တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP

  • Home
  • Myanmar
  • Yangon
  • တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP This page is official page of National Unity Party (Myanmar)

ညီလာခံကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ရေးဆိုင်ရာလှို့ဝှက်မဲပေးမှုနှင့်မဲစာရင်းပြုစုမှု ရှင်းလင်းဆွေးနွေး။             ...
10/09/2026

ညီလာခံကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ရေးဆိုင်ရာလှို့ဝှက်မဲပေးမှုနှင့်မဲစာရင်းပြုစုမှု ရှင်းလင်းဆွေးနွေး။
စက်တဘ်ာလ၉ ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီညီလာခံဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးများမှ ညီလာခံကိုယ်စားလှယ်ရွေးချယ်တင်မြှောက်မှုအတွက် လှို့ဝှက်မဲပေးမှုနှင့်မဲစာရင်းပြုစုရေးလုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးမှုအား ပါတီဌာနချုပ်၌ ယနေ့ (၉/၉/၂၀၂၆) ရက်နေ့လည်တွင်၁၂း၃၀ အချိန် ကျင်းပပြုလုပ်ခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ တက်ရောက် ရှင်းလင်းဆွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေဝင်းနှင့်အတူ ပါတီဌာနချုပ် ကော်မတီကြီးများမှ တာဝန်ခံများနှင့်အတွင်းရေးမှူးများ၊ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်းမှ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ပါတီအထွေထွေအတွင်းရေးမှူး၏ရှင်းလင်းဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသူများက သိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ကြရာ ပါတီအထွေထွေအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးအစည်းအဝေးကို နေ့လည် ၁၄း၂၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ဧရာဝတီတိုင်း အဆင့်မျက်နှာစုံညီကျင်းပရေးအတွက် ကြီးကြပ်ရေးကော်မတီတာဝန်ပေးအပ်ခြင်းဆိုင်ရာအစည်းအဝေးပြုလုပ်။♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻...
21/08/2026

ဧရာဝတီတိုင်း အဆင့်မျက်နှာစုံညီကျင်းပရေးအတွက် ကြီးကြပ်ရေးကော်မတီတာဝန်ပေးအပ်ခြင်းဆိုင်ရာအစည်းအဝေးပြုလုပ်။
♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻ ♻
သြဂုတ်လ ၂၁ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးမြင့်သိန်းသည် (၂၁/၈/၂၀၆) ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီတိုင်းအစိုးရထံအလှူငွေများပေးအပ်ခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဗဟိုကော်မတီဌာနချုပ်တွင် ကျင်းပမည့် ပါတီညီလာခံအတွက် ဧရာဝတီ တိုင်းအဆင့်မျက်နှာစုံညီအစည်းအဝေးကျင်းပနိုင်ရန် ကြီးကြပ်ရေးအဖွဲ့ကိုဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းပါတီကော်မတီ ဦးအုန်းသောင်းနှင့်တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌများအား တိုင်းပါတီကော်မတီရုံးတွင်တွေ့ဆုံခဲ့ပါသည်။
အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်သိန်းနှင့်အတူ ပါတီဌာနချုပ် ကော်မတီကြီးအတွင်းရေးမှူးများဖြစ်ကြသည့် ဦးငွေစိုးနှင့်ဦးနေဝင်းတို့ တက်ရောက်ခဲ့ကြပြီးအစည်းအဝေးတွင် ဧရာဝတီတိုင်းစည်းရုံးလှုပ်ရှားရေးခေါင်းဆောင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်သိန်းက ၃၈နှစ်မြောက် ပါတီနှစ်ပတ်လည်အခမ်းအနားအား ဧရာဝတီတိုင်းတွင်ကျင်းပနိုင်ရေးလုပ်ငန်းစဥ်များကိုပါ တပါတည်း ဆွေးနွေးတာဝန်ပေးအပ်မှုပြုလုပ်ခဲ့ပြီးနောက် တက်ရောက်လာသူများမှတင်ပြဆွေးနွေးမှုများအပေါ် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်သိန်းကပြန်လည်​ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ညနေ ၁၅း၀၀အချိန်တွင် အစည်းအဝေးကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

ဧရာဝတီတိုင်း ရေဘေးသင့်အလှူငွေ ပေးအပ်ခြင်း။                              သြဂုတ်လ ၂၁ ရက်         တိုင်းရင်းသားစည်းလုံးညီညွ...
21/08/2026

ဧရာဝတီတိုင်း ရေဘေးသင့်အလှူငွေ ပေးအပ်ခြင်း။

သြဂုတ်လ ၂၁ ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်မှ ဧရာဝတီတိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုအလှူငွေပေးအပ်မှုအနေဖြင့် (၂၁/၈/၂၀၂၆) ရက်သောကြာနေ့ နံနက် ၁၀ နာရီ အချိန်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့ အားကစားရုံ ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်သိန်း(စည်းရုံးလှုပ်ရှားရေးခေါင်းဆောင်၊ ဧရာဝတီတိုင်း) မှ ရေဘေးသင့်အလှူငွေ ကျပ်သိန်း (၁၂၀) အားပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ဆန်းချစ် က လက်ခံရယူပါသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးနှင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် တို့နှင့်အတူ မြို့မိမြို့ဖများဖြစ်ကြသည့် ဦးကြည်အောင်နှင့် ဦးမျိုးမင်းဦးတို့တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်မှ ဦးငွေစိုး(အတွင်းရေးမှူး၊ အလုပ်သမားကော်မတီကြီး)၊ဦးနေဝင်း( အတွင်းရေးမှူး၊တောင်သူလယ်သမားကော်မတီကြီး)နှင့်အတူ ဧရာဝတီတိုင်းပါတီကော်မတီအတွင်းရေးမှူး ဦးအုန်းသောင်းနှင့် တိုင်းပါတီကော်မတီဝင်များ စုစုပေါင်း ၃၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

26/07/2026
26/07/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်။                     ဇူလိုင်လ(၁၈)ရက်        တိ...
18/07/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်။
ဇူလိုင်လ(၁၈)ရက်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်မှ ဝန်ထမ်းမိသားစုများ၏ သားသမီးနှင့်မြေး များအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ် ပွဲ အခမ်းအနားကို ယနေ့ (၁၈-၇-၂၀၂၆)ရက် စနေနေ့ နံနက် ၁၁ နာရီ အချိန်တွင် ပါတီဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေနှင့် ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း၊ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းရီ၊တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေဝင်းတို့တက်ရောက်မှုနှင့်အတူ ကော်မတီကြီးများမှတာဝန်ခံများနှင့်အတွင်းရေးမှူးများ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားကို ပါတီဥက္ကဋ္ဌဦးဟန်ရွှေ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊အခမ်းအနားမှူးအဖြစ် လူငယ်ကော်မတီကြီးကော်မတီဝင် ဦးဟန်ဇော်ထွန်း ကဆောင်ရွက်ပါသည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ မှ သဘာပတိအဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကို လူငယ်ကော်မတီကြီးအတွင်းရေးမှူး ဒေါ်သန်းသန်းနွဲ့ ကရှင်းလင်းတင်ပြခြင်း၊ အလှူရှင် များနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်ကျောင်းသားတို့အား ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဌာနချုပ်ဝန်ထမ်းမိသားစု၏ သားသမီးနှင့်မြေး များအား ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း က ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကရိယာများအား ပေးအပ်ခြင်း၊နှင့် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး တစ်ဘာသာဖြင့် ​အောင်မြင်သည့် ကျောင်းသား မောင်ခန့်စည်ဦး က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအား ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။

တစညပါတီပါတီညီလာခံကျင်းပရေးကော်မရှင်နှင့်တိုင်းကော်မတီဝင်များတွေ့ဆုံ~~~~~~~~~~~~~~~~၁၁  ၇  ၂၀၂၆တိုင်းရင်းသားစည်းလုံးညီညွတ...
11/07/2026

တစညပါတီ
ပါတီညီလာခံကျင်းပရေးကော်မရှင်နှင့်
တိုင်းကော်မတီဝင်များတွေ့ဆုံ
~~~~~~~~~~~~~~~~
၁၁ ၇ ၂၀၂၆

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ပါတီညီလာခံံကျင်းပရေးကော်မရှင်နှင့်
ရန်ကုန်တိုင်းဒေသကြီးကော်မတီဝင်များ
တွေ့ဆုံပွဲကို ၁၀- ၇- ၂၀၂၆ ရက်နေ့တွင်
ပါတီဗဟိုကော်မတီဌာနချုပ်(ရန်ကုန်)၌
ကျင်းပသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ၊
ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း၊အထွေ​ထွေ
အတွင်းရေးမှူးဦးထွန်းရီ၊တွဲဖက်အထွေ
ထွေအတွင်းရေးမှူးဦးနေဝေင်းနှင့်ဗဟိုအ
လုပ်အမှုဆောင်ကော်မတီဝင်များ၊ကော်
မတီကြီးအတွင်းရေးမှူးများ၊ရန်ကုန်တိုင်း
ဒေသကြီးကော်မတီဥက္ကဋ္ဌဦးချစ်ခိုင်နှင့်
တိုင်းကော်မတီဝင်များ၊ပါတီမီဒီယာများ
တက်ရောက်ကြသည်။ဗဟိုအလုပ်အမှု
ဆောင်ကော်မတီဝင် ဦးတင်အောင်က
အခမ်းအနားမှူူအဖြစ်ဆောင်ရွက်သည်။

ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးဟန်ရွှေက
မကြာမီပါတီညီလာခံကျင်းပတော့မည်
ဖြစ်ကြောင်း၊ကျင်းပရေးလုပ်ငန်းအဖွဲ့
များကိုလည်းဖွဲ့စည်းထားပြီးဖြစ်ကြောင်း
လုပ်ငန်းများကိုလည်းစတင်လုပ်ကိုင်
နေကြပြီဖြစ်ကြောင်း၊ပါတီညီလာခံတွင်
လူကောင်းလူတော်တက်ကြွစည်းရုံးလှုပ်
ရှားနိင်မည့်ပါတီ​ခေါင်းဆောင်များကို
ရွေးချယ်ကြမှာဖြစ်ကြောင်း၊ပါတီရှေ့
လုပ်ငန်းစဥ်များကိုလည်းချမှတ်ကြရမှာ
ဖြစ်ကြောင်းစသည်ဖြင့်အကျယ်တဝင့်
ပြောကြားပြီးလုပ်ငန်းကော်မတီများအ
နေဖြင့်မိမိတို့၏လုပ်ငန်းများကိုအချိန်မီ
ပြီးစီးအောင်ကြိုးကြိုးစားစားဆောင်
ရွက်ကြရန်တိုက်တွန်းမှာကြားသည်။

ထို့နောက် ပါတီအထွေထွေအတွင်းရေး
မှူးဦးထွန်းရီက ပါတီညီလာခံရွေးချယ်
တင်မြှောက်ခြင်းဆိုင်ရာနည်းစနစ်များ
ကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ၂၀၂၅-၂၆ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲတွင်"တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးပါတီ​ ဝင်​
ရောက်ယှဥ်ပြိုင်မှုဆိုင်ရာအစီရင်ခံစာ
အနှစ်ချုပ်"ကို ဗဟိုအလုပ်အမှုဆောင်
ကော်မတီင်ဦးခင်မောင်သိန်းကရှင်းလင်း
တင်ပြသည်။ရှင်းလင်းတင်ပြချက်များ
နှင့်ပတ်သက်၍မရှင်းလင်းသည်များကို
တက်ရောက်လာသူများကမေးမြန်းကြ
ရာ အထွေထွေအတွင်းရေးမှူးဦးထွန်းရီ
ကပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ပါတီဒုတိယဥက္ကဋ္ဌဦးသိန်း
ထွန်းက ပါတီသက်တမ်း ၃၇ နှစိကျော်
ကာလအတွင်းပါတီအနေဖြင့်စည်းရုံး
လှုပ်ရှားခဲ့ပုံများနှင့်သင်ခန်းစာယူဖွယ်
ဖြစ်ရပ်များကိုမီး​မောင်းထိုးဆွေးနွေး
တင်ပြသည်။ ထို့နောက်ပါတီဥက္ကဋ္ဌ
ဦးဟန်ရွှေက နိဂုံးချုပ်အမှာစကားပြော
ကြားပြီးတွေ့ဆုံပွဲကိုအောင်မြင်စွာရုပ်
သိမ်းခဲ့ပါသည်။

သတင်း။ ။ စိုးမိုးနိုင်

08/06/2026
ခွင့်ပြချက်မရှိဘဲဆိုတော့ခွင့်ပြုထားတာများရှိနေသလို။~~~~~~~~~~~~~~~~~8 June 2026
08/06/2026

ခွင့်ပြချက်မရှိဘဲဆိုတော့
ခွင့်ပြုထားတာများရှိနေသလို။
~~~~~~~~~~~~~~~~~
8 June 2026

Address

No. 15, University Avenue Road, Bahan Township
Yangon
11201

Telephone

+959421122445

Website

Alerts

Be the first to know and let us send you an email when တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share