T.E.S Myanmar

T.E.S Myanmar Fire Protection Solutions Provider
(Fire Detection & Alarm, Fire Suppression Systems)

အတာကူးသည့် မြန်မာနှစ်သစ်ကူးအခါသမယ မှစ၍ မြန်မာနှစ်သစ် ၁၃၈၇ တွင် ... T.E.S Myanmar ၏ လုပ်ငန်းမိတ်ဖက်များ နှင့် ချစ်မိတ်ဆွေ...
16/04/2025

အတာကူးသည့် မြန်မာနှစ်သစ်ကူးအခါသမယ မှစ၍ မြန်မာနှစ်သစ် ၁၃၈၇ တွင် ...
T.E.S Myanmar ၏ လုပ်ငန်းမိတ်ဖက်များ နှင့် ချစ်မိတ်ဆွေအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများပြည့်စုံပါစေကြောင်း နှစ်သစ်မင်္ဂလာဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
🙏🙏🙏

T.E.S Myanmar wishes all our customers, partners, manufacturers, colleagues and friends, good health, happiness, prosperity, and success in this Thingyan and the upcoming Myanmar New Year 1387.

29/10/2024

✨️ မင်္ဂလာပါ ✨️

ကျွန်တော်များ T.E.S Myanmar office တွင် လိုအပ်လျက်ရှိသော အောက်ပါအလုပ်နေရာအတွက် စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

Office Manager (မ) - ၁ ဦး
၁) အသက် - ၃၀ မှ ၄၅ အတွင်း
၂) ပညာအရည်အချင်း - တက္ကသိုလ်တခုခုမှ ဘွဲ့တစ်ခုရရှိသူ၊ ဖြစ်ပြီး (Business Management Diploma တခုခု ရရှိထားသူကို ဦးစားပေးပါမည်)
၃) Computer အသုံးချနိုင်မှုအရည်အချင်း - Email, Word, Excel ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ပြီး အခြား ရုံးသုံး application software များကို လုပ်ငန်းလိုအပ်ချက်အတိုင်း သင်ယူ၍ ပြန်လည်အသုံးချနိုင်ရပါမည်။
၄) Language - မြန်မာ နှင့် English 4 skill
၅) ရုံးလုပ်ငန်းနှင့်ပတ်သက်သည့် တဆက်တည်းလုပ်သက် အနည်းဆုံး ၃ နှစ်ရှိရပါမည်။
၆) ရုံးမှစီစဥ်ပေးသော သင်တန်းများကိုတက်ရောက်၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သူဖြစ်ရပါမည်။
၇) အမှန်တကယ် ရေရှည်လက်တွဲလုပ်ကိုင်နိုင်ပြီး၊ လုပ်ငန်းခွင်တွင် တာ၀န်ယူမှု တာဝန်ခံမှုရှိစွာအသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရပါမည်။
၈) ခန့်မှန်းလစာကို CV Form တွင်ဖော်ပြပေးရပါမည်။
၉) ရုံးခန်းတည်ရှိရာ လှိုင်မြို့နယ် အေးရိပ်မွန်အိမ်ရာ နှင့် သွားရေးလာရေး လွယ်ကူသူများသာ လျှောက်ထားရန်ဖြစ်ပါသည်။

အထက်ဖော်ပြပါအချက်များနှင့် ကိုက်ညီသော လျှောက်ထားလိုသူများသည် (3) လအတွင်းရိုက်ထား​သော Passport ဓါတ်ပုံပါသည့် CV Form ကို (၁၀-၁၁-၂၀၂၄) ​​နောက်ဆုံးထား၍ [email protected] (သို့) 09450460323 (viber) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

T.E.S Myanmar

သီတင်းကျွတ်ကာလ အခါသမယမှာ...မိသားစုတိုင်း အားလုံး ကျန်းမာရွှင်လန်း အေးချမ်းကြပါစေကြောင်း T.E.S Myanmar မိသားစုမှ ဆုမွန်ကေ...
16/10/2024

သီတင်းကျွတ်ကာလ အခါသမယမှာ...
မိသားစုတိုင်း အားလုံး ကျန်းမာရွှင်လန်း အေးချမ်းကြပါစေကြောင်း T.E.S Myanmar မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏

T.E.S Myanmar

16/09/2024

ကျွန်တော်များ T.E.S Myanmar တွင် လိုအပ်လျက်ရှိသော အောက်ပါအလုပ်နေရာအတွက် စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

Technical Support Engineer (ကျား) - ၂ ဦး
၁) အသက် ၃၀ မှ ၄၀ နှစ် အတွင်း
၂) ပညာအရည်အချင်း
B.E (or) B.Tech (or) A.G.T.I
(EP/EC/IT/MP/MT/MC)
သို့မဟုတ်
တက္ကသိုလ်တစ်ခုခုမှအနည်းဆုံးဘွဲ့တစ်ခုရရှိပြီး M&E related Engineering Diploma (သို့) Certificate ရရှိပြီးသူဖြစ်ရပါမည် ၊
၃) Computer ကိုကျွမ်းကျင်စွာအသုံးချနိုင်သူဖြစ်၍ Engineering related software များကို စနစ်တကျလေ့လာသင်ယူလိုပြီး အသုံးချနိုင်စွမ်းရှိရပါမည်။
၄) လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရပါမည်။
(လုပ်ငန်းအတွေ့အကြုံနှင့် computer knowledge skill ပေါ်မူတည်၍ အသက်နှင့် ပညာအရည်အချင်းကို လျှော့ပေါ့စဥ်းစားပေးပါမည်)
၅) ရုံးမှစီစဥ်ပေးသော ပြည်တွင်း/ပြည်ပမှ သင်တန်းများကိုတက်ရောက်၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သူဖြစ်ရပါမည်။
၆) လုပ်ငန်းလိုအပ်ချက်အရပြည်တွင်း/ပြည်ပ ရက်တိုခရီးများကို သွားနိုင်သူဖြစ်ရပါမည်။
၇) ခန့်မှန်းလစာကို CV Form တွင်တင်ပြ​ပေးရပါမည်။

အမှန်တကယ် ရေရှည်လက်တွဲလုပ်ကိုင်နိုင်ပြီး၊ လုပ်ငန်းခွင်တွင် တာ၀န်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်ရပါမည်။ အသင်းအဖွဲ့နှင့် အတူတကွလုပ်ဆောင်နိုင်ရပါမည်။

စိတ်ပါဝင်စား​သော လျှောက်ထားလိုသူများသည် [email protected] သို့ (၃) လအတွင်းရိုက်ထား​သော Passport ဓါတ်ပုံပါသည့် CV Form များကို (၃၀.၀၉.၂၀၂၄) ​​နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါသည်။

Wet Chemical***************ဟိုတယ်၊ စားသောက်ဆိုင် နှင့် Main Kitchen များ၏ မီးဘေးကာကွယ်ရေးအတွက် လွယ်ကူလုံခြုံစွာ အသုံးပြု...
10/05/2024

Wet Chemical
***************
ဟိုတယ်၊ စားသောက်ဆိုင် နှင့် Main Kitchen များ၏ မီးဘေးကာကွယ်ရေးအတွက် လွယ်ကူလုံခြုံစွာ အသုံးပြုနိုင်မည့် ...

"Wet Chemical Fire Extinguisher (Portable)" များကို

မလေးရှားနိုင်ငံ Steel Recon Industries (SRI) စက်ရုံမှထုတ်လုပ်ပြီး T.E.S Myanmar တွင် ရရှိနိုင်ပါပြီခင်ဗျာ။

2 Liters cylinder (FEX127-SS-2LT-RD)
6 Liters cylinder (FEX128-MS-6LT-RD)

T.E.S Myanmar
09450460323
info@tesmyanmar



GST fire alarm system 😊
09/05/2024

GST fire alarm system 😊


မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ🙏မိတ်ဆွေများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် Gulf Security Technology Co., Ltd. ...
25/01/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ🙏

မိတ်ဆွေများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် Gulf Security Technology Co., Ltd. (Mainland China) မှ ထုတ်လုပ်တဲ့ "GST" အမှတ်တံဆိပ် Fire alarm system ကို မိတ်ဆက်ပေးပါရစေ။

#ထုတ်လုပ်မှုသက်တမ်းနှင့်မိခင်ကုမ္ပဏီ
၁၉၉၃ ခုနှစ်တွင် တည်ထောင်၍ Fire safety products များထုတ်လုပ်နေတဲ့ GST ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။
ဒါ့အပြင် GST ဟာ New York Stock Exchange Listed, ကမ္ဘာ့ကျော် HVAC, refrigeration, fire, security and building automation များထုတ်လုပ်တဲ့ "Carrier" (Carrier Global Corporation) "CARR" ၏ လက်အောက်ခံ (Subsidiary) ကုမ္ပဏီဖြစ်ပြီး နည်းစနစ်နှင့် အရည်အသွေးပိုင်းမှာ ထိပ်တန်းမှရပ်တည်နေပါတယ်။

#စံချိန်စံညွှန်း
GST စက်ရုံဟာ Fire alarm system တစ်မျိုးတည်းသာမက fire safety product မျိုးစုံထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။
အထူးသဖြင့် Mainland China ရဲ့ Fire safety standard ဖြစ်တဲ့ CCCF နဲ့ ဆက်စပ် codes တွေနဲ့အညီ approval ယူထားတဲ့ product မျိုးစုံကို ထုတ်လုပ်ပြီး China ပြည်တွင်းလိုအပ်ချက်ကို အဓိကဖြည့်တင်းနေတဲ့ အထင်ကရစက်ရုံတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် အာရှနဲ့ နိုင်ငံတကာစျေးကွက်ကို တင်ပို့နိုင်ဖို့ China's CCC သာမက နိုင်ငံတကာသုံး standard တွေဖြစ်တဲ့ the international UL, the global LPCB, Europe's CE အစရှိတဲ့ standard တွေနဲ့အညီ approval certificates များကို device တခုချင်းစီအလိုက် ရယူပြီး export product များအဖြစ် ထုတ်လုပ်လျက်ရှိပါတယ်။

#သုတေသနနှင့်ထုတ်လုပ်မှု
တရုတ်နိုင်ငံ၏ မြို့တော် ဘေကျင်း (Beijing) နဲ့ စက်မှု့ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကျင်ဟွောင်းတောင် (Qinhuangdao) တို့မှာ အဓိက R&D ဌာနများထားရှိပြီး၊ စက်မှုမြို့တော် ကျင်ဟွောင်းတောင် ရှိ ကြီးမားကျယ်ပြန့်သည့်စက်ရုံကြီးမှ ဆန်းသစ်ခေတ်မီသောနည်းပညာများဖြင့် ၎င်းတို့၏ ပြည်တွင်းပြည်ပစျေးကွက်များအတွက် အစဥ်တစိုက်ထုတ်လုပ်လျက်ရှိပါတယ်၊
စက်ရုံရဲ့ ထုတ်လုပ်မှုအရည်အသွေးအတွက် ISO certificates များ၊ European Union's RoHS (EEE) approval များ ရယူလျက် ကုန်ပစ္စည်းများကို စနစ်တကျထုတ်လုပ်နေကြောင်းလေ့လာတွေ့ရှိရပါတယ်။
ထူးခြားမှုတစ်ခုကတော့ GST ဟာ Carrier ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တာနဲ့အညီ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဖြန့်ဖြူးရောင်းချမှု၊ အစရှိတဲ့ လုပ်ငန်းဆောင်တာကိစ္စရပ်တွေမှာ Carrier ရဲ့ ကျင့်ဝတ်စည်းကမ်း (Ethics) တွေအတိုင်း တသွေမသိမ်းလိုက်နာကျင့်ကြံကြရပါတယ်။
ကမ္ဘာအနှံ့တွင် Sales office (၁၅၀) ကျော်ရှိပြီး ၎င်းတို့အတွက် လုံလောက်တဲ့ Logistic centers များလည်းထားရှိပေးပါတယ်။ Asia Pacific region အတွက် Logistic center ကို စင်ကာပူ၌ထားရှိပါတယ်။

#မြန်မာပြည်အတွက် Fire Alarm
လက်ရှိစျေးကွက်ရဲ့ စိန်ခေါ်မှုကတော့ အားလုံးသိတဲ့အတိုင်း စျေးနှုန်းနဲ့ အရည်အသွေးပဲဖြစ်ပါတယ်။
စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ပစ္စည်းရဖို့က လွယ်တာတော့ မဟုတ်ပါဘူး။
အခုတော့ GST fire alarm နဲ့ အဲ့ဒီအခက်အခဲကို ဖြေရှင်းနိုင်ပြီဖြစ်ပါတယ်။

GST fire alarm ပစ္စည်းတွေကို အသုံးပြုတဲ့အခါရရှိနိုင်မယ့် ယင်းအမှတ်တံဆိပ်ရဲ့ အားသာချက်တွေကတော့
၁) လူဦးရေ သန်း ၁၄၀၀ ကျော်ရှိတဲ့ Mainland China မှာကိုယ်နှိုက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်ခြင်း၊
၂) အိမ်နီးချင်းနိုင်ငံများသာမက ကမ္ဘာတဝှမ်းကပါ လက်ခံအသုံးပြုနေကြခြင်း၊
၃) Product information (Brochure, catalogue, datasheet, etc.) များ English Version ဖြင့် အလွယ်တကူရရှိနိုင်ခြင်း၊
(Product website မှ လွယ်ကူစွာ ရယူနိုင်ပါတယ်)
၄) Programming software, firmware, နှင့် အခြား supporting software and documents များကို အလွယ်တကူ ပံ့ပိုးနိုင်မှုရှိခြင်း၊
၅) Product device တစ်ခုချင်းစီအလိုက် တိကျတဲ့ part no. များ certificate ပေါ်မှာ ပါရှိခြင်း၊
၆) ပစ္စည်းအသုံးပြုမယ့် တိုင်းပြည်တွင်းမှာ ပစ္စည်းရောင်းရုံသက်သက်မဟုတ်ဘဲ Warranty နဲဲ့ Technical support အတွက် ထိရောက်စွာ ပံ့ပိုးပေးနိုင်တဲ့ ESD (Engineered System Distributor) ရှိခြင်း၊
တို့ပဲ ဖြစ်ကြပါတယ်။

GST fire alarm system မှာ
- Fully addressable system
- Semi addressable system
- Conventional system များကို
China CCC, UL listed, LPCB approved, CE mark စတဲ့ certificate ရှိတဲ့ product များဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်တိုင်စမ်းသပ်ကြည့်ချင်တယ်ဆိုပါက ကျွန်တော်များ Technical Lab သို့ ကြွလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါရစေ။
(Technical Lab သို့ လာရောက်ရန်အတွက် ဖုန်းဖြင့် ကြိုတင်ဆက်သွယ်ပေးဖို့တော့ လိုအပ်ပါတယ်ခင်ဗျာ)

စျေးနှုန်းနဲ့ အသေးစိတ်အချက်အလက်များစုံစမ်းလိုပါက
T.E.S Myanmar sales office
09 450 460 323 (9am to 5pm) (Mon - Fri)
[email protected]
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ 🙏

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် နေ့တွင် ကျရောက်သော  '' ကရင်နှစ်သစ်ကူးနေ့ '' ကိုဂုဏ်ပြုကြိုဆိုပါတယ် ခင်ဗျာ။T.E.S Myanmar
11/01/2024

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် နေ့တွင် ကျရောက်သော

'' ကရင်နှစ်သစ်ကူးနေ့ '' ကိုဂုဏ်ပြုကြိုဆိုပါတယ် ခင်ဗျာ။

T.E.S Myanmar

🔥FIRE BLANKETSafe to use for kitchen fire♨️.....မင်္ဂလာပါခင်ဗျာသင့်မိသားစုဝင်တွေအတွက် ‌ကြှော်လှော်ချက်ပြုတ်ရာ မီးဖိုချော...
08/01/2024

🔥FIRE BLANKET
Safe to use for kitchen fire♨️.....

မင်္ဂလာပါခင်ဗျာ
သင့်မိသားစုဝင်တွေအတွက် ‌ကြှော်လှော်ချက်ပြုတ်ရာ မီးဖိုချောင်👨‍🍳(သို့) စားသောက်ဆိုင် လုပ်ငန်းသုံးမီးဖိုတွေမှာ မီးဘေးအန္တရာယ် အရေးပေါ်အ‌ခြေအနေတွင် အသုံးပြုရလွယ်ကူသော Fire Blanket များကို T.E.S Myanmar တွင် ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

Fire Blanket
Material: Woven fiber glass
Color: Red
Brand: SRI (Malaysia)
Part No. : MIS255-FG-STD-RD (4' x 4')
Features: Waterproof, Lightweight, Flame Resistant, Low Temperature Resistant, Reusable, No Expiry
Application: Small Kitchen (or) Commercial Kitchen



Technology Enabled Solutions (Myanmar) Co.,Ltd
(T.E.S Myanmar)
[email protected]
09 450460 323

ကျေးဇူးတင်လွှာ***************T.E.S Myanmar မှ Junior Engineer များအတွက်  Basic Fire Alarm & Fire Suppression Systems Tra...
05/11/2023

ကျေးဇူးတင်လွှာ
***************
T.E.S Myanmar မှ Junior Engineer များအတွက် Basic Fire Alarm & Fire Suppression Systems Training ကို MICT Park ၌ 4-11-2023 နှင့် 5-11-2023 နေ့များတွင် ပြုလုပ်ခဲ့ပါသည်။
Training အထမြောက်အောင် ပံ့ပိုးပေးခဲ့သော T.E.S Myanmar management team နှင့် Trainer များအား လည်းကောင်း၊ စိတ်ပါဝင်စားစွာဖြင့် Training အစမှ အဆုံး တက်ရောက်ခဲ့သူ သင်တန်းသားများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါသည်။
အခါအားလျော်စွာ ကျင်းပပေးမည့် T.E.S Myanmar ၏ သင်တန်းများကို တက်ရောက်နိုင်ပါရန်ကြိုတင်အသိပေးသွားမည်ဖြစ်ပါကြောင်း ... 🥰

T.E.S Myanmar
(SRI)

သီတင်းကျွတ်ကာလ အခါသမယမှာ...မိသားစုတိုင်း အားလုံး ကျန်းမာရွှင်လန်း အေးချမ်းကြပါစေ.စီးပွားဥစ္စာ တိုးတက် အောင်မြင်ကြပါစေ 🌼🌼...
29/10/2023

သီတင်းကျွတ်ကာလ အခါသမယမှာ...
မိသားစုတိုင်း အားလုံး ကျန်းမာရွှင်လန်း အေးချမ်းကြပါစေ.
စီးပွားဥစ္စာ တိုးတက် အောင်မြင်ကြပါစေ 🌼🌼

T.E.S Myanmar

(Edit စာရင်းပိတ်ပါပြီ 2-11-2023) #သင်တန်းဖိတ်ကြားခြင်း ********************** T.E.S Myanmar ၏ မိတ်ဆွေများ မင်္ဂလာအပေါင်း...
25/10/2023

(Edit စာရင်းပိတ်ပါပြီ 2-11-2023)

#သင်တန်းဖိတ်ကြားခြင်း
**********************
T.E.S Myanmar ၏ မိတ်ဆွေများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏

T.E.S Myanmar မှ "Junior Engineer " များအတွက် Knowledge Sharing Training (Basic Fire Alarm System and Gaseous Fire Suppression System) ကို အောက်ပါအစီအစဥ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် 2-11-2023 ညနေ ၅ နာရီ နောက်ဆုံးထား၍ ယခု Google form တွင် စာရင်းပေးသွင်းနိုင်ပါသည်။

(Edit စာရင်းပိတ်ပါပြီ 2-11-2023)

#အနိမ့်ဆုံးပညာရေးလိုအပ်ချက်
1) AGTI (or) Final year: B.E (or) Equivalent
Trade subject:
Mechanical/ Electrical/Mechatronics/ Industrial Engineering (IE)

#သင်တန်းပြုလုပ်မည့်နေ့ရက်/အချိန်
4-11-2023 (စနေနေ့)
5-11-2023 (တနင်္ဂနွေနေ့)
နံနက် ၈ နာရီမှ ၁၂ နာရီ

#သင်တန်းနေရာ
MICT Park လှိုင်မြို့နယ်

#သင်တန်းကြေး
အခမဲ့ (FOC)

#အခွင့်အလမ်း
သင်တန်းချိန် အပြည့်တက်ရောက်နိုင်ခဲ့သူများသည် T.E.S နှင့် မိတ်ဖက် M&E ကုမ္ပဏီများတွင် On Job Training အတွက် လျှောက်ထားနိုင်ပါမည်။
OJT လျှောက်ထားမည့်သူများသည် ယခုသင်တန်းပြီးဆုံးချိန်တွင်ပြုလုပ်မည့် စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် OJT တစ်လ လေ့လာသင်ယူခွင့်ရမည်ဖြစ်ပါသည်။
တစ်လပြည့်မြောက်၍ စည်းကမ်းချက်များနှင့် ပြည့်စုံစွာလေ့လာသင်ယူခဲ့သူများကို ထောက်ခံစာထုတ်ပေးပါမည်။
ယင်းကုမ္ပဏီတွင် အလုပ်ဆက်လက်လုပ်ကိုင်လိုပါကလည်း ညှိနှိုင်း၍ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

မှတ်ချက်၊ ယခု Training သည် Junior Engineer များအဖြစ် လုပ်ငန်းခွင်ဝင်ရောက်လိုသူများ အထောက်အကူဖြစ်ရန် ရည်ရွယ်ပါသဖြင့် Fresh graduate များအား ဦးစားပေးပါမည်။

အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်းဖြင့်ဆက်သွယ်နိုင်ပါသည်။

T.E.S Myanmar
09450460323
[email protected]

(Edit စာရင်းပိတ်ပါပြီ 2-11-2023)

Address

Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:30

Telephone

+959450460323

Alerts

Be the first to know and let us send you an email when T.E.S Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to T.E.S Myanmar:

Share