Engineering Department-Water & Sanitation,Yangon City Development Committee

  • Home
  • Myanmar
  • Yangon
  • Engineering Department-Water & Sanitation,Yangon City Development Committee

Engineering Department-Water & Sanitation,Yangon City Development Committee YCDC is directly responsible for the development and maintenance of Yangon City in all aspects. The main objectives of EDWS are:
1.

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရန်ကုန်မြို့နေပြည်သူများအတွက် ရေပေးဝေရေးနှင့် သန့်ရှင်းမှု(မိလ္လာ)ဆိုင်ရာ ဝနိဆောင်မှုများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Yangon City Development Committee (YCDC) was initially established as a city municipal organization since Myanmar was under the British to carry out municipal works, and its name was c

hanged in history as Rangoon City Municipal Corporation in 1922, as Rangoon City Municipal Committee in 1972, as Rangoon City Development Board in 1977, as Rangoon City Development Committee in 1985. According to the provisions of Yangon City Development Law (14 May 1990), YCDC bestowed wide powers and authority, for instance, YCDC was authorized to implement its own project by using its own funding resources. However, at present, YCDC needs to apply permissions of projects to the national government and the funding sources of YCDC are incorporated into the national budget by the new policy. YCDC set up as a ministerial level and comprises with 20 departments and one committee office, to create a modern city with the features and characteristics of a city while preserving its greenery and the intrinsic beauty for its citizens by the guidance of the national government. According to Yangon City Development Law, YCDC must organize with minimum 7 members to maximum 15 members; the Chairman, Vice-Chairman (Vice-Mayor), Secretary, Joint-Secretary, and the other are Committee Members. Mayor of Yangon City is responsible not only the Chairman of YCDC but also the minister of Development Affairs of Yangon Region. Engineering Department (Water & Sanitation) (EDWS) is one of the 20 departments under YCDC, which is responsible to supply of clean and potable water to the citizens of Yangon City and to serve sewerage and sanitation facilities of the city. To distribute the adequate, safe and wholesome water for city dwellers
2. To collect the water tariff completely
3. To prevent water leakage and control the reduction of non-revenue water
4. To manage for systematic sewage disposal
5. To upgrade water distribution facilities and sewerage system
EDWS is organized with 7 divisions (Reservoirs division, Water Supply division, Sanitation division, Revenue and administration division, Electrical and mechanical division, Pipe plant division and Supporting Division.

23/08/2026

ဒလမြို့နယ် သို့ ရေဖြန့်ဖြူးပေးပို့နေသော ရန်ကုန်ပေါက်ရေပေးဝေရေးစခန်း တွင် ၂၂-၈-၂၀၂၆ရက်‌ နေ့ ၀၇:၀၀ နာရီ မှ ၁၂:၄၀နာရီ ထိ၊ ၂၂:၅၅ နာရီ မှ ၂၄:၀၀ နာရီထိ၊ စုစုပေါင်း ၀၆:၄၅ နာရီကြာ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုများ ဖြစ်‌ပေါ်ခဲ့သောကြောင့်ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားခဲ့ရပါ၍ ဒလမြို့နယ် ရေဖြန့်ဖြူးပေးဝေ ရေးပိုက်လိုင်းကွန်ရက်အတွင်းရေအားနည်းမှုများ ဖြစ်ပေါ်ခဲ့မည်ဖြစ်ပါသည်။ထိုကဲ့သို့ ရေအား လျော့နည်း ခဲ့ရမှုများအပေါ် ရေသုံးစွဲသူပြည်သူများအား တောင်းပန်အသိပေးတင်ပြအပ်ပါသည်။ ရေသုံးစွဲရန်အခက်အခဲဖြစ်ပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်-
ဒလမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၃၁၅၅၉၃၇

21/08/2026

ရေသုံးစွဲသူပြည်သူများသို့အသိပေးပန်ကြားချက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေတွန်းစက်ရုံအနေဖြင့် လှော်ကားရေလှောင်ကန်ဝင်းအတွင်းရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ 33 kV လှော်ကား-ရွာမ BA-BB ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရယူ၍ ရေတွန်းစက်ကြီးများဖြင့် မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ လှိုင်မြို့နယ်၊ လှိုင်သာယာ(စက်မှုဇုန်)၊ အင်းစိန်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များသို့ ရေဖြန့်ဖြူးပေးဝေ လျက်ရှိရာ လှော်ကားရေတွန်းစက်ရုံအတွက် လျှပ်စစ်ဓာတ်အားသွယ်တန်းရယူထားသော တာဝါတိုင် များတွင် နွယ်ပင်များတွယ်ကပ်ပေါက်ရောက်နေသောကြောင့် ဓာတ်အားလိုင်းအပြစ်မဖြစ်ပေါ်စေရန် အတွက် ၂၄-၈-၂၀၂၆ ရက် (တနင်္လာနေ့)တွင် နံနက် ၀၉:၀၀ နာရီမှ နေ့လည် ၁၃:၀၀ နာရီအထိ ၄ နာရီ ခန့်ကြာ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းအား လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ချိန်အတွင်း လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားမည်ဖြစ်သဖြင့် ဖော်ပြပါမြို့နယ်များ၏ ရေပေးဝေရေးပိုက်လိုင်းများတွင် ရေပြတ်တောက် ခြင်း၊ ရေအားနည်းခြင်းများဖြစ်ပေါ်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါမြို့နယ်များမှ ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေကြိုတင်စုဆောင်းထားကြနိုင်ပါရန်နှင့် ရေသုံးစွဲရန်အခက်အခဲဖြစ်ပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်-
- ကမာရွတ်/အလုံခရိုင်ခရိုင်- ၀၉၅၀၅၁၉၈၆၊ ၀၉၅၀၁၈၅၅၇
- ကျောက်တံတား/တွံတေးခရိုင်-၀၉၅၅၀၃၃၂၃၊ ၀၉၅၁၃၅၀၇၇
- ဗိုလ်တထောင်/သင်္ဃန်းကျွန်းခရိုင်-၀၉၅၁၃၃၂၀၂၊ ၀၉၅၀၆၈၅၄၉
- မင်္ဂလာဒုံမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၅၁၂၀၈၀၅
- ရွှေပြည်သာမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၈၀၄၈၆၂၂
- မရမ်းကုန်းမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၅၀၀၁၁၁၃
- လှိုင်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၅၀၈၄၇၆၉
- လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၂၁၁၀၃၁၂၅
- အင်းစိန်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၃၁၃၆၃၇၄
- ကမာရွတ်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၇၆၇၁၄၄၇၆၇
- ဗဟန်းမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၅၀၅၁၉၈၆
- ကျောက်တံတားမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၂၅၄၀၆၆၃၅၈
- လမ်းမတော်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၂၅၀၃၁၁၃၁၂
- လသာမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၂၅၂၅၈၈၂၇၆
- တာမွေမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၃၀၆၇၂၅၃
- မင်္ဂလာတောင်ညွန့်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၃၀၃၀၈၉၄
- ပုဇွန်တောင်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၈၀၄၈၆၇၁
- ဗိုလ်တထောင်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၃၀၅၈၀၈၆

Send a message to learn more

20/08/2026

ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)မှ မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ (စက်မှုဇုန်)၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံ၊ သင်္ဃန်းကျွန်း၊ တာမွေ စသည့် မြို့နယ်သို့ ရေပေးဝေလျက်ရှိရာ ၂၀-၈-၂၀၂၆ ရက်နေ့ ၀၁:၁၅ နာရီ မှ ၀၃:၁၀ နာရီထိ ၁:၅၅ နာရီကြာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှု ဖြစ်ပေါ် ခဲ့သဖြင့် ရေတွန်းစက်ကြီးများ ခေတ္တရပ်နားခဲ့ရပြီး အဆိုပါ မြို့နယ်များ ရှိ ရေပေးဝေရေး ပိုက်လိုင်းများ အတွင်း ရေအားနည်းမှုများ ဖြစ်ပေါ်နိုင်မည် ဖြစ်ပါသည်။
ထို့အပြင် လဂွန်းပြင်ရေသန့်စင်စက်ရုံမှ နေ့စဉ် ဒဂုံမြို့သစ် လေးမြို့နယ်၊ သာကေတ၊ ဒေါပုံ စသည့် မြို့နယ်များနှင့် သီလဝါအထူးစီးပွားရေးဇုန်သို့ ရေပေးဝေလျက်ရှိရာတွင် ၂၀-၈-၂၀၂၆ ရက်နေ့ ၀၁:၁၅ နာရီ မှ ၀၃:၁၀ နာရီထိ ၁:၅၅ နာရီကြာ နာရီကြာ ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားခဲ့ရသဖြင့် အဆိုပါမြို့နယ်များရှိ မြို့နယ်ရေ ပေးဝေရေးပိုက်လိုင်း များတွင် ရေအားနည်းခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။ ထိုကဲ့သို့ ရေအားလျော့နည်းမှုများဖြစ်‌ ပေါ်မှုအပေါ် ရေသုံးစွဲသူပြည်သူများအား တောင်းပန်အသိ ပေးတင်ပြအပ်ပါသည်။ ရေသုံးစွဲရန် အခက်အခဲဖြစ်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်-
မင်္ဂလာဒုံမြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၅၁၂၀၈၀၅
အင်းစိန်မြို့နယ်ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၃၁၃၆၃၇၄
ရွှေပြည်သာမြို့နယ်မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၄၈၀၄၈၆၂၂
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၂၁၁၀၃၁၂၅
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၂၀၀၂၆၂၉၉
တာမွေမြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၄၃၀၆၇၂၅၃
တောင်ဥက္ကလာပမြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၇၉၈၃၉၇၄၃၉
မြောက်ဥက္ကလာပမြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၂၁၀၇၀၂၉၅
သင်္ဃန်းကျွန်းမြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၉၇၉၆၁၃၇၆၆
တာမွေမြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၄၃၀၆၇၂၅၃
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၉၆၁၆၂၇၃၈၆
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၇၈၇၁၃၀၃၅၁
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၅၀၉၄၃၃၅
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရေပေးရေးတာဝန်ခံ၊ ၀၉၄၄၆၇၅၈၃၅၀
ဒေါပုံမြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၄၈၀၄၈၇၆၀
သာကေတ မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၄၂၀၀၄၅၂၈၇

၁။ ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီအနေဖြင့် ‌ရန်ကုန်မြို့တော်အား သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေး နိုင်ရန်၊ ရေလေလွင့် ဆု...
19/08/2026

၁။ ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီအနေဖြင့် ‌ရန်ကုန်မြို့တော်အား သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေး နိုင်ရန်၊ ရေလေလွင့် ဆုံးရှုံးမှုများကို လျော့ချနိုင်ရန်၊ ရေသုံးစွဲမှုအား စီမံခန့်ခွဲထိန်းချုပ်နိုင်ရန်၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေရန်၊ ရေသုံးစွဲသည့် ပမာဏအတိုင်း ပေးဆောင်ရသည့် တရားမျှတသော ရေဖိုးရေခ ကောက်ခံမှုစနစ် ဖြစ်စေရန်နှင့် ရန်ကုန်မြို့၏ ရေပေးဝေရေးစနစ် ရေရှည်တည်တံ့စေရန် ရည်ရွည်၍ နိုင်ငံတကာတွင် ကျင့်သုံးကောက်ခံနေ‌သော ရေဖိုးရေခ ကောက်ခံမှုစနစ်များ ဖြစ်သည့် Basic Rate (အခြေခံ ရေဖိုးရေခ ကောက်ခံမှု စနစ်) နှင့် Progressive Water Tariff(သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေ စနစ်) တို့ကို ကျင့်သုံး ကောက်ခံလျက် ရှိပါသည်။
၂။ Basic Rate (အခြေခံရေဖိုးရေခကောက်ခံမှုစနစ်) အနေဖြင့် အိမ်သုံး အခြေခံရေသုံးစွဲမှုအား လစဉ် ၁၀ ယူနစ် (၂၂၀၀ ဂါလန်)ဖြင့်လည်းကောင်း၊ စီးပွားသုံး အခြေခံရေသုံးစွဲမှုအား လစဉ် ၂၀ ယူနစ် (၄၄၀၀ ဂါလန်)ဖြင့်လည်းကောင်း၊ လုပ်ငန်းသုံး/စက်ရုံသုံး အခြေခံရေသုံးစွဲမှုအား လစဉ် ၃၀ ယူနစ်(၆၆၀၀ ဂါလန်)ဖြင့်လည်းကောင်း ကောက်ခံသွားမည် ဖြစ်ပါသည်။ အဆိုပါ အခြေခံရေသုံးစွဲမှု ပမာဏမှာ ရေသုံးစွဲသူပြည်သူများ မဖြစ်မနေ ပေးဆောင်ရမည့် အနည်းဆုံးပမာဏ ဖြစ်ပါသည်။
၃။ မည်သည့်ရေသုံးစွဲမှု အမျိုးအစားမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိသော ရေဆက် သွယ်မှုများအား အခြေခံရေသုံးစွဲမှု၏ ၆ ဆ ကောက်ခံသွားမည် ဖြစ်ပါမည်။ ထိုသို့ ကောက်ခံရခြင်းမှာ တရားမဝင် ရေသုံးစွဲမှုများနှင့် ရေလေလွင့် ဆုံးရှုံးမှုများအား လျော့ချနိုင်ရန် ရည်ရွယ်ပြီး ရေသုံးစွဲသူ ပြည်သူများ အနေဖြင့် မိမိသုံးစွဲ သည့် ရေပမာဏနှင့် ညီမျှသည့် ရေဖိုးရေခအား ပေးဆောင်နိုင်ရန်အတွက် တပ်ဆင်သုံးစွဲလျှက် ရှိသော ရေမီဝာာများ ကို ထိန်းသိမ်းစောင့်‌ရှောက်ကြရန်နှင့် ရေမီတာ တပ်ဆင်ထားခြင်း မရှိပါက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ရှိ မြို့နယ် ရေ/သန့်ရုံးသို့ ဆက်သွယ်ကာ အမြန်ဆုံး တပ်ဆင်ပေးကြရန် တိုက်တွန်း အကြံပေးအပ်ပါသည်။
၄။ ‌ရေဖိုးရေခ နှုန်းထားအနေဖြင့် တစ်ဂါလန်လျှင် နိုင်ငံသား (အိမ်သုံး) အတွက် ၁.၅ ကျပ်/ဂါလန်နှုန်း၊ နိုင်ငံသား (စီးပွားသုံး) အတွက် ၂.၅ ကျပ်/ဂါလန်နှုန်း၊ နိုင်ငံသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် ၃ ကျပ်/ဂါလန်နှုန်း၊ နိုင်ငံခြားသား (အိမ်သုံး) အတွက် ၄ ကျပ်/ဂါလန်နှုန်း၊ နိုင်ငံခြားသား (စီးပွားသုံး) အတွက် ၅ ကျပ်/ဂါလန်နှုန်း၊ နိုင်ငံခြားသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် ၆ ကျပ်/ဂါလန်နှုန်း ဖြင့် အသီးသီး သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်။
၅။ Progressive Water Tariff (သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေ စနစ်) အနေဖြင့် မည်သည့် နိုင်ငံသား ရေသုံးစွဲမှု မဆို ၃၀ ယူနစ်(၆၆၀၀ ဂါလန်) အထက် သုံးစွဲပါက ပိုမိုသုံးစွဲသည့်ပမာဏကို ၂.၅ ကျပ်/ဂါလန်နှုန်းနှင့် ၆၀ ယူနစ်(၁၃၂၀၀ ဂါလန်)အထက် သုံးစွဲပါက ပိုမိုသုံးစွဲသည့်ပမာဏကို ၃ ကျပ်/ဂါလန်နှုန်းသို့ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ပြီး မည်သည့် နိုင်ငံခြားသား ရေသုံးစွဲမှုမဆို ၃၀ ယူနစ်(၆၆၀၀ ဂါလန်) အထက် သုံးစွဲပါက ပိုမိုသုံးစွဲသည့်ပမာဏကို ၅ ကျပ်/ဂါလန်နှုန်းနှင့် ၆၀ ယူနစ်(၁၃၂၀၀ ဂါလန်) အထက် သုံးစွဲပါက ပိုမိုသုံးစွဲသည့်ပမာဏကို ၆ ကျပ်/ဂါလန်နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပါသည်။ ထိုသို့ကောက်ခံခြင်းဖြင့် ရေကို ချွေတာ သုံးစွဲသည့် အလေ့အကျင့် ရရှိစေမည်ဖြစ်ပြီး ရန်ကုန်မြို့အား ရေပိုမို လွှမ်းခြုံပေးဝေနိုင်မည် ဖြစ်သဖြင့် YESC မှလည်း လက်ရှိ ကျင့်သုံးနေသည့် စနစ်ဖြစ်ပါသည်။
၆။ ရန်ကုန်မြို့အား သောက်သုံးရေ ပုံမှန်‌ပေးဝေနိုင်ရန် ရေသန့်စင်မှုစနစ်တွင် လိုအပ်သော ဓာတုပစ္စည်းများ အတွက် ကုန်ကျစရိတ်၊ ရေသန့်စင်စက်ရုံများနှင့် ရေတွန်းစက်ကြီးများ လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အားခနှင့် ပြုပြင် ထိန်းသိမ်းစရိတ်၊ ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်များ ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ဝန်ထမ်းလစာတို့ကို ကျခံအသုံးပြုနေရပြီး လက်ရှိရေဖိုးရေခဝင်‌ငွေမှာ လျှပ်စစ်ဓာတ်အားခကိုသာ ကာမိယုံရှိပါသည်။
၇။ သို့ဖြစ်ပါ၍ ရေလေလွင့် ဆုံးရှုံးမှုများ လျော့ချနိုင်ရန်နှင့် ရေဖိုးရေခများ ဆုံးရှုံးမှုမရှိဘဲ အပြည့်အဝ ကောက်ခံ ရရှိနိုင်‌ရန် ရေသုံးစွဲသူပြည်သူများမှ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးခြင်းဖြင့် ရန်ကုန်မြို့ ရေပေးဝေရေး စနစ်အား ရေရှည် တည်တံ့ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးနှင့် ရေပေးဝေရေး ဝန်ဆောင်မှုများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် တစ်တပ်တစ်အား ကူညီရာ‌ ရောက်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
(မှတ်ချက်။ ရေဖိုးရေခ ကောက်ခံမှုစနစ်နှင့် နှုန်းထားများအား ရေဖိုးရေခ နှိုးဆော်စာနှင့် ပြေစာ၏ နောက်ကျော ဘက်တွင် ရိုက်နှိပ် ဖော်ပြထားပါသည်။)

ရေအရည်အသွေးစီမံခန့်ခွဲမှုဗဟိုဓာတ်ခွဲခန်း(YCDC)မှ ရန်ကုန်မြို့ရေပေးဝေရေးစနစ်၏ ရေအရည်အသွေးစစ်ဆေးကြီးကြပ်နေမှု ရန်ကုန်မြို့...
18/08/2026

ရေအရည်အသွေးစီမံခန့်ခွဲမှုဗဟိုဓာတ်ခွဲခန်း(YCDC)မှ ရန်ကုန်မြို့ရေပေးဝေရေးစနစ်၏ ရေအရည်အသွေးစစ်ဆေးကြီးကြပ်နေမှု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)သည် ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေကို နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရေ၏အရည်အသွေးကဏ္ဍသည် အလွန်အရေးပါလှပါသည်။
ယခင်က ဌာနပိုင်ရေလှောင်ကန်ကြီးများနှင့် အဝီစိတွင်းများ၏ ရေအရည်အသွေးကို စမ်းသပ်စစ်ဆေးလိုသည့် အခါ ပြင်ပဓာတ်ခွဲခန်းများသို့ ရေနမူနာများ ပေးပို့စစ်ဆေးခဲ့ရသောကြောင့် ရန်ကုန်မြို့အား ဖြန့်ဖြူးပေးဝေလျက်ရှိသည့် သောက်သုံးရေအရည်အသွေးကို အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးစီမံခန့်ခွဲနိုင်ရန် ရန်ကုန်မြို့တော်ဝန်၏ လမ်းညွှန်မှုဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ တွင် ရေအရည်အသွေးကြီးကြပ်စစ်ဆေးရေး ဗဟိုဓာတ်ခွဲခန်းအား စတင်တည်ထောင်ခဲ့ပါသည်။ ဌာနမှ မြို့ပြအင်ဂျင်နီယာများ၊ ဓာတုအင်ဂျင်နီယာများနှင့် ဓာတုဗေဒဘွဲ့ရများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းဆိုင်ရာ ပညာရပ်များအား နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည့်အပြင် Greater Yangon Water Supply Improvement Project တွင် လည်း ဂျပန်ကျွမ်းကျင်ပညာရှင်များဖြင့် ပူးတွဲတာဝန်ထမ်းဆောင်စေပြီး လုပ်ငန်းခွင်အတွေ့အကြုံ ရယူစေခဲ့ပါသည်။ ထိုအချိန်က ဗဟိုဓာတ်ခွဲခန်းတွင် ရေအရည်အသွေးဆိုင်ရာ Parameter (၁၃) မျိုးကိုသာ တိုင်းတာနိုင်ခဲ့ပြီး ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကဏ္ဍအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များ (World Health Organization- WHO Guidelines)နှင့် မြန်မာနိုင်ငံ၏ အမျိုးသားသောက်သုံးရေအရည်အသွေးစံချိန်စံညွှန်း (National Drinking Water Quality Standard) တို့နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆင့်မြှင့်တင်ခဲ့ရာ ရေအရည်အသွေးဆိုင်ရာ Physical Parameters (၆) မျိုးနှင့် Chemical Parameters (၂၀) မျိုးအပြင် Biological Parameters (၂) မျိုး၊ Environmental Pollution Parameters (၃) မျိုး၊ စုစုပေါင်း Parameters (၃၁) မျိုးအထိ ကျွမ်းကျင်ပိုင်နိုင်စွာ တိုင်းတာအဖြေထုတ်ပေးနိုင်ခဲ့ပါသည်။
ထို့အပြင် ရေအရင်းအမြစ်များ၊ ရေသန့်စင်စက်ရုံများ၏ ရေအရည်အသွေး ပြောင်းလဲနေမှုအခြေအနေအား စဉ် ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ဂျိုးဖြူကန်၊ ဖူးကြီးကန်၊ လှော်ကားကန်၊ ညောင်နှစ်ပင်ရေသန့်စင်စက်ရုံ၊ ရေကူးရေတွန်းစက်နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံများတွင် ဓာတ်ခွဲခန်းငယ် (၆) ခုကို တည်ထောင်ကာ ရေအရင်းအမြစ်များ၏ ရေအရည်အသွေးအား နေ့စဉ်ပုံမှန်စစ်ဆေးခြင်း၊ ရေသန့်စင်စက်ရုံများ၏ စွမ်းဆောင်ရည်အခြေအနေများကို ရေအရည်အသွေး ရလာဒ်များဖြင့် စောင့်ကြည့်စစ်ဆေးခြင်း၊ ရေသန့်စင်မှုစနစ်သုံး ဓာတုပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးတိုင်းတာခြင်း စသည့်လုပ်ငန်းများကို ဗဟိုဓာတ်ခွဲခန်း၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ထိုနည်းတူ မိလ္လာ‌ရေဆိုးများ၏ သန့်စင်ပြီး‌ ရေအရည်အသွေးကို သိရှိနိုင်ရန်နှင့် ရေတွင် စွန့်ပစ်ရေဆိုးများ ဝင် ရောက်နေမှုအခြေအနေကို သိရှိနိုင်ရန် ရေဆိုးစနစ်စစ်ဆေးမှုဓာတ်ခွဲခန်း ကိုလည်း ၂၀၁၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ရေကန်ကြီးများအတွင်းသို့ လူနေအိမ်များနှင့် စားသောက်ဆိုင်များမှ စွန့်ပစ်ရေဆိုးများ စီးဝင်နေမှု အခြေအနေအား စစ်ဆေးသည့်အပြင် ရေဆိုးသန့်စင်စက်ရုံ၏ လုပ်ငန်းလုပ်ဆောင်နိုင်မှုအခြေအနေကိုပါ စစ်ဆေးပေး လျက်ရှိပါသည်။ ရေဆိုးသန့်စင်မှုဓာတ်ခွဲခန်းသည် စတင်တည်ထောင်ချိန်က Parameter (၁၀) မျိုးသာ တိုင်းတာနိုင်ခဲ့ သော်လည်း ၂၀၂၃ ခုနှစ်မှ စတင်၍ Parameter (၁၃) မျိုးအထိ တိုးမြှင့်တိုင်းတာနိုင်ခဲ့သည်။
အဆိုပါဗဟိုဓါတ်ခွဲခန်းတွင် ရေအရည် အသွေးဆိုင်ရာ Parameter စုစုပေါင်း (၃၇) မျိုးကို တိကျမှန်ကန်စွာ တိုင်းတာစစ်ဆေးပေးလျက်ရှိပြီး အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO 9001: 2015 Certificate ကို ၅-၃-၂၀၂၆ ရက်နေ့တွင် ရရှိခဲ့ပါကြောင်းနှင့် ISO အရည်အသွေးစီမံခန့်ခွဲမှုစနစ်ကို လိုက်နာ၍ ရန်ကုန်မြို့နေပြည်သူများအား သန့်ရှင်းကြည်လင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ရေကောင်းရေသန့်များ ဖြန့်ဖြူး ပေးဝေနိုင်ရေးအတွက် ရေအရည်အသွေးကြီးကြပ်စစ်ဆေးစီမံခန့်ခွဲခြင်းလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေး လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။

16/08/2026

ရေသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားချက်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သို့ရေပေးပို့နေသော ရေပေးဝေရေးစခန်းဇုန်(၇)ရှိ 66/6.6 kV, 4MVA ဓာတ်အားခွဲရုံ နှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် ၁၆-၈-၂၀၂၆ ရက်‌နေ့ ၁၇:၅၅ နာရီ ၌ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် အတွက်လိုအပ်သည့်စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့ လျှပ်စစ်ပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရပါသဖြင့် ဖော်ပြပါမြို့နယ်များရှိ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများ ဖြစ်ပေါ်‌နိုင်မည်ဖြစ်ပါသည်။ထိုကဲ့သို့ရေအားလျော့ နည်းခဲ့ရမှုများအပေါ်ရေသုံးစွဲသူပြည်သူများအားတောင်းပန်အသိပေးတင်ပြအပ်ပါသည်။ ရေသုံးစွဲရန် အခက်အခဲဖြစ်ပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်-
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၉၆၁၆၂၇၃၈၆
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၇၈၇၁၃၀၃၅၁

16/08/2026

ရေသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားချက်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်သို့ရေပေးပို့နေသော ရေပေးဝေရေးစခန်းဇုန်(၇)ရှိ 66/6.6 kV, 4MVA ဓာတ်အားခွဲရုံတွင် ၁၆-၈-၂၀၂၆ ရက်‌နေ့ ၀၅:၅၅ နာရီ ၌ Transformer ချို့ယွင်းမှုဖြစ်ပေါခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါသဖြင့် လိုအပ် သည့် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခဲ့ရာ ၁၀:၃၀ နာရီတွင် လုပ်ငန်းများပြီးစီး၍ ရေတွန်းစက်ကြီးများ စွမ်းအားပြည့်ပြန်လည်မောင်းနှင်ထားပြီးဖြစ်ပါသည်။ ထိုသို့ပေါ်ခဲ့သောကြောင့် ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားခဲ့ရပါသဖြင့် ဖော်ပြပါ မြို့နယ်များတွင် ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်အတွင်း ရေအားနည်းမှုများ ဖြစ်ပေါ်‌နိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ရေအား လျော့နည်းခဲ့ရမှုများအပေါ် ရေသုံးစွဲသူပြည်သူများအား တောင်းပန် အသိပေး တင်ပြအပ်ပါ သည်။ ရေသုံးစွဲရန်အခက်အခဲဖြစ်ပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်-
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၉၆၁၆၂၇၃၈၆
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရေပေးရေးတာဝန်ခံ၊၀၉၇၈၇၁၃၀၃၅၁

Send a message to learn more

Address

No. 390, Merchant Street, Botahtaung Township
Yangon

Alerts

Be the first to know and let us send you an email when Engineering Department-Water & Sanitation,Yangon City Development Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Engineering Department-Water & Sanitation,Yangon City Development Committee:

Shortcuts

Share