Myat Thaw Dar

Call Directions Contact the organization

Myat Thaw Dar Medical Clinic Hospital

Nivea Luminous Anti Spot Daily Moisture 🌞✨️🌞✨️🌞✨️🌞✨️🌞✨️🌞✨️🌞✨️🌞နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲစက်နဲ့အသားအရေမညီညာတာကို ထိန်းသ...
28/08/2025

Nivea Luminous Anti Spot Daily Moisture
🌞✨️🌞✨️🌞✨️🌞✨️🌞✨️🌞✨️🌞✨️🌞
နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမဲစက်နဲ့အသားအရေမညီညာတာကို ထိန်းသိမ်းကာကွယ်ပေးပြီး နေ့စဥ်လိုအပ်တဲ့ moisture ကိုမှ (SPF50+) လည်းပါပြီးသားမို့ suncream သပ်သပ်ထပ်သုံးဖို့ မလိုတော့ပါဘူး။

7ml တစ်ထုပ် - 5500 ပါ (YGN Instock)
မြတ်သော်တာဆေးခန်းမှာ ဝယ်ယူရရှိနိုင်ပါတယ်

15/04/2025

မြတ်သော်တာအထူးကုဆေးခန်းသင်္ကြန်တွင်းပိတ်ပါသည်။

13/12/2024

📄 Post for Acne 👨‍⚕️

နွားနို့သောက်ခြင်းနဲ့ ဝက်ခြံ ဘယ်လိုဆက်စပ်နေလဲ❓❓❓

ဝက်ခြံ ထွက် နေတဲ့ သူတွေကို ဆရာဝန် တွေ က အဆီတွေ လျှော့စား၊ နို့ လျှော့သောက်၊ အငံ လျှော့ စသဖြင့်မှာ တက်ကြပါတယ်။

အငံကတော့ ဝက်ခြံ နဲ့ ဆက်စပ်​နေတယ် လို့ သက်သေခိုင်ခိုင်မာမာ မရှိသေးပါ။

ဒီ နေ့ကတော့ ဘာလို့ ဝက်ခြံ နဲ့ နို့/ နို့ထွက်ပစ္စည်းဘယ်လိုဆက်စပ်နေလဲ ဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။

ဝက်ခြံ ဘာလို့ပေါက်တာလဲ ❓❓❓❓

အဆီဂလင်းကနေ 𝐒𝐞𝐛𝐮𝐦 လို့ခေါ်တဲ့ အဆီ တွေ ပုံမှန်ထက်ပိုထွက်လို့
အရေပြားမှာရှိတဲ့ 𝐊𝐞𝐫𝐚𝐭𝐢𝐧 လို့ခေါ်တဲ့ ပရိုတင်းလေးတွေ ထူလာ ပြီး ချွေးပေါက်ကိုသွားပိတ်လို့ အဆီဖုလေးတွေဖြစ်လာတယ်။

အဲအဆီဖုလေးတွေကိုမျက်နှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေ က ဝင်လိုက်တဲ့ အခါယောင်ရမ်းပြီး ကြီးလာတက်ကြတယ်။ ဒါနဲ့ဝက်ခြံ ဆိုတာ ဖြစ်လာကြတာပါပဲ။

နောက်တခုက ဟော်မုန်းတွေကလဲ 𝐬𝐞𝐛𝐮𝐦 အများကြီးထွက်ဖို့ အားပေးအားမြှောက်လုပ်ကြတယ်။

အဲလိုဆိုတော့ အစားအသောက်ဘက် ကကြည့်ရင် 𝐬𝐞𝐛𝐮𝐦အများကြီး ထွက်စေမယ့်အစားအသောက်၊ ဟော်မုန်း ကမောက်ကမ ဖြစ်စေမယ့်အစားအသောက်တွေ ရှောင်ဖို့လိုမယ်။

နွားနို့က လူခန္ဓာ ကိုယ်ရဲ့ ဟော်မုန်း တွေ ကိုဘယ်လို အကျိုးသက်ရောက် စေလဲ❓❓❓

အပေါ်မှာပြောခဲ့တာက ဝက်ခြံ ဆိုတာ 𝐒𝐞𝐛𝐮𝐦(အဆီ) တွေ အရမ်းထွက်တာက စတာပါ။

အဲ 𝐒𝐞𝐛𝐮𝐦 (အဆီ) တွေ ကို 𝐈𝐆𝐅-𝟏 လို့ခေါ်တဲ့ ဓာတ်တမျိုး က ပိုထွက်အောင်လှုံ့ဆော် ပေးပါတယ်။ အဲဒါက ဝက်ခြံ တွေကို ပိုထွက်စေတယ်။ နွားနို့ မှာ 𝐈𝐆𝐅-𝟏 တွေ အများကြီး ပါပါတယ်။

နောက်တခု 𝐀𝐧𝐝𝐫𝐨𝐠𝐞𝐧 (ကျားဟော်မုန်း) ဟာလည်း အဆီတွေကို ပိုထုတ်စေပြီး ဝက်ခြံ တွေကိုပိုတိုးစေပါတယ်။ 𝐈𝐆𝐅-𝟏 ဟာ အဲ ကျားဟော်မုန်း 𝐚𝐧𝐝𝐫𝐨𝐠𝐞𝐧 တွေကို ထွက်ဖို့လဲ လှုံ့ဆော်ပေး လုပ်တယ်။

နောက်တခု ပြောချင်တာကတော့ ဝက်ခြံ ဖြစ်စေတဲ့ ဟော်မုန်း နောက်ဆုံး ပုံစံကို 𝐃𝐇𝐓 (𝐝𝐢𝐡𝐲𝐝𝐫𝐨𝐭𝐞𝐬𝐭𝐨𝐬𝐭𝐞𝐫𝐨𝐧𝐞) လို့ခေါ်တယ်။ ဒီလိုနောက်ဆုံး ဝက်ခြံဖြစ်ဖို့ ဟော်မုန်း 𝐩𝐫𝐨𝐜𝐞𝐬𝐬 မှာ 𝟓 𝐚𝐥𝐩𝐡𝐚 𝐫𝐞𝐝𝐮𝐜𝐭𝐚𝐬𝐞 လို့ခေါ်တဲ့ အင်ဇိုင်းလေး လိုပါတယ်။

နွားနို့ မှာ ဒီ 𝟓 𝐚𝐥𝐩𝐡𝐚 𝐫𝐞𝐝𝐮𝐜𝐭𝐚𝐬𝐞 𝐞𝐧𝐳𝐲𝐦𝐞 တွေ အများအပြား ပါဝင်တယ်။ ဒါကြောင့် နွားနို့သောက်ရင်ဝက်ခြံ ပိုဆိုးစေတာပါ။

ဒါဆိုရင် နွားနို့ က ဝက်ခြံ နဲ့ ဘယ်လို ဆက်စပ်နေလဲ သိသွားပြီလို့ထင်ပါတယ်။

𝐖𝐡𝐨𝐥𝐞 𝐦𝐢𝐥𝐤 (ပုံမှန် နွားနို့) 𝐕𝐬 𝐒𝐤𝐢𝐦 𝐦𝐢𝐥𝐤 (အဆီထုတ်ထားတဲ့ နွားနို့)

ဘယ်ဟာက ဝက်ခြံ ကို ပို ဆိုးစေလဲ❓❓

အဆီထုတ်ထားတဲ့ နွားနို့ က ဝက်ခြံ ထွက်တာ သက်သာမယ်လို့ ထင်ရင်တော့မှားပါတယ်။ အဆီထုတ်ထားတဲ့ နို့ 𝐒𝐤𝐢𝐦 𝐌𝐢𝐥𝐤 က ပိုပြီးဆိုးပါတယ်။

တခုသိရမှာက နွားနို့ထဲမှာ ဝက်ခြံ ဖြစ်စေတဲ့ 𝟓 𝐚𝐥𝐩𝐡𝐚 𝐫𝐞𝐝𝐮𝐜𝐭𝐚𝐬𝐞 𝐞𝐧𝐳𝐲𝐦𝐞 တွေအပြင်၊ (𝐀𝐧𝐝𝐫𝐨𝐠𝐞𝐧) ကျားဟော်မုန်း ဓာတ်ကော (𝐄𝐬𝐭𝐫𝐨𝐠𝐞𝐧) မဟော်မုန်း ဓာတ် ကော ပါဝင်နေပါတယ်။ ပုံမုန် နွားနို့မှာ ဒီဓာတ် ၂ခုက ညီမျှနေလို့ ပြသာနာမရှိပေမယ့် 𝐒𝐤𝐢𝐦 𝐌𝐢𝐥𝐤 မှာ ဆိုရင် ပြု ​လုပ်တဲ့ 𝐩𝐫𝐨𝐜𝐞𝐬𝐬 ဟာ သဘာဝမဟုတ်တဲ့ အတွက် 𝐀𝐧𝐝𝐫𝐨𝐠𝐞𝐧 ​(ကျားဟော်မုန်း) ကို ထိန်းညှိပေးမယ့် 𝐄𝐬𝐭𝐫𝐨𝐠𝐞𝐧 (မ ဟော်မုန်း) တွေ က ပုံမှန်နွားနို့ထက်စာရင်လျော့နည်းသွားလို့ပါ။ ဒါကြောင့် အဆီလျော့ နို့တွေမှာ ဆိုရင် 𝐀𝐧𝐝𝐫𝐨𝐠𝐞𝐧 က ပိုများနေတဲ့အတွက် ဒါဟာ ဝက်ခြံကို ပိုဆိုးစေပါတယ်။

နွားနို့ ဘယ်လောက်သောက်ရင် ဝက်ခြံ ပိုမဆိုးလာဘူးလဲ ❓❓

𝐒𝐭𝐮𝐝𝐲 အများစုက တော့ နွာနို့ တခွက် နဲ့ အထက် နေ့စဥ်သောက်တဲ့ သူတွေမှာ ဝက်ခြံ ပိုပေါက်တယ် လို့ ဆိုကြတယ်။ ဘယ်လောက်သောက်လို့ရလဲ ဆိုတာကတော့ အတိအကျ မတွေ့ မိသေးပါ။

ဒါဆိုရင် နောက်ဆုံး မှတ်ရမှာက နွားနို့ သောက်ခြင်းဟာ ဝက်ခြံ ပေါက်တာနဲ့ ဆက်စပ်နေတယ်။ နောက်တခု က 𝐖𝐡𝐨𝐥𝐞 𝐌𝐢𝐥𝐤 နဲ့ 𝐒𝐤𝐢𝐦 𝐌𝐢𝐥𝐤 မှာ 𝐒𝐤𝐢𝐦 𝐌𝐢𝐥𝐤 က ပိုဆိုးစေပါတယ် ။

ဝက်ခြံ ပိုမဆိုးအောင် တရက် နွားနို့ ဘယ်လောက်သောက်ရမယ် ဆိုတဲ့ ပမာဏ အတိအကျမရှိသေးပါ။ တစ်ခွက်အောက်သာအကောင်းဆုံးလို့ မှတ်ယူထားလို့ရပါတယ်။ဒါပေမယ့် တယောက်နဲ့တယောက် ကွာခြားချက်ရှိနိုင်ပါတယ်။

𝐃𝐫. 𝐍𝐚𝐲 𝐋𝐢𝐧
𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧𝐢𝐬𝐭 (အာဟာရ အထူးပြုဆရာဝန်)
𝐌.𝐁.,𝐁.𝐒, 𝐌.𝐒𝐜 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 & 𝐃𝐢𝐞𝐭𝐞𝐭𝐢𝐜𝐬(𝐔𝐊)

Credit to original writer .📄

ဆံပင်နှင့်ပတ်သက်၍ပြသနာရှိသူ​တွေအတွက်​လေ့လာရန်https://www.webmd.com/skin-problems-and-treatments/ss/slideshow-hair-condit...
29/11/2024

ဆံပင်နှင့်ပတ်သက်၍ပြသနာရှိသူ​တွေအတွက်​လေ့လာရန်

https://www.webmd.com/skin-problems-and-treatments/ss/slideshow-hair-conditions?ecd=soc_fb_161128_cons_ss_hairconditions&fbclid=IwZXh0bgNhZW0CMTEAAR131s3ZsflSQRzkbFG-kY5YwJzfwq4C8oYlN9lQFQG7ga1I9ofJITd0ekI_aem_8Rksroet3nCNTKdkM2FKUA

Is your hair trying to tell you something about your health? Some medications and conditions affect your hair as well as your body. This slideshow shows what's myth and what's fact when it comes to your health and your hair.

Skin care လုပ်ရာတွင် ဘယ်အချိန်လုပ်ရမလဲ ! ဘယ်နှစ်ကြိမ်လုပ်ရမလဲ ! သိလိုသူများအတွက်ပါ Source ~ google
28/11/2024

Skin care လုပ်ရာတွင်
ဘယ်အချိန်လုပ်ရမလဲ !
ဘယ်နှစ်ကြိမ်လုပ်ရမလဲ !
သိလိုသူများအတွက်ပါ
Source ~ google

06/11/2024
26/10/2024

အ​ရေပြားအထူးကုဆရာဝန်ကြည့်ရှုချိန်
အင်္ဂါ၊ကြာသပ​တေး၊စ​နေ၊တနင်္ဂ​နွေ
​နေလည် ၂ နာရီမှည​နေ ၄ နာရီ
Booking ​ပေးရန် ၀၉၅၁၁၃၀၈၃

26/10/2024

အ​ရေပြားအထူးကုဆရာဝန်ကြီး
အချိန်မှန်​ဆေးခန်းထိုင်၍လူနာများပြန်လည်ကြည့်ရှုကုသ​ပေး​နေပါပြီ။

Address

B-89/1, Nawaday Zay Street, NawadayGardenhoursing, , Hlaing Thar Yar Township
Yangon
11401

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 16:00 - 21:00

Telephone

95095113083

Website

Alerts

Be the first to know and let us send you an email when Myat Thaw Dar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myat Thaw Dar:

Shortcuts

Share