The Eyes For Justice

The Eyes For Justice ပြည်သူ့အားသည်သာလျှင် အဓိက

အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အ​ကြောင်းတရားမျိုးစုံ​တွေ​ကြောင့် စစ်​ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်​နေရပါသ...
20/02/2023

အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အ​ကြောင်းတရားမျိုးစုံ​တွေ​ကြောင့် စစ်​ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်​နေရပါသလား...။

ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲ လိုပါတယ်။ အရာရှိ စစ်သည်​တွေ၊ ရဲတပ်ဖွဲ့ဝင်​တွေနဲ့ ဌာနအသီးသီးမှာ ရှိ​​နေကြတဲ့ ဝန်ထမ်း​တွေထဲက​နေ အမာခံသတင်း​ပေးပို့မယ့် ( ဖရဲသီး ) ​တွေအတွက် စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်း​ပေးပို့နိုင်မယ့် လမ်း​ကြောင်းတစ်ခုကို ဖွင့်လှစ်ထား​ပါပြီ။

http://t.me/MyanmarPeople

ဒီ Telegram Channel ကို ဆက်သွယ်ပြီး ​ပေးပို့ပါ။ ကိုယ်​ရေးအချက်အလက် လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ ( လုံးဝ ) မလိုတဲ့အပြင် ​ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်း​ပေါ်မူတည်ပြီး ချီးမြှင့်​ငွေ​တွေကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုဆက်သွယ် သတင်း​ပေးပို့လာမယ့် ( ဖရဲသီး ) ​တွေအ​နေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး ​တော်လှန်​ရေးအလွန်ကာလမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံ​ရေး အစီစဥ်ရဲ့ အကျိုးခံစားခွင့်​တွေကိုပါ ထပ်ပြီး ရရှိဦးမှာပါ။

စစ်​ကောင်စီယန္တရား​​အောက်မှာ ဟန်မပျက် အလုပ်လုပ်ပြီး ပြည့်သူ့ အမာခံ ( ဖရဲသီး ) အဖြစ် သတင်း​ပေးပို့ ပါဝင်ရင်း အကာအကွယ်​ပေးမှု အာမခံချက်ကို အမြန်ဆုံး ရယူထားဖို့ တိုက်တွန်းလိုက်ပါတယ်...။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

“ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ”ရန်ပုံငွေ ကံစမ်းမဲလက်မှတ်များ ဝယ်ယူနိုင်ပါပြီ။  ကျွန်ုပ်တို့အပါအဝင် ရန်ကုန်မြို့ရှိ တော်လ...
16/12/2022

“ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ”

ရန်ပုံငွေ ကံစမ်းမဲလက်မှတ်များ ဝယ်ယူနိုင်ပါပြီ။

ကျွန်ုပ်တို့အပါအဝင် ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့များအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနိုင်ဖို့ ကိုကျော် ရဲ့ ဂစ်တာကို ကံစမ်းမဲဖောက်ပေးသွားမှာပါ။ ကံစမ်းမဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အတွင်း ရောင်းချပေးသွားမှာဖြစ်ပြီးတော့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပေါက်မဲနံပါတ်ကို ကြေငြာပေးသွားမှာဖြစ်ပါတယ်။ ကံစမ်းမဲတစ်စောင်အား ယူအက်စ်ဒေါ်လာ ၂၀ ကျသင့်မှာဖြစ်ပါတယ်။ မိမိဝယ်ယူသည့် နိုင်ငံအပေါ်မူတည်ပြီး စျေးအနည်းငယ်ကွာဟမှုရှိနိုင်ပါတယ်။

ဝယ်ယူလိုပါက အောက်ပါ website ထဲတွင် မိမိတည်ရှိနေသော နိုင်ငံအား ရွေးချယ်ပြီး ကိုယ်စားလှယ်ရှာဖွေဝယ်ယူနိုင်ပါတယ်။ ကိုယ်စားလှယ် စာရင်းကို comment ထဲတွင်လဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/gitanight

“လုံးဝအုပ်ချုပ်၍မရစေရ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့သားများနဲ့ တော်လှန်ပြည်သူများက စစ်ကောင်စီနဲ့ လက်ပါးစေများ မတရား ဖိနှိပ် ချုပ်ချယ် အကြမ်းဖက်နေတဲ့ကြားထဲမှ ဆက်လက်ပြီး တော်လှန် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ ထိုသို့ ဆက်လက်တော်လှန်တိုက်ပွဲဝင်နိုင်ရန်အတွက် တော်လှန်လှုပ်ရှားမှု ကဏ္ဍမျိုးစုံမှာ ဘဏ္ဍာငွေ လိုအပ်ချက် များစွာရှိနေပါတယ်။ လိုအပ်နေတဲ့ ဘဏ္ဍာငွေကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းနိုင်ဖို့အတွက် ကံစမ်းမဲလက်မှတ်များ ဝယ်ယူကြဖို့ ကိုလဲ ကျွန်ုပ်တို့ တော်လှန်ရေးအဖွဲ့များမှ တိုက်တွန်းလိုက်ပါတယ်။

ကိုကျော့်အနေနဲ့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ရန်ကုန်မြို့အတွက် ဒီဂစ်တာလေးကို ကံစမ်းမဲအဖြစ်ရောင်းချပြီး ကံစမ်းမဲလက်မှတ်ရောင်းရငွေအားလုံးကို မြေပြင်မှာ လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေထံ ဝေမျှသွားမှာပါ။

ကံစမ်းမဲဖောက်ပေးသွားမယ့်ဂစ်တာလေးကတော့ ကိုကျော့်ရဲ့ တန်ဖိုးထား မြတ်နိုးရတဲ့ တစ်ခုတည်းသော ဂစ်တာလေးဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ကိုကျော်က ဒီဂစ်တာလေးကို သူလေးစားအားကျခဲ့ရတဲ့ ဂီတပညာရှင်တွေဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီးတော့ ဒီဂစ်တာလေးနဲ့ပဲ ဂီတကို သင်ယူခဲ့ရင်း သူ့ရဲ့ တေးသီချင်းတွေကို ဖန်တီးရေးစပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဂီတာလေးနဲ့ “အေဘီစီဒီ” ဆိုတဲ့သီချင်းကို ပထမဆုံး ရေးစပ်ခဲ့ပြီး “မအလ” သီချင်းကိုတော့ နောက်ဆုံးရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာသွားသွား ကိုကျော်နဲ့ အမြဲပါခဲ့တဲ့၊ သူမြတ်နိုးရတဲ့ သူ့ရဲ့ ဂစ်တာလေးဖြစ်ပြီး သူတောထဲရောက်တဲ့အချိန်မှာ ရန်ကုန်ကနေ ပြန်လည်မှာယူခဲ့ရတဲ့ထိ တန်ဖိုးထားရတဲ့ အမှတ်တရ ပိုင်ဆိုင်မှုလေးပဲဖြစ်ပါတယ်။

လက်မှတ်များကို အခုပဲဝယ်ယူလိုက်ပါ။

အရေးတော်ပုံအောင်ရမည်။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်း”▬▬▬▬▬▬▬▬▬▬▬▬▬▬▬ယခုလာမယ့် ဩဂုတ်လ (၈) ရက်ဟာ မြန်မာ့နိုင်ငံရေးသမို...
06/08/2022

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး

လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ယခုလာမယ့် ဩဂုတ်လ (၈) ရက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ခုဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍက လေးနက်စွာ မှတ်တမ်းတင်ထားရမယ့် လူထုသမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအတွင်းမှာ လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင် သမ္မတဆိုး (၃) ယောက်ဆက်တိုက် ပြုတ်ကြတဲ့အထိ လှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်မြောက်တဲ့ အချိန်ကာလမှာလည်း ပြည်သူလူထုဟာ သမိုင်းတကျော့ပြန်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေကြရပြန်ပါတယ်။ ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူနေကြခြင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်ခင်ဗျား။

နိုင်ငံတကာအစိုးရများနှင့် အသိုင်းအဝိုင်းများအနေဖြင့်လည်း မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ရန်သူ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုကို ပတ်သက် ဆက်ဆံခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီသွားခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြပါရန် အလေးအနက် နှိုးဆော်လိုက်ရပါတယ်။

ဒါကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်ရေးလှုပ်ရှားမှုများအဖြစ် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပါဝင်တော်လှန်ကြပါရန် ဆော်ဩလိုက်ရပါတယ် ခင်ဗျား။



#နွေဦးတော်လှန်ရေး_သန္နိဋ္ဌာန်_၈၈ရဲ့မပြီးဆုံးသေးတဲ့_တိုက်ပွဲအလံ



#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်

“လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓ...
30/07/2022

“လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”

ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။
တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး အောက်ပါ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမည်။
- တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။
- တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။
- တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။
- တရားတဲ့သူသာ နိုင်ကြေးဟေ့
ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်ပါသည်။

နေ့ရက် - ၃၁ ဇူလိုင် ၂၀၂၂(တနင်္ဂနွေနေ့)
အချိန် - နံနက် ၁၀ နာရီ ၃၇ မိနစ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Eyes For Justice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Eyes For Justice:

Share