05/09/2026
🍀 Alpha Arbutin ဆိုတာဘာလဲ?
Alpha Arbutin ဆိုတာ အသားအရေကို ကြည်လင်ဝင်းပစေပြီး တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမဲစက်တွေကို သက်သာပျောက်ကင်းစေဖို့ အဓိကသုံးတဲ့ Skincare ingredient တစ်ခုဖြစ်ပါတယ်။
🍀 ဘယ်လိုအလုပ်လုပ်သလဲ?
Melanin ထုတ်လုပ်မှုကို ထိန်းချုပ်ပေးခြင်း: အသားအရေ ညိုမဲခြင်းနဲ့ အမဲစက်တွေကို ဖြစ်ပေါ်စေတဲ့ Melanocytes ဆဲလ်တွေရဲ့ Melanin (အမဲရောင် ဓာတ်ပေါင်း) ထုတ်လုပ်မှုကို နည်းသွားအောင် တားဆီးပေးပါတယ်။
Tyrosinase Enzyme ကို ပိတ်ပင်ခြင်း: Melanin စထွက်ဖို့ ကူညီပေးတဲ့ Tyrosinase ဆိုတဲ့ အင်ဇိုင်းကို အလုပ်မလုပ်အောင် ထိန်းချုပ်ပေးတာကြောင့် အမဲစက်အသစ်တွေ ထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။
☘️Alpha Arbutin ရဲ့ အဓိက အကျိုးကျေးဇူးများ
အမဲစက်နှင့် အမာရွတ်များကို မှေးမှိန်စေခြင်း:
ဝက်ခြံကျန်ခဲ့တဲ့ အမာရွတ်၊ နေလောင်ကွက်၊ တင်းတိပ်နဲ့ မှဲ့ခြောက်များကို အချိန်တိုအတွင်း သက်သာစေပါတယ်။
အသားအရေ အရောင်ညီညာစေခြင်း:
အသားအရေ မာတက်နေတာတွေကို ပါးသွားစေပြီး ကြည်လင်ဝင်းပလာစေပါတယ်။
နူးညံ့ပြီး ထိခိုက်လွယ်အသားအရေနှင့် သင့်တော်ခြင်း:
Hydroquinone လိုမျိုး ပြင်းထန်တဲ့ အသားဖြူဓာတ်ပေါင်းတွေထက် ယားယံခြင်း၊ နီရဲခြင်း မဖြစ်စေဘဲ အသားအရေကို ပိုမိုနူးညံ့စွာ ပြုပြင်ပေးပါတယ်။