Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

  • Home
  • Myanmar
  • Yangon
  • Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့, Political organisation, Yangon.

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့တွင်
KyimyindaingNetworks_KMD18
Owl Community
Mayangone Democratic Front_MDF
Linn Yaung Ni Youth Organization_LYNYO တို့ ပါဝင်ပါသည်။

ကျွန်တော်တို့  Yangon 4 Brothers မှ ငွေကျပ် ၅ သိန်း မတည်၍ တော်လှန်ညီကိုမောင်နှမများနှင့် ပူးပေါင်းကာ "ရန်ကုန်မှသည် အညာဆီ...
28/09/2026

ကျွန်တော်တို့ Yangon 4 Brothers မှ ငွေကျပ် ၅ သိန်း မတည်၍ တော်လှန်ညီကိုမောင်နှမများနှင့် ပူးပေါင်းကာ "ရန်ကုန်မှသည် အညာဆီသို့ " ကမ်ပိန်းတွင် တော်လှန်ပြည်သူများမှ ကူညီထောက်ပံ့သော ငွေကျပ် 11,416,700 (တစ်ရာတစ်ဆယ့်လေးသိန်းတစ်သောင်းခြောက်ထောင်ခုနစ်ရာကျပ်တိတိ) အား ရေဦးမြို့နယ် ရေဘေးသင့် စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးကာလတွင် အခြေခံစားနပ်ရိက္ခာများအဖြစ် အိမ်ထောင်စုအလိုက် တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည် နူန်း နှင့် အိမ်ထောင်စု ၃၀၀ အား စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထံမှတစ်ဆင့် ငြိမ်းချမ်းရေးစာသင်ခန်း-peace classroom မှရဲဘော်များ၏အကူညီဖြင့် ထောက်ပံ့ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ပါဝင်ကူညီပေးကြသော တော်လှန်ညီအကို မောင်နှမများနှင့် ထောက်ပံ့လှူဒါန်းပေးကြသော တော်လှန်မိဘပြည်သူများကို Yangon 4 Brothers ရဲဘော်များမှ အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။

ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ_Y4B






ကျွန်တော်တို့  Yangon 4 Brothers မှ ငွေကျပ် ၅ သိန်း မတည်၍ တော်လှန်ညီကိုမောင်နှမများနှင့် ပူးပေါင်းကာ "ရန်ကုန်မှသည် အညာဆီ...
27/09/2026

ကျွန်တော်တို့ Yangon 4 Brothers မှ ငွေကျပ် ၅ သိန်း မတည်၍ တော်လှန်ညီကိုမောင်နှမများနှင့် ပူးပေါင်းကာ "ရန်ကုန်မှသည် အညာဆီသို့ " ကမ်ပိန်းတွင် တော်လှန်ပြည်သူများမှ ကူညီထောက်ပံ့သော ငွေကျပ် 11,416,700 (တစ်ရာတစ်ဆယ့်လေးသိန်းတစ်သောင်းခြောက်ထောင်ခုနစ်ရာကျပ်တိတိ) အား တန့်ဆည်မြို့နယ် ရေဘေးသင့် စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးကာလတွင် အခြေခံစားနပ်ရိက္ခာများအဖြစ် အိမ်ထောင်စုအလိုက် တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည် နူန်း နှင့် အိမ်ထောင်စု ၃၀၀ အား စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ရဲဘော်များ၏အကူညီဖြင့် ထောက်ပံ့ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ပါဝင်ကူညီပေးကြသော တော်လှန်ညီအကို မောင်နှမများနှင့် ထောက်ပံ့လှူဒါန်းပေးကြသော တော်လှန်မိဘပြည်သူများကို Yangon 4 Brothers ရဲဘော်များမှ အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။

ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ_Y4B






အာဏာခရေစီ ကြက်ဥ သန်းမရူးကြီးမှ အနောက်နဲ့ ပိုဆက်ဆံချင်ကြောင်း ဖွင့်ဟ.....ဖိုတို - ဂျမနိုင်း
24/09/2026

အာဏာခရေစီ ကြက်ဥ သန်းမရူးကြီးမှ
အနောက်နဲ့ ပိုဆက်ဆံချင်ကြောင်း ဖွင့်ဟ.....

ဖိုတို - ဂျမနိုင်း


Free Her Camapign စတင်ကြောင်းကြေငြာချက်‼️Proof of life camapign ရဲ့ နောက်အဆင့်အနေနှင့် Free Her Campaign ကို စတင်ပြီဖြစ်...
23/09/2026

Free Her Camapign စတင်ကြောင်းကြေငြာချက်‼️

Proof of life camapign ရဲ့ နောက်အဆင့်အနေနှင့် Free Her Campaign ကို စတင်ပြီဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ။

Free Her Campaign ရဲ့ ရည်မှန်းချက်ဖြစ်သည့်
အမေသား ကင်မ် နှင့် video call မှ တဆင့် တွေ့စုံခွင့်ရရှိရေး
• ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းနဲ့ လူသားဆန်တဲ့ဆက်ဆံမှုရရှိရေး
• မေမေ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး
• နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး။

တောင်းဆိုချက်များကို ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ နိုင်ငံတကာ အဖွဲ့အစည်းများ အတူတူ တောင်းဆိုသွားကြမည်ဖြစ်ပါတယ်။

ကမ်ပိန်း အစီအစဉ်များကို All in one piece movement facebook စာမျက်နှာမှဆက်လက်ဖေါ်ပြပေးသွားပါမည်ခင်ဗျာ...

All In One Piece Movement
Announcement: Launch of the “Free Her Campaign”
As the next phase of the Proof of Life Campaign, we would like to announce the launch of the Free Her Campaign.

The campaign’s goals are:

* permission for Daw Aung San Suu Kyi to communicate with her son, Kim, via video call.

* To ensure that she receives proper healthcare and humane treatment.

* To demand the immediate and unconditional release of Daw Aung San Suu Kyi.

* To call for the release of all political prisoners.

We will pursue these demands together with Myanmar people both inside and outside the country, as well as international organizations and communities around the world.

Further details and campaign activities will be announced on the All In One Piece Movement page.

All In One Piece Movement

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အနှစ်ချုပ်🔴စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းမှု: စစ်ကော...
18/09/2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အနှစ်ချုပ်

🔴စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းမှု: စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ပြည်သူ့စစ်မှုထမ်းဥပ ဒေဖြင့် အပတ်စဉ် ၂၇ ခုတိုင်အောင် လူဦးရေ (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုဆောင်းခဲ့ပြီး လူလှိုင်းစစ်ဆင်ရေးများတွင် အဓိကအသုံးချနေသည်။

🔴လူငယ်များနှင့် ပြည်သူများအတွက် အဓိက တိုက်တွန်းချက်များ -

♦️တိမ်းရှောင်ရန်: အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိပါက တော်လှန်ရေးနယ်မြေများ သို့မဟုတ် နိုင်ငံရပ် ခြားသို့ အမြန်ဆုံးထွက်ခွာကြရန်၊ တစ်ဦးတည်းသွားလာခြင်းနှင့် ညဘက်အပြင်ထွက်ခြင်းများကို ရှောင်ကြဉ်ရန်။

♦️ပူးပေါင်းဆန့်ကျင်ရန်: ရပ်ရွာအတွင်း လူပေါ်တာဆွဲဖမ်းဆီးမှုများ ကြုံတွေ့ပါက လူထုအင်အားဖြင့် ဝိုင်းဝန်းတားဆီးကြရန်။

🔴တပ်မှ ထွက်ပြေးခိုလှုံရန် တိုက်တွန်းချက် -

🔺မလွှဲမရှောင်သာ စစ်မှုထမ်းရပါက အခွင့်အရေးရချိန်တွင် လက်နက်နှင့်အတူ စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်ပူးပေါင်းကြရန် (လက်နက်နှင့်အတူ ပူးပေါင်းသူများကို ဆုကြေးငွေပေးမည်)။

🔴တော်လှန်ရေးနယ်မြေရောက် လူငယ်များအတွက် အခွင့်အလမ်းများ -

🔺မိမိတို့၏ ကျွမ်းကျင်မှုအလိုက် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှု စသည့် လူထုဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်နိုင်ခြင်း၊

🔺သတ်မှတ်အရည်အချင်းနှင့်ပြည့်မီပါက PDF သို့မဟုတ် ပကဖများတွင် ဝင်ရောက်နိုင်ပြီး ပညာဆက်လက်သင်ယူလိုသူများကိုလည်း စီစဉ်ပေးမည်ဖြစ်ခြင်း။


☎️ ဆက်သွယ်ရန် -
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ ရုံးချုပ်) Telegram -
ပြည်သူ့လုံခြုံ​ရေးဌာန (စစ်ရုံးချုပ်) Telegram -
ပြည်သူ့ရင်ခွင်ခိုလှုံ​ရေးအစီအစဥ် Telegram -
ပြည်သူ့ရင်ခွင်ခိုလှုံ​ရေးအစီအစဥ် Viber - +66968847969
ပြည်သူ့ရင်ခွင်ခိုလှုံ​ရေးအစီအစဥ် Signal - +66968847969

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ ရုံးချုပ်)၊ ပြည်သူ့လုံခြုံ​ရေးဌာန (စစ်ရုံးချုပ်) တို့၏ ဆစ်ဂနယ်လ် (Signal) QR code ​တွေကိုလည်းပူးတွဲထုတ်ပြန်ထားပါတယ်။

#စစ်မှုထမ်း


#ပြည်သူ့ရင်ခွင်





"ရွှေဝါရောင်မှာ စွန်းခဲ့တဲ့သွေးစက်တင်ဘာမိုးနဲ့ မဖျောက်ဖျက်‌‌နိုင်"ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် (၁၉) နှစ်ပြည့် —အထွ...
18/09/2026

"ရွှေဝါရောင်မှာ စွန်းခဲ့တဲ့သွေး
စက်တင်ဘာမိုးနဲ့ မဖျောက်ဖျက်‌‌နိုင်"

ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် (၁၉) နှစ်ပြည့် —

အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့

Photo - လူမှုကွန်ရက်

#ရွှေဝါရောင်တော်လှန်ရေး
#သံဃာ့အရေးအခင်း





16/09/2026

‎Our Voice, Our Ambassador !

UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဒါလေးနှိပ်ပြီး Support လုပ်ကြမယ်။

Support လုပ်ရန်လင့် https://our-ambassador-our-voice.vercel.app/

လုပ်ဆောင်ရမည့် အဆင့်များ
၁. Link ကို နှိပ်လိုက်ပါ။
၂. "I Support" ဆိုတာကို နှိပ်ပါ။
၃. လေးထောင့် အကွက်ထဲမှာ ဦးကျော်မိုးထွန်းကို ဘာကြောင့် ထောက်ခံသလဲနဲ့ နာမည်ရေးပြီး(မရေးချင်လဲရ) "Add My Support" ကို နှိပ်ပါ။

Thank you လို့ပေါ်ရင် သင့်ရဲ့လုပ်ဆောင်ချက်အောင်မြင်ပါပြီ။

Caption Plz????
14/09/2026

Caption Plz????


“ရှင်သန်ဖို့ ရုန်းကန်ကြရမယ်”စစ်အုပ်စုစိုးမိုးနယ်မြေတွေမှာ နေထိုင်သူတွေအတွက်ပါ၊ဘာကြောင့်နေနေ အနုကြ-မ်းစီးတာ၊ ခို-းဆိုးလုယ...
11/09/2026

“ရှင်သန်ဖို့ ရုန်းကန်ကြရမယ်”

စစ်အုပ်စုစိုးမိုးနယ်မြေတွေမှာ နေထိုင်သူတွေအတွက်ပါ၊

ဘာကြောင့်နေနေ အနုကြ-မ်းစီးတာ၊ ခို-းဆိုးလုယ-က်မိုက်ကြေးခွဲတာ ခံရမယ်၊ အရေးအကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးက ပေါ်တာဆွဲ၊ လူပြန်ပေးဆွဲရောင်းစား လူကုန်ကူးခံရတာပါ၊ ဘာကြောင့်ဖြစ်ဖြစ် အကြမ်းဖက်တပ်ထဲရောက်ပြီး ရှေ့တန်းပို့ခံရရင်တော့ ရင်ဆိုင်ရမယ့် တော်လှန်ရေးအဖွဲ့တွေက ပန်းနဲ့ ပေါက်နေတာမဟုတ်ပါဘူး၊ ဂန်းနဲ့ စောင့်နေတာပါ၊ ပစတွေ သောက်သောက်လဲဿေနေတာလည်း မြင်နေ ကြားနေရတာ ဖြစ်တယ်၊ အဲဒီအချိန်မှ လက်နက်ချခွင့်၊ အလံဖြူထောင်ချိန်ရချင်မှရမယ် ဿေကြမှာများတယ်၊ ပေါ်တာပါမှ ထွက်ပြေးဖို့ဆိုတာ အကြမ်းဖ-က်ကောင်တွေကလည်း လူပါ-းဝလာပြီ မလွယ်တော့ဘူး၊ မပါအောင်လို့ သိုးတွေလို၊ ကြက်တွေလို ရှောင်ပြေးရင်း မလွတ်ရင် လည်စ-င်းခံမလား…?

၂၀၂၁ တော်လှန်ရေးအစမှာ ဝန်ထမ်းတွေကိုပြောခဲ့တယ် "ရုံးမတက်နဲ့ ရုန်းထွက်" ဆို၊ ခင်ဗျားတို့ အားလုံးအော်ခဲ့ကြတာပဲ၊ စစ်မှုထမ်းဥပဒေအစပြုတဲ့ ၂၀၂၄ နှစ်ဆန်းကတည်းက၊ "ကု-န်းမခံနဲ့ ရုန်းကန် ရုန်းထွက်" ဖို့ ကျနော်တို့ တိုက်တွန်းသတိပေးခဲ့ပါတယ်၊ အခုကတော့ ခင်ဗျားတို့ ရုန်းမထွက်လို့ ခံနေကြရပြီ၊ အကြမ်းဖက်တပ်ရဲ့ နောက်ဆုံးထွက်သက်ကို ခင်ဗျားတို့အသက်တွေနဲ့ ဆွဲဆန့်ပေးနေဦးမလား? ရုန်းကန် တွန်းလှန်ကြမလား? Survival game ကစားကြရမယ် "နိုင်ရင် အသက်ရှင်မယ် ရှုံးရင်ဿေမယ်"၊ အကြမ်းဖက်စစ်အစိုးရက သတ်မှတ်ပေးလိုက်ပြီးပြီ၊ ဘယ်ဘက်ကပါပြီး အနိုင်ယူမလည်း၊ ဒါမှမဟုတ် မြို့ပြမှာတင် ကိုယ်တိုင်ခုခံရှင်သန်မလား? ဘယ်ဘက်ကပါမလည်း ရွေးချယ်မှုက ရှင်းတယ်၊ ခင်ဗျားမပါလို့ ကျန်နေပြီ၊ ကိုယ်တိုင် ခုခံရှင်သန်နိုင်ပါတယ်၊ အရွယ်ရောက်သူတိုင်း ကျား၊မ မရွေး "မိမိစိတ်ချယုံကြည်ရသူ ဆွေမျိုးသူငယ်ချင်းခြင်း ချိတ်ဆက်ထားကြပါ၊ ကိုယ်သွားရမယ့် အလုပ်၊ ကျောင်း၊ လမ်းခရီးတွေကို ယုံကြည်ရသူချင်း အသိပေးထားပါ၊ ထွက်ချိန် ရောက်ချိန် ပြောပြဆက်သွယ်ပါ၊ လမ်းကြောင်းမှာရှိတဲ့ စိတ်ချရသူ မိတ်ဆွေသူငယ်ချင်းခြင်း ချိတ်ဆက် သတင်းဖလှယ်ပါ၊ တစုံတယောက်အန္တရာယ်ဖြစ်ရင် နီးစပ်သူကို သတင်းပို့ပါ၊ နီးစပ်သူကလည်း အဆက်အသွယ်မရတောင် ကိုယ့်သူငယ်ချင်းသွားနေတဲ့ လမ်းကြောင်းပေါ် အန္တရာယ်သတင်းရရင် နီးစပ်ရာသူငယ်ချင်းတွေ ချိတ်ဆက်ခေါ်ယူသွားကူပါ၊ ပြန်ပေး၊ ပေါ်တာဖြစ်စဥ်တွေကို အရွယ်ကောင်းလူကောင်းတွေက စိတ်ကူးကောင်းကောင်းနဲ့ ချိတ်ဆက်စုစည်းတုံ့ပြန်ပါ"၊ လူဆိုး လူမိုက်တွေက စုပြီးမတရားလုပ်တာကို၊ လူကောင်းသူကောင်းတွေက ပြန်စုပြီး ခုခံတွန်းလှန်ရတော့မယ်၊ ခင်ဗျားတို့ ရှင်သန်ခွင့်ကို ခင်ဗျားတို့ ကိုယ်တိုင်ဖန်တီးယူမှရမယ်၊ အာဏာစု-ပ်ဖု-တ်ကောင်တွေ၊ ငွေစု-ပ်ဖု-တ်ကောင်တွေကို၊ ခုခံတွန်းလှန်နိုင်မှ ခင်ဗျားတို့ ရှင်သန်ကျန်ရစ်မယ်။ ကိုဗစ်တုန်းက တို့တွေ ဘယ်လိုတွန်းလှန်ခဲ့သလည်း၊ သဘာဝဘေးတွေ ဘယ်လိုကူညီခဲ့ကြသလည်း၊ အခု ကိုယ်တိုင်အသက်ရှင်ဖို့ စုစည်းညီညွတ်စွာ မလုပ်နိုင်ဘူးလား၊ လူမသိပဲစုလို့ ရပါတယ်၊ နှစ်ယောက်က စလုပ်ကြည့်ပါ၊ ဒီအတိုင်းငြိမ်ခံနေရင် တို့နိုင်ငံရဲ့ လူကောင်း လူငယ်မျိုးဆက် ပြတ်တော့မယ်၊ "ငုံ့ခံမနေနဲ့ တွန်းလှန် ရှင်သန်ကြမယ်" အခုကစ စုစည်းညီညွတ်ပြီး ရှင်သန်ကြရအောင်၊ လူမိုက်တွေတောင် စုလို့ရရင် လူကောင်းတွေက မစုနိုင်ဘူးလား…?

တော်လှန်ရေးလုပ်ခိုင်းနေတာမဟုတ်ပါဘူး၊ ခင်ဗျားတို့ရှင်သန်ရေးအတွက်ပါ။

"စစ်အာဏာရှင်စိုးမိုးနယ်မြေက ပြည်သူတွေခင်ဗျာ.... ခင်ဗျားတို့ အန္တရာယ်ကင်းစွာ အသက်ရှင်အောင်နေပေးပါ၊ တော်လှန်ရေးရဲဘော်တွေက စစ်သုံးစစ်ကို အမြစ်ပြတ်အောင် တိုက်ပါလိမ့်မယ်"။

အရိုင်း(Y4B)





Address

Yangon

Alerts

Be the first to know and let us send you an email when Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share