Jungle Walk

Jungle Walk A nice camping site for nature lover....

ချုပ်နှောက်ထားရတဲ့ တိလေးတွေ အကုန်လုံး ဘေးမဲ့ပေးလိုက်ပါတော့မယ်။သဘာဝအတိုင်းနေနိုင်မည့်ကလေးတွေကို သင့်တော်တဲ့ နေရာမှာလွှတ်ပ...
16/09/2023

ချုပ်နှောက်ထားရတဲ့ တိလေးတွေ အကုန်လုံး ဘေးမဲ့ပေးလိုက်ပါတော့မယ်။

သဘာဝအတိုင်းနေနိုင်မည့်ကလေးတွေကို သင့်တော်တဲ့ နေရာမှာလွှတ်ပီး လူမွေးမှအစဥ်ပြေမည့်အိမ်မွေးအမျိုးအစားတွေကို အမှန်တကယ်ကိုယ်တိုင်မွေးနိုင်သူများကိုမွေးစားခွင့်ပေးပါမည်။

ဝါသနာအရ ချစ်လို့မွေးထားပေမည့် သူတို့လေးတွေနဲ့အမြဲတူတူမနေနိုင်တော့ ဒုက္ခပေးသလိုဖြစ်ရတယ်။

ခြံထဲမှာ လူစောင့်လျှောက်စရာမလိုဘဲ နေနိုင်မည့်ကလေးတွေကို လမ်းလျှောက်တုန်းဖြတ်သွားဖြတ်လာ မြင်တွေ့ရရင်ကျေနပ်ပီ။

ဒီပုံလေးရိုက်ခဲ့ရတာနောက်ဆုံးပါလားလို့တကယ်မသိခဲ့ရတာပါ။အအေးမိနေတယ် အာရုံကြောအားနည်းနေတယ်ဆိုပီး ပြုစုနေရင်က JW လာတဲ့လူတိုင်...
11/08/2023

ဒီပုံလေးရိုက်ခဲ့ရတာနောက်ဆုံးပါလားလို့တကယ်မသိခဲ့ရတာပါ။
အအေးမိနေတယ် အာရုံကြောအားနည်းနေတယ်ဆိုပီး ပြုစုနေရင်က JW လာတဲ့လူတိုင်းရဲ့အချစ်တော် ဗိုက်ပူလေး ဒီနေ့မနက် 6:17 AM မှာ ဘဝတပါးကူးသွားပါပြီ။

ငါ့သားအတွက်ငါမငိုဘူး မင်းနောက်ဘဝလူဖြစ်မှာပါကွာ။

ဂိုင်းချုပ် ဇိုးနှစ်ကောင် ချစ်ကြည်ရေးရသွားသောအခါ လူတွေအမွှေးပြောင်ပီပဲ 😅
10/08/2023

ဂိုင်းချုပ် ဇိုးနှစ်ကောင် ချစ်ကြည်ရေးရသွားသောအခါ လူတွေအမွှေးပြောင်ပီပဲ 😅

အကောင်ထိန်းလုပ်ချင်သူ တစ်ယောက်အလုပ်ခေါ်နေပါတယ်ခင်ဗျာ။ဝါသနာပါပြီး အမှန်တကယ် အကောင်လေးတွေကိုတာဝန်ယူမှု ရှိပီး ချစ်တတ်သူဖြစ...
04/08/2023

အကောင်ထိန်းလုပ်ချင်သူ တစ်ယောက်အလုပ်ခေါ်နေပါတယ်ခင်ဗျာ။

ဝါသနာပါပြီး အမှန်တကယ် အကောင်လေးတွေကိုတာဝန်ယူမှု ရှိပီး ချစ်တတ်သူဖြစ်ရပါမယ်။ ( အကောင်လေးတွေထိန်းသိမ်းမှုနှင့်လက်တွေ့စစ်ဆေးမှု Practical exam ကျွန်တော်နှငိ့အတူ ခြံထဲမှာ တစ်ပတ်နေပီး Exam ရှိပါမယ်)

ချစ်လို့မွေးထားတာဖြစ်တဲ့အတွက် အမှန်တကယ် အကောင်လေးတွေနဲ့နေနိုင်ပီး စောင့်ရှောက်နိုင်သူဖြစ်ဖို့အရေးကြီးပါတယ်။

ကိုယ်တိုင်စီမန်ခန့်ခွဲနိုင်ပီး လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ အကြောင်းကြားနိုင်ရပါမည်။ ( အမြဲလိုက်ပြောနေမှာမဟုတ်တဲ့အတွက် ကိုယ်တိုင် တာဝန်ယူတတ်သူဖြစ်ဖို့လိုပါမယ်။)

Jungle Walk မှာ နေထိုင်နိုင်သူဖြစ်ရမည်။ ခွင့်ရက်များကိုကြိုတင်အကြောင်းကြားပီး Admin နှင့်လူချိန်းစောင့်​ရှောက်ရမှာဖြစ်တဲ့အတွက် ခွင့်ခနခနယူ၍မရပါ။

အရက်သေစာ နေစဥ် သောက်စားသူမဖြစ်ရပါ။

နေစရိတ်စားစရိတ်ငြိမ်းစီစဥ်ပေးပါမည်။ ( နေစရာ တိုင်ခန်းတစ်ခန်း 2 ယောက်နေရမှာဖြစ်ပီး စားစရိတ်အတွက် ကုန်ကျစရိတ် တင်ပြပီး ကြိုက်ရာ ဝယ်ယူနိုင်အောင်စီစဥ်ပေးထားပါမည်)

အခြေခံလစာ တစ်ခု ရှိမှာဖြစ်ပီး မိမိလုပ်ဆောင်ချက်အတိုင်း Bonus အနေဖြင့်ရမှာဖြစ်ပါတယ်။ ( အမှန်တကယ် စွမ်းဆောင်နိုင်သူဖြစ်ပါက Jungle Farm Share တစ်ခုအနေနှင့်ပေးထားမှာပါ)

ခြံထဲတွင်အလုပ်လုပ်စဥ် ကျန်းမာရေး လိုအပ်ချက်များ အတွက် ချိတ်ဆက်ထားသောဆရာဝန်ဆီတွင်အခမဲ့ ဆေးကုသစရိတ်ပေးထားမှာဖြစ်ပါတယ်။

***
အကောင်လေးတွေအသက်နှင့်သက်ဆိုင်သောကြောင့် အမှန်တကယ် ဝါသနာပါပြီး စောင့်ရှောက်နိုင်မှ လျှောက်ထားစေလိုပါတယ်ခင်ဗျာ။

***

09771419401 Viber or CB မှ CV လေးပို့ပီး ခံစားခွင့်များ စိတ်ကူးများ တာဝန်ယူနိုင်မှုများအတွက် အသေးစိတ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Edit: လူရသွားပါပြီခင်ဗျာ စိတ်ဝင်စားသူများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။

23/06/2023

များများသိအောင် ကူညီပေးကြပါဦး။
ထိန်းသိမ်းစောင့်ရှောက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။
သူတို့လေးတွေအသက်ရှင်ပီး ကောင်းကောင်းမွန်မွန်နေရအောင် ဝိုင်းဝန်းကြိုးစားကြပါစို့။



https://fb.watch/llBwVLtcYr/?mibextid=Nif5oz

ခြံထဲသဘာဝအတိုင်းလွှတ်ထားတဲ့ လိပ်တွေ ဘယ်တုန်းကဥလဲတော့မသိ ပိစိတွေထွက်လာခါမှ လိုက်ကောက်ရတာ ပျော်စရာ။ 😍
07/06/2023

ခြံထဲသဘာဝအတိုင်းလွှတ်ထားတဲ့ လိပ်တွေ ဘယ်တုန်းကဥလဲတော့မသိ ပိစိတွေထွက်လာခါမှ လိုက်ကောက်ရတာ ပျော်စရာ။ 😍

07/06/2023

Powerline ကို မြေကြီးပေါ်ကသွားမိတာ လူတွေကိစ္စ ဆော့ဖို့ကမျောက်မျောက်တို့အလုပ် 😒

မျက်လုံး မျက်ခုံးတွေက ရှက်ပြုံးလေးတွေနဲ့။
19/05/2023

မျက်လုံး မျက်ခုံးတွေက ရှက်ပြုံးလေးတွေနဲ့။

JW မှာ လွတ်လပ်စွာသွားလာခွင့် Visa ပိတ်ခံထားရသော အမှုသည်များ။ အမှု 1: ကြက်ဥ ခိုးမှု။အမှု 2: သေချာသိမ်းထားသော စာရွက်စာတမ်း...
18/05/2023

JW မှာ လွတ်လပ်စွာသွားလာခွင့် Visa ပိတ်ခံထားရသော အမှုသည်များ။

အမှု 1: ကြက်ဥ ခိုးမှု။
အမှု 2: သေချာသိမ်းထားသော စာရွက်စာတမ်း မှတ်ပုံတင်ကအစ ဖြဲမှု။
အမှု 3: ရွာထဲမှအိမ်များအား ထမင်းငတ်သည်ထိ အိုးလှန်မှု။
အမှု 4: ကလေးတွေ မိန်းခလေးတွေ ဆံပင်ဆွဲမှု။
အမှု 5: ကြက်အစ လိပ်အဆုံး မြင်းဖင်ပါမချန် နှိုက်မှု။

ဒီမျက်လုံးတွေကြောင့် တောထဲနေရတဲ့ဘဝလေး ကျေနပ်နေရတာ။😍
15/05/2023

ဒီမျက်လုံးတွေကြောင့် တောထဲနေရတဲ့ဘဝလေး ကျေနပ်နေရတာ။😍

Farm Worker 2 ဦး အလိုရှိပါတယ်ခင်ဗျာ။စိုက်ပျိုးမွေးမြူရေးအတွေ့အကြုံရှိပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိသူဦးစားပေးမည်။Jungl...
18/04/2023

Farm Worker 2 ဦး အလိုရှိပါတယ်ခင်ဗျာ။

စိုက်ပျိုးမွေးမြူရေးအတွေ့အကြုံရှိပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိသူဦးစားပေးမည်။

Jungle Walk မှာနေနိုင်သူဖြစ်ရမည်။ နေ့စဥ် Viber မှာတစ်ရက်တာလုပ်ဆောင်မှု့များပို့ပေးရမည်။

နေစရိတ် စားစရိတ်ငြိမ်းဖြစ်ပီး ခန့်မှန်းလစာနှင့် မိမိ အချက်အလက်များ 09771419401 Viber သို့ လျှောက်ထားနိုင်ပါသည်။

16/04/2023

Under Water က Bro Mone Chang နဲ့ခပ်ချောချောအကိုကြီးတွေ တစ်ဖွဲ့လုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အချိန်ရရင်လာခဲ့ဦးနော် လမ်းလျောက်ဖို့တွေကျန်သေးတယ် 😁

Address

32. 6 Miles
Yangon
C9CC+87

Telephone

+959771419401

Website

Alerts

Be the first to know and let us send you an email when Jungle Walk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share