MORAC - CultureNews

MORAC - CultureNews It is very important for everyone of the nation regardless of the place he lives to have strong Union Spirit.

18/02/2026
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
11/06/2025

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

10/06/2025

၂၀၂၃ ခုနှစ် ရုရှားဖက်ဒေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့မှ ဦးစီးကျင်းပသည့် ဗီဒီယို၊ပိုစတာပြိုင်ပွဲ၌ ဆုရရှိခဲ့သည့်ဗီဒီယိုဖိုင်
2nd 1Place Kyrgyzstan ''Say No to corruption''

10/06/2025

၂၀၂၃ ခုနှစ် ရုရှားဖက်ဒေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့မှ ဦးစီးကျင်းပသည့် ဗီဒီယို၊ပိုစတာပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့်ဗီဒီယိုဖိုင်
Kazakhstan ''Without corruption''

26/05/2025

ပြောင်းလဲလျက်ရှိသော အသိုက်အဝန်းများအတွင်း ပြတိုက်များ၏အခန်းကဏ္ဍ......,...........................................................
၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အားကြိုဆိုဂုဏ်ပြုအပ်ပါသည်။
မကြာမီ မေလ ၁၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day - IMD) သည်ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက်အချင်းချင်း ဆက်သွယ်ပေးသည့် ပြတိုက်များ၏ အရေးပါသည့်နေ့တစ်နေ့ဖြစ်ပါသည်။အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM) သည် ၁၉၇၇ ခုနှစ် မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ကျင်းပခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်တွင်(၄၈)နှစ်မြောက် ကျရောက်မည်ဖြစ်ပေသည်။ ယခုနှစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD 2025) အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ“The Future of Museums in Rapidly Changing Communities” “လျင်မြန်ပြောင်းလဲ လူမှုအသိုက်အဝန်းအတွင်း၊ ပြတိုက်များ၏အနာဂတ်ကိုရှေးရှုခြင်း” ဖြစ်ပါသည်။
ဤဆောင်ပုဒ်အရ လူမှုရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လျင်မြန်စွာပြောင်းလဲနေသည့် ကမ္ဘာကြီးအတွင်း ပြတိုက်များအနေဖြင့် မည်သို့ လိုက်လျောညီထွေဖြစ်ပြီး ဦးဆောင်ဖွံ့ဖြိုးနိုင်မည်၊ တုံ့ပြန်နိုင်စွမ်း၊ ဆန်းသစ်တီထွင်မှုနှင့် လူထုပါဝင်မှုအရ အရေးပါသော အဖွဲ့အစည်းများအဖြစ် လူမှုအသိုက်အဝန်းတွင် ပိုမိုတန်ဖိုးထားမှု၊ ပြတိုက်များသည် မည်သို့ လမ်းပြကူညီနိုင်သည်၊တာဝန်ယူပါဝင်နိုင်သည် စသည့်ပြတိုက်များ၏ အရေးပါမှုအခန်းကဏ္ဍကို ဖော်ပြနေပါသည်။

၂၀၂၅ ခုနှစ်အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့၏ ဆောင်ပုဒ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့၌ ကျင်းပမည့် ICOM အထွေထွေညီလာခံ၏ အဓိကအကြောင်းအရာများနှင့် ကိုက်ညီပါသည်။ ကမ္ဘာတစ်ဝှမ်း ပြောင်းလဲနေသည့်အခြေအနေများအတွင်း ပြတိုက်များသည်လည်း ပြောင်းလဲမှုများအလိုက် မတူညီသော နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှု၊နည်းပညာအသစ်များကို လက်ခံအသုံးပြုခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းသစ်များ ဖန်တီးနိုင်ပါသည်။ ထိုနည်းပညာအခြေပြုပြောင်းလဲမှုများသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာတွင်သာမက အနာဂတ်ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍများတွင် သက်ရောက်မှုရှိစေပြီး ပြတိုက်များ၏ အခန်းကဏ္ဍကို အထောက်အကူဖြစ်စေပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM)သည် ပြတိုက်များနှင့် ပြတိုက်ပညာရှင်များအတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား လေ့လာခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လူမှုအသိုက်အဝန်းနှင့် ပြန်လည်ချိတ်ဆက်ရေးလုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါသည်။

ယင်းအဖွဲ့သည် အဖွဲ့ဝင်(၁၂၉) နိုင်ငံနှင့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်ပြတိုက်ပညာရှင် (၅၇,၀၀၀) ကျော် ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာကွန်ယက်တစ်ခုအဖြစ် တည်ရှိပြီး၊ ICOM သည် အပြည်ပြည်ဆိုင်ရာမီဒီယာပေါ်တွင် ပြတိုက်ပညာရှင်များ၏ အသံအဖြစ် ထင်ပေါ်ပြီး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့်ဆိုင်သော ပြဿနာများအပေါ် အကြံဉာဏ်ပေးခြင်း၊ ပြတိုက်ပညာရပ်ဆိုင်ရာစွမ်းရည်တိုးမြှင့်ရန် ထောက်ပံ့ခြင်းနှင့် ဉာဏ်ပညာဖလှယ်မှုများ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် လူမှုယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်အောင်မြင်စွာ လှုံ့ဆော်ဆောင်ရွက်နေပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD) ၏ ရည်ရွယ်ချက်များ................................................................
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (IMD) ၏ ရည်ရွယ်ချက်မှာ ပြတိုက်များသည် ယဉ်ကျေးမှုအပြန်အလှန်ဆက်နွယ်မှု၊ လူ့အဖွဲ့အစည်းများအကြား နားလည်တိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ထမ်းဆောင်နိုင်ကြောင်း လူထုသိမြင်မှုကို မြှင့်တင်ဖော်ပြရန် ဖြစ်ပါသည်။ ပြတိုက်များသည် ယနေ့ခေတ်အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသောလူ့အသိုက်အဝန်းတွင် အနာဂတ်အတွက် ပိုမိုတည်တံ့ဖွံ့ဖြိုးနိုင်သော အဖွဲ့အစည်းများဖြစ်လာစေရန်၊ လူထုပါဝင်ဆောင်ရွက်နိုင်သော အဖွဲ့အစည်းများအဖြစ် တက်ကြွစွာပါဝင်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ဆောင်ပုဒ်အရ ပြတိုက်များသည် မိမိလုပ်ငန်းနယ်ပယ်အား ယနေ့ခေတ်၌ ဖြစ်ပေါ်လာသည့် နည်းပညာအလျင်အမြန်ဖွံ့ဖြိုးမှုများ၊လူ့လောကတန်ဖိုးနှင့် လိုအပ်ချက်များပြောင်းလဲမှုများအပေါ် တုံ့ပြန်နိုင်ရန်ပြန်လည်သုံးသပ်ကာ အသစ်တီထွင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှုနှင့် ဆန်းသစ်တီထွင်မှု၊လူမှုဆက်သွယ်ရေးဖန်တီးမှုတွင် ဆက်သွယ်သူအဖြစ် ပါဝင်နိုင်မှုနှင့် လူမှုအသိုက်အဝန်းတွင် ပိုမိုအကျိုးရှိရန် အာရုံစိုက်မှုစသောအချက်များသည် ယနေ့ခေတ် ပြတိုက်များ၏ မျှော်မှန်းချက်အသစ်များ ဖြစ်လာကြောင်းကို မြင်တွေ့နိုင်ပါသည်။

နိဂုံး.....
 အချုပ်အားဖြင့် ပြောရလျှင် ပြတိုက်များသည် အတိတ်မှ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြီး ယနေ့နှင့် အနာဂတ်အတွက် အသုံးဝင်သော သင်ခန်းစာများ၊ လူမှုအသိုက်အဝန်းအတွက် တန်ဖိုးရှိသော အတိတ်အမွေအနှစ်များ၊ တည်တံ့ဖွံ့ဖြိုးရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် နည်းလမ်းများ၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေပါသည်။

ပြတိုက်များသည် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် လူမှုရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများနှင့် ပညာရေးအစီအစဉ်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လူထုနှင့်ပူးပေါင်းဆောင်ရွက်နေပါသည်။

ထို့အပြင် ပြတိုက်များသည် မျိုးဆက်သစ်လူငယ်များအတွက် ယဉ်ကျေးမှုအသိပညာများ တိုးတက်စေရန် အခွင့်အလမ်းပေးခြင်းဖြင့် မိမိရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူတန်ဖိုးထားပြီး ထိန်းသိမ်းလိုသည့် စိတ်ဓာတ်၊ အသိဉာဏ်ပညာနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုရေချိန် မြင့်မားလာစေရန် ကူညီပံ့ပိုးကာ အနာဂတ်တွင် စွမ်းဆောင်နိုင်သည့် ခေါင်းဆောင်များ ဖွံ့ဖြိုးထွန်းကားလာစေရန် လမ်းပြပေးသည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။

ပြတိုက်များသည် လူတိုင်း ပါဝင်နိုင်သည့် တည်တံ့ခိုင်မြဲသော အနာဂတ်တစ်ခုကို ဖန်တီးနိုင်စေရန် အရေးပါသော ပလက်ဖောင်းအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြပြီး “ပြတိုက်များသည် ပြောင်းလဲနေသော ကမ္ဘာအတွင်း မျှတမှုနှင့် တန်ဖိုးထားမှုများအတွက် ပြောင်းလဲမှုအရေးပါသူများဖြစ်ကြသည်” ဆိုသည့် သဘောတရားအပေါ် အခြေခံကာ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ဂုဏ်ပြုရေးသား၍ ပြတိုက်များသို့ လာရောက်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။

#သီသီသောင်း
ကိုးကား...........
၁။ International Council of Museums (ICOM)။ (n.d.)၊International Museum Day၊ ICOM။ Retrieved April 27, 2025, from https:// icom.museum/en/news/international- museum - da y/
https:/ / icom.museum/ en/news/27th-icom-general-
၂။ International Council of Museums (ICOM)။ (n.d.)၊27th ICOM General Conference၊ ICOM။ Retrieved April 27, 2025, from conference/
၃။ သီသီသောင်း။ (၂၀၂၁ မေ၊ ၂၀၂၂ မေ၊ ၂၀၂၄ မေ)၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်းပါး၊မြန်မာ့အလင်းသတင်းစာ။
၄။ သီသီသောင်း။ (၂၀၂၁ မေ၊ ၂၀၂၂ မေ၊ ၂၀၂၄ မေ)၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်းပါး၊ ကြေးမုံသတင်းစာ။

A global organisation of museums & museum professionals committed to the promotion and protection of cultural heritage

အိပ်ဖွင့်တင်ဒါခေါ်ယူခြင်း
22/05/2025

အိပ်ဖွင့်တင်ဒါခေါ်ယူခြင်း

10/03/2025

၂၀၂၅ခုနှစ်(၇၈)နှစ်မြောက်
ပြည်ထောင်စုနေ့တွင်တင်ဆက်သော
ပြည်ထောင်စုတိုင်းရင်းသားတို့မြေ
စုပေါင်းအက

09/03/2025

၂၀၂၅ခုနှစ်(၇၈)နှစ်မြောက်
ပြည်ထောင်စုနေ့တွင်တင်ဆက်သော
တောင်ပေါ်မြေရဲ့ ရိုးရာညအလှ
ရှမ်းတိုင်းရင်းသားရိုးရာအက

08/03/2025

၂၀၂၅ခုနှစ်(၇၈)နှစ်မြောက်
ပြည်ထောင်စုနေ့တွင်တင်ဆက်သော
ရိုးရာမူဟန် ရခိုင်သကြန်
ရခိုင်တိုင်းရင်းသားရိုးရာအက

07/03/2025

၂၀၂၅ခုနှစ်(၇၈)မြောက်
ပြည်ထောင်စုနေတွင်တင်ဆက်သော
ရွှေတိဂုံဘုရားသမိုင်း
မွန်တိုင်းရင်းသားရိုးရာအက

06/03/2025

၂၀၂၅ခုနှစ်(၇၈)နှစ်မြောက်
ပြည်ထောင်စုနေ့တွင် တင်ဆက်သော
အမြဲတမ်းလှနေသည့် ပြည်ထောင်စု
စစ်ကိုင်းတိုင်းဒေသကြီး
ဗမာတိုင်းရင်းသားရိုးရာအက

05/03/2025

၂၀၂၅ခုနှစ်(၇၈)နှစ်မြောက်
ပြည်ထောင်စုနေ့တွင်တင်ဆက်သော
ဂန္ထဝင်အမွေ သနပ်ခါးမြေ
အနုပညာဦးစီးဌာန

Address

Yangon
11191

Alerts

Be the first to know and let us send you an email when MORAC - CultureNews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MORAC - CultureNews:

Share