The 88 Generation Student Youths-Union Of Myanmar

The 88 Generation Student Youths-Union Of Myanmar The official page of The 88 Generation Student Youths( Union Of Myanmar) Party

ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးရန်ကုန်၊ ဩဂုတ် ၂၃ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော...
23/08/2026

ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး
ရန်ကုန်၊ ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ အထွေထွေအတွင်းရေးမှူး၊ ကော့မှူးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုး တက်ရောက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များအပေါ် အမြင်များကို ပါဝင်ဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ စုပေါင်းပါဝင်သည့် အဆိုပါဆွေးနွေးပွဲတွင် ပြည်သူအသံကို နားထောင်ကာ ဒေသဖွံ့ဖြိုးရေးအတွက် အမြင်ချင်းဖလှယ်‌ဆွေးနွေးနိုင်ကြသည့် အခွင့်အရေးတရပ်အဖြစ် အသုံးပြုန်ိုင်ခဲ့ကြပါသည်။

ပါတီဗဟိုသတင်းပြန်ကြားရေး

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ဒုတိယဥက္ကဌ ဦးသန်းဦး လွှတ်တေ...
20/08/2026

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ဒုတိယဥက္ကဌ ဦးသန်းဦး လွှတ်တော်တွင် ဆွေးနွေး
ရန်ကုန်၊ ဩဂုတ်လ ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သော အထပ်မြင့်စုပေါင်းတိုက်ခန်းမျာဆိုင်ရာ ဥပဒေရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို နှင့်ပတ်သက်ပြီး ဆွေးနွေးမှုကို ပြည်သူများသိရှိနိုင်ပါရန် ဦးသန်းဦး၏ လွှတ်တော်တွင် ဆွေးနွေးချက်များကို ဖေါ်ပြအပ်ပါသည်။

ယနေ့တက်ရောက်လာကြတဲ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များ ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာ ပို့သအပ်ပါတယ်။

ကျနော်ကတော့ ဒလမြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး ဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက် လွှတ်တော်သို့တင်သွင်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သောအထပ်မြင့်စုပေါင်းတိုက်ခန်းများဆိုင်ရာ ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား—

ရန်ကုန်တိုင်းဒေသကြီးသည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ပြီး လူဦးရေတိုးတက်လာသည့်အတွက်ကြောင့် အိမ်ရာလိုအပ်ချက်များလည်း မြင့်မားလာပါတယ်။

ဒါကြောင့် တိုက်ခန်းများဆောက်လုပ်ခြင်း ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပိုင်ဆိုင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ရှင်းလင်းတိကျသောဥပဒေစည်းမျဉ်းများဖြင့် ထိန်းကျောင်းပေးရန် လိုအပ်လာပြီဖြစ်ပါတယ်။

အထူးသဖြင့် အဆောက်အအုံတည်ဆောက်ရန် Foundation စတင် တူး ဖော်တဲ့အချိန်ကစပြီး တိုက်ခန်းများကို ကြိုပွိုင့်စနစ်ဖြင့်ရောင်းချခြင်း၊ ဝယ်သူရဲ့ငွေ ကြေးနဲ့ ဆောက်လုပ်ကြောင်း တွေ့ရှိရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း နှောင့်နှေးခြင်း၊ သတ်မှတ်ချက်နှင့်အညီဆောက်လုပ်မှုမရှိခြင်း၊ စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်း၊ ရောင်းပြီးသာတိုက်ခန်းများအား ထပ်မံရောင်ချခြင်းတို့ကြောင့် ကြိုတင်ငွေဖြင့် တိုက်ခန်းဝယ်သူများမှာ နစ်နာဆုံးရှုံးနေကြရပါတယ်။ ဒါကြောင့် တိုက်ခန်းဝယ်ယူသူကို အကာအကွယ်ပေးဖို့ ဥပဒေတစ်ရပ်လိုအပ် ပါတယ်။

ဆောက်လုပ်ပြီးစီးသော်လည်း လူနေထိုင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များနှင့် မကိုက်ညီ၍ BCC မရရှိပါကတိုက်ခန်းဝယ်ယူသူများအနေဖြင့် နေထိုင်ခွင့်လည်း မရ၊ နစ်နာမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်း စတင်ခွင့်ပြုသည့်အချိန်မှစ၍ အဆောက်အအုံ အသုံးပြုခွင့် ရရှိသည့်အချိန်အထိ အဆင့်တိုင်းကို စောင့်ကြည့် စစ်ဆေးနိုင်တဲ့စနစ်ပါတဲ့ ဥပဒေ လိုအပ်ပါတယ်။

ဒါအပြင် အဆောက်အအုံများ မီးဘေး၊ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များအတွက် လုံခြုံရေးစနစ်ရှိဖို့ လိုအပ်ပါတယ်။

နောက်ဖေးလမ်းကြား အမှိုက်ပစ်ခြင်းကြောင့် ရောဂါပိုးမွှားများပေါက်ပွားနိုင်ခြင်း၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်ရန် တိုက်ခန်းပိုင်းရှင်က တာဝန်ယူဖို့ ဥပဒေ ရှိသင့်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ နိုင်ငံပိုင်အဆောက်အအုံများကတော့ ပြုပြင်ထိန်းသိမ်းမှုကို စနစ်တကျဆောင်ရွက်သော်လည်း ပုဂ္ဂလိကစု‌ပေါင်းတိုက်ခန်းများမှာ ပြုပြင်ထိန်းသိမ်းမှုမရှိခြင်းကြောင့် တိုက်များမှာသုတ်ထားတဲ့ဆေးများလည်း အရောင်ပျက်ပြယ်နေပြီဖြစ်လို့ မြို့တော်သာယာလှပရေကို ရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒါတွေကိုဆောင်ရွက်ဖို့ဆိုရင် ဥပဒေတရပ် ရှိဖို့လိုပါတယ်။

တိုက်ခန်းပိုင်ဆိုင်မှုနှင့် ရောင်းဝယ်မှုများကို စနစ်တကျ မှတ်ပုံတင်ပါက ပိုင်ဆိုင်မှုအငြင်းပွားတာတွေ လျော့နည်းလာမှာဖြစ်ပြီး အခွန်အခ ရရှိလာမှာဖြစ်ပါတယ်။ ဒါတင်မက တိုက်ခန်းပိုင်ဆိုင်မှု ခိုင်မာလာမှာဖြစ်ပြီး တိုက်ခန်းပိုင်ရှင်များလည်း အခွင့်အရေး ပိုမိုရရှိလာမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

ယခုအဆိုက တိုက်ခန်းဝယ်ယူသူများ၏ နစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးရန်သာမက ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအတွင်း တာဝန်ယူမှုနှင့် တာဝန်ခံမှု တိုးမြှင့်စေရန်၊ အဆောက်အအုံများ၏ အရည်အသွေးနှင့် လုံခြုံရေးကို မြှင့်တင် ထိန်းသိမ်းရန် ၊ရန်ကုန်မြို့တော်သာယာလှပစေရန်၊ ပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုများ လျော့နည်းစေရန်၊ မြို့ပြအိမ်ရာဈေးကွက် ပိုမိုရှင်သန်လာစေရန်နဲ့ နိုင်ငံတော်၏ အခွန်အခများကို စနစ်တကျရရှိစေရန်စတဲ့ ကောင်းကျိုးအထွေထွေကို ဖော်ဆောင်ပေမဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမဲ့ အရေးကြီးတဲ့ အဆိုတစ်ရပ် ဖြစ်ပါသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း( ၈ ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းမှာ ပြဌာန်းပါရှိတဲ့ ပုဒ်မ ၃၅၆ မှာ
"နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေပြောင် နိုင်သောပစ္စည်း၊ မရွှေပြောင်နိုင်သောပစ္စည်းများနှင့်စပ်လျှဥ်၍ ဥပဒေအရ ကာကွယ် ပေးရမည်။" ဟုဖေါ်ပြပါရှိပါတယ်။ ထိုအတွက်ကြောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ကွန်ဒိုမဟုတ်သော အထပ်မြင့် စုပေါင်းတိုက်ခန်းများနှင့် စပ်လျှဥ်ပြီး စနစ်တကျစီမံဆောင်ရွက်နိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြီး နိုင်ငံသားများ၏ အခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။

သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သော အထပ်မြင့်စုပေါင်းတိုက်ခန်းများဆိုင်ရာ ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို အပြည့်အဝ ထောက်ခံပါကြောင်း ဆွေးနွေး တင်ပြအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
#၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
#ဦးသန်းဦး
#ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
#ဒလမြို့နယ်
Crd; YRH'Photo

မြစ်ကမ်ပါ ရေတိုက်စားမြေပြိုနေမှု့အား လွှတ်တော်ကိုယ်စားလှယ်ကွင်းဆင်းကြည့်ရှု့ရန်ကုန်၊ ဇူလိုင် ၂၂ကော့မှူးမြို့နယ်အတွင်း မြ...
21/07/2026

မြစ်ကမ်ပါ ရေတိုက်စားမြေပြိုနေမှု့အား လွှတ်တော်ကိုယ်စားလှယ်ကွင်းဆင်းကြည့်ရှု့
ရန်ကုန်၊ ဇူလိုင် ၂၂

ကော့မှူးမြို့နယ်အတွင်း မြစ်ကမ်ပါ ရေတိုက်စားမြေပြိုနေသည်ကို ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုး သွားရောက်၍ (၂၀-၇-၂၀၂၆ ) ရက်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ပါသည်။
သရက်တောကျေးရွာအုပ်ချုပ်ရေးမှူးမှ မြေပြိုကျသည့်အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။

မြေပြိုကျမှု့ကြောင့် ကျေရွာရှိ အိမ်​ခြေပေါင်း(၁၈၀)ခန့်မှာ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြ
ရပြီး နောက်ထပ်မံ မြေပြိုကျမှုများလည်း ဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။

၎င်းကျေးရွာအား ပြောင်းရွှေ့ပြီး အိမ်ဆောက်၍လူနေထိုင်ရန်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံးလုပ်နိုင်ရန်အတွက် ဆောင်ရွက်သွားပါမည်။

ကော့မှူးမြို့နယ် သရက်တောကျေးရွာ မြစ်ကမ်းပါ ရေတိုက်စားမြေပြိုနေသည့်အခြေအနေကို ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ တာဝန်ရှိသူများဖြစ်ကြသည့် ဒေါ်ခင်မာလာထွန်းနှင့် ဦးအေးသိုက်တို့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုးနှင့်အတူလိုက်ပါ ကြည့်ရှု့ဆောင်ရွက်ခဲ့ကြပါသည်။

#ပါတီဗဟိုသတင်းပြန်ကြားရေး

လွမ်းသူ့ပန်းခွေချ၍ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုရန်ကုန် ဇူလိုင် ၁၉၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာ...
19/07/2026

လွမ်းသူ့ပန်းခွေချ၍ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု
ရန်ကုန် ဇူလိုင် ၁၉

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ခေါင်းဆောင်များဖြစ်ကြသည့် ပါတီဒုတိယဥက္ကဌ ဦးသန်းဦး နှင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးလေးစိုးတို့သည် (၇၉) နှစ်မြောက်အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ထိုအခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါသည်။

#ပါတီဗဟိုသတင်းပြန်ကြားရေး

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ ရန်ကုန် ...
15/07/2026

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
ရန်ကုန် ဇူလိုင် ၁၅

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးနှင့် ဦးလေးစိုးတို့ ယနေ့ ၁၅-၇-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး​ခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ပါတယ်။

၎င်းတွေ့ဆုံပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုးက အဖွင့်အမှာစကားပြောကြာပြီး ဦးသန်းဦးမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ ဌာနအသီးသီးမှာတာဝန်ရှိသူများက ၎င်းတို့ဌာနမှ လုပ်ဆောင်နေမှုများကိုရှင်းလင်းပြောကြားကြပါတယ်။
ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများကအသီးသီးမိတ်ဆက်စကားပြောကြားခဲ့ကြပြီး ရပ်ကွက် ကျေးရွာအတွင်း ထပ်မံဆောင်ရွက်ရမည့် လိုအပ်ချက်များကိုပြောကြားခဲ့ကြပါတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုးက ပြည်သူများအတွက်လွှတ်တော်မှတဆင့်လုပ်ဆောင်ပေးမည့်ကိစ္စများကို ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောခဲ့ပါတယ်။

ပါတီဗဟိုသတင်းပြန်ကြားရေး

လွှတ်တော်၌ မေးခွန်းမေးမြန်းခြင်းရန်ကုန် ဧပြီလ ၂၆ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး...
26/06/2026

လွှတ်တော်၌ မေးခွန်းမေးမြန်းခြင်း
ရန်ကုန် ဧပြီလ ၂၆

ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဦး၏ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကာလတွင် ၁၅-၅-၂၀၂၆ ရက်နေ့မှာ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ပါသည်။

မေးခွန်းနှင့် အဖြေကို ပြည်သူများသိရှိရန် တင်ပြအပ်ပါသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့်-
(က) ၂၀၂၆-၂၀၂၇ ခုနှစ်တွင်ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ ထပ်တိုးခန့်ခြင်း၊ မြေနိမ့်ဖြစ်နေပြီး ရေအိုင်များရှိသောကျောင်မြေများအား မြေသားဖို့ခြင်းဆောင်ရွက်ပေးရန် အစီအစဥ် ရှိ/ မရှိ
(ခ) အစီအစဥ်ရှိပါက မည်သည့်အချိန် မည်သည့်အခါတွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။
(ဂ) အစီအစဥ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကိုဖြေကြားပေးရန်

လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးမှ ပြန်လည်ဖြေကြားချက်အကျဥ်ချုပ်-
အထက်တန်ပြ(၁)ဦး၊ အလယ်တန်ပြ(၅)ဦး၊ ဒုအလယ်တန်ပြ(၉)ဦး၊ မူလတန်ပြ(၂)ဦး၊ စုစုပေါင်း ဆရာ/ဆရာမ(၁၇) ဦး တို့ကို ၅-၆-၂၀၂၆ ရက်နေ့တွင် တွဲဖက်တာဝန်ချထားပေးပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

အပြည့်အစုံကို အောက်တွင် ​ဖော်ပြတင်ပြအပ်ပါသည်။

ဦးသန်းဦး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ဒလမြို့နယ်-၂)
ဒုတိယဥက္ကဌ၊ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ

ပါတီဗဟိုသတင်းပြန်ကြားရေး

ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းရန်ကုန် ဧပြီလ ၁၆ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်း...
16/06/2026

ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်း
ရန်ကုန် ဧပြီလ ၁၆

ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဦး၏ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကာလတွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ပါသည်။

မေးခွန်းအပြည့်အစုံမှာ-
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးရဲ့ ဒလမြို့နယ်ရှိ ပြည်သူတွေမှာ နှစ်ပေါင်းများစွာ သောက်ရေကန်များအား အားကိုးအားထားပြုပြီး သောက်သုံးရေအခက်အခဲကို ဖြေရှင်းနေထိုင်ခဲ့ရပါသည်။ သောက်ရေကန်အများစုမှာ အကာအရံများမရှိ၍ တိရစ္ဆာန်များဝင်ထွက်မှုကြောင့် သောက်သုံရေများသန့်ရှင်းမှုမရှိဖြစ်နေပါသည်။ အထူးသဖြင့် သမ္မတကန်းခြေရပ်ကွက် အောင်သပြေလမ်းပေါ်ရှိ ၄ ဧကခန့်ကျယ်ဝန်းသည့်ရေကန်နှင့် မြို့မ(၄)ရပ်ကွက် ၊ ချောင်းပတ်လမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ ၄ ဧကခန့် ကျယ်ဝန်းသည့်ရေကန်တို့ကို မြေတူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ဆောင်ရန်လိုအပ်လျှက်ရှိနေပါသည်။

အထက်ပါကိစ္စနှင့်စပ်လျဥ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
(က) ၂၀၂၆-၂၀၂၇ ခုနှစ်တွင် သမ္မတကမ်းခြေ အောင်သပြေလမ်းဘေးရှိ ၄ ဧကကျယ်ဝန်းသည့်ရေကန်၊ မြို့မ(၄ ) ရပ်ကွက်၊ ချောင်းပတ်လမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ ၄ ဧကကျယ်ဝန်းသည့်ရေကန်နှင့် မြို့ပေါ်ရပ်ကွက်ရှိ အခြားသောက်သုံးရေကန်တို့ကို မြေတူးဖော်ခြင်း ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်ပေးရန်အစီအစဥ်ရှိ/မရှိ
(ခ) အစီအစဥ်ရှိပါက မည်သည့်အချိန် မည်သည့်အခါတွင် မည်ကဲသို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်။
(ဂ) အစီအစဥ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကိုဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဌမှတဆင့် မေးမြန်းအပ်ပါသည်။
---------------------------------------------------------
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မှပြန်လည်ဖြေကြားချက်အပြည့်အစုံအား ဖတ်ရှုနိုင်ရန် တင်ပြအပ်ပါသည်။

ဦးသန်းဦး
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ

ပါတီဗဟိုသတင်းပြန်ကြားရေး

ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းရန်ကုန် ဧပြီလ ၁၄၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီရန်ကုန်တိုင...
14/06/2026

ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်း
ရန်ကုန် ဧပြီလ ၁၄

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးရဲ့ ဒလမြို့နယ်ရှိ ပြည်သူတွေမှာ သောက်သုံးရေရရှိမှုအခက်အခဲနဲ့ပတ်သက်တဲ့ ကြယ်ပွင့်မပြမေးခွန်းကို ၁၅-၅-၂၀၂၆ ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ စာရေးတင်ပြီး မေးမြန်းခဲ့ပါသည်။

မေးခွန်း-
ဒလမြို့တွင်နေထိုင်ကြသောပြည်သူများ နှစ်ပေါင်းများစွာ သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့ခဲ့ကြရပါသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြိုပေါ်ရပ်ကွက်ရှိလူနေအိမ်များ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရေပေးဝေနိုင်ကြောင်းစုံစမ်းသိရှိရပါသည်။
မေးခွန်း- ၂၀၂၆-၂၀၂၇ ခုနှစ်တွင်မြို့ပေါ်နေ နေအိမ်အားလုံး သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန်အစီအစဥ်ရှိ/မရှိ
အစီအစဥ်ရှိပါက မည်သည့်အချိန် မည်သည့်အခါတွင် မည်ကဲသို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်။
အစီအစဥ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကိုဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဌမှတဆင့်မြေမြန်းအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မှပြန်လည်ဖြေကြားချက်အပြည့်အစုံမှာ-

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိတွင် ဒလမြို့နယ်ရပ်ကွက် ၂၄ ခုသို့ ဒလမြို့မှ ၉ မိုင်အကွာရှိ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းရှိ အဝေစိတွင်း ၂၄ တွင်းမှ ရေကို (Nano) စနစ်ဖြင့်
သန့်စင်ပြီး ရေဂါလန် ၁ ဒသမ ၅ သန်းအားလည်းကောင်း၊ လမ်းမတော်မြို့နယ်၊ သခင်မြပန်းခြံအတွင်းရှိ ရေစုကန်မှ ရေဂါလန် ၀ ဒသမ ၁ သန်းကို မြန်မာ- ကိုရီး ယားချစ်ကြည်ရေး (ဒလ) တံတားပေါ်ရှိ ရေပိုက်လိုင်းကတစ်ဆင့် လည်းကောင်း စုစုပေါင်းရေဂါလန် ၁ ဒသမ ၆ သန်းအား နေ့စဉ်ပေးဝေလျက်ရှိပါသည်။

၂။ ဒလမြို့ပေါ်ရပ်ကွက် ၂၄ ခုတွင် လူဦးရေ ၁၂၆,၄၆၉ ယောက်အတွက် တစ်ရက်ရေလိုအပ်ချက်မှာ ရေဂါလန် ၅ သန်း ဖြစ်ပြီး နေ့စဉ်ရေဂါလန် ၁ ဒသမ ၆ သန်းပေးဝေနေရာ ရေဂါလန် ၃ ဒသမ ၄ သန်း ထပ်မံလိုအပ်လျက်ရှိပါသည်။

၃။ သို့ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဒလမြို့နယ်အတွင်းသို့ ရေထပ်မံပေးပို့နိုင်ရေးအတွက် မြန်မာ - ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားပေါ်ရှိ ရေပိုက်လိုင်းမှတစ်ဆင့် ရေပေးဝေနိုင်ရေးအတွက်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် ဒလမြို့နယ်အတွင်းသို့ ရေရေလုံလေကုက္ကိုဝရေပေးဝေရေးစီမံကိန်းပြီးစီးချိန်တွင်ာစွာပေးဝေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။

ဦးသန်းဦး
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒလမြို့နယ်အမှတ်(၂) မဲဆန္ဒနယ်
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ

ဒေသအကျိုးအတွက် ပြည်သူများနှင့်တွေ့ဆုံရန်ကုန်(၂၀၂၆၊မတ် ၁၇)၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ဒ...
17/03/2026

ဒေသအကျိုးအတွက် ပြည်သူများနှင့်တွေ့ဆုံ
ရန်ကုန်(၂၀၂၆၊မတ် ၁၇)

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(ပါတီဒုဥက္ကဌ)သည် ပါတီဥက္ကဌကြီး ဦးရဲထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးလေးစိုး(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့နယ်)၊ ပါတီတာဝန်ရှိသူများဖြစ်ကြသည့် ဒေါ်စန္ဒာ၊ ဒေါ်ခင်မာလာထွန်းတို့နှင့်အတူ ယနေ့ ၁၇-၃-၂၀၂၆ ရက်နေ့တွင် ဒလမြို့နယ် သမ္မတကမ်းခြေရှိ ပြည်သူများနှင့်တွေ့ဆုံခဲကြပါသည်။

ထိုတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးမှ ပြည်သူများ၏မဲပေးထောက်ခံခဲ့သည်ကို ကျေးဇူးတင်ပါကြောင်း၊ ဒေသကောင်းကျိုးအတွက် လုပ်ဆောင်ရန်လာခြင်းဖြစ်လို့ ပြည်သူတွေရဲ့အသံကိုနားထောင်လိုပါကြောင်း ဆွေးနွေပြောကြားခဲ့ပါသည်။ ပြည်သူများ၏ ဆွေးနွေမှုနှင့် လိုလားချက်များကို မှတ်သားခဲ့​ပြီး လွှတ်တော်တွင် ဆက်လက်တင်ပြသွားမှာဖြစ်​ကြောင်း သိရှိရပါသည်။

ဗဟိုသတင်းပြန်ကြားရေး

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး အချိုးကျကိ...
02/02/2026

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ
၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး အချိုးကျကိုယ်စား​ပြုစနစ် မဲဆန္ဒနယ်အမှတ်(၃)မှ ပါတီဒုတိယဥက္ကဌ ဦးသန်းဦး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ဒလမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)နှင့်
အထွေထွေအတွင်းရေးမှူး ဦးလေးစိုး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ကော့မှူးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)) တို့တွင်ရွေးချယ်ခံရပါတယ်။
ပါတီအားထောက်ခံအားပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ပါတီကိုယ်စားပြု ရွေးကောက်ပွဲတွင်ယှဥ်ပြိုင်အရွေးချယ်ခံခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလည်းကောင်း၊ ပါတီဝင်များနှင့် ပြည်သူများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The 88 Generation Student Youths-Union Of Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The 88 Generation Student Youths-Union Of Myanmar:

Shortcuts

Share