KO SOE THU

KO SOE THU ********** WHO EVER WANT TO COME IS WELCOME.!!!!**********

19/09/2023

ထီလာရောက်ရင် အမြဲအားပေးသော


ကိုသားဂန်း မဘေဘီမောင်မိသားစု ကျေးဇူးအထူးပါရှင်🙏🥰

25/08/2017
22/07/2017

ကာယကံ = ကိုယ်လက် လှုပ်ရှားမှု ကာယဝိညတ်ဖြင့် အများအားဖြင့် ပြုလုပ်သော အမှု၊

ဝစီကံ = နှုတ်အမှုအရာ ဝစီဝိညတ်ဖြင့် အများအားဖြင့် ပြုသောအမှု၊

မနောကံ = စိတ်ကူးကြံစည်၍ ပြုလုပ်အပ်သော အမှု

သုစရိုက် ၁၀ ပါး

အပြစ်ရှိဘဲ ကောင်းကျိုးပေးတတ်သော ကံကို ကုသိုလ်ကံဟု ခေါ်၏ မြင့်မြတ်သော အမူအကျင့် ဖြစ်သည့်အတွက် သုစရိုက်ဟုလည်း ခေါ်၏။

ကာယကံ ၃-ပါး၊ ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါးဟူ၍ သုစရိုက် ၁၀-ပါးရှိ၏။

(၁) ကာယကံ ၃-ပါး

(၁) ပါဏာတိပါတ ၀ိရတီ= သတ္တဝါတို့ကို သေစေလိုသော စေတနာဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်မှု။

(၂)အဒိန္နာဒါန ၀ိရတီ= သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူခြင်းမှ ရှောင်ကြဉ်မှု။

(၃) ကာမေသုမိစ္ဆာစာရ ၀ိရတီ= ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာကျင့်ခြင်းမှ ရှောင်ကြဉ်မှု။

၂။ ဝစီကံ ၄ ပါး

(၄) မုသာဝါဒ ၀ိရတီ= မဟုတ်မမှန် လိမ်လည်၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

(၅) ပိသုဏဝါစာ ၀ိရတီ= ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

(၆)ဖရုသဝါစာ ၀ိရတီ= ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

(၇)သမ္ဖပ္ပလာပ = ပိန်ဖျင်းသောစကား အတင်းအဖျင်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

၃။ မနောကံ ၃-ပါး

(၈) အနဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားယူရန် ကြံစည်ခြင်းမှ ရှောင်ကြဉ်မှု။

(၉) အဗျာပါဒ = သူတစ်ပါး၏ အသက်နှင့် စည်းစိမ် ပျက်စီးရန် ကြံစည်ခြင်းမှ ရှောင်ကြဉ်မှု။

(၁၀) သမ္မာဒိဋ္ဌိ = ကံ-ကံ၏ အကျိုးကို ယုံကြည်၍ မှန်ကန်စွာ ယုံကြည်မှု။

ဒုစရိုက် လွန်ကျူးသော စိတ်များ

(၁) ပါဏာတိပါတ၊ ဖရုသဝါစာ နှင့် ဗျာပါဒတို့ကို ဒေါသမူစိတ်ဖြင့် ကျူးလွန်ကြကုန်၏။

(၂) ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာနှင့် မိစ္ဆာဒိဋ္ဌိတို့ကို လောဘမူစိတ်ဖြင့် ကျူးလွန်ကြကုန်၏။

(၃) အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာနှင့် သမ္ဖပ္ပလာပ တို့ကို လောဘမူစိတ်+ဒေါသမူစိတ် ၂-ပါးတို့ဖြင့် ကျူးလွန်ကြကုန်၏။

ဥပမာ - မိမိနှင့် သားမယားတို့၏ ငတ်မွတ်မှုကို ဖြေရှင်းရန်အလို့ငှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းသည် လောဘမူစိတ်ဖြင့် အဒိန္နာဒါနကံကို ကျူးလွန်ခြင်းဖြစ်၏။ မခံချင်စိတ်၊ ရန်ငြိုးစိတ်ဖြင့် သူတစ်ပါး ပျက်စီးကြောင်းကို ရည်ရွယ်၍ သူ့ဥစ္စာကို ခိုးဝှက် လုယူခြင်းသည် ဒေါသမူစိတ်ဖြင့် အဒိန္နာဒါနကံကို ကျူးလွန်ခြင်း ဖြစ်၏။

မှတ်ချက်။ ။ အကောင်းအဆိုးရည်ရွယ်ချက်(စေတနာ) တစ်ခုခုဖြင့် တက်ကြွထက်သန်သောစိတ်ဦးဆောင်လျက် လုပ်သည့်အလုပ်သည် ကံမြောက်၏။ အကောင်းအဆိုး စေတနာမပါဘဲ မသိသာ မထင်ရှားသော သာမန်စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံမြောက်ချေ။ ကမ္မ ဟူသောပါဠိမှဆင်းသက်လာသော "ကံ"သည် "အလုပ်" ကိုလည်း ခေါ်၏။ "စေတနာ"ကိုလည်း "ကံ" ဟုခေါ်၏။
သုစရိုက်(၁၀)ပါးဆိုတာကတော့ ဒုစရိုက်(၁၀)ပါးကို ရှောင်ကြည်လိုက်ခြင်းဖြင့် ရတဲ့ ကုသိုလ်အကျိုးပါပဲ။
ရတနာဝါသဘုရားကျောင်းဆိုဒ်မှတဆင့်

နားလည်​မူ​လေး​တွေရှိ​စေဖို့ပါ ..​မေတ္တာ တရားအ​ရှေ့ထား မမှား​စေဖို့
19/03/2017

နားလည်​မူ​လေး​တွေရှိ​စေဖို့ပါ ..
မေတ္တာ တရားအ​ရှေ့ထား မမှား​စေဖို့

04/08/2016
10/12/2015

သွေးတိုးရောဂါအစ အဆီတိုးခြင်းက

Written by ကြည်လွင်မြင့် (မုဒြာ)

သွေးတိုးရောဂါဖြစ်သူ တစ်နေ့တခြား တိုးပွားလာနေသည်။ မြန်မာလူမျိုးများသည် လယ်ယာစိုက်ပျိုး ရေးနိုင်ငံဖြစ်၍ သဘာဝဆန်နှင့် အသီးအနှံကိုအဓိကထား စားသုံးသူများဖြစ်သဖြင့် သွေးတိုးရောဂါဟူ သည်မှာ လွန်ခဲ့သော နှစ် ၅၀ ကခေတ်မစားသေးပေ။ ဈေးကွက်စီးပွားရေးဖွင့်ပေးပြီး ၂၆ နှစ်အတွင်းမှာ နိုင်ငံခြားတိုင်းပြည်များမှ အစားအသောက်များနှင့် ဆေးဝါးမျိုးစုံ ဝင်ရောက်လာပြီးနောက်တွင် သွေးတိုး ရောဂါဖြစ်ပွားမှုနှုန်းမှာ ချက်ချင်းပင်မြင့်တက်လာခဲ့သည်။

သွေးတိုးရောဂါသည် အငန်တစ်ခုတည်းရှောင်ရုံဖြင့် ပြီးသည့်ရောဂါဟုအချို့က ထင်နေကြသည်။ အဆီတိုးခြင်းသည် သွေးတိုး၏မူလအကြောင်းအရင်းဖြစ်သည်ကို သတိမထားမိကြပေ။ ကျန်းမာရေး ဗဟုသုတနည်းပါးကြသဖြင့် သွေးတိုးရောဂါကို ခန္ဓာကိုယ်တွင်းရှိ သွေးများတိုးပွားလာသည့်ရောဂါဟု ထင်နေသူများလည်း ရှိနေဆဲဖြစ်သည်။ သွေးတိုးရောဂါသည် လူဝပြီးသွေးများတိုးပွားလာခြင်းမဟုတ် ပါ။ သွေးကို နှလုံးကတွန်းပို့သည့် ဖိအားတိုးလာခြင်း၊ သွေးကြောများကို သွေးပို့သည့်အားမြင့်တက်ပြီး သွေးကြောများက မခံနိုင်ဖြစ်လာခြင်းသာဖြစ်သည်။ လူပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ သွေးဖိအားတိုး လာလျှင် သွေးတိုးရောဂါဖြစ်နိုင်သည်။

ရှေးက မြန်မာဆရာကြီးများသည် ဘယ်ဘက်လက်ကောက်ဝတ်၊ လက်မအရင်းရှိသွေးကြောကို လက် ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်သုံးချောင်းဖြင့် ထောက်စမ်းသည်။ သွေးစမ်းနည်းမှာ ပထမဖွဖွလေး စမ်းရသည်။ ထို့နောက် ဖိပြီးစမ်းရသည်။ ထို့နောက်နေရာအနည်းငယ်ရွှေ့ပြီး ထပ်မံစမ်းရပြန်သည်။ သွေးလုံးအမိဆုံးနေရာတွင် ရပ်တန့်ပြီးနောက် သွေးလုံးအနေအထားကို ကြည့်သည်။ ဤနည်းကို (ဖွ-ဖိ-ရွှေ့-မိ) နည်းဖြင့် သွေးစမ်းသည်ဟုခေါ်သည်။

လက်ကောက်ဝတ်၊ လက်မအရင်းတွင် စမ်းမိထားသော သွေးလုံးသည် ပုံမှန်ဖြစ်သည်။ သွေးလုံး ကြီး ခြင်း၊ သေးခြင်းမရှိ၊ စည်းချက်မှန်မှန်ဖြင့် သွားနေလျှင် သွေးတိုးခြင်းမရှိပေ။ သွေးကျခြင်းလည်းမရှိပေ။ ထိုသို့မဟုတ်ဘဲ သွေးလုံးပွခြင်း၊ ကြီးခြင်း၊ မြွေ၊ ငါးရှဥ့်ကဲ့သို့တိုးခြင်း၊ ဖားကဲ့သို့ခုန်ခြင်း၊ ကလေးသူငယ် တွင် ပုစွန်ဆိတ်ကဲ့သို့ ခုန်ခြင်းများစမ်းမိလျှင် မကောင်းသောသွေးတိုးဖြစ်သည်။

သွေးတိုးရောဂါရှိသူများ၏ သွေးတိုးမှာ ဝသောသူတွင် သွေးလုံးကြီး၍ပွကာ ဆောင့်၍တိုးသည်။ ဘောလုံးကိုရေတွင်နှစ်လိုက်ပြီး လက်လွှတ်လိုက်သောအခါ အပေါ်သို့ဆောင့်တက်ပြီး ပြန်ပေါ်လာသ ကဲ့သို့ ငုပ်ချည်ပေါ်ချည်စမ်းမိသည်။ ပိန်သောသူတွင် စမ်းမိသောသွေးတိုးပုံမှာ သွေးလုံးသေးပြီး စူးခနဲ ဆောင့်တိုးသည်။ မြွေတိုးသကဲ့သို့ ငရှဥ့်တိုးသကဲ့သို့ တိုးသည်။ ရေတွင်ဝါးလုံးကို မျှောချသကဲ့သို့ အလျားလိုက်ဆောင့်တိုးသည်။ သွေးတိုးရောဂါမရှိသူများသည် သွေးပေါင်ချိန်ကိရိယာမရှိပါက မိမိ လက်ကောက်ဝတ်ကို မိမိဘာသာစမ်းသပ်သည့်အလေ့အကျင့်ကို ပြုထားသင့်သည်။

အသက်လေးဆယ်ကျော်လာလျှင် လူပိုဝလာလျှင် အဆီအဆိမ့်များကို လျှော့စားသင့်သည်။ ဆေး ပညာသဘောနှင့်ပြောရလျှင် အချိုကြိုက်လွန်းလျှင်လည်း ပထဝီဓာတ်နှင့် အာပေါဓာတ်တိုးပြီး ဝလာ နိုင်သည်။ ဝလာခြင်းသည် သွေးတိုးရောဂါ၏ အခြေခံဖြစ်သည်။ သွေးကြောများအတွင်း အဆီစုမလာ အောင် လမ်းများများလျှောက်ပေးဖို့လိုသည်။ လမ်းလျှောက်ခြင်းက အကျိုးများစွာရှိသည်။

(၁) အကြောအခြင်များကို လျော့စေသည်။

(၂) နှလုံးမှတွန်းပို့သော သွေးသည် လမ်းလျှောက်သောအခါ အောက်သို့ ခြေဖျားအထိရောက် အောင် စီးဆင်းနိုင်သည်။

(၃) သွေးကြောအတွင်းမှ ပိတ်ဆို့မှုများကို ပွင့်စေနိုင်သည်။

(၄) လှုပ်ရှားမှုကြောင့် သွေးကြောများကျယ်ပြီး သွေးစီးဆင်းမှုကောင်းစေသည်။

(၅) လှုပ်ရှားမှုကြောင့် စုခဲနေသော အဆီဓာတ်များ လောင်ကျွမ်းပျော်ဝင်သွားနိုင်သည်။

(၆) သွေးကြောနံရံတွင် ကပ်နေသော အဆီများလည်း ပျော်ဝင်သွားနိုင်သည်။

(၇) ကိုယ်အလေးချိန်ဖိအားသည် ခြေသလုံးနှစ်ဖက်နှင့် ခြေဖဝါးများပေါ်သို့ သက်ရောက်ခြင်း ကြောင့် ကြွက်သားအင်အား ပိုမိုကောင်းမွန်လာမည်။

(၈) သွေးကြောပိတ်၍ ကြွက်တက်ခြင်းမှလည်း ကာကွယ်နိုင်သည်။

(၉) ပုံမှန်လမ်းလျှောက်ခြင်းကြောင့် မျှတသောခန္ဓာကိုယ်အချိုးအစားကို ရရှိနိုင်သည်။

အနောက်တိုင်း ဆေးပညာတွင် လမ်းလျှောက်ခြင်းဖြင့် သွေးအတွင်းမှ မကောင်းသောကိုလက်စထ ရောကို လျှော့ချနိုင်သည်ဟု ဆိုသည်။ ကိုလက်စထရောတွင် ကောင်းသောကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရောဟူ၍ နှစ်မျိုးရှိသည်။ ကိုလက်စထရောတက်သည်ဆိုသည်မှာ သွေး ကြောများကို ကျဉ်းစေနိုင်သည့် မကောင်းသောကိုလက်စထရောတက်ခြင်းကိုဆိုသည်။ ကောင်းသော ကိုလက်စထရောသည် လူ၏သက်စောင့်ဓာတ်ဖြစ်သဖြင့် များလျှင်ကောင်းသည်။ လမ်းလျှောက်သော အခါခွန်အားဖြုန်းတီးပြီး ဓာတ်လောင်ကျွမ်းစေသဖြင့် မကောင်းသောကိုလက်စထရောများ လျော့ကျ သွားသည်။ ဆေးမစားဘဲ အဆီကိုလျော့ကျစေသောနည်းဖြစ်သည်။

ဆင်းရဲသားနှင့် ချမ်းသာသူ နှိုင်းယှဉ်လျှင် ချမ်းသာသူများတွင် သွေးတိုးရောဂါပိုဖြစ်ရခြင်းမှာ အချို့၊ အဆိမ့်၊ အအီ အစားအစာများခြင်း အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ပေ။ အေးသောနေရာ၊ အဲ ကွန်းအအေးဓာတ်လွှတ်ထားသည့် ဇိမ်နှင့်နေနိုင်သော အခန်းများတွင် နေထိုင်အိပ်စက်ခြင်း၊ အချိန် ကြာမြင့်စွာ မလှုပ်မရှားနေထိုင်ခြင်းကြောင့်လည်း သွေးတွင်းအဆီဓာတ်တိုးလာနိုင်သည်။ ချမ်းသာသူ များသည် လမ်းလျှောက်နည်းခြင်းကြောင့် သွားလေရာဇိမ်ခံကားများဖြင့် သွားလာခြင်းကြောင့် အဆီ များအနည်ထိုင်ပြီး သွေးတိုးရောဂါဖြစ်လာရခြင်းဖြစ်သည်။

သွေးတိုးရောဂါသည် တိတ်တဆိတ် လူသတ်သမားဖြစ်သည်ဟုဆိုရခြင်းမှာ လူဝလာတိုင်း သွေးတိုး သည့် လက္ခဏာတစ်စုံတစ်ရာမပြဘဲ ပုံမှန်အတိုင်းစားကောင်း၊ အိပ်ပျော်ရှိနေတတ်သည်။ အမှတ်မ ထင်စိတ်လှုပ်ရှားသောအခါ ပူပန်မှုသောက ကြုံတွေ့လာသောအခါနှင့် အပူမှအအေး၊ အအေးမှအပူ ရုတ်ခြည်းပြောင်းလဲသောအခါများတွင် ရုတ်တရက်မူးဝေပြီး သွေးတိုးလက္ခဏာပြလာတတ်သည်။ အဆီတိုး၍ ကျဉ်းနေသော သွေးကြောများသည် နှလုံးမှစိတ်လှုပ်ရှား၍ ပိုညှစ်သောအခါ သွေးမသွား သဖြင့် သွေးကြောပေါက်ထွက်ပြီး ဦးနှောက်အတွင်း သွေးယိုစီးခြင်း၊ လေဖြတ်ခြင်းဖြစ်နိုင်ပေသည်။

ရိုးရာတိုင်းရင်းဆေးပညာတွင် အဆီဓာတ်တိုးခြင်းကို ပထဝီ၊ အာပေါ အာဗန္ဓန ရောဂါဟုခေါ်သည်။ ပိတ်ဆို့ခြင်းဖြစ်သည့်ရောဂါဖြစ်သဖြင့် အာကာသရပြီး ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်း များများလျှောက်ပြီး ဝမ်းမှန်အောင်ပြုလုပ်ခြင်းဖြင့် ကုသနိုင်သည်။ ပထဝီ၊ အာပေါစာဖြစ်သောအသား နှင့်အဆီကို လျှော့စားသုံးရမည်။ အချဉ်နှင့်အစပ်ကို ပို၍စားသုံးရမည်။ ယိုစီးအာပေါဓာတ်ဖြစ်သောရေ ကိုများများသောက်ပေးရန်လိုသည်။ အလွယ်ဆုံးပြောရလျှင် အဆီ၊ အသားဓာတ်ကိုရှောင်ပြီး အသီး အနှံကို များများစားပေးဖို့လိုပါသည်။

သွေးတိုးရောဂါအစ အဆီတိုးခြင်းက၊ အဆီတိုးခြင်းအစ လမ်းမလျှောက်ခြင်းကဟု ဆိုနိုင်သည်။ အစား အသောက်ကောင်းကောင်း စားနိုင်ပါသည်။ စားသည်နှင့်ညီမျှအောင် လမ်းများများလျှောက်ပေးခြင်း ဖြင့် သွေးတိုးရောဂါဘေးမှ ကာကွယ်နိုင်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။ ။

ကြေးမုံသတင်းစာ

04/12/2015

သင့်ဘဝတွင် အောင်မြင်သည်ဖြစ်စေ.

ကျဆုံးသည်ဖြစ်စေ၊ ပျော်ရွင်ရသည်ဖြစ်စေ.

ဝမ်းနည်းရသည်ဖြစ်စေ

ထိုအရာအားလုံး၏ မူလအရင်းအမြစ်မှာ

သင့်စိတ်နှလုံးသားထဲမှသာ လာပါသည်။
STa**

28/11/2015

၂၄ နာရီအတွင်းမှာ ဘယ်လောက်အကျိုးရှိခဲ့တယ်ဆိုတာ အံ့သြဖွယ်တွေ့ရပါပြီ.

သာမန်အရက်အမောင်းနဲ့ သူလိုကိုယ်လိုလူတစ်ယောက်ဟာ
၂၄ နာရီ ဆိုတဲ့ တစ်နေ့တာကာလအတွင်းမှာ နှလုံးသားက ၁၀၃၆၈၉ ကြိမ်ခုန်တယ်..
၂၀၃၄၀ ကြိမ် အသက်ရှူတယ်တဲ့...
၄၃၈ ကုဗပေ ထုထည်ရှိတဲ့ ရှူသွင်းတယ် ခင်ဗျ
အစား တပိသာလောက်စားတယ်..
ရေတစ်ပုလင်းလောက်သောက်တယ်
စကားလုံး ၂၅၀၀၀ ဝန်းကျင်ပြောတယ်..
ဦးနှောက်ရဲ့ ဆဲလ် ခုနှစ်သန်းလောက်ကို အလုပ်ပေတယ်လို ဆိုတယ်....

ဒီနေအလုပ်မလုပ်ချင်ဘူး မညင်းပါနဲ့....

STa**

19/11/2015
19/11/2015

မနက်ဖြန် ဆိုတာရှိနေပေမယ့်တွေးကြောက်မိတယ် ချစ်သူ ခင်သူတွေနဲ့ခွဲခွာနေရလို

Address

Yangon
095

Website

Alerts

Be the first to know and let us send you an email when KO SOE THU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category