23/03/2026
❝ ပုန်ကန်ခြင်းဟူသည်မှာ ❞
ဆရာလွန်း ( သခင်ကိုယ်တော်မှိုင်း )
ပုန်ကန်ခြင်းဟူသည်မှာ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်သောသဘော အနက်တွင် အကျုံးဝင်ပေသည်။ သို့သော် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်တိုင်း ပုန်ကန်ခြင်းဟု မဆိုနိုင်။ ဂုဏ်တန်းမတူကြသော အထက်လူကို အောက်လူ၊ အကြီးအကဲကို ငယ်သားတပည့်တို့ မုံဆန်တော်လှန်ခြင်းမှသာလျှင် လောကဝေါဟာရအားဖြင့် ပုန်ကန်ခြင်းဟူ၍ ပညတ်ပေသည်။ ယင်းသို့ တော်လှန်မုံဆန်ပြုခြင်း များမှာ စင်စစ်အားဖြင့်ပုန်ကန်ခြင်းသဘောသို့ ရောက်ငြားသော်လည်း ပုန်ကန်သည် မဟုတ်ချေ။
ကျွန်သည် အရှင်ကို တိုင်းသူပြည်သားသည် မင်းအစိုးရတို့ကို မုံဆန်တော်လှန်ခြင်းပြုမှသာလျှင် ပုန်ကန်ခြင်းမည်လေသည်။ ဆန့်ကျင်ခြင်းဟူသည်မှာ ကောင်းမြတ်သော လက္ခဏာအမူအရာကား မဟုတ်ပေ။ သို့သော် ဆန့်ကျင်တိုင်း မကောင်းဟု မဆိုနိုင်။ ကောင်းသောတရား၊ ကောင်းသောအယူ၊ ကောင်းသောနည်းလမ်းတို့မှ ဆန့်ကျင်မှသာလျှင် မကောင်းသော အကျိုး ရှိချသေည်။
မကောင်းသောတရား၊ မကောင်းသောအယူ၊ မကောင်းသော အလေ့အကျင့် ဒုစရိုက်တို့မှ ဆန့်ကျင် ခြင်းမှာကား မကောင်းဟု မဆိုနိုင်သည့်အပြင် လူတို့အား အကျိုးကျေးဇူး ထူးပြုတတ်ကြောင်းကို တွေ့ရပေသည်။ ထို့ကြောင့် ဆန့်ကျင်လေတိုင်း ပုန်ကန်လေတိုင်း အပြစ်မဆိုသာ အကျိုးရှိသောပုန်ကန်ခြင်း၊ အပြစ်လွတ်သော ပုန်ကန်ခြင်းများရှိသည်ဟု မုချသိအပ်လေသည်။
စောလူးမင်းကြီးသည် တရံရောအခါ ဥသာပဲခူးကိုစားရသော အထိန်းသားငရန်မန်ကန်းနှင့် အန်ကစားကြရာတွင် ငရန်မန်ကန်း အနိုင်ရလေ၍ မလမ်းပေါက်ထ၍ ခတ်လေသည်။ မင်းကြီးလည်း "နင် ငါ့ကို အန်တ ပွဲမျှ နိုင်သည်ကို မလမ်းပေါက်ထ၍ ခတ်သည်။ နင် ယောက်ကျားဟုတ်နိုးသော် နင်စားသောပဲခူးနှင့် ပုန်စားလေ" ဟု မိန့်တော်မူသည်။ ငရန်မန်ကန်းလည်း "အကယ်လော" ဟု မေးရာ"ငါတို့ မင်းသည်ကား မဟုတ်သော အရာကို ဆိုရာသည်လော" ဟု မိန့်တော်မူ ၍ လွှတ်လေသည်။ ငရန်မန်ကန်းလည်း ကြံစည်ရင်းရှိသည်နှင့် မိမိစားသော ပဲခူးကို ပြန်၍ ကျေးကျွန် သင်းပင်း အလုံးအရင်းစုပြီးလျှင် စစ်ထိုးလေသည်။ လုပ်ရည်ကြံရည်ကောင်းသည်နှင့် နောက်ဆုံးတွင် စောလူးမင်းသည် ငရန်မန်ကန်းလက်တွင် ပျက်စီးရချသေည်။ ဤသို့သော်ကား လက်အောက်ကျေးကျွန်ကို မထေမဲ့မြင်ပြုမိ၍ ပုန်ကန်ခြင်း ဖြစ်ပေသည်။ လက်အောက်ငယ်သား၏ အပြစ်ဟု မဆိုသာချေ။
၎င်းးအပြင် တပုံလည်း ကျွန်းဦးသြပေပင်သို့ ဖောင်စင်ကြာနှင့်ရောက်တော်မူသော အလောင်းစည်သူမင်းကြီး နတ်ပြည် စံတော်မူပြီးနောက် သက္ကရာဇ် ၅၁၉ ခုတွင် သားတော် နရသူ နန်းတက်လေသည်။ ထိုသို့ ညီတော်နရသူ နန်းတတ်သည် ကို ကြားလေသော် နောင်တော်မင်း ရှင်စောလည်း ရေအား၊ ကြည်းအား ချီတတ်လာသည်ကို နရသူသည် အကောက်ကြံ၍ သဒ္ဒါ ကြည်ဖြူလေဟန်ဖြင့် ပံ့သကူမထေရ်ကို လွှတ်၍ခေါ်ပြီးလျှင် နန်းတင်ပြီးမှ စားတော်ပွဲတွင် အဆိပ်ခတ်၍ သတ်လေသည်။ ဤတွင် မင်းရှင်စောပုန်ကန်ခြင်းကား မိဘအမွေအနှစ်ကို လုခြင်းပင်ဖြစ်သည်။ မိမိဆိုင်သော အရိုက်အရာကို သူတပါးယူ၍သာ ဆန့်ကျင်ခြင်းဖြစ်၍ အပြစ်မဆိုသာချေ။
ထို့ပြင်တပုံလည်း သက္ကရာဇ် ၅၃၃ ခုသော် ယင်းသည့် နရသူမင်း၏သားတော် မင်းယဉ်နရသိင်ခ နန်းတတ်တော်မူ၍ ညီတော်အား နရပတိစည်သူဟူသော အမည်ဖြင့် အိမ်ရှေ့အရာပေတော်မူသည်။ ထိုအိမ်ရှေ့မင်းသား နရပတိစည်သူ၏ အိမ်ရှေ့မိဖုရား ဝေဠုဝတီကား လွန်စွာလှပသဖြင့် မင်းကြီးမြင်သော် ခယ်မတော်၌ ပိတ်ပင်တားဆီးမရ တိမ်းမက်တော် မူလေသည်။ သို့နှင့် ညီတော်အား အကောက်ကြံ၍ ငဆောင်ချမ်းသို့ လီဆယ်စေလွှတ်ပြီးလျှင် ညီတော် မရှိက ခယ်မတော်အား အတင်းအဓမ္မနန်းတင်တော်မူလေသည်။ ညီတော် နရပတိစည်သူလည်း နောင်တော်မင်းကြီး သစ္စာမဲ့လေသော အကြောင်းကို ကြားသိလေသော် နောင်တော်အား ပုန်ကန်လုပ်ကြံသဖြင့် မင်းယဉ်နရသိင်္ခ ပျက်စီးတော်မူရလေသည်။ ဤတွင်လည်း ညီတော်သည် နောင်တော်အား ပုန်ကန်သည်မှန်သော်ငြားလည်း နောင်တော်မဟုတ်မတရား သစ္စာ မစောင့်ထိန်းသောကြောင့် သာဖြစ်သဖြင့် အပြစ်မဆိုသာချေ။
တစ်ပုံမှာလည်း အင်းဝရွှနေန်းရှင်ဘုရင် နရပတိနတ်ပြည် စံလွန်တော်မူပြီးနောက် သက္ကရာဇ် ၈၃၀ ပြည့်တွင် သားတော် အိမ်ရှေ့မင်း "မဟာသီဟသူရ ရွှေနန်းတက်တော်မူသည်။ ထိုမင်းကား ပြည်ထဲရေးကို ပညာရှိတို့နှင့်တိုင်ပင်လျက် ခွဲခန့် စီရင်အုပ်ချုပ်တော်မူ၍ ဆွေတော်မျိုးတော်တို့ကိုလည်း အထိုက်အလျောက် ချီးမြှောက်တော်မူသည်။ သို့နှင့် ဦးရီးတော် ဘကြီးမင်းရဲကျော်စွာ၊ စောရွှခေက်၊ ဦးရီးတော်အငယ် စကုစား သင်္ခယာ၊ ညီတော် ပြည်မင်း ဆင်ဖြူများရှင် မင်းကြီးစွာ၊ ညီတော်အငယ် သာယာဝတီမင်း၊ သတိုးမင်းစော၊ ယောက်ဖတော်ကလေး မင်းရဲကျော်စွာတို့သည် ပဲခူးကိုအမှီပြု၍ မညွတ်မကိုင်း ရိုင်းပြကြလေသည်။
သို့သော် မဟာသီဟသူရ ရုတ်ချည်းနှိပ်တော်မမူပဲ လေးနှစ်တိုင် အရှည်သွေး၍ ဆိုင်းငံ့ညှာတာတော်မူ၍မျှ မရသောအခါ ကြည်းအား စုန်တော်မူလျက် ပြည်မြို့ကို ဝန်းရံတော်မူသည်။ ထိုသည်တွင် ရိုင်းပြသူတို့ ကြောက်လန့်တုန်လှုပ်လျက် ကျွန်တစု သစ္စာမဖောက်ပြန် ပါပြီ ခြေတော်ရင်းသို့ ရောက်ပါတော့ မည်ဟု တောင်းပန်တိုးလျှိုးဝင် လာသောကြောင့် သက္ကရာဇ် ၈၃၄ ခု တပေါင်းလတွင် ပြည်မြို့ တစ်ဖက်ကမ်း ဘိုးဦးတောင်၌ သစ္စာတော်ခံကြလေသည်။ မင်းကြီးလည်း ၎င်းင်းတို့အား ကြီးစွာသော မေတ္တာတော်ဖြင့် သိမ်းပိုက် တော်မူလျက် စားမြဲကျေးစည်းစိမ်တို့ကို မရှုပ်မချစားမြဲစားစေသည်။ ယင်းသို့သော်ကား တပါးသူစကားကို ယုံမှား ပေါင်းသင်းလျက် ကျေးဇူးရှင်ကို ပြစ်မှားပုန်ကန်ခြင်းဖြစ်သြောကောင့် မကောင်းသော ပုန်ကန်ခြင်းဟု ဆိုရပေမည်။
ထိုသို့ အင်းဝရွှေနန်းရှင် မဟာသီဟသူရ ပြည်သို့စုန်တော်မူသော အကြောင်းမှာ ကမ္ဘာ အရှည်ဥဒါန်းတည်စိမ့်ငှါ စစ်လျင် ထောင်မှူးရှင် ထွေးညို မော်ကွန်းကြီးတစောင် ဖွဲ့ဆိုခဲ့ပေသည်။ မဟာသီဟသူရလည်း ပြည့်စုံမင်းကြီးဟု ရာဇဝင်တွင် ထင်ရှားလေသည်။ ထိုမှတပုံလည်း သက္ကရာဇ် ၈၆၃ ခုသော် အင်းဝရွှေနန်းဘုရင် နရပတိ နန်းတက်တော် မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၆၅ ခုသော် ညောင်ရမ်းကို စားသော ဘယကျော်ထင်မရှိလျှင် ၎င်းင်း၏သား ဘယကျော်ထင်ခံ ငတုံးတာနှင့် ညီငပြည့်ဝတို့ တောင်ငူမင်း မဟာသီရိဇေယျသူရကိုမှီ၍ ယင်းတော်ရှစ်ရှားက ပုန်ကန်သောင်းကျန်းကြလေသည်။
ရွှေနန်းကြော့ရှင်လည်း နိုင်ငံတော် မငြိမ်မဝပ်မပိမပြားပဲ ရှိနေခိုက်ဖြစ်၍ မှူးမတ်များကိုသာ အလုံးအရင်းပေး၍ နှိပ်ကွပ် စေရာ မနိုင်မနင်း၊ အရေးတော် မသာမယာရှိချေသည်။ ထိုမှတဖန် ငတုံးတာ ငပြည့်ဝ တို့လည်း တောင်ငူမင်း။ ပြည်မင်းကို ပင့်ချီ၍ အလုံးအရင်း အင်္ဂါအား များစွာဖြင့် စလေမြို့ကို ရံနေသည်။ ထိုသို့ ကျူးလွန်စော်ကား မခန့်ငြား သည်ကိုကြားသိတော်မူသော် "ရွှေနန်းကြော့ရှင်"လည်း မှူးမက်တို့နှင့် တိုင်ပင် ပြီးသော် အုန်းဘောင်စော်ဘွားကိုစစ်ကူခေါ်ပြီးလျှင် စလေသို့ ကိုယ်တော်တိုင် ကတ္ထူလွန်းကြင် (၃၀၀)၊ လှော်ကား သံလှေ (၂၀၀)၊ စစ်သည်ရဲမက် (၇၀၀၀၀) နှင့် ရတနာရွှဖောင်စီး၍ ရေကြောင်း ချီတော်မူသည်။ ကြည်းဘက်ကလည်း တိုက်ဆင်(၃၀၀)၊ မြင်း(၆၀၀၀)၊ စစ်သည်သူရဲ(၅၀၀၀၀) နှင့် ပုဂံသတိုးဗိုလ်မှူးပြု၍ ချီလာရသည်။
အုန်းဘောင်သတိုးလည်း တချက်တည်းချီလေသည်။ စလေပုံတောင်သို့ ရောက်လျှင် လှေကတက်၍ စစ်ပြိုင်တော်မူရာ ပြည်မင်း၊ တောင်ငူမင်းတို့ တပ်ပျက်ချေ၍ "ငတုံးတာ"ကို လက်တော်ရောက်ရှိလေသည်။ ဤသည် လည်း ကျေးဇူးသစ်စာကို ဖောက်ပြန်တော်လှန်ခြင်းဖြစ်၍ မကောင်းသော ပုန်ကန်ခြင်း ဖြစ်လေသည်။ ထိုအြကောင်းအရာများကိုလည်း ကမ္ဘာအရှည်တည်စိမ့်ငှါ 'အရှင်မဟာရဋ်ဌသာရဆရာတော်'က မော်ကွန်းတစ်စောင် စီရင်၍ 'ပုံတောင်နိုင်မော်ကွန်းဟု ထင်ရှားရှိချေ သည်။
မြန်မာရာဇဝင်မှတပါး အခြားခြားသော တိုင်းကြီးပြည်ကြီး တို့တွင်လည်း အကြောင်းအမျိုးမျိုးတို့ဖြင့် ပုန်ကန်ခြင်းများ ဖြစ်ခဲ့ဖူးပေ သည်။ ဥရောပ တိုက် ပြင်သစ်ပြည် "တစ်ဆယ့်ခြောက်ယောက်မြောက် လူဝီဘုရင်" လက်ထက် ခရစ်ယာန် သက္ကရာဇ် ၁၇၉၂ တွင်ဖြစ်ပွါးသော ပြင်သစ် အရေးတော်ပုံကြီး၊ ထို့နောက် အမေရိကန်ပြည်တွင် 'ဂျော့ဝါရှင်တန်'တို့ လက်ထက် ဖြစ်ပွါးသော အရေးတော်ပုံကြီးများလည်း အထက်မင်း ဧကရာဇ်တို့က တိုင်းသူပြည်သားများ၏ အလိုဆန္ဒကို မလိုက် မိမိ ထင်သလို ဖိနှိပ်စည်းကြပ် ကျွန်ကျေးသဖွယ်သဘောထား၍ ပြုလေ သောကြော့င့် ထကြွခုခံ တော်လှန်ပုန်ကန် ကြခြင်းများ ဖြစ်သောကြောင့် ကောင်းသောပုန်ကန်ခြင်းများပင် ဖြစ်သည်။ ဤအရေးအကြောင်း ရှေးကထုံးဟောင်းများကို ထောက်ထားသဖြင့် ပုန်ကန်သည်ဟူတိုင်း မကောင်းဟု လှေနံ ဓားထစ် အမှတ်မထားပဲ ပုန်ကန်သည်တို့၏ အလိုဆန္ဒ ကို မထေမဲ့မြင် မလေးမစားမပြုမူ၍ အကျိုးအကြောင်း ဝေဖန်ပိုင်းခြား မှတ်သားဆင်ခြင်လေတော့သည် ဖြစ်ပေကြောင်း။
ဆရာလွန်း ( သခင်ကိုယ်တော်မှိုင်း )
၁၉၃၁ ခု ဩဂုတ်လထုတ် ဂန္ဓလောကမဂ္ဂဇင်း၊ တိုးတတ်ရေးမဂ္ဂဇင်း အမှတ် ၄၄၊ ၁၉၃၇ မေ ၁၊ စာ- ၂၈ မှ ၃၁
#ပုန်ကန်ခြင်းဟူသည်မှာ
#ဆရာလွန်း #သခင်ကိုယ်တော်မှိုင်း #ဆရာကြီးသခင်ကိုယ်တော်မှိုင်း #မှိုင်း
#ဆောင်းပါးကဏ္ဍ #ဆောင်းပါး
#ဆီသို့

#ဆရာလွန်း #သခင်ကိုယ်တော်မှိုင်း #ဆရာကြီးသခင်ကိုယ်တော်မှိုင်း #မှိုင်း #သခင်ကိုယ်တော်မှိုင်း_နှစ်တစ်ရာ့ငါးဆယ်ပြည့်အထိမ်းအမှတ်
#ဆောင်းပါးကဏ္ဍ #ဆောင်းပါး
#ဆီသို့