Dagon University Students’ Union

Dagon University Students’ Union This is the official page of Dagon University Students' Union.
(722)

◼Regarding Support for Thai Student Organizations Oppoding the Royal Thai Government's Official Reception of Coup Leader...
11/08/2026

◼Regarding Support for Thai Student Organizations Oppoding the Royal Thai Government's Official Reception of Coup Leader Min Aung Hlaing

Date: August 11, 2026

Dagon University Students' Union

◼ ၈၈၈၈ (၃၈)နှစ်ပြည့် သဘောထားထုတ်ပြန်ချက်။စာအမှတ်။ ။ဒတကသ/ရုံး/၀၅-၀၈/၂၀၂၆ရက်စွဲ။ ။ သြဂုတ်လ ၈ ရက်နေ့၊ ၂၀၂၆ ခုနှစ်။၁၉၈၈ ခုနှ...
08/08/2026

◼ ၈၈၈၈ (၃၈)နှစ်ပြည့် သဘောထားထုတ်ပြန်ချက်။

စာအမှတ်။ ။ဒတကသ/ရုံး/၀၅-၀၈/၂၀၂၆
ရက်စွဲ။ ။ သြဂုတ်လ ၈ ရက်နေ့၊ ၂၀၂၆ ခုနှစ်။

၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော ၈၈၈၈ အရေးတော်ပုံသည် ဆန္ဒပြပွဲတစ်ခုသာ မဟုတ်ခဲ့ပေ။ ၎င်းသည် နှစ်ပေါင်းများစွာ စုပုံလာခဲ့သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခက်အခဲများအပေါ် ပြည်သူလူထု၏ စုပေါင်းတုံ့ပြန်မှုတစ်ရပ် ဖြစ်ခဲ့သည်။ ကျောင်းသားများ၊ ရဟန်းသံဃာများ၊ အလုပ်သမားများ၊ ဝန်ထမ်းများနှင့် အရပ်သားပြည်သူများက အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းကာ ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို တောင်းဆိုခဲ့ကြသည်။သို့သော် ထိုတောင်းဆိုမှုများသည် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးမှုများ၊ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် မိသားစုများစွာ၏ နာကျင်ဖွယ်အမှတ်တရများကို ချန်ထားခဲ့ရကာ လူထုနိုင်ငံရေးတောင်းဆိုချက်များကို စစ်ဖိနပ်ဖြင့် နင်းချေဖိနှိပ်ခဲ့သည်။ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ သမိုင်းတွင် နက်ရှိုင်းသော အကျိုးသက်ရောက်မှုများ ကျန်ရစ်စေခဲ့သည်။

ယနေ့တော်လှန်ရေးဖြင့် ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ၈၈၈၈ အရေးတော်ပုံသည် အတိတ်က ဖြစ်ရပ်တစ်ခုအဖြစ်သာ မကျန်ရှိတော့ဘဲ နိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ကို နားလည်ရန် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ သမိုင်းသည် မေ့ပျောက်သွားခြင်းမဟုတ်ဘဲ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ မေးခွန်းများ၊ သင်ခန်းစာများနှင့် တာဝန်များကို လက်ဆင့်ကမ်းပေးနေသည်။
၈၈၈၈ အရေးတော်ပုံ၏ အဓိကအမွေအနှစ်မှာ ပြည်သူများ၏ အသံကို မည်သို့နားထောင်မည်၊ အာဏာနှင့် တာဝန်ယူမှုကို မည်သို့ချိန်ညှိမည်၊ အငြင်းပွားမှုများကို မည်သို့ဖြေရှင်းမည်ဆိုသည့် မေးခွန်းများကို အဖြေရှာရန် တောင်းဆိုတိုက်ပွဲဝင်ခြင်း ဖြစ်သည်။ ထိုနိုင်ငံရေးရည်မှန်းချက်များသည် လက်ရှိတိုင် ဆက်လက် တိုက်ပွဲဝင်ရဆဲ ဖြစ်ပြီး သမိုင်းကို မှတ်တမ်းတင်ခြင်း၏ အဓိပ္ပာယ်မှာ အတိတ်ကို ပြန်လည်အမှတ်ရခြင်းသာ မဟုတ်ဘဲ အမှားများမှ သင်ခန်းစာယူကာ အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန် ဖြစ်သည်။ ထို့ကြောင့် ၈၈၈၈ အရေးတော်ပုံသည် မြန်မာ့သမိုင်း၏ အရေးပါသော စာမျက်နှာတစ်ခုအဖြစ်သာမက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတည်ဆောက်ရေးတွင် ဆက်လက် လေ့လာသုံးသပ်ရမည့် သမိုင်းတစ်ခုလည်း ဖြစ်သည်။
သမိုင်းကို မေ့လျော့ခြင်းသည် သင်ခန်းစာကို ဆုံးရှုံးခြင်းဖြစ်ပြီး သမိုင်းကို လေ့လာနားလည်ခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် အခြေခံတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့သည်လည်း ခေတ်အဆက်ဆက် နိုင်ငံတော်အာဏာကို ကိုင်ထားနိုင်ရန် အတုအယောင် မက်လုံးပေး လိမ်လည်လှည့်ဖျားခြင်း၊ လူထုကိုရန်သူသဖွယ် အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးခြင်း၊ တော်လှန်ရေးနှင့် လူထုကို သပ်လျှို သွေးခွဲခြင်း နည်းနာများကို ခေတ်အဆက်ဆက် အသုံးပြုပြီး နိုင်ငံရေး၊ တော်လှန်ရေး သင်းကွပ်လေ့ရှိသည်။ အတိတ်၏ အတွေ့အကြုံများသည် လက်ရှိနှင့် အနာဂတ်အပေါ် ဆက်လက် သက်ရောက်နေကြောင်း သတိပြု၍ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သရွေ့ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနှင့် မိမိကြမ္မာ မိမိတို့ ဖန်တီးနိုင်ခွင့်ရရှိရေးဟာ အလှမ်းဝေးနေဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြစ်ပွားနာကို သိမြင်ပြီး အနာရင်းကို တိုက်ဖျက်မှ အမှန်တကယ် ရောဂါပျောက်ကင်းမည်ဖြစ်သည်ကို သတိချပ်၍ ဖိနှိပ်ခံ လူထုတရပ်လုံး လွတ်မြောက်ရေး ခရီးလမ်းကို မျက်နှာမူကာ အာဏာရှင်စစ်တပ်ကို ရန်ငါပြတ် မဖောက်မပြန် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

23/07/2026

◼ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ (၄) နှစ်ပြည့်နေ့။

၂၃ရက်နေ့ ဇူလိုင်လ ၂၀၂၆ ခုနှစ်။

"ကျွန်မတို့ရဲဘော် တစ်ဦးချင်းစီ၊ ကျွန်မတို့ပြည်သူ တစ်ဦးချင်းစီ တွေ့ကြုံခံစားခဲ့ရတဲ့ မတရားမှုအားလုံးအတွက် တရားမျှတမှု ရရှိတဲ့အထိ ကျွန်မတို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဒီနေရာကနေ ကတိပြုပါတယ်။"

မနီလာသိန်း

#ဒတကသ

◼ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုဟာ ၄ နှစ် ပြည့်။𝐃𝐨 𝐧𝐨𝐭...
23/07/2026

◼ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုဟာ ၄ နှစ် ပြည့်။

𝐃𝐨 𝐧𝐨𝐭 𝐬𝐭𝐚𝐧𝐝 𝐚𝐭 𝐦𝐲 𝐠𝐫𝐚𝐯𝐞 𝐚𝐧𝐝 𝐰𝐞𝐞𝐩,
𝐈 𝐚𝐦 𝐧𝐨𝐭 𝐭𝐡𝐞𝐫𝐞, 𝐈 𝐝𝐨 𝐧𝐨𝐭 𝐬𝐥𝐞𝐞𝐩.
𝐈 𝐚𝐦 𝐚 𝐭𝐡𝐨𝐮𝐬𝐚𝐧𝐝 𝐰𝐢𝐧𝐝𝐬 𝐭𝐡𝐚𝐭 𝐛𝐥𝐨𝐰.
𝐈 𝐚𝐦 𝐭𝐡𝐞 𝐝𝐢𝐚𝐦𝐨𝐧𝐝 𝐠𝐥𝐢𝐧𝐭𝐬 𝐨𝐧 𝐬𝐧𝐨𝐰.
𝐈 𝐚𝐦 𝐭𝐡𝐞 𝐬𝐮𝐧𝐥𝐢𝐠𝐡𝐭 𝐨𝐧 𝐫𝐢𝐩𝐞𝐧𝐞𝐝 𝐠𝐫𝐚𝐢𝐧.
𝐈 𝐚𝐦 𝐭𝐡𝐞 𝐠𝐞𝐧𝐭𝐥𝐞 𝐚𝐮𝐭𝐮𝐦𝐧 𝐫𝐚𝐢𝐧.
𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐰𝐚𝐤𝐞 𝐢𝐧 𝐭𝐡𝐞 𝐦𝐨𝐫𝐧𝐢𝐧𝐠 𝐡𝐮𝐬𝐡,
𝐈 𝐚𝐦 𝐭𝐡𝐞 𝐬𝐰𝐢𝐟𝐭, 𝐮𝐩𝐥𝐢𝐟𝐭𝐢𝐧𝐠 𝐫𝐮𝐬𝐡
𝐎𝐟 𝐪𝐮𝐢𝐞𝐭 𝐛𝐢𝐫𝐝𝐬 𝐢𝐧 𝐜𝐢𝐫𝐜𝐥𝐢𝐧𝐠 𝐟𝐥𝐢𝐠𝐡𝐭.
𝐈 𝐚𝐦 𝐭𝐡𝐞 𝐬𝐨𝐟𝐭 𝐬𝐭𝐚𝐫𝐥𝐢𝐠𝐡𝐭 𝐚𝐭 𝐧𝐢𝐠𝐡𝐭.
𝐃𝐨 𝐧𝐨𝐭 𝐬𝐭𝐚𝐧𝐝 𝐚𝐭 𝐦𝐲 𝐠𝐫𝐚𝐯𝐞 𝐚𝐧𝐝 𝐰𝐞𝐞𝐩.
𝐈 𝐚𝐦 𝐧𝐨𝐭 𝐭𝐡𝐞𝐫𝐞, 𝐈 𝐝𝐨 𝐧𝐨𝐭 𝐬𝐥𝐞𝐞𝐩.
(𝐃𝐨 𝐧𝐨𝐭 𝐬𝐭𝐚𝐧𝐝 𝐚𝐭 𝐦𝐲 𝐠𝐫𝐚𝐯𝐞 𝐚𝐧𝐝 𝐜𝐫𝐲.
𝐈 𝐚𝐦 𝐧𝐨𝐭 𝐭𝐡𝐞𝐫𝐞, 𝐈 𝐝𝐢𝐝 𝐧𝐨𝐭 𝐝𝐢𝐞!)

“𝘿𝙤 𝙉𝙤𝙩 𝙎𝙩𝙖𝙣𝙙 𝙖𝙩 𝙈𝙮 𝙂𝙧𝙖𝙫𝙚 𝙖𝙣𝙙 𝙒𝙚𝙚𝙥,”
by 𝐌𝐚𝐫𝐲 𝐄𝐥𝐢𝐳𝐚𝐛𝐞𝐭𝐡 𝐅𝐫𝐲𝐞

#ဒတကသ

◾​ဒတကသ ​​ပြန်လည်ဖွဲ့စည်းခြင်း ၁၄ နှစ် ပြည့်ခဲ့ပြီ။ယနေ့၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ၂၃ရက်နေ့ဟာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ...
23/07/2026

◾​ဒတကသ ​​ပြန်လည်ဖွဲ့စည်းခြင်း ၁၄ နှစ် ပြည့်ခဲ့ပြီ။

ယနေ့၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ၂၃ရက်နေ့ဟာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဒတကသ) ပြန်လည်ဖွဲ့စည်းခြင်း ၁၄ နှစ်တင်းတင်းပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ စတင်မွေးဖွားခဲ့တဲ့ ၁၉၉၆ခုနှစ် ၊ ဒီဇင်ဘာ၉ရက်မှ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ စတင်ဖွဲ့စည်းချိန်ကာလ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာ ဖွဲ့စည်းပြီးမကြာမီမှာပဲ စစ်အာဏာရှင်တွေရဲ့ဖိနှိပ်ဖြိုခွင်းမှုကိုရင်ဆိုင်ခဲ့ရပြီး သက်တမ်းနုနယ်စကာလမှာပင် ခက်ထန်တဲ့လှိုင်းတံပိုးရဲ့ဝါးမျိုးမှုအောက် ရောက်ရှိသွားခဲ့ပါတယ်။သို့သော်လည်း နောင်မျိုးဆက်များသွေးသစ်လောင်းကာ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ (၂၃)ရက်နေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဒတကသ)ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ယနေ့ ဒတကသပြန်လည်ဖွဲ့စည်းခြင်း ၁၄ နှစ်ပြည့်တွင် သွေးသစ်လောင်း ပျွန်ုပ်တို့သမဂ္ဂမျိုးဆက်သည် နောင်တော်မျိုးဆက်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်ဖြစ်သော ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး လူထုလက်ဝယ် မရောက်မချင်း မမှိတ်မသုန်ဆက်လက် ထမ်းဆောင်ပြီး နောင်မျိုးဆက်များတိုင် လက်ဆင့်ကမ်းကာ လူထုအကျိုးစီးပွားအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သမဂ္ဂမှ ကတိသဓိဋ္ဌာန်ပြုအပ်ပါသည်။

"တိုက်ပွဲဝင်ဒတကသ အဓွန့်ရှည်တည်တံ့ပါစေ"

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

◼ နွေဦးဆရာအတတ်ပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့် သဝဏ်လွှာအား မှတ်တမ်းတင်ခြင်း။၂၀ ရက...
21/07/2026

◼ နွေဦးဆရာအတတ်ပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့် သဝဏ်လွှာအား မှတ်တမ်းတင်ခြင်း။

၂၀ ရက်နေ့၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်။

◼ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC မှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့်သို့ ပေးပို့လာသော သဝဏ်လွှာအား မှ...
21/07/2026

◼ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC မှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့်သို့ ပေးပို့လာသော သဝဏ်လွှာအား မှတ်တမ်းတင်ခြင်း။

၂၀ ရက်နေ့၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်မဝတ်ရည်အောင် ကျဆုံးခြင်း (၁)နှစ်ပြည့် အတွက် ကရင်နီပြည်ကျောင်းသားများ...
20/07/2026

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်မဝတ်ရည်အောင် ကျဆုံးခြင်း (၁)နှစ်ပြည့် အတွက် ကရင်နီပြည်ကျောင်းသားများသမဂ္ဂမှ ပေးပို့သော သဝဏ်လွှာ

#ဒတကသ

▪တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံးမှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့်သို့ ပေးပို့လာသော သဝဏ်လွှာအား မှတ်တမ်းတင်ခြင...
20/07/2026

▪တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံးမှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့်သို့ ပေးပို့လာသော သဝဏ်လွှာအား မှတ်တမ်းတင်ခြင်း။

၂၀ ရက်နေ့၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်။

▪Irrawaddy Law Schoolမှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့်သို့ ပေးပို့လာသော သဝဏ်လွှာအား မှတ်တမ်းတင်ခြင်း။၂၀ ရက်နေ့၊ ဇူ...
20/07/2026

▪Irrawaddy Law Schoolမှ မဝတ်ရည်အောင် ကျဆုံးခြင်း ၁ နှစ်ပြည့်သို့ ပေးပို့လာသော သဝဏ်လွှာအား မှတ်တမ်းတင်ခြင်း။

၂၀ ရက်နေ့၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်။

Address

Cherry Street, Dagon University
Yangon
11181

Alerts

Be the first to know and let us send you an email when Dagon University Students’ Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share