Environmental Conservation Department - Yangon Region

Call Directions Website Contact the organization

Environmental Conservation Department - Yangon Region Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Environmental Conservation Department - Yangon Region, Government Organization, No. ( 10/J ), 55 th Street( Between Merchant Road and Strand Road ) Botahtaung Township, Yangon.

၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလအတွင်း (၁-၉-၂၀၂၆ ရက်နေ့မှ ၃ဝ-၉-၂၀၂၆ရက်နေ့အထိ)  ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြ...
01/10/2026

၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလအတွင်း (၁-၉-၂၀၂၆ ရက်နေ့မှ ၃ဝ-၉-၂၀၂၆ရက်နေ့အထိ) ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၉) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65)နှင့် Ambient Air Quality Monitoring Station with Housing (AQMS)၊ Environmental Perimeter Air Station (EPAS)-Haz Scanner စသည့် စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day)အထိမ်းအမှတ် အခမ်းအနားကို "ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလ...
16/09/2026

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day)အထိမ်းအမှတ် အခမ်းအနားကို "ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့ Global Action for A Cooler Planet" ဆောင်ပုဒ်ဖြင့် (၁၆-၉-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ လူငယ်စင်တာ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသူ (၃) ဦးအား ဆုများချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတွင်၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ ဗီဒီယိုနှင့် ၂၀၂၆ ခုနှစ်၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ် "ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့ Global Action for A Cooler Planet" ခေါင်းစဉ်ဖြင့် အသိပညာပေး ဗီဒီယိုပြသခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်ဆိုင်ရာ ဆွေးနွေးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်ခိုင်စိုးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဘာသာရပ် ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ လေထုအရည်အသွေး တိုင်းတာခြင်းအား လက်တွေ့သရုပ်ပြ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​​ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ကမ္ဘ...
14/09/2026

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​​ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့" ဆောင်ပုဒ်ဖြင့် အသိပညာပေးပိုစတာ စိုက်ထူထားရှိပါသည်။

နေ့စားဝန်ထမ်းများ ခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူခြင်း
04/09/2026

နေ့စားဝန်ထမ်းများ ခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူခြင်း

၂၀၂၆ ခုနှစ် ၊ ဩဂုတ်လအတွင်း (၁-၈-၂၀၂၆ ရက်နေ့မှ ၃၁-၈-၂၀၂၆ရက်နေ့အထိ)  ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်း...
03/09/2026

၂၀၂၆ ခုနှစ် ၊ ဩဂုတ်လအတွင်း (၁-၈-၂၀၂၆ ရက်နေ့မှ ၃၁-၈-၂၀၂၆ရက်နေ့အထိ) ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၉) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65)နှင့် Ambient Air Quality Monitoring Station with Housing (AQMS)၊ Environmental Perimeter Air Station (EPAS)-Haz Scanner စသည့် စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇  ဘဏ္ဍာနှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခြေခံပညာကျောင...
24/08/2026

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခြေခံပညာကျောင်းများအား ပတ်ဝန်းကျင်ဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်းပေးခြင်း၊ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပခြင်း
(၂၄-၈-၂၀၂၆) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ်၊ ဗဟိုစံပြခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ယှဉ်ပြိုင်လျှောက်ထားလာသည့် အထက်တန်းအဆင့်ကျောင်း (၁၅) ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း (၁၄) ကျောင်းနှင့် မူလတန်းအဆင့်ကျောင်း (၁၂) ကျောင်း စုစုပေါင်း ကျောင်း (၄၁) ကျောင်းအား ပတ်ဝန်းကျင်ဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်း​ပေးခြင်း၊ သန့်ရှင်း​ရေးသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း စုစုပေါင်း (၄၁) ကျောင်းအား သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူး၊ သက်ဆိုင်ရာဌာနမှ အကြီးအကဲများနှင့် အတူစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထက်တန်းအဆင့် (၁၅) ကျောင်း၊ အလယ်တန်းအဆင့် (၁၄) ကျောင်း၊ မူလတန်းအဆင့် (၁၂) ကျောင်း စုစုပေါင်း (၄၁) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ အ.ထ.က (၁) လသာကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ​ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ကြခဲ့ပါသည်။

၂၀၂၆ ခုနှစ် ၊ ဇူလိုင်လအတွင်း (၁-၇-၂၀၂၆ ရက်နေ့မှ ၃၁-၇-၂၀၂၆ရက်နေ့အထိ)  ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင...
03/08/2026

၂၀၂၆ ခုနှစ် ၊ ဇူလိုင်လအတွင်း (၁-၇-၂၀၂၆ ရက်နေ့မှ ၃၁-၇-၂၀၂၆ရက်နေ့အထိ) ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၉) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65)နှင့် Ambient Air Quality Monitoring Station with Housing (AQMS)၊ Environmental Perimeter Air Station (EPAS)-Haz Scanner စသည့် စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

၂၀၂၆ ခုနှစ် ၊ ဇွန်လအတွင်း (၁-၆-၂၀၂၆ ရက်နေ့မှ ၃၀-၆-၂၀၂၆ရက်နေ့အထိ)  ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းန...
02/07/2026

၂၀၂၆ ခုနှစ် ၊ ဇွန်လအတွင်း (၁-၆-၂၀၂၆ ရက်နေ့မှ ၃၀-၆-၂၀၂၆ရက်နေ့အထိ) ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၆) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65)နှင့် Ambient Air Quality Monitoring Station with Housing (AQMS) စသည့် စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ် အခမ်းအနားကို (၂၆-၆-၂၀၂၆) ရက်၊ နံနက် (၉:၃၀...
26/06/2026

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ် အခမ်းအနားကို (၂၆-၆-၂၀၂၆) ရက်၊ နံနက် (၉:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက အဖွင့်အမှာစကား ပြောကြားခြင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများ နေ့ အထိမ်းအမှတ် ဆောင်ပုဒ် “Cool Intelligence” “ခေတ်မီဆန်းသစ် အအေးပေးနည်းစနစ်၊ ဉာဏ်ပညာဖြင့် စွမ်းရည်မြှင့်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဗီဒီယို ပြသခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်စာအုပ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

26/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို ဂုဏ်ပြုသောအား​ဖြင့် "Cool Intelligence" "​​​ ခေတ်မီဆန်းသစ် အအေးပေးနည်းစနစ်၊ ဉာဏ်ပညာဖြင့် စွမ်းရည်မြှင့်" အကြောင်းအရာ" ဖြင့်အသိပညာပေး ဗီဒီယို တင်ပြအပ်ပါသည်။

Address

No. ( 10/J ), 55 Th Street( Between Merchant Road And Strand Road ) Botahtaung Township
Yangon

Alerts

Be the first to know and let us send you an email when Environmental Conservation Department - Yangon Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Environmental Conservation Department - Yangon Region:

Shortcuts

Share