ တစ်ဖက်က သူ့ကိုယ်သူ သတိဖြင့် ထိန်းချုပ်နိုင် သဖြင့် ရုပ်ပျက်ဆင်းပျက်တော့ကား မဖြစ်ခဲ့ပေ။ မည်သို့ပင်ရှိစေ ထို တဒင်္ဂကလေးတွင် ကျွန်တော် နှင့် အစ်ကိုကြီးမောင်ဝဏ္ဏတို့သည် တတ်သမျှ မှတ်သမျှနှုတ်အားဖြင့် ကျေးဇူးပြုနေမိကြပါသည်။

အစ်ကိုကြီးမောင်ဝဏ္ဏသည် ဘာသာရေး၌ပို၍ ကိုင်းရှိုင်းသူဖြစ်လေရာ သူကဘာသာရေးဘက် ၌ ပို၍ ကျွမ်းဝင်နှံ့စပ်ပါသည်။ အမေ၏နားသို့ ကပ်ပြီး တတွတ်တွတ်တိုးညှင်းစွာ ရွတ်ဆိုပေးရှာပါသည် ။ သူဘာကြောင့် ရွတ်ဆိုပေးနေမှန်း ကျွန်တော်သိသော်လည်း အဓိပ္ပါယ်ကိုကားမသိပါပေ။ သို့သော် ရိုးရိုးပြောရလျှင် ကျွန်တော့်စိတ်ထဲတွင် ထိုကိစ္စအတွက် သိပ်ပြီး ဘဝင်မကျပေ။ အကြောင်းမှာ အမေသည် တစ်သက်လုံးဘုရား တရားနှင့် နေထိုင်လာခဲ့သည်သာမက ကျွန်တော်တို့အား အရွယ်နှင့်အမျှ လိုက် လျောညီထွေစွာ တရားဓမ္မများကို သင်ကြားပေးခဲ့သူဖြစ်ပေရာ အစ်ကိုကြီး ၏ ယခုလုပ်ရပ်မှာ မိချောင်းမင်းရေခင်းပြသလို ဖြစ်နေသည်ဟု ထင်မိ သောကြောင့်ပင်။ သို့ရာတွင် တစ်ဖက်မှစဉ်းစားပြန်သောအခါ စောစောကပြောသလိုမိခင်ကြီးမှာ‌ေဇာငါးတန်ပြန်နေသောအချိန်ဖြစ်သဖြင့် သတိလက်လွတ် ဖြစ်ကောင်းလည်း ဖြစ်နေရှာပါလိမ့်မည်။ သို့မဟုတ်ပါကလည်း သတိရတစ်ချက်မရတစ်ချက် ဖြစ်နေရှာပါလိမ့်မည် ။ ထို့ကြောင့် အစ်ကိုကြီး၏လုပ်ရပ်သည် အကျိုးရှိချင်လည်းရှိနိုင်ပါသည်။ မည်သို့ပင်ရှိစေ ထိုကိစ္စသည်အကျိုးတော့မယုတ်နိုင်ပါပေ။

ကျွန်တော်ကမူ ကိုယ့်စိတ်ကူးနှင့်ကိုယ် ကျေးဇူးဆပ်ပါသည်။ကျွန်တော်ကျေးဇူးဆပ်
ပုံမှာ ခုလိုသေငင်ဇောနှင့် မြောနေချိန်မှသာမဟုတ် ။ မိခင်ကြီးနာမကျန်းဖြစ်စမှ စ၍ ပုံမှန်သွားရောက်ပြီး စကားစမြည်ပြောဆို ခြင်းဖြစ်ပါသည် ။ သက်ကြီးရွယ်အိုတို့၏ အသက်ကယ်ဆေးမှာ စကားစမြည် အာလာပသလ္လာပပြောဆိုခြင်းဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်သည် မိခင်ကြီးအား သွားရောက်ပြောဆိုသော စကားများမှာ မိခင်ကြီး၏ ပြုမြဲဖြစ်ခဲ့သော “အလှူဒါန ”ကိစ္စများဖြစ်ပါသည်။“အလှူဒါန" ဆိုသော်လည်း “ဘုရားတည် ကျောင်းဆောက်" ဟူသော ကြီးမားမြင့်မြတ်သည့် ဒါနကြီးများ မဟုတ်ပါပေ။ နေ့စဉ်သဒ္ဒါတတ်အားသရွေ့ လှူဒါန်း သော ကုသိုလ်သေးသေးလေးများမျှသာ ဖြစ်ပါသည် ။ ဥပမာ ကျွန်တော်တို့ သာဓုခြံသည် မိသားစုများ၊ အလုပ်သမားများ၊ ဆွေမျိုးသားချင်းများဖြင့် စုပေါင်းကန့်သတ်နေထိုင်ကြသော ရပ်ကွက်သဘော ရုပ်ရှင်ခြံကြီးဖြစ်လေ ရာ လူမျိုးစုံ အဆင့်အတန်းစုံဖြစ်ပါသည်။

အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများပါသည်။ အမေသည် သူ့ လက်ထဲ ငွေကြေးကလေးအဆင်ပြေလျှင် ချဉ်ရည်ဟင်း၊ ပဲဟင်း စသည် ကို ဟင်းအိုးကြီးတစ်အိုးချက်၍ ခြံထဲရှိနွမ်းပါးသောမိသားစုများအား ဝေငှ ပါသည်။ “ဒါဟာ အလှူပဲသားရဲ့"
ဟု ကျွန်တော့်အားပြောပါသည် ။ ရပ်ကွက်ကြီးလိုဖြစ်နေသော ခြံထဲသို့ နေ့စဉ်ဆိုသလို လမ်းလျှောက် ဈေးသည်များ ဥဒဟိုဝင်ထွက်သွားလာရောင်းဝယ်ကြပါသည် ။ လာသမျှ သောအသည်များကို ကြုံသလိုအမေက ခေါ်ယူပြီး ဝယ်ယူပါသည် ။ အချို့ ရောင်းမကောင်းသောအသည်များထံမှဆိုလျှင် ဗန်းပြောင်အောင်ဝယ်ပါ သည်။ ပြီးလျှင်ခြံထဲရှိ ဆင်းရဲနွမ်းပါးသူများ၊ ကလေးငယ်များအား ဝေငှ ကျွေးမွေး ပါသည် ။ ထိုနည်းတူ တံမြက်စည်းသည်၊ပလုတ်တုတ်တုတ်သည် စသဖြင့် သေးသေးမွှားမွှား အသည်များသည်လည်း အမေ၏ဖောက်သည် များ ဖြစ်ကြပါသည် ။ မကြာမကြာတွင်လည်း ရပ်ဝေးမှ ဆွေဆိုးမျိုးဆိုး နွမ်းပါးသူများသည် အမေ့ထံလာရောက်တတ်ကြလေရာ ထိုအခါလည်းအမေက မုန့်ဖိုးပဲဖိုးပေးတတ်ပါသည်။ အများအားဖြင့် အမေသည် သူ ဝယ်ယူအားပေးခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းကိစ္စများအတွက် ကုန်ကျ ငွေကြေးများကို အိမ်ချင်းကပ်နေသော ကျွန်တော့်ထံစေလွှတ်၍ ငွေရှင်း ခိုင်းတတ်ပါသည်။ အမေ့တွင် ဝင်ငွေ မရှိရှာပေ။ ကျွန်တော်က ဒိုင်ခံရှင်းရပေသည်။

သို့သော် ကျွန်တော်ကလည်း ထိုအတွက်မငြူစူပါ။ အကြောင်း မှာ တစ်နေ့တစ်နေ့ ထိုသို့အမေလှူသည်ဆိုအပ်သော ထိုငွေကြေးပမာဏ မှာ ကျွန်တော့်အဖို့ မပြောပလောက်သောကြောင့်ပင် ။ တစ်ခါတစ်ရံတွင် ကျွန်တော့်ဇနီးသည်ကလမ်းလျှောက်ဈေးသည်များ၏ ပစ္စည်းများဈေးကြီး တတ်ကြောင်း အထွန့်တက်မိလျှင် အမေက “သမီးရယ် သူတို့ခမျာမှာ နေပူမိုးရွာမရှောင် သွားလာလုပ်ကိုင်စားသောက်ရရှာတာမို့ အဲဒီအတွက် ဈေးတင်ရတာ ၊ တန်ပါတယ်ကွယ် ” ဟု အကောင်းမြင်ပြတတ်ပါသည် ။ “ဘာပဲဖြစ်ဖြစ်အဲဒါဟာ အမေအလှူလုပ်နေတာပါ"ဟူ၍လည်း ဒါနပါရမီ အသေးစားအကြောင်းကို ဋီကာချဲ့ပြပါသည် ။

ထိုထိုသော အမေ၏ပြုခဲ့ဖူးသည့် “ဒါနသေးသေး” ကလေးများ အကြောင်းကို မိခင်ကြီးနာမကျန်းဖြစ်ချိန်တွင်လည်းကောင်း၊ သေငင်ဇော နှင့်မြောနေချိန်တွင်လည်းကောင်း၊ ကျွန်တော်ကလည်း ပြန်၍ပြောပြရင်း ကျေးဇူးဆပ်ခဲ့ပါသည်။ သတိလည်လာသောအခါမျိုး၌ အမေက တိုးညှင်းစွာ 'သာဓု' ခေါ်ရှာပါသည်။ ထိုသို့ အစ်ကိုကြီးမောင်ဝဏ္ဏ၏ တရားစာရွတ်ပြခြင်း၊ကျွန်တော်၏ 'အမေ့အလှူအကြောင်း ပြန်သတိရစေခြင်း” အကျိုး ဆက်များကအမေ့အား (မရိုသေ့စကား)သေပန်းပွင့်စေခဲ့သည်ဟု ယုံကြည် ပါသည်။ အမေကွယ်လွန်တော့ ပြုံးနေသည်မှာ ထိုအကျိုးဆက်ဖြစ်ပါလိမ့် မည်။ ထိုအပြုံးသည် အမေနတ်ရွာလားမည့် နိမိတ်ဟူ၍လည်း ရိုးရိုးကြီးပင် မှတ်ထင်ပါသည်။

အမေကွယ်လွန်သောအခါ ပရိသတ်စည်ကားပါသည်။ သူ့ ခင်ပွန်း၊ ဖခင်၏မိတ်ဆွေများ၊ သူ့မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ၊ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ၏ အပေါင်းအသင်းများ စသည်ဖြင့် စာပေ ၊ ဂီတ ရုပ်ရှင်အသိုင်းအဝိုင်းမှပုဂ္ဂိုလ်များ အသီးသီး ဂါရဝပြုရောက်ရှိကြပါသည်။ စကားမစပ်ပြောရပါလျှင် အမေ၏အကြောင်းကို မကြာ ခဏရေးတတ်သော ကျွန်တော်၏စာဖတ်ပရိသတ်များကလည်း (မမြင်ဖူး ကြသည့်တိုင်) စာထဲပေထဲမြင်ယောင်ထားသဖြင့် ခင်မင်ရင်းစွဲဖြင့် ရောက် ရှိလာကြပါသည်။

အမေ၏ အသုဘသည် စည်ကား သိုက်မြိုက်လှပါသည်။ ကျွန်တော်တို့သည် ငွေကြေးကျိကျိတက် မကြွယ်ဝကြသော်လည်း ပညာ ချမ်းသာသူများဖြစ်ကြလေရာ အမေ့အသုဘမှာ ဂုဏ်ရှိနေခဲ့မိပါသည် ။ သို့သော် အသုဘတစ်ခုတွင်ငွေကြေးစသော ကုန်ကျစရိတ်သည်လည်း မရှိမဖြစ်လိုအပ်သည်ပင်ဖြစ်ပါသည်။ ထိုကိစ္စသည်လည်း အလိုလိုအဆင် ပြေသွားခဲ့ပါသည်။ အမေ၏ကုသိုလ်ဟုပင် ဆိုရပါလိမ့်မည် ။

အမေကွယ်လွန်တော့ အသက် (၈၇ )နှစ်ရှိပြီဖြစ်လေရာ လူ့ဘဝ သက်တမ်းစေ့ နေနိုင်ခဲ့သည်ဟု ဆိုရပါမည်။ ရောဂါကြီးကြီးကျယ်ကျယ် မရှိဘဲ မီးစာကုန်ဆီခန်းသဘောမို့ တရားဖြင့် ဖြေနိုင်ခဲ့ကြပါသည် ။ထို့ကြောင့် ကျွန်တော်တို့အပါအဝင်လာရောက်အသုဘရှုကြသော ပရိတ်များ မှာ ဣ‌ေန္နြရရပင် ဂါရဝပြုနိုင်ခဲ့ကြပါသည်။မျက်ရည်ဆိုရုံမျှသာ ဝမ်းနည်း ရိပ်ပြကြပါသည်။အော်ကြီးဟစ်ကျယ်ငိုယိုမြည်တမ်းခြင်းမျိုး မရှိကြပါ။

အမေသည် ကျွန်တော့်၏ ညီငယ်များဖြစ်ကြသည့် `ကိုရူပ နှင့်' ၊ "ကိုဉာဏ်ပေါ်”တို့နှင့် အတူနေရင်း ကွယ်လွန်သည်ဖြစ်ရာ ထိုအိမ်မှာပင် အသုဘအစီအစဉ်ကို ပြုလုပ်ရပါသည် ။ ထိုအခါ ဧည့်သည်များကိုလည်း ထိုအိမ်မှာပင် ဧည့်ဝတ်ပြုရပါသည်။ ကျွန်တော့်ဧည့်သည်များလည်း ထို အိမ်သို့ သွားရောက်ကြရပါသည်။ ကျွန်တော်တို့လည်း ထိုအိမ်မှာသာ သွား၍ ဧည့်ခံနေရပါသည်။

ထိုတွင် ထူးထူးခြားခြားဧည့်သည်အချို့ ပေါ်ပေါက်လာပါသည် အခြားမဟုတ်ပါပေ။ စောစောကပြောခဲ့သော အမေ၏ဖောက်သည် ‘လမ်း လျှောက်ဈေးသည်' များပင် ဖြစ်ပါသည်။ သူတို့သည် အမေရှိစဉ်က “အမေ ကဝယ်ကျွန်တော်ကငွေရှင်း"ဟူသော ထုံးတမ်းစဉ်လာရှိခဲ့သဖြင့် ကျွန်တော့် အိမ်သို့ အဝင်အထွက် ရှိနေ ခဲ့ပါသည်။ အိမ်ချင်းကလည်းကပ်လျက် ဖြစ်ပါသည်။ ခုနှယ်ခါ အမေဆုံးတော့ အမေ့အိမ်မှာ ဧည့်ပရိသတ် လူသူလေးပါးက စုံလင်လှပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြ၊ ဧည့်၀တ်ပြုကြ ၊ စားကြသောက်ကြနှင့် စည်ကားနေပါသည် ။ စောစောကပြောသလို ဧည့်သည်ဆိုသော်လည်း တစ်ယောက်နှင့် တစ်ယောက် သိနှင့်ပြီး ရင်းနှီးပြီးသားတွေမဟုတ်ပါလား။ ထိုအုပ်စုများထဲသို့ လမ်းလျှောက်‌ေစျးသည်များက ၀င်မတိုးရဲကြရှာပေ။သူတို့လည်း 'အမေ' နှင့် 'ကျွန်တော့်ကိုသာ သိကြရှာသည် ။ သူတို့သည် အမေ့ကို ကျေးဇူးရှင် ကြီးအဖြစ် နောက်ဆုံးဂါရ၀ပြုလိုကြသည်။ သို့သော်လူတောတိုးရမှာ ခက် နေကြသည်။ အခက်ခဲဆုံးပြဿနာမှာ သူတို့သည် ရိုးသားသော လမ်းလျှောက်ဈေးသည်ဘဝ ၊ အမေ့အသုဘမှာ အော်ကြီးဟစ်ကျယ် ပို့ချချင် နေကြသည်။ ခက်တာက ငြိမ်ဆိတ်အေးချမ်းနေသော ပရိသတ်ကြားမှာ သူတို့ရင်ဖွင့်ဖို့ ခက်ခဲနေကြလေသည်။

ထိုအခါ ထိုအခက်အခဲကိုသိသော ကျွန်တော်က အစီအစဉ် သုံးရပါတော့သည်။ သူတို့ကို ကျွန်တော့်အိမ်သို့ သီးသန့်ခေါ်ထုတ်ရသည်။ သူတို့နှင့်အတူ သူတို့၏ဈေးတောင်း၊ အထမ်းများလည်း ပါလာလေသည် ။ ဟုတ်ပါ့၊ သူတို့သည် တကူးတကန့် အသုဘရှုလာနိုင်သည်မဟုတ်။ ထမင်း တစ်လုတ်အတွက် ဈေးလည်ရောင်းရင်း သူတို့ကျေးဇူးရှင် “အဘွားညို"ကို လမ်းကြုံဝင်ကန်တော့ကြတာဖြစ်သည် ။

ကျွန်တော့်အိမ်သို့ရောက်သောအခါ အိမ်ထဲသို့ပင်မဝင်နိုင်။ ဆင်ဝင်အောက်ရောက်သည်နှင့် တစ်ပြိုင်နက် သူတို့ဈေးတောင်း၊ အထမ်း ကလေးများကို ဖျတ်ခနဲချကာ “အောင်မလေးဘွားညိုကြီးရဲ့”ဟု ခပ်အုပ် အုပ် အော်ဟစ်ငိုကြွေးကြရှာလေသတည်း။

သုမောင်
အမှတ်-၂၈၊ ၂၀၀၉၊ မေ
Health for All

Address

Yangon

Telephone

+959798204402

Website

Alerts

Be the first to know and let us send you an email when TBELC Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to TBELC Library:

Share

Category