Y-Friend

Y-Friend ခံစားမှု အချို့ကို ဖော်ပြရုံပါ

မနက်မိုးလင်းတိုင်းမြင်ချင်တာလေးတွေကိုမြင်ခွင့်ကြည့်ခွင် ထိတွေ့ခွင့်ရှုနေခြင်းကလည်းမင်္ဂလာရှိပါတယ်နော်
27/05/2020

မနက်မိုးလင်းတိုင်း
မြင်ချင်တာလေးတွေကို
မြင်ခွင့်ကြည့်ခွင် ထိတွေ့ခွင့်
ရှုနေခြင်းကလည်း
မင်္ဂလာရှိပါတယ်နော်

ဆုံတွေ့ခြင်းကိုလည်း နှစ်သက်သလိုကွဲကွာခြင်းကိုလည်းသဘောကျသူပါသည်းခံနိုင်သလောက်ပေါ့ပန်းကြွေတာထက် လေအဝေ့ကို ပိုပီးမြင်တတ်ပါတ...
20/05/2020

ဆုံတွေ့ခြင်းကိုလည်း နှစ်သက်သလို
ကွဲကွာခြင်းကိုလည်းသဘောကျသူပါ
သည်းခံနိုင်သလောက်ပေါ့
ပန်းကြွေတာထက် လေအဝေ့ကို ပိုပီးမြင်တတ်ပါတယ်

ပန်းပျိုးသူနဲ့ပန်းခူးသူ မတူနိုင်ဘူးအချို့က ပျိုးဖို့ပဲ ထိုက်တန်ပီးပန်ဆင်ဖို့ရာကျ မထိုက်တန်ဘူးလွဲသွားလဲ အရမ်းကြီး လွမ်းမေ...
08/05/2020

ပန်းပျိုးသူနဲ့
ပန်းခူးသူ မတူနိုင်ဘူး
အချို့က ပျိုးဖို့ပဲ ထိုက်တန်ပီး
ပန်ဆင်ဖို့ရာကျ မထိုက်တန်ဘူး
လွဲသွားလဲ အရမ်းကြီး လွမ်းမနေနဲ့

ခုတလောအိပ်လိုက် စားလိုက်နဲ့တော်သေးတယ်မင်းအကြောင်းတွေ ခေါင်းထဲရှိနေလို့ငါ့မှာ အဖော်ပြုနေရတာ
22/04/2020

ခုတလော
အိပ်လိုက် စားလိုက်နဲ့
တော်သေးတယ်
မင်းအကြောင်းတွေ ခေါင်းထဲရှိနေလို့
ငါ့မှာ အဖော်ပြုနေရတာ

ကျွန်တော်သိလိုက်ပါပီကျွန်တော်အပါဝင် အရက်သမားဆိုတဲ့ အမျိုးကဘယ်လောက် သောက်ရ သောက်ရ အားရတယ်မရှိဘူးဗျအဝသောက်ပီး ပြန်ရင်တောင်...
06/04/2020

ကျွန်တော်သိလိုက်ပါပီ
ကျွန်တော်အပါဝင် အရက်သမားဆိုတဲ့ အမျိုးက
ဘယ်လောက် သောက်ရ သောက်ရ အားရတယ်မရှိဘူးဗျ
အဝသောက်ပီး ပြန်ရင်တောင်
အိမ်အပြန်လမ်း တနေရာရာမှာ နောက်ဆုံးခွက်လေး
ဝင်ကစ်လိုက်ရမှ ကျေနပ်တတ်ကြတယ်ဆိုတာကိုပေါ့
!!!လွမ်းချင်းမဟုတ်!!

ချစ်တယ်ပဲ ပြောတာလေဘာလို့ လက်ထပ်ဖို့ထိ ပြောနေတာလဲအချစ်နဲ့ လက်ထပ်ခြင်း ဆိုတာ ထပ်တူကျတဲ့အရာမှ မဟုတ်တာမင်းရဲ့ အနက်ရှိုင်းဆုံး...
26/10/2019

ချစ်တယ်ပဲ ပြောတာလေ
ဘာလို့ လက်ထပ်ဖို့ထိ ပြောနေတာလဲ
အချစ်နဲ့ လက်ထပ်ခြင်း ဆိုတာ ထပ်တူကျတဲ့အရာမှ မဟုတ်တာ
မင်းရဲ့ အနက်ရှိုင်းဆုံး အသိစိတ်ကို လေ့လာဖို့ရာ
ငါ မင်းကို ချစ်တယ်လို့ပြောမှရမယ်
ငါတို့ ခံယူချက်တွေ ညှိယူနိုင်တဲ့တနေ့တော့

ကံ ကံ၏ အကျိုးလို့ပဲ ပြောပြောဘုရားသခင်၏ ဖန်ဆင်းမှုကြောင့်ပဲဆိုဆိုဒီရုပ်နဲ့ ဒီကိုယ် ကို ပိုင်ဆိုင်ခဲ့ရတယ်လုံးဝ ရွေးချယ်ခွင်...
22/09/2019

ကံ ကံ၏ အကျိုးလို့ပဲ ပြောပြော
ဘုရားသခင်၏ ဖန်ဆင်းမှုကြောင့်ပဲဆိုဆို
ဒီရုပ်နဲ့ ဒီကိုယ် ကို ပိုင်ဆိုင်ခဲ့ရတယ်
လုံးဝ ရွေးချယ်ခွင့်မရှိပဲနဲ့ပေါ့
အသားမဲလို့ပဲဖြစ်ဖြစ်
အကောင်သေးလို့ပဲဖြစ်ဖြစ်
ရူပကာက ချူချာနေလို့ပဲဖြစ်ဖြစ် ဒါက ကံအလို ဘုရားသခင်ရဲ့ ဖန်တီးမှုပါ
ဒါကြီးကိုမှ မင်းက အပြစ်လို မင်းရဲ့အားနည်းချက်လို
သတ်မှတ် ထင်မှတ်နေရင်တော့
မင်းဟာ အကြီးကြီးကိုမှားယွင်းနေတာပဲ
ကိုယ့်ကိုကိုယ် စိတ်ဒုက္ခပေးနေရာရောက်တယ်
မင်းမှာရွေးချယ်ခွင့်မရှိခဲ့တာပဲ
မင်းအမှားမှမဟုတ်ခဲ့တာ မသိမ်ငယ်ပါနဲ့
တခုပဲ
အဲ့ရုပ် အဲ့ခန္ဒာနာ မင်းအသိုင်းဝိုင်း
မင်းပတ်ဝန်းကျင် မင်းဘဝမှာ
ဘယ်လိုစိတ်ဓာတ်နဲ့အသက်ရှင်ရမလဲဆိုတာတော့
မင်းရဲ့ရွေးချယ်မှုဖြစ်သွားပီ
မင်းဘယ်လိုလူလဲဆိုတာ မင်းရဲ့ရုပ်ကမပြပဲ
မင်းရဲ့စိတ်ဓာတ်ကသာ ပြမှာပါ

ဘာဂတိမှ မတောင်းပါနဲ့ငါ့ဘက်က မပေးနိုင်သလိုမင်းဆီကလည်း မလိုချင်ဘူးနားလည်မှုတော့ ပေါပေါလောလော မင်းပိုင်ဆိုင်ရမှာပါ
24/06/2019

ဘာဂတိမှ မတောင်းပါနဲ့
ငါ့ဘက်က မပေးနိုင်သလို
မင်းဆီကလည်း မလိုချင်ဘူး
နားလည်မှုတော့ ပေါပေါလောလော မင်း
ပိုင်ဆိုင်ရမှာပါ

ဆရာမသားတို့ကို  စာသင်ပေးပါသင်ပေးတဲ့ စာတွေရဲ့ အရေးပါပုံက်ုလည်း ပြောပြပေးပါဆရာမ ပြောပြမှ စာပေရဲ့တန်ဖိုးကို သားတို့နားလည်မှ...
08/06/2019

ဆရာမ
သားတို့ကို စာသင်ပေးပါ
သင်ပေးတဲ့ စာတွေရဲ့ အရေးပါပုံက်ုလည်း ပြောပြပေးပါ
ဆရာမ ပြောပြမှ စာပေရဲ့တန်ဖိုးကို သားတို့
နားလည်မှာ မိုလို့ပါ
ပီး လောကနီတိလည်း သင်ပြစေနော်
သားတို့ဟာ အတန်းကြီးလာတာနဲ့အမီိ
စာနာစိတ်တွေ ကိုယ်ကျင့်သီလတွေ ကို့အမှားတွက် တာဝန်ယူ တာဝန်ခံမှု့တွေ လျော့နညါးသွားကြလို့ပါ
စာသင်တာပဲမဟုတ်ပဲ ဘယ်အရာမဆို ဝေဖန် ဆန်းစစ်တတ်လာအောင်လည်း သင်ပြပေးပါနော်
ခုလိုမျိုး ရှုံးနိမ့်မှုတွေ ကြုံလာရင် သားတို့မီာ ဝေဖန်ဆန်းစစ်မှု မလုပ်တတ်ပဲ အရူးတပိုင်းကြီး ဖြစ်နေလို့ပါ

30/12/2018

လူရာ၀င်တယ်ဆိုတာ (ဆရာကြီးဦးအောင်သင်း)
____________________

လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊
သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။
ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊
သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊
ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။

လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊
ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊
လ္ဘက်ရည်အတူသောက်ဖူးတယ်၊
ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊
ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊
အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊
သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။
ဒါတွေပိုအရေးပါပါတယ်။

လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။
အဲ…သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။

လူရာ၀င်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။

၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း

သူများနေရာ၀င်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။

၂။ ပတ်၀န်းကျင်ကို ၀င်ဆန့်လွယ်ခြင်း

သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ၀င်ဆန့်နိုင်တဲ့ တတ္တဝါ နေရာယူသွားတာ များပါတယ်။ လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မယှဉ်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ ရပ်တည်မူ ရှည်ကြာသွားတာပါ။

၃။ သူများ အပေါ် သဘောထားကြီးခြင်း

လူရာ၀င်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိ စည်းကမ်းကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများဖြစ်ကြပါတယ်။ လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဥာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဥာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။

၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလ်ိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကိုနည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကောင်း တွေ့ရှိစေနိုင်ပါတယ်။

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း

ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်းသာဖြစ်တယ်။

၆။ ယဉ်ကျေးခြင်း၊

ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာတာ၀န်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်၊

ရ။ မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း၊
လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။

၈။ ကျေးဇူးတင်တတ်ခြင်း၊

ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင်တော့ တိုးတက်ဖို့ အဟန့်အတားပါ။

၉ ။ အချိန်တိကျခြင်း၊
ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကိုလေးစားခြင်းဖြစ်ပါတယ်။ ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့အကျင့်မျိုးကို လူကြီးတွေက စပြုပြင်သင့်ပါတယ်။

၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊
အနိစ္စတရားဟာ သဘာ၀လည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင်ပါလိမ့်မယ်။

၁၁။ သီးခံတတ်ခြင်း၊

ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။

၁၂။ ကတိတည်ခြင်း

ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။ ။

ဆရာကြီးဦးအောင်သင်းအားလေးစားပါသည်။


ထွန်းအောင်ကျော်

Address

153 South Dagon
Yangon
66

Telephone

+959761062026

Website

Alerts

Be the first to know and let us send you an email when Y-Friend posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category