06/09/2026
နေပြည်တော်မှာ သားဖြစ်သူ ပေါ်တာဆွဲခံရကြောင်း တစ်တော့ပေါ် ရင်ဖွင့်ခဲ့တဲ့မိခင် အဖမ်းခံရ
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ထဲက ဒေါ်ခင်ဌေးမြင့် (ခ) ဒေါ်ဌေးဟာ သူ့ကို လုပ်ကိုင်ကျွေးနေတဲ့ သားဖြစ်သူ ပေါ်တာဆွဲခံရလို့ ကူညီပေးကြဖို့ တစ်တော့ပေါ်မှာ ဗီဒီယိုတင်အပြီး နောက်တစ်ရက်မှာပဲ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။
စက်တင်ဘာ ၄ ရက်တုန်းက ဒေါ်ခင်ဌေးမြင့်ဟာ Khin Htay Myint ဆိုတဲ့ တစ်တော့အကောင့်ကနေ “မိဘကို လုပ်ကျွေးနေတဲ့ကလေးကို ၂၀၃၀ တပ်က ဗိုလ်မှူးအောင်မင်း ကိုယ်တိုင်ခေါ်ပြီးတော့ ပြည်သူ့စစ်ထဲ ထည့်လိုက်ပါတယ်။ ပေါ်တာလည်း လာဆွဲသွားပါတယ်ရှင်” ဆိုတဲ့ပြောဆိုချက်တွေ ပါဝင်တဲ့ ၅၉ စက္ကန့်စာ ရုပ်သံဗီဒီယိုကို တင်ခဲ့ပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/articles/clyegx1v51zo
#ဘီဘီစီမြန်မာပိုင်း #နေပြည်တော် #လယ်ဝေး #စစ်မှုထမ်း #မိခင်