Myanmar Petanque Federation

Myanmar Petanque Federation Boule sport

ပီတန်း နည်းပြသင်တန်း သင်တန်းဆင်းပွဲ ~~~~~~~~~~~~~~~~~~~~~~~~~~~၁/၂၀၂၆ ပီတန်း နည်းပြသင်တန်း သင်တန်းဆင်းပွဲကို၅.၃.၂၀၂၆ နေ့...
06/03/2026

ပီတန်း နည်းပြသင်တန်း သင်တန်းဆင်းပွဲ
~~~~~~~~~~~~~~~~~~~~~~~~~~~
၁/၂၀၂၆ ပီတန်း နည်းပြသင်တန်း သင်တန်းဆင်းပွဲကို

၅.၃.၂၀၂၆ နေ့လည် ၁၂ နာရီတွင်ကျင်းပပြုလုပ်ခဲ့ပြီး

အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား

ရေးမှူးချုပ်၊ဦးကျော်ဇင်မိုးမှ သင်တန်းဆင်း အမှာစကား

ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်

ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦး

မှသင်တန်းအတွေ့အကြုံများနှင့်ကျေးဇူးတင်စကားပြော

ကြားပြီးသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ

ကျင်းပနိုင်ခဲ့ပါသည်။

၁/၂၀၂၆ ပီတန်းနည်းပြသင်တန်း လက်တွေ့ လေ့ကျင့်မှုများ
05/03/2026

၁/၂၀၂၆ ပီတန်းနည်းပြသင်တန်း လက်တွေ့ လေ့ကျင့်မှုများ

ပီတန်းနည်းပြသင်တန်း သင်ကြားပို့ချလျှက်ရှိ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပ...
03/03/2026

ပီတန်းနည်းပြသင်တန်း သင်ကြားပို့ချလျှက်ရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ

ပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၁/၂၀၂၆

ပီတန်း နည်းပြသင်တန်း သင်ကြားပို့ချလျှက်ရှိပြီး

သင်တန်းကာလ ၉ ရက်မြောက်နေ့သို့ ရောက်ရှိပြီး

သင်တန်းကို နည်းပြခြင်း ဆိုင်ရာ၊အားကစား (ဆေး)

ပညာ၊နည်းစနစ် ပိုင်းများကို သင်ကြားပို့ချလျှက်ရှိ

ပါသည်။

ပီတန်းနည်းပြသင်တန်း သင်ကြားပို့ချလျှက်ရှိ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပ...
27/02/2026

ပီတန်းနည်းပြသင်တန်း သင်ကြားပို့ချလျှက်ရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ

ပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၁/၂၀၂၆

ပီတန်း နည်းပြသင်တန်း သင်ကြားပို့ချလျှက်ရှိပြီး

သင်တန်းကာလ ၅ ရက်မြောက်နေ့သို့ ရောက်ရှိပြီး

သင်တန်းကို နည်းပြခြင်း ဆိုင်ရာ၊အားကစား (ဆေး)

ပညာ၊နည်းစနစ် ပိုင်းများကို သင်ကြားပို့ချလျှက်ရှိ

ပါသည်။

ဂုဏ်ပြုဆုငွေများပေးအပ်~~~~~~~~~~~~~~~~~~(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အော...
25/02/2026

ဂုဏ်ပြုဆုငွေများပေးအပ်
~~~~~~~~~~~~~~~~~~
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

သို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုဆုတံဆိပ်ရ ရှိခဲ့

သည့်မြန်မာ ပီတန်းအသင်းမှ အုပ်ချုပ်/နည်းပြ

ဆုရကစားသမားကို မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ်မှ

ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး

ငွေတံဆိပ်ဆုရ အားကစားသမား ခင်ချယ်ရီသက်ကို

ငွေသားဆု ကျပ်သိန်း(၂၀) နှင့် အုပ်ချုပ်/နည်းပြ များကို

တစ်ဦးလျှင် (၅)သိန်းကျပ် စီဂုဏ်ပြုချီးမြှင့်ပေးပါသော

ဥက္ကဌ ကြီးနှင့်တကွ EC အဖွဲ့ဝင်များအား အထူးပင်

ကျေးဇူးတင်ရှိပါကြောင်းဂုဏ်ယူဝမ်းမြောက်စွာ

မှတ်တမ်းတင်အပ်ပါသည်။



ပီတန်းနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၆) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ~~~~~~~~~~~~~~~~~~~~~~~...
24/02/2026

ပီတန်းနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
~~~~~~~~~~~~~~~~~~~~~~~~
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပီတန်းအားကစားနည်းသည် ပြင်သစ်နိုင်ငံ၏ ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပခဲ့ချိန်တွင် စတင်ရောက်ရှိလာခဲ့ပြီး အချိန်အားဖြင့် (၁၄)နှစ် သက်တမ်းသာရှိသည့်အတွက် အရှေ့တောင်အာရှနိုင်ငံ များတွင် ပီတန်းအားကစားနည်းထွန်းကားမှု အနုနယ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံထက် နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ ဒေသတွင်း မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရုံသာမက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ပြည်ပပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခြင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းများကို ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပြီး အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိ ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၅)ခု၊ အာရှအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁)ခု၊ ကြေး တံဆိပ်(၁)ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး အာဆီယံ‌ဒေသအတွင်းသာမက ကမ္ဘာ့အဆင့်အထိ ရင်ပေါင်တန်း နိုင်သည့်အခြေအနေကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်လာသည့် နည်းပြများ အနေဖြင့် မိမိတို့ဌာနများကိုပြန်လည်ရောက်ရှိသည့်အခါ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာ များကို ပြန်လည်အသုံးချပြီး မျိုးဆက်သစ်အားကစားသမားများ ရရှိစေရေး၊ ပီတန်းအားကစားနည်း ပိုမိုတိုးတက်ပြန့်ပွားစေရေးအတွက် အားထည့်၍ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားရန်နှင့် နိုင်ငံတော် အတွက် အားကိုးအားထားရသည့် အားကစားသမားများ ပေါ်ထွက်လာအောင် ယခု သင်တန်းမှ နည်းပြ များနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်မှ နည်းပြတာဝန်ရှိသူတို့က ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြကောင်းများဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ ဘက်စုံသုံးခန်းမ၌ သင်တန်းနည်းပြ ၃ ဦး တို့က သင်တန်းသား ၁၉ ဦးသင်တန်းသူ ၅ ဦး စုစုပေါင်း ၂၄ ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

မန္တလေးတက္ကသိုလ် ပီတန်း ပြိုင်ပွဲများ ကျင်းပ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနမန္တလေး...
20/02/2026

မန္တလေးတက္ကသိုလ် ပီတန်း ပြိုင်ပွဲများ ကျင်းပ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန

မန္တလေးတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊

အမျိုးသမီး ပီတန်းပြိုင်ပွဲ များကို (၁၈.၂.၂၀၂၆ ရက်နေ့မှ

၂၀.၂.၂၀၂၆) ရက်နေ့ထိ မန္တလေးတက္ကသိုလ် ပီတန်း

အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား တစ်ဦးချင်း၊အမျိုးသမီး

တစ်ဦးချင်း ပြိုင်ပွဲများနှင့် အမျိုးသား နှစ်ယောက်တွဲ

အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများကို လည်းထည့်

သွင်းကျင်းပခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် Final ပွဲစဉ်များ

နှင့် ဆုပေးပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသော

ကစားသမားများကိုတာဝန်ရှိလူကြီးများက ဆုများ

အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးပါသည်။



Live
13/12/2025

Live

11/12/2025

Petanque Mixed Doubles
Myanmar Vs Malaysia (Round 1)
Htwe Ko Ko & Pann Ei Phyo

 #ပီတန်းအားကစားမယ်ခင်ချယ်ရီသက်ငွေတံဆိပ်ဆုရ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်...
10/12/2025

#ပီတန်းအားကစားမယ်ခင်ချယ်ရီသက်ငွေတံဆိပ်ဆုရ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ

ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ ပီတန်းအသင်းအနေဖြင့်

ယနေ့ နံနက်ပိုင်းမှ စတင်၍ Women Shooting ပြိုင်ပွဲကို

ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပထမအဆင့်တွင် ဒုတိယ

ရမှတ်အများဆုံးဖြင့် Semi Final အဆင့်သို့ တက်လှမ်း

နိုင်ပြီး Semi Final တွင် မြန်မာအသင်းမှ ခင်ချယ်ရီသက်

သည် အင်ဒိုနီးရှား အသင်းကို အနိုင်ရကာ Final အဆင့်

သို့ တက်လှမ်းနိုင်ခဲ့ပြီး Final တွင် အိမ်ရှင်ထိုင်း အသင်း

နှင့် တွေ့ဆုံကာ အိမ်ရှင်ထိုင်းအသင်းကို ရမှတ် 37/43

မှတ်ဖြင့် ဒုတိယဆုကို မြန်မာပီတန်းအသင်းမှ

ခင်ချယ်ရီသက်က ရရှိခဲ့ပါသည်။



🇲🇲🥇Semi Final ပွဲစဉ်မှစ၍ ကျန်သော ပွဲစဉ်အားလုံးကို  PETANQUE FEDERATION Page ကနေlive ထုတ်လွှင့်ပေးပါမည် ခင်ဗျ
10/12/2025

🇲🇲🥇Semi Final ပွဲစဉ်မှစ၍ ကျန်သော ပွဲစဉ်အားလုံးကို
PETANQUE FEDERATION Page ကနေ
live ထုတ်လွှင့်ပေးပါမည် ခင်ဗျ




Address

5B3 Yankin Centre
Yangon

Telephone

+9595556600

Website

Alerts

Be the first to know and let us send you an email when Myanmar Petanque Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share