10/09/2026
ဝမ်းသာစရာကောင်းလိုက်တာ
မြတ်ဆရာပူဇော်ပွဲအတွက်
အထက(၁)မင်္ဂလာတောင်ညွန့်
ကျောင်းသား/သူဟောင်းများရဲ့
ထည့်ဝင်လှူဒါန်းငွေဟာ
သိန်းနှစ်ရာကပ်သွားပြီလို့
ဘဏ္ဍာရေးမှုးရဲ့ တင်ပြချက်ကို
တွေ့လိုက်ရပါတယ်။
မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌကတော့
တီချာရေ ကန်တော့ခံဆရာ/မက
(၁၀၀)လောက်ရှိတော့
ကောက်ခံရငွေက သိန်းသုံးရာလောက်ဖြစ်မှ လှလှပပကန်တော့နိုင်မယ်လို့
ပြောရှာပါတယ်။
ကျောင်းသားကျောင်းသူဟောင်းများကို
မေတ္တာရပ်ခံလိုတာကတော့
နည်းတယ်များတယ်မဟူ
ဝိုင်းဝန်းထည့်ကူကြဖို့ပါပဲ၊
ဆရာများကိုကျွေးမွေးဖို့
ကျောင်းသားကျောင်းသူများကိုကျွေးမွေးဖို့
နံနက်ခင်း အမျှဝေဆွမ်းကပ်ဖို့
အလှူရှင်အသီးသီးက တာဝန်ယူထားကြပြီးသားလည်းဖြစ်ပါတယ်။
ကောက်ခံရငွေဟာ
ဆရာ/မများကို ကန်တော့မယ့်ငွေသာဖြစ်ပါတယ်။
ကုသိုလ်သဲတစ်ပွင့်ကနေ
ကုသိုလ်သဲတောင်ကြီး ဖြစ်လာအောင်
ဝိုင်းဝန်းလှူဒါန်းပေးကြပါစို့လား၊
ကျောင်းသားကျောင်းသူဟောင်းအားလုံး
ကျန်းမာသက်ရှည် စီးပွားဝေ
စိတ်နေအေးချမ်း ရွှင်ကြည်လန်းကြပါစေ။