Heart & Vascular Centre -Victoria Hospital

Heart & Vascular Centre -Victoria Hospital နှလုံးနှင့်သွေးကြောရောဂါအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောဌာန

နှလုံးနှင့်သွေးကြောရောဂါများအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြော အထူးကုဌာန။
(၁) နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း(Angiogram)
(၂) ၂၄နာရီ အရေးပေါ် နှလုံးသွေးကြောချဲ့ကုသခြင်း(Angioplasty)
(၃) နှလုံးနှိုးဆွစက်(Pacemaker)တပ်ဆင်ခြင်း
(၄)မွေးရာပါနှလုံးအပေါက်ပါသောလူနာများအား မခွဲစိတ်ပဲ Device ထည့်၍ကုသခြင်း(ASD device closure)

⏳ဝါရင့်နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့် ပြသနိုင်ဖို့ (၂) ရက်သာ လိုပါတော့တယ် ⏳❤️ နှလုံးနှင့်သွေးကြ...
26/05/2026

⏳ဝါရင့်နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့် ပြသနိုင်ဖို့ (၂) ရက်သာ လိုပါတော့တယ် ⏳

❤️ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများအပြင် ခြေထောက်သွေးကြောထုံးရောဂါ ဝေဒနာ ခံစားနေရသောသူများအတွက် ပြည်ပအထိ သွားရောက်ကုသဖို့ မလိုတော့ပါဘူး။

အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံရှိ ဝါရင့်နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နဲ့ ဝိတိုရိယဆေးရုံ၊ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) တွင် ကုသမှုခံယူနိုင်ပါပြီ ။

📅 ကုသပေးမည့်ရက် 𝟐𝟗.𝟓.𝟐𝟎𝟐𝟔 မှ 𝟑𝟏.𝟓.𝟐𝟎𝟐𝟔 ရက်နေ့အထိ

✅ ပြည်ပအထိ သွားရောက်ပြသရမည့် ကုန်ကျစရိတ်ရော အချိန်တွေကိုပါ သက်သာစေပြီး ကမ္ဘာ့အဆင့်မီကုသမှုတွေကို ခံယူနိုင်မည့် အခွင့်အရေးဖြစ်လို့ လက်လွတ်မခံဘဲ ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) သို့ အခုပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်ရက်ချိန်းရယူလိုက်ပါ။ 📣📣

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐃𝐫𝐂𝐑𝐚𝐠𝐡𝐮
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

💢နှလုံးသွေးကြောထဲ Stent ထည့်ပြီး ကုသမှုခံယူထားတဲ့ သူများအနေဖြင့် ရောဂါလုံးဝပျောက်သွားပြီလို့ ထင်ပြီး ပေါ့ပေါ့ဆဆမနေသင့်ပါ...
25/05/2026

💢နှလုံးသွေးကြောထဲ Stent ထည့်ပြီး ကုသမှုခံယူထားတဲ့ သူများအနေဖြင့် ရောဂါလုံးဝပျောက်သွားပြီလို့ ထင်ပြီး ပေါ့ပေါ့ဆဆမနေသင့်ပါဖူး .. နောက်ထပ် သွေးကြောပြန်မပိတ်ဖို့နဲ့ ရေရှည်ကျန်းမာဖို့အတွက် အောက်ပါအချက်တွေကို မဖြစ်မနေ ရှောင်သင့်ပါတယ် ။

💊 ဆရာဝန်ညွှန်ကြားထားသော ဆေးများအား မိမိသဘောဖြင့် ရပ်လိုက်ခြင်း
အထူးသဖြင့် သွေးကျဲဆေးတွေကို မိမိသဘောနဲ့မိမိ မသောက်ဘဲနေတာ၊ ရက်ကျော်မှသောက်တာမျိုး လုံးဝ မလုပ်ရပါဘူး။ ဆေးရပ်လိုက်ရင် Stent ထည့်ထားတဲ့နေရာမှာ သွေးပြန်ခဲပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

🏋️ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း
Stent ထည့်ပြီး ပထမဆုံး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အလေးအပင်မတာ၊ အပြင်းအထန်လေ့ကျင့်ခန်းလုပ်တာတွေကို ရှောင်ရပါမယ်။ လမ်းမှန်မှန်လျှောက်ပေးတာမျိုးပဲ လုပ်သင့်ပြီး ဘယ်အချိန်မှာ လေ့ကျင့်ခန်း ပြန်လုပ်လို့ရမလဲဆိုတာကို ဆရာဝန်နဲ့ပြသတိုင်ပင်ရပါမယ် ။

🚫 ဆေးလိပ်နှင့်အရက်သောက်သုံးခြင်း
ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို ကျဉ်းစေပြီး သွေးခဲနိုင်ခြေကို မြင့်တက်စေနိုင်တဲ့အတွက် Stent ထည့်ပြီးရင် ဆေးလိပ်ကို အပြီးတိုင်ဖြတ်ရပါမယ် ။ အရက်၊ ဘီယာတို့ကိုလည်း အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

🧁အဆီအဆိမ့်၊ အချိုနှင့် ငန်လွန်းသော အစားအစာများစားသုံးခြင်း
အဆီများသောအစားအစာများ ဆီကြော်မုန့်များ၊ ကလီစာများ၊ အုန်းနို့နှင့် Fast Food တွေကို လုံးဝရှောင်ရပါမယ်။

🧂ဒါ့အပြင် သွေးတိုးမတက်စေဖို့အတွက် အငန်ဓာတ် (ဆိုဒီယမ်) များတဲ့ အစားအစာတွေ၊ ငပိ၊ ငါးခြောက်၊ အချိုမှုန့်တွေကိုလည်း လျှော့စားရပါမယ်။

💤 စိတ်ဖိစီးမှုနှင့် အိပ်ရေးပျက်ခြင်း ၊ စိတ်တို၊ စိတ်ဆိုးလွယ်ခြင်းနှင့် စိတ်ဖိစီးမှုများတာက နှလုံးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသောကြောင့် အိပ်ရေးဝဝအိပ်ဖို့ လိုအပ်သလို၊ စိတ်ကို တည်ငြိမ်အောင် ထားရပါမယ်။

📣 အကယ်၍ ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ Stent ထည့်ထားတဲ့ ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်နေရာကနေ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်းများ ရှိလာပါက မပေါ့ဆဘဲ ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါတယ် ။

🏥🩺 ကျန်းမာရေးဆိုတာ ပေါ့ဆလို့မရတဲ့ အရာမို့ အားလုံးပဲ သတိပြုပြီး ရေရှည်ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

🌟 အိန္ဒိယနိုင်ငံအထိ သွားစရာမလိုဘဲ ကမ္ဘာ့အဆင့်မီ ကုသမှုတွေကို 𝐇𝐕𝐂 မှာ 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 ဖြင့်ပြသနိုင်ပါပြီ 🌟❤️နှလုံးနှင့်သွေးက...
23/05/2026

🌟 အိန္ဒိယနိုင်ငံအထိ သွားစရာမလိုဘဲ ကမ္ဘာ့အဆင့်မီ ကုသမှုတွေကို 𝐇𝐕𝐂 မှာ 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 ဖြင့်ပြသနိုင်ပါပြီ 🌟

❤️နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများအပြင် ခြေထောက်သွေးကြောထုံးရောဂါ တွေကို ကုသဖို့အတွက် ပြည်ပသို့ သွားနေစရာ မလိုဘဲ အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 ကိုယ်တိုင် 📅 𝟐𝟗.𝟓.𝟐𝟎𝟐𝟔 မှ 📅 𝟑𝟏.𝟓.𝟐𝟎𝟐𝟔 ရက်နေ့ထိ ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂)တွင် စမ်းသပ်ကုသပေးမှာပဲ ဖြစ်ပါတယ် ။

✅ ဒါကြောင့် နှလုံးရောဂါ ဝေဒနာရှင်များ၊ ခြေထောက်သွေးကြောထုံးပြီး နာကျင်ကိုက်ခဲနေသူများ အနေဖြင့် အတွေ့အကြုံရှိ ဝါရင့်အိန္ဒိယဆရာဝန်ကြီးဖြင့် ပြသခွင့်ရမည့် အခွင့်အရေးကို အရယူနိုင်ဖို့ ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ သို့ အခုပဲ ဆက်သွယ်စာရင်းပေးလိုက်ကြပါစို့ .. 📣📣

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐃𝐫𝐂𝐑𝐚𝐠𝐡𝐮
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (HVC) တွင် နှလုံးဓာတ်မှန်ရိုက်ကူးစစ်ဆေးမှုခံယူခဲ့သော ဦးလေး "U Paw Oo" ၏ စကားသံမျာ...
21/05/2026

ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (HVC) တွင် နှလုံးဓာတ်မှန်ရိုက်ကူးစစ်ဆေးမှုခံယူခဲ့သော ဦးလေး "U Paw Oo" ၏ စကားသံများကို မိဘပြည်သူများထံမျှဝေပေးလိုက်ရပါသည်။

U Paw Oo

“နှလုံးရောဂါဖြစ်နေတာ နှစ် (၃၀) လောက်ရှိပြီ။ နှလုံးက လျှပ်စစ်သံလိုက်လှိုင်းမမှန်တာ။ ဆေးသောက်ရင်း ဖြစ်လိုက် ပြန်ကောင်းလိုက်နဲ့ပဲ နေလာတာ။ တစ်ခါတစ်လေ (၃) နှစ်လောက်ကြာတဲ့ထိ ပြန်ကောင်းနေတတ်တယ်။ အသက်ငယ်တုန်းကတော့ ရောဂါအခြေအနေက နေလို့ရတယ်၊ ခု အသက်အရွယ်ရလာတော့ မခံနိုင်တော့ဘူးပေါ့။ အဲဒါကြောင့်ပဲ ဆရာက စစ်ဆေးကြည့်မယ်၊ နှလုံးစက်ထည့်သင့်ရင်ထည့်မယ်ဆိုပြီးပြောလို့ ဒီမှာ ဆေးရုံတက်လိုက်တာ။ စက်ထည့်ဖို့တော့မလိုဘူး၊ ဒါပေမယ့် အခြေအနေဆိုးရင်တော့ နှလုံးခုန်တာကို လှုံ့ဆော်တဲ့စက်ထည့်ရမယ်လို့‌တော့ပြောတယ်။ မိသားစုကျန်းမာရေးပြဿနာတိုင်းအတွက် ဝိတိုရိယမှာပဲ အမြဲရွေးချယ်ကုသဖြစ်တာမို့ ဒီကိုပဲလာလိုက်တာ။ ကိုယ့်ချွေးမ ကလေးမီးဖွားတုန်းကလည်း နိုင်ငံခြားကနေပြန်လာပြီး ဝိတိုရိယဆေးရုံမှာပဲလာတက်သွားတာ။ ကလေး (၂)ယောက်လုံးလည်း ဒီမှာပဲလာမွေးတာ။ အဲ့တုန်းကတော့ ဒီက အိမ်နဲ့ နီးလည်းနီးတယ်၊ သန့်လည်းသန့်တယ်ဆိုပြီးရွေးလိုက်တာ။ တကယ်ဆေးရုံတက်လိုက်တော့လည်းအဆင်ပြေတယ်။
ဒီမှာဆေးကုသမှုခံယူရာမှာအဆင်ပြေပါတယ်။ ဆရာဝန်ကြီးကလည်းတော်တယ်။ အကုန်လုံးကလည်းသဘောကောင်းပါတယ်။
ရောဂါတူ အသိမိတ်ဆွေတွေကိုလည်း ကိုယ့်အတွေ့အကြုံကိုပြန်ပြောပြမယ်။ ရောဂါကို ကုသဖို့၊ မကုသဖို့ကတော့ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲပေါ့။ နှလုံးကုသမှုပိုင်းမှာလည်း ဆရာဝန်ကြီးတွေတော်ကြတယ်” စသဖြင့် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (HVC) တွင် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သော ဦးလေး "U Paw Oo" ၏ မှတ်ချက်ပေးမှုများကို မိဘပြည်သူများထံသို့ မျှဝေပေးလိုက်ရပါသည်။
ယခုလို မျှဝေပေးပါသော ဦးလေး "U Paw Oo" ကိုလည်း ကျန်းမာပျော်ရွှင်ပါစေကြောင်း ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ (HVC) မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞

#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

❤️ နှလုံးကျန်းမာရေးအတွက်ဆို 𝐇𝐕𝐂 ကိုသတိရလိုက်ပါ ...⭐🫀 နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေဟာ အချိန်နဲ့တပြေးညီ ကုသမှုခံယူဖို...
20/05/2026

❤️ နှလုံးကျန်းမာရေးအတွက်ဆို 𝐇𝐕𝐂 ကိုသတိရလိုက်ပါ ...⭐

🫀 နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေဟာ အချိန်နဲ့တပြေးညီ ကုသမှုခံယူဖို့ အလွန်အရေးကြီးတာကြောင့် သင့်နှလုံးကျန်းမာရေးအတွက်သာမက အခြားသွေးကြောဆိုင်ရာ‌ ရောဂါများအတွက်ပါ လိုအပ်တဲ့ ဝန်ဆောင်မှုမှန်သမျှကို တစ်နေရာတည်းမှာတင် ခေတ်မီကိရိယာများ၊ ကျွမ်းကျင်ဆရာဝန်များပညာရှင်များနဲ့ (၂၄) နာရီပတ်လုံး (𝐇𝐕𝐂) မှ သင့်အတွက် ဝန်ဆောင်မှုများကို ပေးနေပါတယ်။

💢 ဒါ့အပြင် မြန်မာနိုင်ငံမှ အတွေ့အကြုံရှိကျွမ်းကျင်👨🏻‍⚕️ နှလုံးအထူးကုဆရာဝန်ကြီးများသာမက 🇮🇳👨🏽‍⚕️အိန္ဒိယနိုင်ငံမှ ဝါရင့် နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီးလည်း ပြင်ပလူနာများကို ကိုယ်တိုင်လာရောက်ကြည့်ရှုစစ်ဆေး ကုသပေးလျက်ရှိပါတယ်။

ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးတုန်ခြင်းနှင့် သွေးတိုးရောဂါအခံရှိသူများအနေဖြင့်လည်း နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို အချိန်မီ ရှာဖွေကုသမှုဖို့များအတွက် (𝐇𝐕𝐂) သည် အဆင်သင့်ရှိနေပါပြီ … ✨

🏥 ဝိတိုရိယဆေးရုံနှလုံးနှင့် သွေးကြောစင်တာ၏ ဝန်ဆောင်မှုများနှင့် နှလုံးအထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားကို သိရှိလိုပါက 📞 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 မှတစ်ဆင့် အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။


#𝐇𝐕𝐂
#𝟐𝟒𝐇𝐨𝐮𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
#𝐂𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐢𝐬𝐭𝐋𝐢𝐬𝐭

🦵ခြေထောက်သွေးကြောထုံးရောဂါ ဆိုတာဟာ ခြေထောက်က သွေးတွေကို နှလုံးဆီ ပြန်ပို့ပေးတဲ့ သွေးပြန်ကြောထဲက အဆို့ရှင်လေးတွေ အားနည်းသ...
14/05/2026

🦵ခြေထောက်သွေးကြောထုံးရောဂါ ဆိုတာဟာ ခြေထောက်က သွေးတွေကို နှလုံးဆီ ပြန်ပို့ပေးတဲ့ သွေးပြန်ကြောထဲက အဆို့ရှင်လေးတွေ အားနည်းသွားတဲ့အခါ သွေးတွေက အပေါ်ကို ကောင်းကောင်းမတက်နိုင်ဘဲ အောက်မှာ စုပုံလာပါတယ်။ အဲဒီလို သွေးတွေ စုပုံလာတဲ့အခါ သွေးကြောတွေက ဖောင်းလာ၊ ကောက်ကွေးလာပြီး အရေပြားပေါ်မှာ သွေးကြောထုံးတွေ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။

အများအားဖြင့်

🌟မတ်တပ်ရပ်ပြီး အချိန်အကြာကြီး အလုပ်လုပ်ရသူများ။

🌟အဝလွန်သူများ။

🌟မျိုးရိုးရာဇဝင်ရှိသူများ။

🌟ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် သွေးဆုံးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် ပိုဖြစ်နိုင်ပါတယ်။

သွေးကြောထုံးရောဂါဖြစ်မယ်ဆိုရင်

🔸 အရေပြားရောင်ခြင်း၊ ယားယံခြင်း

🔸 ခြေထောက်များတင်းသည်ဟု ခံစားရခြင်း

🔸 ဖောရောင်လာခြင်း

🔸 သွေးကြောများ မာလာခြင်း

🔸 သွေးကြောများ အပြာရောင်သန်းခြင်း

🔸 ခြေထောက်များ လေးလံကိုက်ခဲခြင်း

🔸 ခြေထောက်များ ရောင်ရမ်းခြင်း

🔸 ခြေထောက်များထုံကျင်ခြင်း

အစရှိသောရောဂါလက္ခဏာများကိုခံစားရနိုင်တဲ့အပြင် ရောဂါကိုမကုသဘဲထားပါက အဖြစ်များသော နေရာများမှာ ခြေကျင်းဝတ်၊ ဒူး‌ခေါက်ကွေး၊ပေါင်ရင်းနှင့် ခြေသလုံးတစ်လျှောက်တွင် နောက်ဆက်တွဲ ပြဿနာများအနေဖြင့် သွေးခဲခြင်း၊ ထုံခြင်း၊ နာကျင်ခြင်း၊အနာများဖြစ်ခြင်း၊ အရေပြားနှင့်နီးသော သွေးကြောများ ပေါက်ကာသွေးထွက်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။

💢အကယ်၍ သွေးခဲသည် နှလုံးမှတစ်ဆင့် အဆုတ်သို့ ရောက်ရှိသွားပါကအသက်အန္တရာယ် ရှိနိုင်သည်အထိ ဖြစ်နိုင်တာကြောင့် ခြေထောက်သွေးကြောထုံးရောဂါဖြစ်လာပါက ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

📢အခုဆိုရင် ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာမှာ ခြေထောက်သွေးကြောထုံးရောဂါကို ကျွမ်းကျင်ဆရာဝန်များဖြင့် နာကျင်မှုမရှိ ခွဲစိတ်စရာမလိုဘဲ 𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 ကုသ နည်းလမ်းနှင့်𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐚𝐥𝐚𝐭𝐢𝐨𝐧(𝐑𝐅𝐀) နည်းလမ်းများဖြင့် ကုသမှု ခံယူနိုင်နေပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။

♥️ခေတ်မီနည်းပညာများ၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေးကို အကောင်းဆုံး စောင့်‌ရှောက်ပေးဖို့ ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာက အမြဲအသင့်ရှိနေပါတယ်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

#𝐇𝐕𝐂

#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

#𝐂𝐂𝐔

#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞

#ဝိတိုရိယဆေးရုံ

#နှလုံးနှင့်သွေးကြောစင်တာ

13/05/2026

🇮🇳🩺 အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း (၂၅) နှစ်ကျော်အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြောအထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်မည့်အခွင့်အရေးကို ဝိတိုရိယဆေးရုံနှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) တွင် ရရှိနိုင်ပါပြီ ... 📣

အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 သည်

🚨 နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း ( 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦)
🚨 သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း (𝐕𝐞𝐧𝐨𝐮𝐬 𝐓𝐡𝐫𝐨𝐦𝐛𝐨𝐥𝐲𝐬𝐢𝐬)
🚨 နှလုံးအဆို့ရှင်ကျဉ်းခြင်းကို မခွဲစိတ်ဘဲ အဆို့ရှင်ချဲ့ကုသခြင်း (𝐏𝐞𝐫𝐜𝐮𝐭𝐚𝐧𝐞𝐨𝐮𝐬 𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐌𝐢𝐭𝐫𝐚𝐥 𝐕𝐚𝐥𝐯𝐮𝐥𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 လက်နဲ့ခြေထောက်သွေးကြောချဲ့ကုသခြင်း (𝐏𝐞𝐫𝐢𝐩𝐡𝐞𝐫𝐚𝐥 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 မွေးရာပါ နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်စရာမလိုဘဲ (𝐃𝐞𝐯𝐢𝐜𝐞) ဖြင့် ကုသခြင်း
🚨 ခြေထောက်သွေးကြောထုံးခြင်းကို မခွဲစိတ်ဘဲ ( 𝐑𝐅𝐀/𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 )နည်းဖြင့် ကုသခြင်း
🚨 နှလုံးသွေးကြောနှစ်နေရာနှင့်အထက်ကျဉ်းခြင်းပိတ်ခြင်းကို မခွဲစိတ်ဘဲ (𝐒𝐭𝐞𝐧𝐭) ထည့်၍ ကုသခြင်း (𝐂𝐨𝐦𝐩𝐥𝐞𝐱 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာတွင် အနာကျက်နှုန်းမြန်အောင် သွေးလွှတ်ကြောချဲ့ပေးခြင်း (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐅𝐨𝐨𝐭 𝐔𝐥𝐜𝐞𝐫 𝐑𝐞𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧)
စသည့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို

📅 𝟐𝟗.𝟓.𝟐𝟎𝟐𝟔 မှ 📅 𝟑𝟏.𝟓.𝟐𝟎𝟐𝟔 ရက်နေ့ထိ ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ တွင်လာရောက်ကုသပေးမှာဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။

📌 ဒါကြောင့် နှလုံးနှင့်သွေးကြောရောဂါအမျိုးမျိုးကို ပျောက်ကင်းအောင်ကုသနိုင်ဖို့ ဝိတိုရိယဆေးရုံနှလုံးနှင့် သွေးကြောစင်တာသို့ဆက်သွယ်ကြပါစို့ ..

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

နှလုံးနှင့်သွေးကြောရောဂါအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောဌာန

နှလုံးအဆို့ရှင်ကျဉ်းခြင်းဆိုသည်မှာ နှလုံးအတွင်းရှိ အဆို့ရှင်များ ပုံမှန်ပွင့်နိုင်စွမ်းမရှိဘဲ ကျဉ်းမြောင်းနေခြင်းကို ခေါ...
09/05/2026

နှလုံးအဆို့ရှင်ကျဉ်းခြင်းဆိုသည်မှာ နှလုံးအတွင်းရှိ အဆို့ရှင်များ ပုံမှန်ပွင့်နိုင်စွမ်းမရှိဘဲ ကျဉ်းမြောင်းနေခြင်းကို ခေါ်ပါသည် ။ ထိုအခြေအနေသည် သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေသောကြောင့် နှလုံးအလုပ်လုပ်အားကို ပုံမှန်ထက်ပိုမို လုပ်ဆောင်စေပါသည်။
ရောဂါလက္ခဏာများသည် အဆို့ရှင်ကျဉ်းမြောင်းမှုပမာဏနှင့် ဖြစ်ပွားသည့်အဆိုရှင်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

အဖြစ်များသော လက္ခဏာများမှာ -

🟥 ရင်ဘတ်အလယ်ဗဟိုတွင် ဖိထားသကဲ့သို့ နာကျင်ခြင်း သို့မဟုတ် တင်းကျပ်မှု ခံစားရခြင်းဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သောအခါ သို့မဟုတ် စိတ်ဖိစီးမှု မြင့်မားသောအခါ ပိုမိုဆိုးရွားတတ်ခြင်း

🟥 ယခင်က ပုံမှန်လုပ်ဆောင်နိုင်ခဲ့သော လုပ်ငန်းဆောင်တာများအား လုပ်ဆောင်ရာတွင် အလွယ်တကူ မောပန်းနွမ်းနယ်လာခြင်း၊ အားအင်မရှိသကဲ့သို့ ခံစားရခြင်း

🟥 လှုပ်ရှားမှုပြုလုပ်စဉ်၊ လှေကားတက်စဉ် သို့မဟုတ် လဲလျောင်းနေစဉ်တွင်လည်း အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမဝခြင်းများ နှင့် ညဘက်တွင် ပိုမိုဆိုးရွားတတ်ခြင်း

🟥 ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ် သို့မဟုတ် ရုတ်တရက် မတ်တပ်ရပ်လိုက်သောအခါ ခေါင်းမူးခြင်း၊ မူးမိုက်ကာ သတိလစ်ခြင်းများ

🟥 နှလုံးမှသွေးကို ကောင်းမွန်စွာညှစ်ထုတ်နိုင်ခြင်း မရှိသောအခါ ခန္ဓာကိုယ်အောက်ပိုင်းတွင် အရည်များစုဆောင်းမိကာ ခြေထောက်နှင့် ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း

🟥 နှလုံးခုန်နှုန်း မမှန်ခြင်း၊ ရင်ဘတ်အတွင်း နှလုံးခုန်ခြင်းကို သိသိသာသာ ခံစားရခြင်း သို့မဟုတ် နှလုံးခုန်နှုန်း မြန်ဆန်ပြီး ပြင်းထန်နေသကဲ့သို့ ခံစားရခြင်းများ

🟥 အဆုတ်အတွင်း အရည်စုဆောင်းမိခြင်းကြောင့် ညဘက်တွင် ချောင်းဆိုးခြင်းများ ဖြစ်ပါသည် ။

စောစီးစွာရောဂါရှာဖွေခြင်းနှင့် မြန်ဆန်စွာ ကုသမှုခံယူခြင်းသည် နောက်ဆက်တွဲ ရောဂါပြဿနာများကို ကာကွယ်ရန်အတွက် အထောက်အကူဖြစ်ခြင်းကြောင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများအနက် တစ်ခုခု သို့မဟုတ် တစ်ခုထက်ပို၍ ခံစားနေရပါက နှလုံးအထူးကူဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ စစ်ဆေးမှုများ ပြုလုပ်ရန်အကြံပြုတိုက်တွန်းအပ်ပါသည် ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

#𝐇𝐕𝐂

#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

#𝐇𝐞𝐚𝐫𝐭𝐕𝐚𝐥𝐯𝐞𝐒𝐭𝐞𝐧𝐨𝐬𝐢𝐬

နှလုံးသွေးကြောပိတ်ဆို့ခြင်းကို "နှလုံးသွေးကြောချဲ့ကုသမှု 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲" ဖြင့် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂)...
07/05/2026

နှလုံးသွေးကြောပိတ်ဆို့ခြင်းကို "နှလုံးသွေးကြောချဲ့ကုသမှု 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲" ဖြင့် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) တွင် ကုသမှုအောင်မြင်ခဲ့သော အန်တီ "𝐃𝐚𝐰 𝐓𝐮𝐧𝐭 𝐓𝐮𝐧𝐭" ၏ စကားသံများကို မိဘပြည်သူများထံမျှဝေပေးလိုက်ရပါသည်။

"ရင်ဘတ်နဲ့လက်မောင်းတွေအောင့်တဲ့လက္ခဏာတွေဖြစ်နေတာ လပိုင်းလောက်တော့ရှိပြီ။ အန်တီက အလုပ်လုပ်လို့ဖြစ်တယ်ပဲမှတ်ပြီး နေလိုက်တာ ၂ လလောက်ကြာသွားတယ်။ ခုနောက်ပိုင်းမှာရင်ဘတ်ထဲ ဆွဲဆုတ်ထားသလိုအောင့်လာပြီး မရှူနိုင် မရှိုက်နိုင်တဲ့အထိဖြစ်လာတာ ။

𝐄𝐂𝐆 ဆွဲကြည့်လိုက်တော့ နှလုံးသွေးကြောပိတ်နေတာဖြစ်ပြီး နှလုံးတစ်ဖက်ကလည်းကြီးနေတယ်တဲ့။ ဒါပေမယ့် ဆေးစားလိုက်တော့ သက်သာသွားတာနဲ့ အိမ်မှာအရင်လိုပဲနေနေတာပေ့ါ ။ နောက်သိပ်မကြာဘူး၊ ပြန်အောင့်လာတာနဲ့ သားဖြစ်သူက မဖြစ်တော့ဘူး၊ ရောဂါအကြောင်း သေချာသိပြီး ကုသရအောင် ရန်ကုန်လာလိုက်ဆိုပြီးခေါ်တာကြောင့် ရန်ကုန်ရောက်လာခဲ့တာ ။ ရန်ကုန်မှာဘယ်ဆေးရုံက နှလုံးအတွက်ကောင်းလဲစုံစမ်းရင်း ဝိတိုရိယဆေးရုံက ကောင်းတယ်ဆိုပြီး အများပြောသံကြားတာကြောင့် ဒီမှာလာရောက်စစ်ဆေးကုသဖြစ်ခဲ့တာပါ ။

စစ်ဆေးလိုက်တော့မှ နှလုံးသွေးကြော (၃)ချောင်းမှာ (၂)ချောင်း ပိတ်တာကို အတိအကျသိရပြီး ကုသမှုခံယူလိုက်တာလည်း နာရီဝက်လောက်ပဲကြာတယ်။ ကုသပြီးသွားတော့ အခုဆို လုံးဝနေလို့ကောင်းသွားတယ်။

ဆရာ၊ ဆရာမတွေကလည်း သဘောအရမ်းကောင်းပြီး တာဝန်လည်းကျေပွန်ကြတယ် ၊ တကယ်တော်ပါတယ် ။ ဘာပဲဖြစ်ဖြစ် အားလုံးက ညီညီညွတ်ညွတ်နဲ့ အစစအရာရာ ကူညီစောင့်ရှောက်ပေးကြတာတကယ်ဆို လူနာစောင့်တောင်မလိုဘူး ။

အန်တီ အရင်က ရောဂါအတော်ခံစားခဲ့ရတာ ။ ဒီရောက်တော့မှ တော်တော်ကိုသက်သာသွားပြီး လူကောင်းပြန်ဖြစ်သွားရလို့လည်း ဝမ်းသာရပါတယ် ။ ဝန်ဆောင်မှုတွေရော ကုသမှုပိုင်းရော တော်တော်လေး အဆင်ပြေကောင်းမွန်တာကြောင့် နောက်လည်း ဒီလိုပဲ ဝန်ဆောင်မှုများ ဆက်လက်ပေးသွားပါလို့ အကြံပြုချင်သလို အခြားကုသဖို့စဉ်းစားနေတဲ့သူတွေရှိရင်လည်း ဝိတိုရိယဆေးရုံကို ညွှန်းပါတယ်လို့ .. " စသဖြင့် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) တွင် ကုသမှုခံယူခဲ့သည့် အန်တီ "𝐃𝐚𝐰 𝐓𝐮𝐧𝐭 𝐓𝐮𝐧𝐭" မှပြောကြားခဲ့ပါသည် ။

ယခုလို မျှဝေခဲ့ပါသော အန်တီ "𝐃𝐚𝐰 𝐓𝐮𝐧𝐭 𝐓𝐮𝐧𝐭" ကို ကျန်းမာပျော်ရွှင်ပါစေကြောင်း ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐇𝐞𝐚𝐫𝐭𝐀𝐭𝐭𝐚𝐜𝐤
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

နှလုံး‌သွေးကြောဓာတ်မှန် (𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦) ရိုက်ကူးမှုခံယူခဲ့သော  အန်တီ " 𝐃𝐚𝐰 𝐓𝐡𝐢 𝐓𝐡𝐢 𝐌𝐚𝐫 " " လက္ခဏာကတော့ရုတ်တရက် ရင်တွေပူလာတာပ...
05/05/2026

နှလုံး‌သွေးကြောဓာတ်မှန် (𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦) ရိုက်ကူးမှုခံယူခဲ့သော အန်တီ " 𝐃𝐚𝐰 𝐓𝐡𝐢 𝐓𝐡𝐢 𝐌𝐚𝐫 "

" လက္ခဏာကတော့ရုတ်တရက် ရင်တွေပူလာတာပါပဲ။ အစာအိမ်ထင်ပြီး ငှက်ပျောသီးစားလိုက်တာ ပိုဆိုးသွားတယ်ထင်တယ် ပြီးတော့ ညဘက်မှာအန်တာတွေပါဖြစ်လာတာကြောင့် ဆေးရုံမှာ အစာအိမ်မှန်ပြောင်းသွားကြည့်တော့လည်း အစာအိမ်ကကောင်းတယ်။ ဒါပေမယ့် 𝐄𝐂𝐆 ဆွဲလိုက်တော့မှ နှလုံးသွေးကြောကျဉ်းနေတာကိုသိရပြီး ဝိတိုရိယကို ချိတ်ဆက်လွှဲပေးပြီးရောက်လာခဲ့တာပါ ။ လာတုန်းကတော့ 𝐒𝐭𝐞𝐧𝐭 ထည့်ရင်အဆင်ပြေမယ်ထင်ပြီး 𝐒𝐭𝐞𝐧𝐭 ထည့်မလို့ပေ့ါ ။ ဒါပေမယ့် သွေးကြောဓာတ်မှန်ကြည့်လိုက်တော့ ပိုတိတိကျကျသိလိုက်ရတာက 𝐒𝐭𝐞𝐧𝐭 ထည့်လို့မရတဲ့အခြေအနေမို့ ခွဲစိတ်ကုသမှရမှာ ဖြစ်ကြောင်းသိခဲ့ရတယ် ။ လက်ရှိအနေအထားကတော့ မခွဲစိတ်သေးဘဲလည်း နေလို့ရသေးတဲ့အတွက်ကြောင့် အန်တီကတော့ အခုလက်ရှိတော့ ဆရာဝန်ကြီးပေးတဲ့ဆေးပုံမှန်သောက်ပြီး ရက်ချိန်းစေ့ရင် ဆရာဝန်ကြီးနဲ့ပြန်လာပြတာမျိုးတော့ စီစဉ်ထားတယ်ပေ့ါနော် ။

" ဒီမှာ အစစအရာရာအကုန်အဆင်ပြေတယ်။ ဝန်ဆောင်မှုနဲ့ဆေးကုသမှုပိုင်းတွေမှာလည်းကောင်းတယ်။ ဝိတိုရိယဆေးရုံမှာ ဆေးကုသဖို့စဉ်းစားနေတယ်ဆိုရင် ဒီမှာလာကုဖို့အကြံပေးချင်ပါတယ် ..." စတဲ့ ကိုယ်တွေ့ကျန်းမာရေးအတွေ့အကြုံများ ၊ ဆေးရုံ၏ ဝန်ဆောင်မှုများ၊ ကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ဗဟုသုတဝေမျှပေးခဲ့ပါတယ်။

ယခုလို မျှဝေခဲ့သော " 𝐃𝐚𝐰 𝐓𝐡𝐢 𝐓𝐡𝐢 𝐌𝐚𝐫 " ကိုလည်း ကျန်းမာပါစေကြောင်း ဝိတိုရိယဆေးရုံ နှလုံး နှင့်သွေးကြောစင်တာ (𝐇𝐕𝐂) မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗 - 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

🦵 ခြေထောက်သွေးကြောထုံးရောဂါကို ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါပြီ ..📣📣 ခြေထောက်မှာ သွေးကြောတွေ ဖောင်းကြွပြီး...
01/05/2026

🦵 ခြေထောက်သွေးကြောထုံးရောဂါကို ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါပြီ ..📣📣

ခြေထောက်မှာ သွေးကြောတွေ ဖောင်းကြွပြီး ကြည့်မကောင်းတာတင်မကဘဲ ညောင်းညာကိုက်ခဲတာတွေ ခံစားရနိုင်တဲ့ ခြေထောက်သွေးကြောထုံးရောဂါကို ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) မှာ ခွဲစိတ်စရာမလိုဘဲ ကုသပျောက်ကင်းနိုင်ပြဖြစ်ကြောင်းသတင်းကောင်းပါးပါရစေ ။

💠 ခွဲစိတ်စရာမလို ခါးဆစ်ရိုးထုံဆေး/မေ့ဆေးမလို(𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭)

ပျက်စီးနေသော 𝐯𝐞𝐢𝐧𝐬 များအား 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐠𝐥𝐮𝐞 သုံး၍ အပြင်ဘက်မှဖိခြင်းဖြင့် ကုသသောနည်းလမ်းဖြစ်ပါသည်။ သွေးကြောများကိုပိတ်ရန်အတွက် အထူးထုတ်လုပ်ထားသော 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐠𝐥𝐮𝐞 အား ပျက်စီးနေသောသွေးပြန်ကြောအတွင်းသို့ထည့်ပြီး ပိတ်လိုက်ခြင်းဖြင့် ကျန်းမာသောသွေးကြောများအတွင်းသို့ သွေးပြန်လည်စီးဆင်းစေရန်ကုသသောနည်းလမ်းမျိုးဖြစ်ပါသည်။

💠 မခွဲစိတ်ဘဲ 𝐑𝐅𝐀 နည်းဖြင့်ကုသခြင်း

𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐄𝐧𝐞𝐫𝐠𝐲 ကိုအသုံးပြုပြီး ပျက်စီးနေသောသွေးကြောများအားအပူပေး၍ သွေးကြောနံရံများကို ဖျက်ဆီးပြီး ကုသသောနည်းလမ်းဖြစ်ပါသည်။ ထိုနည်းဖြင့် ခြေထောက်မှသွေး ကြောထုံးများကို ပိတ်ပေးပြီး ကောင်းသောသွေးကြောများ သို့ သွေးများပြန်လည် စီးဆင်းစေခြင်းဖြင့် ကုသသောနည်းလမ်းမျိုးဖြစ်ပါသည်။

အထက်ပါ ကုသနည်းလမ်းတွေဟာ ခြေထောက်က သွေးကြောထုံးတွေကို ထိရောက်စွာ ပိတ်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စွာပြန်လည်စီးဆင်းစေပါတယ်။

ခြေထောက်မှာ သွေးကြောထုံးတဲ့ ဝေဒနာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသူများအနေဖြင့် ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) မှာ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး ကုသပြီး ကျန်းမာတဲ့နေ့ရက်တွေကိုရယူလိုက်ကြပါစို့ ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ
#𝐕𝐚𝐫𝐢𝐜𝐨𝐬𝐞𝐕𝐞𝐢𝐧𝐬

Address

Mindhama Road
Yangon
11061

Alerts

Be the first to know and let us send you an email when Heart & Vascular Centre -Victoria Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Heart & Vascular Centre -Victoria Hospital:

Share