Road Design

Road Design Discussion and information about road design, road technology, road safety and traffic planing. Design, Safety and Road Technology

Filter Law / Criteria for Drainageရွှံ့လို cohesive soil ထဲကိုရေဝင်တဲ့အခါ ဝန်အားရုပ်တရက်သက်ရောက်မှုကြောင့် excess pore w...
28/03/2026

Filter Law / Criteria for Drainage

ရွှံ့လို cohesive soil ထဲကိုရေဝင်တဲ့အခါ ဝန်အားရုပ်တရက်သက်ရောက်မှုကြောင့် excess pore water pressure (larger then hydro static pressure) ဖြစ်ပေါ်လာပြီး နီးစပ်ရာ structure အစိတ်အပိုင်းတွေကို တွန်းလှဲပစ်နိုင်ပါတယ်၊
ဒါကြောင့် သဲဆန်တဲ့မြေ (granular soil) ကို အဆောက်အဦ အစိတ်အပိုင်းတွေမှာ ဖြည့်မြေအဖြစ်သုံးရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရေဝင်လာရင်ထွက်နိုင်ဘို့ ရေထုတ်စံနစ် (drainage system) ကိုသုံးပြီးရေထုတ်ရပါတယ်။
မြေကြီးထဲကရေကို ထုတ်ဖို့လိုအပ်လာရင်၊ မြေကြီးတွေတိုက်စားပြီး ရေထဲပါမသွားဘို့ ကာကွယ်ရပါမယ်။
Filter law ဟာ ရေထဲကို မြေကြီးတိုက်စားပြီးပါမသွာဘဲ ရေစီးကောင်းဘို့ လိုအပ်တဲ့ အခြေအနေတွေပါ။
လေ့လာကြည့်ပြီး အသုံးချပါ၊

☘. Fundamental Filter Criteria (Granular Filters)

Based on classic principles ( ), filters must meet specific gradation requirements relative to the soil they protect.

☛ Retention Criterion (Preventing Piping):

The filter must have small enough pores to retain the base soil. A common rule is:

D15F ≤ 5 × D85B

(Where D15F is the 15% passing size of the filter, and D85B is the 85% passing size of the base soil).

☛ Permeability Criterion (Allowing Free Drainage):

The filter must be porous enough to allow water to pass without building pressure.

D15F ≥ 5 × D15B

(Where D15F is the 15% passing size of the filter, and D15B is the 15% passing size of the base soil).

☛ Uniformity:
The gradation curve of the filter material should be roughly parallel to that of the base soil to prevent particle movement.

☛ Maximum Size:
The filter material should not be too coarse; a common maximum is

D50F ≤ 25 × D50B

https://edu.structsoftlab.asia/

05/02/2026

Carving pathway through mountains

https://www.facebook.com/share/1A5LP3Xpgt/
05/02/2026

https://www.facebook.com/share/1A5LP3Xpgt/

Time to restore ground permeability in our cities.

Why?

1. Flood risk reduction and stormwater management

Impermeable surfaces prevent rainwater from infiltrating the soil. Instead, water runs off rapidly into drains, often overwhelming systems during heavy rainfall.

Re-permeabilising the ground:
- Slows down runoff
- Allows water to infiltrate and recharge groundwater
- Reduces surface flooding and combined sewer overflows

This is increasingly critical as intense rainfall events become more frequent, a trend highlighted in global urban climate assessments .

2. Cooling cities and reducing urban heat islands

Sealed surfaces absorb and re-radiate heat, driving the urban heat island effect. Permeable and vegetated surfaces:
- Retain moisture, enabling evaporative cooling
- Lower surface and ambient air temperatures
- Improve thermal comfort in streets and public spaces

3. Restoring the urban water cycle and groundwater recharge

When cities are fully sealed:
- Groundwater levels drop
- Urban vegetation becomes dependent on irrigation
- Cities become more vulnerable to droughts

Permeable soils help reconnect rainfall with natural hydrological cycles, improving long-term water security - especially important in water-stressed cities .

4. Supporting urban biodiversity and soil health

Healthy soils host microorganisms, insects, and plant roots. De-sealing and permeable design:
- Improve soil respiration and fertility
- Enable urban trees to grow deeper, stronger roots
- Support pollinators and micro-habitats

5. Equity, livability, and informal settlements

In many cities:
- Informal settlements are located in flood-prone, poorly drained areas
- Hard engineering solutions can displace communities

Permeable, nature-based approaches (bioswales, vegetated drainage, de-sealed courtyards) are:
- Cheaper and more adaptable
- Easier to co-design with communities
- Less likely to trigger displacement or “green gentrification”

6. What “re-permeabilising” looks like in practice

- Permeable pavements and parking areas
- De-paving sidewalks, schoolyards, and underused spaces
- Rain gardens, bioswales, and infiltration trenches
- Urban trees with structural soils
- Restoring natural streams or seasonal waterways

--

💡Got an urban idea worth sharing?
Apply to showcase at the Urban Expo at WUF13 (17–22 May 2026, Baku). From dialogue to learning and storytelling, this is where urban solutions meet the world.

Register here: 🔗 https://loom.ly/FsN9az8

To register, search "WUF13 Urban Expo"

Basalt ကျောက်ကနေ ချည်မျှင် (Basalt Fiber) ထုတ်လုပ်ခြင်း🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀​Basalt fiber ဆိုတာကတော့ မီးတောင်ပေါက်ကွဲရာကနေ ထွက်လ...
28/11/2025

Basalt ကျောက်ကနေ ချည်မျှင် (Basalt Fiber) ထုတ်လုပ်ခြင်း

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

​Basalt fiber ဆိုတာကတော့ မီးတောင်ပေါက်ကွဲရာကနေ ထွက်လာတဲ့ ချော်ရည်တွေ အေးခဲပြီးဖြစ်သွားတဲ့ Basalt (ချော်ကျောက်) ကနေ ထုတ်ယူထားတဲ့ နည်းပညာမြင့် ဖိုင်ဘာတစ်မျိုးပါပဲ။ ဒီကျောက်မှာ သံဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်ပြီး ဆီလီကိတ်ကျောက်အမျိုးအစား ဖြစ်ပါတယ်။

ဘယ်လိုထုတ်လုပ်လဲဆိုတဲ့Process အဆင့်ဆင့် ပြောပြပေးသွားပါ့မယ်။

​အဆင့် (၁) - ကျောက်တွေကို ကြိတ်သန့်စင်မယ်
ပထမဆုံးအနေနဲ့ ရလာတဲ့ ကျောက်တုံးကြီးတွေကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပစ်ရပါတယ်။ နောက်ပိုင်း အရည်ကျိုတဲ့အခါ လွယ်ကူသွားအောင် ကျောက်ခဲ သေးသေးလေးတွေ (၅ မီလီမီတာကနေ ၂၀ မီလီမီတာလောက်) ဖြစ်အောင် လုပ်ရတာပေါ့။ ဒီနေရာမှာ အရေးကြီးဆုံးက "သန့်ရှင်းရေး" ပါပဲ။ ဖုန်တွေ၊ သဲတွေ၊ ရွှံ့တွေ ပါသွားရင် ထွက်လာတဲ့ချည်မျှင်က မကောင်းဘူး၊ ခဏခဏ ပြတ်ထွက်တတ်တယ်။ ဒါကြောင့် သေချာသန့်စင်ပေးဖို့ လိုပါတယ်။

​အဆင့် (၂) - မီးဖိုကြီးထဲထည့်ပြီး အရည်ကျိုမယ်
ရလာတဲ့ ကျောက်ခဲလေးတွေကို ဓာတ်ငွေ့ (ဒါမှမဟုတ်) လျှပ်စစ်မီးဖိုကြီး (Furnace) ထဲ ထည့်ပြီး အရည်ကျိုရပါတယ်။ အပူချိန်ကတော့ ၁၄၅၀° ကနေ ၁၅၀၀ ဒီဂရီ ဆဲလ်စီးယပ် လောက်ထိ ပူမှရမယ်။ ဒီလောက် ပူလိုက်တဲ့အခါ ကျောက်ခဲတွေက ပျော်ကျပြီး ပျစ်ချွဲချွဲ အရည်တွေ ဖြစ်သွားပါတယ်။ ဒီအဆင့်မှာ အပူချိန်ကို အတက်အကျမရှိဘဲ ငြိမ်နေအောင် ထိန်းထားဖို့ကအ‌ေရးအကြီးဆုံးပါပဲ။ မဟုတ်ရင် နောက်တစ်ဆင့်မှာ နန်းကြိုးချည်မျှင်ဆွဲတဲ့အခါ အဆင်မပြေ ဖြစ်တတ်လို့ပါ။

​အဆင့် (၃) - ချည်မျှင်လေးတွေ ဆွဲထုတ်မယ် (Fiberization)
ဒီအဆင့်ကတော့ နည်းပညာအရ အခက်ဆုံးနဲ့ ငွေကုန်အကြေးကျ အများဆုံး အဆင့်ပါပဲ။ ခုနက အရည်ပျော်နေတဲ့ ကျောက်ရည်ပူတွေကို Bushings လို့ခေါ်တဲ့ ပလက်တီနမ်ရိုဒီယမ် သတ္တုစပ် ခွက်ကလေးတွေဆီ ပို့ပေးလိုက်တယ်။ အဲဒီခွက်တွေမှာ လူ့ဆံပင်ထက် သေးတဲ့ အပေါက်လေးတွေ ပါဝင်တယ်။
​အဲဒီအပေါက်လေးတွေကနေ ကျောက်ရည်ပူတွေ စိမ့်ထွက်လာမယ်။
​အဲဒီအချိန်မှာပဲ ရုတ်တရက်ချက်ချင်း အေးခဲသွားအောင် လေနဲ့မှုတ်၊ အရှိန်နဲ့ဆွဲပြီး ချည်မျှင်သေးသေးလေးတွေ ဖြစ်အောင် လုပ်လိုက်တာပါ။
​ချည်မျှင်ရဲ့ အလုံး အကြီး/အသေးကတော့ ခုနက Bushing အပေါက် အရွယ်အစားပေါ် မူတည်ပါတယ်။

​အဆင့် (၄) - ချည်မျှင်တွေကို ပြုပြင်ပြောင်းလဲမယ်
​Winding (ကွိုင်ပတ်ခြင်း): ထွက်လာတဲ့ ချည်မျှင်တွေကို လို ရစ်လုံးကြီးတွေပေါ်မှာ ရစ်ပတ်ပြီး သိမ်းလိုက်တယ်။

​Sizing (ဆေးရည်သုတ်ခြင်း):
ဒါက အရေးကြီးတယ်။ ချည်မျှင်လေးတွေ ချောမွေ့စေဖို့၊ ခိုင်ခံ့ဖို့နဲ့ နောက်ပိုင်း ကွန်ကရစ်တို့ ပလပ်စတစ်တို့နဲ့ ရောတဲ့အခါ ကောင်းကောင်း တွဲမိနေစေဖို့ Sizing လို့ခေါ်တဲ့ ဓာတုဆေးရည်တစ်မျိုး သုတ်ပေးရတယ်။

​Drying (အခြောက်ခံခြင်း): ဆေးရည်သုတ်ပြီးရင်တော့ အပူပေးတာဖြစ်ဖြစ်၊ လေသလပ်တာဖြစ်ဖြစ် လုပ်ပြီး အခြောက်ခံလိုက်ရင် ရပါပြီ။

​အဆင့် (၅) -
အဆင်သင့်ဖြစ်သွားတဲ့ Basalt ချည်မျှင်တွေကို ဈေးကွက်လိုအပ်ချက်အတိုင်း ပုံစံအမျိုးမျိုး ထုတ်လို့ရပါပြီ။

​Basalt Fabric (အထည်):
ရက်ကန်းယက်ပြီး မီးမလောင်တဲ့ အဝတ်အစားတွေ၊ အသံလုံတဲ့ အပြားတွေ လုပ်လို့ရတယ်။

​Basalt Rebar (သံချောင်းအစားထိုး):
သံချောင်းအစား ကွန်ကရစ်ထဲ ထည့်သုံးလို့ရတယ်။ သံချောင်းလို သံချေးမတက်ပါဘူး။

​Basalt Chopped Strands (ချည်မျှင်စ):
ပလပ်စတစ်ပစ္စည်းတွေ ပိုခိုင်အောင် လုပ်တဲ့အခါ ရောထည့်သုံးကြတယ်။

​Basalt Fiberရဲ့ကောင်းကွက်များ

​အရမ်းခိုင်တယ်:
သံမဏိကြိုးထက် ပိုမာတယ်၊ ဒါပေမဲ့ ပိုပေါ့တယ်။

​အပူဒဏ်ခံနိုင်တယ်:
အနုတ် ၂၆၀ ဒီဂရီကနေ အပေါင်း ၇၀၀ ဒီဂရီအထိ ခံနိုင်ရည်ရှိတယ်။

​ဓာတုဒဏ်ခံနိုင်တယ်:
အက်ဆစ်တို့ ဘာတို့ ထိလည်း မမှုဘူး။

​သဘာဝနဲ့ ကိုက်ညီတယ်:
ကျောက်ကနေ ထုတ်တာဆိုတော့ ကုန်ကြမ်းလည်း ပေါသလို၊ ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။

​သတိပြုစရာလေးတစ်ခုကတော့
​Basalt fiber ထုတ်တာက နည်းပညာမြင့်သလို ကုန်ကျစရိတ်လည်း ကြီးပါတယ်ဗျ။ အထူးသဖြင့် မီးဖိုကြီးတွေနဲ့ Bushing ဆိုတဲ့ ပစ္စည်းတွေက ဈေးကြီးသလို မီးဖိုမွေးရတဲ့ စွမ်းအင်စရိတ်လည်း မနည်းပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းလွန်းတော့ စစ်ဘက်၊ လေယာဉ်၊ သင်္ဘောနဲ့ ကားထုတ်လုပ်ရေးတွေမှာ မရှိမဖြစ် ထုတ်လုပ်သုံးစွဲနေကြတာပဲ ဖြစ်ပါတယ်။
​ဗဟုသုတတွေ တိုးပွားကြပါစေ။



Credit:Photo Google

Address

Room E3, Blk 203, 8th Street, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Road Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Road Design:

Share