Let's Read

Let's Read Let's read to have a better life.

29/02/2024

လူငယ်တော်တော်များများဟာ
ကိုယ့်ကို "မင်း တန်ဖိုးမရှိတဲ့ကောင်လို့" ပြောရင်
သိပ်စိတ်ဆိုးတာဘဲ။

အဲတော့ " တန်ဖိုး " ဆိုတာ ဘာလဲ လို့ မေးလိုက်ရင်
အကုန် ကြောင်တောင်တောင်နဲ့
ဘာဖြေရမှန်းမသိကြတော့ဘူး ။

တကယ်တော့ '' တန်ဖိုး '' ဆိုတာ
သဘာဝ ကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား။
အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊
ငါသွားခွာလည်း ရတယ်၊
သဘာဝက အလကား ပေးထားတာလေ၊

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး
ငါက သွားခွာပြီးလောက်စလုံး
လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊
လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်း လို့ ရတယ်။
သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
" တန်ဖိုး '' တက် မသွားဘူးလား။

ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။
လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွား ပေဘူးလား။

ငါတို့တွေ လေကို အလကား မရှူရဘူးလား၊
ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊
မင်းက အကိုရယ် လေအလကား ရတာပဲလို့
ပြောကြည့်ပါလား၊
မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ
သဘာဝလို့ဘဲဆိုပါတော့၊
ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက် လာမှာပါပဲလို့ ငါပြောချင်တယ်။

#ဖတ်ရှုမျှဝေခြင်း

#ဆရာကြီး ဦးအောင်သင်း(လူငယ်များအတွက်လက်ဆင့်ကမ်းသြဝါဒ)

စည်းကမ်းဟာ အိမ်က စတယ်။စည်းကမ်းဟာ အမေဆီက စတယ်။ငယ်စဥ်က အသေးအမွှားလေးကအစ လိုက်ပြောနေတော့တာပဲ။တစ်ချို့အရာတွေက ငယ်သေးလို့မသိတ...
09/02/2024

စည်းကမ်းဟာ အိမ်က စတယ်။
စည်းကမ်းဟာ အမေဆီက စတယ်။

ငယ်စဥ်က အသေးအမွှားလေးကအစ လိုက်ပြောနေတော့တာပဲ။
တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပါ။
ကြီးလာတော့လဲ သူ့ဟာသူ စည်းကမ်းရှိသွားမှာပဲလို့
တွေးမိခဲ့ဖူးတယ်။

အရွယ်​ရောက်လာတော့
ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက်အဖြစ်၊
အဆင့်အတန်းရှိရှိနေတတ်တဲ့သူတစ်ယောက်အဖြစ်
သွန်သင်ပေးလိုက်တာကို ကျေးဇူးတင်မိတယ် ။

အိမ်သာတက်ပြီးရင် မီးပြန်ပိတ်တာ၊ရေချိုးခန်းမီးကို ပြန်ပိတ်တာ၊
သူများဖိနပ်ကိုတိုက်မိသွားရင် နေရာတကျပြန်ထားပေးတာ၊
ကိုယ့်ရဲ့ အရောင်စွန်းတတ်တဲ့ အဝတ်အစားတွေကို
သူများအင်္ကျီအဝတ်​အထည်တွေနားကပ်မလှန်းရတာကအစ
အသေးအဖွဲ့လေးတွေဆိုပေမယ့် ဒီလိုအလေ့အကျင့်ကောင်းလေးတွေ
ကိုယ့်မှာရှိနေတာကိုပဲ ကျေနပ်ပီတိ​ဖြစ်ရမိပြန်တယ်။

ပတ်ဝန်းကျင်မှာ ကိုယ်အဆင်ပြေပီးတာပဲဆိုတဲ့ လူလူချင်း
ကိုယ်ချင်းမစာတတ်မှု၊လူအချင်းချင်းနားမလည်မှုတစ်ချို့ကို
မြင်တွေ့နေရတာတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ် ။

ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတယ်။
ထမင်းစားတဲ့အခါ အသံမမြည်စေနဲ့။ထမင်းလုံးတွေ မဖိတ်စေနဲ့။
ဟင်းချိုသောက်ရင် အသံမမြည်စေနဲ့။ ဒီလို ငယ်စဥ်ကတည်းက
သင်ပြခံထားရတော့ ကိုယ့်အပြုအမူကြောင့် အတူတူထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်တော့ဘူးပေါ့။

စကားအပြောအဆိုဟာလဲ လူတစ်ယောက်ရဲ့ အဆင့်အတန်းပဲ။
ဒီစကားကို ပြောသင့်သလား၊မပြောသင့်လားမသိဘဲ
လျောက်ပြောနေတာက ကိုယ့်ကိုလူအထင်သေးခံရစေတယ်။

ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့၊
လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြောရတယ်၊
လူကြီး​တွေအရှေ့ကသွားရင် ခေါင်းငုံ့ပြီးတော့သွား စတဲ့
ငယ်ငယ်က ဆုံးမခဲ့တာလေးတွေက သိပ်အဖိုးတန်တယ်။

စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေပါတယ်။
စည်းကမ်းမရှိလို့၊ယဉ်ကျေးမှုမရှိလို့၊လူမှုရေးနားမလည်လို့ဆိုတဲ့
လူတွေက​တော့ လူ့ပတ်ဝန်းကျင် သူတို့ရဲ့ပုံရိပ်တွေဟာ
လူ့အသိုင်းအဝိုင်းမှာ သိသိသာသာ ကျဆင်းသွားပါပြီ။
တစ်နည်းအားဖြင့်
ကိုယ့်ပုံရိပ်ဟာ ကိုယ့်မိဘရဲ့ပုံရိပ်၊ ကိုယ့်အသိုင်းအဝိုင်းရဲ့ပုံရိပ်ပါပဲ။

#ဖတ်ရှုမျှဝေခြင်း (၉)

 # မျှမျှတတ နေတတ်ပါစေ။  #***************************စိတ် အကောင်းလွန်တာက ဘာနဲ့တူသလဲဆိုရင် ကိုယ့်ကိုယ်ကိုမီးရှို့ပြီး သူမျ...
25/01/2024

# မျှမျှတတ နေတတ်ပါစေ။ #
***************************
စိတ် အကောင်းလွန်တာက ဘာနဲ့တူသလဲဆိုရင်
ကိုယ့်ကိုယ်ကိုမီးရှို့ပြီး သူများကို အလင်းရစေတာ၊
အနွေးဓာတ်ရစေတာနဲ့ တူပါတယ်။

သူများအတွက်ပဲ တွေးပြီး ကိုယ့်ကိုယ်ကို မတွေးပေးတာ ဖြစ်ပါတယ်။
သူတစ်ပါးအဆင်ပြေဖို့အတွက် ကိုယ့်ကိုယ်ကိုဒုက္ခပေးတာဖြစ်ပါတယ်။

စိတ်အကောင်းလွန်တယ်ဆိုတာ တကယ်တော့
ကိုယ့်ကိုယ်ကို မချစ်တာ ဖြစ်ပါတယ်။
လူဆိုတာ သူများကိုကောင်းပေးရမှာဖြစ်သလို
ကိုယ့်ကိုယ်ကိုလည်း ကောင်းပေးရမယ် မဟုတ်ပါလား။

စိတ်ကောင်းထားတာ၊ ကြင်နာတတ်တာဟာ ကောင်းပါတယ်။

ဒါပေမယ့် စိတ်အကောင်းလွန်တာ၊အကြင်နာလွန်တာကတော့
လုံးဝ မကောင်းပါဘူး။

လူ့လောကဆိုတာဟာ အကောင်းအဆိုးမျှတရာနေရာ၊
အကျိုးအပြစ်မျှတရာနေရာ ဖြစ်ပါတယ်။

စိတ်ကောင်းထားတာ၊ ကြင်နာတတ်တာက ဖြစ်သင့်ဖြစ်ထိုက်တယ်
ဆိုပေမယ့် အလွန်ဖြစ်လာတဲ့အခါ ကိုယ်ဟာ တုံးအတဲ့သူတစ်ဦးလို့ သတ်မှတ်ခံရပါမယ်။လူတွေရဲ့ အထင်အမြင်သေးခြင်းကို
ခံစားရပါမယ်။ကိုယ်ရသင့်တဲ့ ​လေးစားခံရမှုတွေ မရရှိနိုင်ပါဘူး။
အကြိမ်ကြိမ် သစ္စာဖောက်ခံရနိုင်ပါတယ်။မဆုံးရှုံးသင့်တာတွေ
ဆုံးရှုံးရပါိလိမ့်မယ်။

ကိုယ်ဟာ စိတ်အကောင်းလွန်နေတဲ့သူလားဆိုတာ
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။ ပြီးရင် သူတစ်ပါးအတွက်ရော၊မိမိအတွက်ရော အကျိုးမယုတ်​စေပဲ မျှမျှတတနေတတ်အောင် ကြိုးစားပါ။

တစ်ကိုယ်ကောင်းဆန်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုပစ်ပယ်ခြင်းမျိုးမဖြစ်အောင်
ဒီအစွန်းနှစ်ဖက်ရဲ့အလယ်က ကိုယ့်ကိုယ်ကိုချစ်ခြင်းကို ရှာဖွေပါ။

စိတ်ပုပ်စိတ်ယုတ်လည်း မထားနဲ့။
စိတ်ကောင်းလည်း မလွန်နဲ့။
မျှတစွာ ရှင်သန်ပါ။

#ဖတ်ရှုမျှဝေခြင်း (၈)

 # အဘွားအိုနှင့်ဘဏ်ဝန်ထမ်း  #တစ်ခါက အဘွားအိုတစ်ယောက်ဟာ ဘဏ်ငယ်လေးတစ်ခုထဲ ဝင်လာတယ်။ သူမဟာ ကောင်တာတစ်ခုက ဘဏ်ဝန်ထမ်းကို သူ့ရ...
25/01/2024

# အဘွားအိုနှင့်ဘဏ်ဝန်ထမ်း #

တစ်ခါက အဘွားအိုတစ်ယောက်ဟာ ဘဏ်ငယ်လေးတစ်ခုထဲ
ဝင်လာတယ်။
သူမဟာ ကောင်တာတစ်ခုက ဘဏ်ဝန်ထမ်းကို သူ့ရဲ့မှတ်ပုံတင်ကတ်ပြားပေးရင်း"ဒေါ်လာတစ်ဆယ် ထုတ်ချင်လို့ပါကွယ်" လို့
ပြောလိုက်တယ်။

ဝန်ထမ်းက "ဒေါ်လာတစ်ဆယ်ပဲ ထုတ်မယ်ဆိုရင် ဘဏ်အပြင်က ATM စက်တွေမှာ ထုတ်လို့ရပါတယ်။ ဘဏ်က ဒေါ်လာတစ်ရာထက်များမှပဲ ထုတ်ပေးပါတယ်" လို့ ပြောပြီး အဘွားအိုရဲ့ မှတ်ပုံတင်ကို
ပြန်ပေးလိုက်ပါတယ်။

အဘွားအိုက ဘဏ်က ဘာကြောင့် ဒေါ်လာ တစ်ဆယ်ထုတ်မပေးတာလဲလို့ မေးတယ်။ ဘဏ်ဝန်ထမ်းက "အဲဒါ ဒီဘဏ်ရဲ့ စည်းကမ်းချက်ပါ။ အဘွားမှာ တခြားဘဏ်ကိစ္စမရှိတော့ရင် ဘေးဖယ်ပေးပါလားဗျ။ နောက်မှာ တန်းစီနေသူတွေ အများကြီး စောင့်နေကြပါတယ်"လို့ ဘဏ်ဝန်ထမ်းက ပြန်ဖြေပါတယ်။

အဘွားအိုဟာ မှတ်ပုံတင်ကို ကိုင်ပြီး ခဏကြာအောင် စဉ်းစားနေတယ်။ ပြီးမှ ဝန်ထမ်းကို မှတ်ပုံတင် ပြန်ပေးလိုက်ပြီး "ငါ့ရဲ့ဘဏ်အကောင့်ထဲမှာ ရှိတဲ့ ပိုက်ဆံအားလုံးထုတ်ချင်ပါတယ်" လို့ ပြောလိုက်တယ်။

ဘဏ်ဝန်ထမ်းလည်း သူ့ရှေ့က ကွန်ပျူတာမှာ အဘွားအိုရဲ့ ဘဏ်အကောင့်ကို စစ်ကြည့်လိုက်တယ်။ သူ အကြီးအကျယ် အံ့ဩသွားတယ်။ "အဘွားရဲ့ အကောင့်ထဲမှာ ဒေါ်လာ ၅ သိန်း ရှိနေပါတယ်။ဒါပေမယ့်လောလောဆယ် ဘဏ်မှာ အဲဒီလောက်ငွေအများကြီးမရှိလို့
မနက်ဖြန်ကျမှ ပြန်လာထုတ်ပါလား ခင်ဗျာ"လို့ပြန်ပြောပါတယ်။

အဘွားအိုက "ဒါဆိုရင် ငွေဘယ်လောက်ဆိုရင် ချက်ချင်း
ထုတ်ပေးနိုင်မလဲ" လို့ ပြန်​မေးတယ်။
ဘဏ်ဝန်ထမ်းက "ဒေါ်လာ ၃ ထောင်အထိဆိုရင်​တော့
ချက်ချင်းထုတ်ပေးနိုင်ပါတယ်"လို့ ပြန်ဖြေပါတယ်။
"ဒါဆိုလည်း ဒေါ်လာ ၃ ထောင်ထုတ်ပေးပါကွယ်"လို့ပြောလိုက်တယ်။
ဘဏ်ဝန်ထမ်းလည်း ဒေါ်လာ ၃ ထောင်ကို အဘွားအိုကို ထုတ်ပေးလိုက်တယ်။

ဇာတ်လမ်းက ဒီမှာ ပြီးမသွားပါဘူး။
အဘွားအိုဟာ ဘဏ်ဝန်ထမ်းပေးတဲ့ ပိုက်ဆံထုပ်ထဲက ဆယ်ဒေါ်လာတန် တစ်ရွက်ကို ဆွဲထုတ်ပြီး သူ့လက်ဆွဲအိတ်ထဲ ထည့်လိုက်တယ်။
ပြီးတော့မှ ဘဏ်ဝန်ထမ်းကို ပိုက်ဆံထုပ်ပြန်ပေးရင်း "အခုကျန်တဲ့ ဒေါ်လာ ၂၉၉၀ ကို ငါ့အကောင့်ထဲ ပြန်ထည့်ပေးပါ" လို့ ပြောလိုက်ပါတယ်။

#ဖတ်ရှုမျှဝေခြင်း (၇)

မှာတွေ့တဲ့စာစုလေးပါ။
#ဗန်းမော်သိန်းဖေ
၂၀-၀၁-၂၀၂၄

အကြောင်းအမျိုးမျိုးကြောင့် စာအုပ်ဝယ်မဖတ်နိုင်တဲ့ မိတ်​ဆွေများအတွက် files များကိုတင်ပေးလိုက်ပါတယ်။မိမိကြိုက်နှစ်သက်သော စာ...
21/01/2024

အကြောင်းအမျိုးမျိုးကြောင့် စာအုပ်ဝယ်မဖတ်နိုင်တဲ့
မိတ်​ဆွေများအတွက် files များကိုတင်ပေးလိုက်ပါတယ်။
မိမိကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍
ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။
စာအုပ်များပေါ်ထွက်လာလိမ့်မယ်။
ထို့နောက်နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ
download ပြုလုပ်လို့ရပါတယ်။

#မူရင်းပိုင်ရှင်ကို လေးစားစွာ credit ပေးပါတယ်။ #

ကဗျာစာအုပ်များ
https://yadi.sk/d/BQyHLzoufQXPX

ခင်ခင်ထူး
https://yadi.sk/d/KtKuAcbXgVNmj

ချစ်စံဝင်း
https://yadi.sk/d/BU2XKZbugx9Ex

ချစ်ဦးညို
https://yadi.sk/d/rU4MkOd1gApsz

ဂမ္ဘီရစာအုပ်များ
https://yadi.sk/d/dJEyZO6CfQXPZ

စပ်စု
https://yadi.sk/d/i4yJ56s8eut8i

စွယ်စုံကျမ်း
https://yadi.sk/d/FoE5markfQXPj

စာအုပ်ပေါင်းစုံ
https://yadi.sk/d/70hWsKVTfQXPf

ဇာဂနာ
https://yadi.sk/d/mZnPo9MafQXPm

တက္ကသိုလ်ဘုန်းနိုင်
https://yadi.sk/d/8f3aw1u3fQXap

တာရာမင်းဝေ
https://yadi.sk/d/HnHuiehUfQXar

ဒဂုန်ရွှေမျှား
https://yadi.sk/d/zsjJwRs7fhdsq

နတ်နွယ်
https://yadi.sk/d/arnJ0mCBfQXPq

ပါရဂူ
https://yadi.sk/d/KP57Yo1FfQXPu

ပီမိုးနင်း
https://yadi.sk/d/0vl8nWw9fQXav

ပုံပြင် စာအုပ်များ
https://yadi.sk/d/fOBZgOdGfQXax

ဖားအောက်တောရဆရာတော်တရားစာအုပ်များ
https://yadi.sk/d/8K3-VrINiEvoW

ဖိုးကျော့
https://yadi.sk/d/J9bA2LG9fQXb3

ကြူမွှေး
https://yadi.sk/d/GqUc6v3Xk78eX

မင်းသိင်္ခ
https://yadi.sk/d/zseaLkxtfQXb7

မဟာစည်ဆရာတော်အရှင် သောဘန
https://yadi.sk/d/Pr261wIbk78ek

မဟာဗုဒ္ဓဝင် ၆တွဲ ၈အုပ်
https://yadi.sk/d/vnbbTnNCfQXbB

မဟာဆွေ
https://yadi.sk/d/nPcEu--ifQXbM

ငြိမ်းကျော်
https://yadi.sk/d/xTIeW5iek78f5

မြန်မာစာပေဆိုင်ရာ စာအုပ်များ
https://yadi.sk/d/T0EULiToeqNQE

မြန်မာနိင်ငံ ရဟန္တာနှင့်ရဟန်းထူးများ ၂တွဲ
https://yadi.sk/d/_f-KTy9VetZFZ

မြသန်းတင့်
https://yadi.sk/d/Fk5bKmJ_fQXbj

ရဟန်းတော်များထေရုပ္ပတ္တိဆိုင်ရာစာအုပ်များ
https://yadi.sk/d/i8T46pQpgApts

လယ်တွင်းသားစောချစ်
https://yadi.sk/d/ddpA-OC8gx9Fs

သိန်းဖေမြင့်
https://yadi.sk/d/r1Mv3rrUfQXQ2

သုမောင်
https://yadi.sk/d/Dl79Kcb0gx9Fu

အဏ္ဏဝါ စိုးမိုး
https://yadi.sk/d/j4jds1jbfQXbR

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၁
https://yadi.sk/d/-3k8njRHfVbrk

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၂
https://yadi.sk/d/-lbs87odfYWoR

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၃
https://yadi.sk/d/WZz9csP3fauQf

အရှင်ဆန္ဒာဓိက
https://yadi.sk/d/3esbITH6fQXQ4

အရှင်နန္ဒမာလာ
https://yadi.sk/d/OKVjg8nOgApuA

အရိုး
https://yadi.sk/d/OlTVATGtfQXbV

အီကြာကွေး
https://yadi.sk/d/IEZQ_Z_5fQXQ6

အထွေထွေ
https://yadi.sk/d/CM4lUbCCfSfLf

အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၄
https://yadi.sk/d/tVkDeU32gVNnc

အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၅
https://yadi.sk/d/wN7vqdWhgVNne

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၁
https://yadi.sk/d/WV943ctXgVNnk

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၂
https://yadi.sk/d/QBv7Ue-cgVNnp

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၃
https://yadi.sk/d/t3sEgYd-gVNnv

ဦးတင်ဦး
https://yadi.sk/d/sViM3qzkk78gN

ဦးလှဝင်း
https://yadi.sk/d/GEm3ZRVffQXQ8

ဦးဝင်းတင်
https://yadi.sk/d/7pP21N2Lk78gV

ဦးသုခ
https://yadi.sk/d/itUXggIPgApuJ

ဦးနု
https://yadi.sk/d/daHkAKfhgApuL

ငွေဥဒေါင်း...ဗုဒ္ဓစာပန်းချီ
https://yadi.sk/d/vIlpyYVyfQXbZ

ဖေမြင့်
https://yadi.sk/d/60GpdLLDew5hd

ကြေးမုံဦးသောင်း
https://yadi.sk/d/Jqb9CXN7fQXQW

မေတ္တာရှင်(ရွှေပြည်သာ)
https://yadi.sk/d/pz7gs_XWfQXbb

မောင်ထင်
https://yadi.sk/d/o8g9p3JUfQXQG

မောင်ထွန်းသူ
https://yadi.sk/d/X5zKnscefQXbd

ရွှေဥဒေါင်း
https://yadi.sk/d/2vtz2qn2fQXQJ

သော်တာဆွေ
https://yadi.sk/d/Lun8JdxSepWS5

အောင်သင်း
https://yadi.sk/d/eXUbxPeffQXQQ

၅၅၀ ဇာတ်ဝတ္ထုများ
https://yadi.sk/d/cs9p1Q5piEwCe
MCM books
https://yadi.sk/d/mfleWBuWiEwCk
Mmteashop
https://yadi.sk/d/hg7i4zTtiEwCp

ဣဒ္ဓိပါလ No.1
https://yadi.sk/d/ukUvzAmjk5xFR

ကံချွန်
https://yadi.sk/d/BdJcgi0Egx97j

ခင်မျိုးချစ်
https://yadi.sk/d/6WPrkHFPiEwCx

ခင်ဆွေဦး
https://yadi.sk/d/SAXauAPSiEwD3

ခင်မောင်ဇော်
https://yadi.sk/d/Yjo7Jmjbk5xFo

ခင်နှင်းယု
https://yadi.sk/d/vuJGlEqngVPFW

ဂျာနယ်ကျော် မမလေး
https://yadi.sk/d/HtaT5oeSiEwDB

စစ်ကိုင်း ဦးဘိုးသင်း
https://yadi.sk/d/iz4KU2oIgUUpd

စာစီစာရိုက်လေ့ကျင့်နည်းစာအုပ်
https://yadi.sk/d/SKJQmdG9hEoc7

ဆင်ဖြူကျွန်း အောင်သိန်း
https://yadi.sk/d/Pe0KNZ9Wgx97m

ဇဝန
https://yadi.sk/d/ufcTZjzagVPFa

ညီပုလေး
https://yadi.sk/d/Ef2a3HtKk5xGC

တက္ကသိုလ် နန္ဒမိတ်
https://yadi.sk/d/n4SqkaAsiEwDV

တက္ကသိုလ်နေဝင်း
https://yadi.sk/d/54VMVw9diEwDZ

တက္တိုး
https://yadi.sk/d/FGc2vh4OiEwDb

တင့်တယ်
https://yadi.sk/d/KzaBuMeCk5xGa

တင်မောင်မြင့်
https://yadi.sk/d/DZEpFPSihEoc9

ထင်လင်း
https://yadi.sk/d/gzS403k4k5xGp

ဒဂုန်ဥိးစန်းငွေ
https://yadi.sk/d/Xoq47Ewdk5xGv

ဓမ္မပဒဝတ္ထု ၅ တွဲ
https://yadi.sk/d/Wk8SSDY6iEwDm

ဓမ္မာစရိယဦးဌေးလှိုင်
https://yadi.sk/d/pWMQM8YviEwDq

နီကိုရဲ
https://yadi.sk/d/Lf9SowV0gVPFc

နန္ဒ
https://yadi.sk/d/tRPQGbP6k5xHB

နန္ဒာသိန်းဇံ
https://yadi.sk/d/jzb0LgIbgVPFk

ပျို့လင်္ကာစာအုပ်များ
https://yadi.sk/d/GQsACSFVgVPFn

ဗန်းမော်တင်အောင်
https://yadi.sk/d/TXUwMqsogVPFr

ဗိုလ်တာရာ
https://yadi.sk/d/qcdQupnek5xHM

မင်းယုဝေ
https://yadi.sk/d/zHd3t8jpiEwE6

မင်းမြတ်သူရ
https://yadi.sk/d/S8IPSpz1iEwEC

မင်းလူ
https://yadi.sk/d/iFT7pZGlgVPFv

မင်းသုဝဏ်
https://yadi.sk/d/GX-P-Kp_iEwEG

မစန္ဒာ
https://yadi.sk/d/5LO18pr2gx97s

မန်းတင်
https://yadi.sk/d/aq8MM_kciEwEN

မိချမ်းဝေ
https://yadi.sk/d/w0SPF8SAhEocD

မိုးမိုး(အင်းလျား)
https://yadi.sk/d/qpB7jN8zgx97y

မိုးဝေ
https://yadi.sk/d/XV4E1HINiEwEY

မြန်မာ့မဟာဂီတစာအုပ်များ
https://yadi.sk/d/8hB1Vo8_hEocF

မြန်မာ့နိုင်ငံရေးဆိုင်ရာစာအုပ်များ
https://yadi.sk/d/fXhlcBBeiEwDH

မြသန်းစံ
https://yadi.sk/d/ySRhOsqwhEocH

ရန်ကုန်ဘဆွေ
https://yadi.sk/d/IdlKkeuFiEwEn

လင်္ကာရည်ကျော်
https://yadi.sk/d/osXlEv37iEwEr

လင်းယုန်သစ်လွင်
https://yadi.sk/d/fyTrQtUHk5xJ4

လင်းဝေမြိုင်
https://yadi.sk/d/rZ5Q3uSCiEwEx

လယ်တီဒီပနီစာအုပ်များ
https://yadi.sk/d/pFi-lsi-hEocK

လူထု စိန်ဝင်း
https://yadi.sk/d/OCKvLtHqhEocM

လူထု ဦးလှ အမှတ်တရ
https://yadi.sk/d/9iokaOwOhEocP

လူထု ဒေါ်အမာ
https://yadi.sk/d/oZVpKi55hEocR

ဝတ္ထုတိုပေါင်းချုပ်များ
https://yadi.sk/d/NA1V879igx982

သခင် ဘသောင်း
https://yadi.sk/d/2cyqitajiEwFF

သစ္စာနီ
https://yadi.sk/d/0B1XIP5DiEwFM

သိပ္ပံမောင်ဝ
https://yadi.sk/d/ZLu84u2oiEwFX

ဟာသ
https://yadi.sk/d/D2eMrbcOk5xJJ

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၄
https://yadi.sk/d/piXLKvJUgx984

အကြည်တော်
https://yadi.sk/d/j-RpWwyvgVPFz

အရှင်သံဝရာဘိဝံသ
https://yadi.sk/d/mzFqdiHKk5xJY

အထွေထွေစာအုပ်များ
https://yadi.sk/d/vzRSNbb0iEwFd

အထောက်တော်လှအောင်
https://yadi.sk/d/-ai_45iMiEwFh

ဥေပဒ
https://yadi.sk/d/vmxy-ipYgVPG3

ဦးဆန်းလွင်
https://yadi.sk/d/-cfxbwx_hEocT

ဦးဖိုးကျား
https://yadi.sk/d/hYujuIiViEwFw

ဦးဘုန်း
https://yadi.sk/d/jYt-14BEgx98A

ကျော်ထူး
https://yadi.sk/d/ZnGqoYAOk5xKD

ကျော်မြသန်း
https://yadi.sk/d/VrqOPQ_jiEwGC

ကျော်အောင်
https://yadi.sk/d/YqxzCEYSiEwGG

ဆောင်းလုလင်
https://yadi.sk/d/q7sRcRs8hEocV

ဒေါက်တာ မတင်ဝင်း
https://yadi.sk/d/FXwll4h8hEocX

နေဝင်းမြင့်
https://yadi.sk/d/kMATHCuRgVPGF

နေနော်
https://yadi.sk/d/gXzVbfXCiEwGN

မောင်စိန်ဝင်း(ပုတီးကုန်း)
https://yadi.sk/d/4QkKbIDviEwGU

မောင်မိုးသူ
https://yadi.sk/d/CsENcsaDiEwGc

မောင်လှမျိုး(ချင်းချောင်းခြံ)
https://yadi.sk/d/3q-8NE1piEwGi

မောင်သာချို
https://yadi.sk/d/x6B5X9BriEwGn

မောင်သိန်းဆိုင်
https://yadi.sk/d/vo2hRFxBiEwGt

မောင်ပေါ်ထွန်း
https://yadi.sk/d/eXcXKE3WgU9Ay

ရွှေကူမေနှင်း
https://yadi.sk/d/RnJOUew-k5xKd

အောင်ခန့်
https://yadi.sk/d/3cioTuBbiEwGv

နုနုရည် (အင်းဝ)
https://yadi.sk/d/BgcSYkkwiEwH3

စွယ်စုံကျမ်း နှစ်ချုပ်များ
https://yadi.sk/d/axWglZXZk8Xmz

စိုက်ပျိုးရေး စာအုပ်များ
https://yadi.sk/d/J9NKBW4ok8Xn5

ဆန်းထွန်း
https://yadi.sk/d/gz2ajtJak8XnB

ဆယ်စောင်တွဲကျမ်းများ
https://yadi.sk/d/OzzNK39dk8XnD

ဇင်သန့်
https://yadi.sk/d/qCRT4n71k8XnH

တည်တောဆရာတော်
https://yadi.sk/d/aI2X_w6Dk8XnJ

ဒဂုန္တာရာ
https://yadi.sk/d/eH68CxHWk8XnK

မင်းကွန်းဆရာတော်ကြီး
https://yadi.sk/d/4wW2LqvDk8XnM

ယုဝတီဂျင်းဖောမယ်
https://yadi.sk/d/4zxy8yTxk8XnP

မြင့်ဆွေ
https://yadi.sk/d/yp4fl4LZk8XnR

မြန်မာ့စွယ်စုံကျမ်းများ အတွဲ ၁၀-၁၅
https://yadi.sk/d/4X-XIGWdk8XnS

ရန်အောင်
https://yadi.sk/d/jvakPK76k8XnW

သာဓု
https://yadi.sk/d/Ru_zDFD0k8XnZ

သာသနာဝင်စာအုပ်များ
https://yadi.sk/d/qTPfjxMLk8Xni

သပြေကန်ဆရာတော်
https://yadi.sk/d/JVMiVsFrk8Xnp

ဟိန်းလတ်
https://yadi.sk/d/5s9PqcPGk8Xnt

အထွေထွေကျမ်းစာများ
https://yadi.sk/d/rJY2dHISk8Xnw

အထွေထွေဝတ္ထု နှင့် ဆောင်းပါးများးး
https://yadi.sk/d/wRjIPbKMk8Xny

အဖျောက်ဆရာတော်
https://yadi.sk/d/3wL3Pz-6k8Xnz

ဦးအေးမောင်
https://yadi.sk/d/q6atP84Ak8Xo3

ကျောက်မျက်ဆိုင်ရာ
https://yadi.sk/d/I8j0mPX2k8Xo8

စောမုံညင်း
https://yadi.sk/d/iG3WpwdWk8Xo9

ဇော်ဂျီ
https://yadi.sk/d/MUg6o6E3k8XoA

ဒေါက်တာမင်းတင်မွန်
https://yadi.sk/d/UK2zIqLnk8XoC

မောင်ခင်မင်(ဓနုဖြူ)
https://yadi.sk/d/nzRMdTtEk8XoG

မောင်မြင့်ကြွယ်
https://yadi.sk/d/9omL9nCvk8XoJ

မောင်နေဝင်း
https://yadi.sk/d/6Xy0h9EFk8XoM

မော်စီတုန်း
https://yadi.sk/d/qBZmljWik8XoR

ရွှေဝယ်ဧ
https://yadi.sk/d/O4sfYHsNk8XoT

၂၀ရာစုစာရေးဆရာများနှင့်စာစုများ
https://yadi.sk/d/mTiyrTOemcgyW
E pub စာအုပ်များ
https://yadi.sk/d/76tVdC3CmcgyX

ကျီးသဲလေးထပ်ဆရာတော်
https://yadi.sk/d/J1KW1Tgdmcgyb

ခင်စောတင့်
https://yadi.sk/d/y7sRpBpVmcgye

ညီညီနိုင်
https://yadi.sk/d/ZB2ojyXkmcgyg

ညီသစ်
https://yadi.sk/d/0p1Gluoimcgyi

တက္ကသိုလ်စိန်တင်
https://yadi.sk/d/WRxYfpNLmcgyn

တင်နိုင်တိုး
https://yadi.sk/d/j98l1GRYmcgyq

တိုက္စိုး
https://yadi.sk/d/ZO16cL-3mcgyt

မဟာဗုဒ္ဓဝင်စာအုပ်များ
https://yadi.sk/d/8w3fDw5Kmcgyy

မြင့်စိုးလှိုင်
https://yadi.sk/d/NTgHq--imcgz4

မြတ်ငြိမ်း
https://yadi.sk/d/qsuqPv5-mcgz8

လင်းယုန်မောင်မောင်
https://yadi.sk/d/YGUAEVnImcgz9

သဒ္ဓမ္မရံသီ ရိပ်သာဆရာတော်
https://yadi.sk/d/apHDXIVYmcgzD

အရှင်ဓမ္မဿာမီဘိဝံသ
https://yadi.sk/d/TnzHcMeCmcgzG

အထွေထွေဝတ္ထု များ
https://yadi.sk/d/M4kwO2OmmcgzL

ဦးကြင်ရွှေ
https://yadi.sk/d/StG1D-numcgzT

ညောင်ကန်ဆရာတော်ကြီး ၅၅၀ စာအုပ်များ
https://yadi.sk/d/f8T11D3PmcgzW

မောင်ဝံသ
https://yadi.sk/d/xJslVfDTmcgzZ

မောင်သာရ
https://yadi.sk/d/7yjBSnM-mcgza

မောင်ဖေငယ်
https://yadi.sk/d/VGwrfQ3Qmcgze

သောင်းထိုက်
https://yadi.sk/d/Z46ajlqJmcgzh

သောင်းဝေဦး
https://yadi.sk/d/DWuJOf70mcgzn

နိုင်ဝင်းဆွေ
https://yadi.sk/d/xlTXf9gmmcgzs

#ဖတ်ရှုမျှဝေခြင်း (၆)

.

 #အတိတ်တွေကိုထားခဲ့လိုက်ပါ #******************************လူတိုင်း စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။ လမ်းပျောက်တဲ့အချိန်တွေရ...
17/01/2024

#အတိတ်တွေကိုထားခဲ့လိုက်ပါ #
******************************

လူတိုင်း စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။
လမ်းပျောက်တဲ့အချိန်တွေရှိမယ်။

ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွားတဲ့အချိန်တွေရှိမယ်။

သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံးသွားတဲ့ အချိန်တွေရှိမယ်။
တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။

ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။
ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။
လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။

အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက
အောင်မြင်ဖို့ခက်တယ်။

အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို အာရုံစိုက်တဲ့သူတွေကပဲ
အောင်မြင်သွားကြတာပါ။

#ဖတ်ရှုမျှဝေခြင်း (၅)

.

 #အပြန်အလှန်ကျေးဇူးရှိကြခြင်း #********************************တစ်ခါတုန်းက ရွာတစ်ရွာမှာ သစ်ခုတ်ပြီး အသက်မွေး၀မ်းကျောင်းလ...
15/01/2024

#အပြန်အလှန်ကျေးဇူးရှိကြခြင်း #
********************************

တစ်ခါတုန်းက ရွာတစ်ရွာမှာ
သစ်ခုတ်ပြီး အသက်မွေး၀မ်းကျောင်းလုပ်တဲ့သူတစ်ဦးရှိတယ်။
သစ်ခုတ်သမားရဲ့​ဘေးအိမ်မှာလက်သမားဆရာတစ်ယောက်ရှိတယ်။
သူတို့နှစ်ဦးက အလွန်းရင်းနှီးကြသလိုစီးပွားရေးမိတ်ဖက်လို့လည်းပြောလို့ရတယ်။
သစ်ခုတ်သမားခုတ်လို့ရတဲ့သစ်တွေကို
လက်သမားဆရာက ဝယ်ယူပြီးခွဲခြမ်းစိတ်ဖြာတယ်။
ပြီးတော့ သူ့ရဲ့အလုပ်မှာ အသုံးပြုတယ်။
သုံးမရလို့ ထွက်လာတဲ့ပကာတွေကို သစ်ခုတ်သမားပြန်ပေးရပြီး သစ်ခုတ်သမားက ထင်းအဖြစ်ပြန်ရောင်းတယ်။
ဒီလိုနဲ့သူ့တို့နှစ်ယောက် စီးပွားရေး မိတ်ဖက်ဖြစ်လာတယ်။

တစ်နေ့ကြတော့ သစ်ခုတ်သမားရဲ့မိန်းမကို
လက်သမားဆရာရဲ့ မိန်းမက
တစ်ကယ်တော့ နင့်တို့လင်မယားက ငါတို့လင်မယားကို
ကျေးဇူးတင်သင့်တယ်လို့ ပြောတယ်။
သစ်ခုတ်သမားရဲ့မိန်မက ဘာကြောင့်လဲ လို့ ပြန်မေးတယ်။
ဟုတ်တယ်လေ ငါ့ယောက်ျားက
နင့်ယောက်ျားခုတ်လာတဲ့ထင်းတုံးတွေကိုသစ်ခွဲစက်မှာခွဲဖို့
ပိုက်ဆံပိုပေးပြီးဝယ်တယ်။ခွဲလို့ ပိုတဲ့ပကာသား တွေကိုလည်း
နင့်ယောက်ျားကိုပြန်ပေးတယ်လေ။ အဲဒီတော့ နင့်တို့မိသားစု
အရင်ကထက်ပိုအဆင်ပြေလာတာ ငါ့ယောက်ျားကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲလို့ လက်သမားဆရာရဲ့မိန်းမက ပြောပါတယ်။

ဒါနဲ့ သစ်ခုတ်သမား ရဲ့မိန်းမက ညရောက်တော့ ယောက်ျားးဖြစ်သူကိုအကျိုးအကြောင်းပြောပြတယ်။

အဲဒီအခါ သစ်ခုတ်သမားပြန်ပြောတယ်။
မိန်းမ ရေရရှိဖို့ ရေတွင်းတူးရတယ်။
ဲအဲဒီရေက မြေအောက်ကတူးရပေမယ့်
ရေဘယ်လောက်မြင့်မြင့် မြေဆိုတဲ့ကြမ်းပြင် ရှိရပြန်တယ်။
အားလုံးဟာ အပြန်အလှန် ပဲမိန်းမရယ်၊
ဘာမဟုတ်တဲ့မခံချင်စိတ်နဲ့ ခိုင်ခံ့တဲ့အရာတွေကို
မပျက်စီးပါစေနဲ့ လို့ပြောပြီး ထွက်သွားတယ်။

အဲ့အကြောင်းကို နောက်တော့ လက်သမားဆရာသိသွားတယ်။
နောက်နေ့ကြတော့ လက်သမားဆရာကသူ့အမျိုးသမီးကိုခေါ်ပြီး သစ်ခုတ်သမားဆီက ပျဉ်းကတိုးသားကို ယခင်သစ်တုံးတွေထက်
စျေးနှစ်ဆပေးပြီးယူလိုက်တယ်။ ပြီးတော့ သစ်သားခွဲပြီး
ဗီရိုကြီးကြီးတစ်လုံးပြုလုပ်တယ်။
ကနုတ်ဖော်တာတွေ၊ပေါ်လစ်တင်တာတွေပါ လုပ်တယ်။
အားလုံးပြီးတော့ သူ​ရောင်းနေကြ ဆိုင်ကိုသွားတယ်။
ဗီရိုရဲ့အသားကိုကြည့်တယ်။ လက်ရာကိုကြည့်တယ်။
ဆိုင်ရှင်က သဘောကျပြီး လက်သမားဆရာခေါ်တဲ့စျေးနဲ့ပဲ
ဝယ်ယူလိုက်တယ်။

သူသစ်တုံးကိုဝယ်တုန်းက အနည်းငယ်မျှသော စျေးဖြင့်သာ
ပေးဝယ်ရပေမယ့် သူရဲ့အတတ်ပညာနဲ့ပေါင်းစပ်ပုံဖော်ပြီးချိန်မှာတော့
သစ်တုံးကိုသူပေးဝယ်ရတဲ့စျေးထက်
ဆယ်ဆလောက်အမြတ်ကျန်ပါတယ်။

မိန်းမ ငါ သစ်ခုတ်သမားဆီက ဝယ်တုန်းက
မင်းကစျေးပိုပေးလို့ဆိုပြီး ငါ့ကိုပြောတယ်။
ခု ငါရောင်းလို့ပြန်ရတဲ့ပိုက်ဆံနဲ့တွက်ရင်
သစ်ခုတ်သမားစီက ငါဝယ်လိုက်တာ စျေးမများဘူးလေ။
တကယ်တော့ သစ်ခုတ်သမားဟာ ငါ့အတွက်ကျေးဇူးရှင်ပဲ။
အဲဒီလိုပဲ မနက်ဖြန် ခုရောင်းလိုက်တဲ့ ဗီရိုကိုပြန်လာမေးကြည့်ပါ။
ငါတို့ရောင်းတဲ့စျေးထက် သုံးဆဖြစ်နေပါလိမ့်မယ်မိန်းမ။

ဘယ်လောက်တော်တဲ့ပန်းပုဆရာဖြစ်ပါစေ ထုဆစ်စရာ မရှိရင်
သူ့ပညာဟာအလကားပဲ။
အဲဒီလိုပဲ ထုဆစ်စရာသစ်တုံးရှိပါရက်နဲ့ထုဆစ်ပုံဖော်တဲ့အတတ်ပညာ
မရှိခဲ့ရင်လည်း သစ်တုံးဟာ တံတားတစ်ခု ထင်းတစ်ခုသာဖြစ်နေမှာပဲ။
ဒါ့ကြောင့် အားလုံးဟာအပြန်အလှန်ကျေးဇူးပြုကြရတယ်။
အဲဒီလို အပြန်အလှန်မှီခိုကြရင်း ကိုယ့်အတတ်ပညာနဲ့
ပေါင်းစပ်ကြတယ်။ အဆင်ပြေအောင်လုပ်ကိုင်ကြရတယ်။

ဥပမာ မင်းစျေးသွားတယ်။
ရောင်းမယ့်သူရှိလို့ ဝယ်တဲ့သူရှိတာ။
အဲဒီလိုပဲ ဝယ်တဲ့သူရှိနေလို့ ရောင်းတဲ့သူတွေရောင်းနေကြတာပါ။

မာနတစ်ခုကိုအခြေခံပြီး
ကိုယ့်ကိုယ်ကို အမြင့်ဆုံးမမှတ်ပါနဲ့။

ကျေးဇူးဆိုတာ လွယ်လွယ်ပြောရရင်ကိုယ့်ရဲ့အကျိုးကိုလိုလားသူ၊
ကိုယ့်ရဲ့အကျိုးကိုဖြစ်ထွန်းစေလူအားလုံးဟာ ကျေးဇူးရှိနေတာပါ။

#ဖတ်ရှုမျှဝေခြင်း (၄)

.

 # ကြိုးစားရုန်းကန်နေရသူများအတွက်  #(၁) စိတ်မလျှော့လိုက်ပါနဲ့ *************************တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆ...
15/01/2024

# ကြိုးစားရုန်းကန်နေရသူများအတွက် #

(၁) စိတ်မလျှော့လိုက်ပါနဲ့
*************************

တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ
ဆက်တိုက် ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။

ဒါပေမယ့် အဲလိုအချိန်တွေမှာ
လုံးဝ စိတ်မလျှော့လိုက်ပါနဲ့။

ဒုက္ခတွေဆိုတာ
ခဏလေးဆိုမှ ခဏလေးပါပဲ။

ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့
အောင်မြင်မှုတွေက သင့်ဆီရောက်လာတော့မှာဖြစ်တာကြောင့်
စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။

အောင်မြင်မှုဆိုတာ
ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတတ်တာကြောင့်
လက်တစ်ကမ်းအလိုမှာ
ခဲလေသမျှသဲရေကျ ဖြစ်သွားမှာစိုးလို့ပါ။

(၂) လဲကျရင်ပြန်ထပါ
**********************

ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး
အကြိမ်ကြိမ်ပြန်ထမှ
ပိုၿပီး အဓိပ္ပါယ်ရှိသွားတာပါ။
မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။

အောင်မြင်နေတဲ့ သူတွေအားလုံးဟာ
လောကဓံရဲ့ အရိုက်အပုတ်၊အထုအထောင်းတွေကို
လှိမ့်နေအောင်ခံရပြီးမှ
​အောင်မြင်မှုတွေကို ပိုင်ဆိုင်သွားကြတာပါ။

လဲကျတိုင်းသာ ပြန်မထခဲ့ဘူးဆိုရင်
အဲဒီလိုနေရာကို မရောက်နိုင်ပါဘူး။

(၃) အရှုံးထဲကအမြတ်ယူပါ
**************************

ဘဝမှာ ခက်ခဲကြမ်းတမ်းမှု၊ ခါးသီးမှုတွေအများကြီးကို
ရင်ဆိုင်ကြုံတွေ့ရမှာပါ။

ဒါပေမယ့် အဲဒီလို အ​ေ​ြခအနေမျိုးမှာ
သင်သိထားရမှာက အဆိုးတိုင်းမှာ
အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်ဆိုတာကိုပဲ။

အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို
ခံနိုင်ရည်စွမ်းကိုလည်း ပိုမိုမြင့်မားလာစေပါတယ်။

ဒါကိုက မြတ်နေပြီမဟုတ်လား။
တခြားအမြတ်တွေလည်း
အများကြီးရှိပါသေးတယ်။
ယူတတ်အောင်ယူပါ။

(၄) မျှ​ေဝပါ
************

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ
သင့်ထက် ပိုခက်ခဲကြတဲ့သူတွေ
အများကြီးရှိပါတယ်ဆိုတာကို သင်သိထားပါ။
ဒါကြောင့် သူတစ်ပါးကိုလည်း
ကူညီဖို့၊မျှ​ေဝဖို့ အမြဲတမ်းစဉ်းစားပါ။

နည်းတာ၊များတာ အသာထား။
သူတစ်ပါးကို သင်တတ်နိုင်သလောက်လေးကိုပဲ ကူညီဖို့
စဉ်းစားကြည့်ပါ။

ဒါဆိုရင် သင့်ကို
ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး
သူတစ်ပါးကို စိတ်ကြိုက်
ပေးနိုင်ကမ်းနိုင်လာတဲ့အခါ
မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို
သင်ကောင်းကောင်း နားလည်သွားပါလိမ့်မယ်။

(၅) စာဖတ်ပါ
**************

ဘဝကို တစ်ယောက်တည်း
ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို
အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့
စာအုပ်စာပေတွေပါပဲ။

ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊
ခွန်အားရှိစေမယ့်စာတွေ၊လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို
အမြဲတမ်းဖတ်ပါ။
အချိန်ပေးပြီး​ေတာ့ဖတ်ပါ။
စာဖတ်ခြင်းကရလာတဲ့
အတွေးအခေါ် ၊ အမြော်အမြင်၊ဗဟုသုတတွေက
သင်အောင်မြင်လာစေဖို့ အများကြီးကူညီပေးနိုင်ပါလိမ့်မယ်။

#ဖတ်ရှုမျှဝေခြင်း (၃)

# Credit.

စာဖတ်ကြရအောင်။****************အောင်မြင်နေတဲ့သူတွေတိုင်း၊ကမ္ဘာကျော်တဲ့သူတွေတိုင်း အားလုံးနီးပါးစာဖတ်ကြပါတယ်။ဖတ်နေတဲ့စာအုပ...
08/01/2024

စာဖတ်ကြရအောင်။
****************
အောင်မြင်နေတဲ့သူတွေတိုင်း၊ကမ္ဘာကျော်တဲ့သူတွေတိုင်း အားလုံးနီးပါး
စာဖတ်ကြပါတယ်။

ဖတ်နေတဲ့စာအုပ်အမျိုးအစားတွေသာ ကွာခြားသွားမယ်။
စာမဖတ်တဲ့သူ မရှိသလောက်ပါပဲ။

ဒါကြောင့် အောင်မြင်ချင်ရင် စာဖတ်ရပါမယ်။

ဘဝမှာ အခက်အခဲ ဘာတွေပဲရှိရှိ
အမြဲတမ်းလိုလို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်နဲ့
ဖြေရှင်းနိုင်ကြသူတွေဟာ
စာဖတ်ကြတဲ့သူတွေ​ပဲဖြစ်ကြပါတယ်။

စာဖတ်ခြင်းကြောင့် ဘဝမှာ များစွားသောအကျိုးကျေးဇူးများကို
ရရှိစေမှာဖြစ်လို့ နေ့စဥ်တယ်လီဖုန်းသုံးမယ့်အချိန်ထဲက
တစ်ရက်ကို မိနစ်(၃၀)လောက်စာဖတ်တဲ့
အလေ့အကျင့်ကောင်းလေးကို
ကျွန်တော်တို့ မွေးမြူကြရအောင်ဗျာ။

#ဖတ်ရှုမျှဝေခြင်း (၂)

in Personal Development

သုတစာပေနဲ့ရသစာပေ ဘယ်စာပေကို ရွေးချယ်ဖတ်ရှုကြမလဲ။********************************************************စာပေမှာ သုတစာပေန...
07/01/2024

သုတစာပေနဲ့ရသစာပေ ဘယ်စာပေကို ရွေးချယ်ဖတ်ရှုကြမလဲ။********************************************************

စာပေမှာ သုတစာပေနဲ့ရသစာပေဆိုပြီး
နှစ်မျိုးနှစ်စား ရှိတယ်လို့ ဆိုကြတယ်။

သုတစာပေဆိုတာက လူတွေကို ဗဟုသုတတွေ ပေးစွမ်းနိုင်တဲ့ စာပေဖြစ်ပြီး ရသစာပေဆိုတာကတော့ လူတွေရဲ့ စိတ်ခံစားချက်ကို အသားပေးရေးသားထားတဲ့ စာပေအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာမေးခွန်းရှိနေတာက သုတစာပေက ပိုကောင်းလား၊ ရသစာပေက ပိုကောင်းလားဆိုတာပါပဲ။
အခုလိုမျိုး ငြင်းခုန်မှုမှာ အဖြေမရှိပါဘူး။ အားလုံးဟာ သူ့တန်ဖိုးနဲ့သူ စာဖတ်သူတွေအားလုံးကို တန်ဖိုးရှိစွာနဲ့ အချိန်ကုန်ဆုံးစေလို့ပါပဲ။

လူတွေဟာ သုတစာပေကိုပိုဖတ်သင့်လား၊ ရသစာပေကိုပိုဖတ်သင့်လားဆိုတဲ့မေးခွန်းဟာလဲ တူတူပါပဲ။ တချို့တွေက သုတစာပေကို အသားပေးဖတ်ကြတယ်။ သုတစာပေကို ဖတ်ခြင်းကြောင့် သူတို့အတွက် အသိပညာတစ်ခုခုကျန်ခဲ့ရတဲ့ အခိုက်အတန့်ကို ပျော်ရွှင်ကြတယ်။ သုတစာပေတွေဟာ အသိပညာကိုတိုးပွားစေပြီး အသိညဏ်တိုးပွားစေတယ်။ အတွေးတွေကို ရင့်ကျက်စေတယ်။ အဲ့လိုပဲ သုတစာပေတွေက စာဖတ်သူတွေရဲ့ အတွေးကို ရင့်ကျက်အောင် ကူညီပေးနိုင်စွမ်းရှိသလို ရသစာပေတွေဟာလဲ စာဖတ်သူတွေရဲ့ စိတ်ခံစားမှုပိုင်းတွေ ရင့်ကျက်လာအောင် ဖန်တီးနိုင်စွမ်းရှိတယ်။

ရသစာပေတွေဟာ ခံစားမှုပိုင်းကို ဦးစားပေးထားတဲ့အတွက် လူတစ်ချို့ဟာ လူတွေအတွက် အကျိုးမရှိဘူးဆိုပြီး လွဲမှားအယူအဆ ရှိကြပါတယ်။ အမှန်တကယ်တော့ ရသစာပေတွေဟာလည်း ကျွန်မတို့ရဲ့ လူနေမှုဘဝတွေကို ကြီးမားတဲ့ပြောင်းလဲမှုတွေပေးနိုင်ပါတယ်။

ကျွန်မတို့ကို စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်သလို လူ့ပတ်ဝန်းကျင်မှာလဲ ကောင်းမွန်စွာ နေထိုင်သွားလာတတ်အောင် သင်ကြားပေးနိုင်တဲ့ စာပေတွေပဲဖြစ်ပါတယ်။ ဟိုးတစ်ချိန်က လူမှုပတ်ဝန်းကျင်မှာ IQ ( intelligent quotient ) လို့ခေါ်တဲ့ အသိညဏ်ပညာတစ်ခုတည်းသာ အရေးပါတယ်လို့ လူတွေက ထင်မြင်ယူဆခဲ့ကြပါတယ်။
ဒီအချိန် ဒီအခါမှာတော့ EQ ( emotional quotient ) လို့
ခေါ်တဲ့ စိတ်ခံစားပေးနိုင်စွမ်း၊တစ်ဦးတစ်ယောက်ရဲ့ခံစားချက်ကို နားလည်ပေးနိုင်စွမ်းဟာလည်း တကယ်ကို အရေးပါ အရာရောက်တဲ့ အချက်တစ်ခုဖြစ်လာပါတယ်။ ဒါတွေကို ရသစာပေက ကူညီပေးနိုင်ပါတယ်။

ကျွန်မအနေနဲ့ စာ အခုမှစာစဖတ်ဖို့ ကြံရွယ်နေတဲ့ သူတွေအတွက်တော့ ရသစာပေဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။

သုတစာပေတွေဟာ စာဖတ်ကျင့် မရှိသေးတဲ့ သူတွေအဖို့ ပျင်းဖို့ကောင်းတဲ့ အတွက်စာဖတ်ခြင်းမှုာ ငြီးငွေ့ သွားစေတတ်ပါတယ်။
ဒါကြောင့် တစ်ဆင့်ချင်းဆီလေ့ကျင့်ယူသင့်တယ်လို့ အကြံပြုချင်ပါတယ်။
ရသစာပေတိုင်းမှာလဲ ဗဟုသုတတွေ ပါဝင်တတ်သလို့ သုတစာပေတိုင်းမှာလဲ ရသအနည်းငယ် ပါဝင်တတ်ပါတယ်။ ဘယ်စာပေပဲဖြစ်ဖြစ် စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့ စကားပုံ အတိုင်း စာပေတွေဟာ ကျွန်မတို့အားလုံးရဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ စာပေတိုင်းဟာ ကျွန်မတို့ကို အသိညဏ်တွေ၊ စိတ်ခွန်အားတွေ ပေးစွမ်း နိုင်တဲ့အတွက် စာအုပ်တွေဆိုတာ ကျွန်မတို့ လျစ်လျှုရှုမထားသင့်တဲ့ အရာတွေပါပဲ။

အသက်အရွယ်မရွေးပါဘူး။ စာဖတ်ခြင်းဟာ လူတိုင်းသောက်သုံးသင့်တဲ့ ဗီတာမင် အားဆေးတစ်ခွက်လို့ပဲ ကျွန်မတင်စားချင်ပါတယ်။
ကလေးတွေကိုလဲ စာဖတ်တဲ့အကျင့်လုပ်ပေးတာကလဲ
လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုဖြစ်တယ်လို့ လူကြီးမိဘတွေကိုလည်း ကျွန်မ အကြံပြုပေးချင်ပါတယ်။

စာပေတွေဟာ ကျွန်မတို့ရဲ့ လူမှုကိစ္စအ၀၀၊ ပြဿနာအ၀၀ကိုလည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ကျွန်မတို့ ပျင်းရိနေတဲ့ အခါမှာ အတူတူရှိပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ပါ။ ဝမ်းနည်းနေတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ။ လဲကျနေချိန်မှာ ဆွဲထူပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ အောင်မြင်မှုပန်းတိုင်ဆီကို လမ်းပြပေးနိုင်တဲ့ supporterကောင်းတစ်ယောက်ပါ။

ဒါကြောင့် စာဖတ်သူတွေဟာ သုတစာပေ ဖတ်သင့်လား၊ ရသစာပေဖတ်သင့်လားဆိုတာမျိုး မစဉ်းစားပဲ ကိုယ်နဲ့ သင့်လျော်မဲ့ စာပေတိုင်းကိုဖတ်ရှုသင့်ကြောင်း အကြံပြု ရေးသားဖော်ပြလိုက်ပါတယ်ရှင်။

#ဖတ်ရှုမျှဝေခြင်း (၁)

#အေးချမ်းဝေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Let's Read posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category