People's Party - Shwe Pyi Thar Township

People's Party - Shwe Pyi Thar Township Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from People's Party - Shwe Pyi Thar Township, Political Party, Yangon.

လူငယ်များ၏ ဒစ်ဂျစ်တယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင...
14/06/2026

လူငယ်များ၏ ဒစ်ဂျစ်တယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပ

ရွှေပြည်သာမြို့နယ်၊ ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်

လူငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချနိုင်စွမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန် ရည်ရွယ်၍ ပြည်သူ့ပါတီမှ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွန်ပျူတာသင်တန်းကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ နှစ်လတာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး လူငယ်များ၏ အခြေခံကွန်ပျူတာ အသုံးပြုနိုင်စွမ်း၊ ရုံးလုပ်ငန်းဆိုင်ရာ ဆော့ဖ်ဝဲအသုံးပြုနိုင်မှုနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အခြေခံဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်သူ့ပါတီ၊ ရွှေပြည်သာမြို့နယ်ဥက္ကဋ္ဌ ဦးသက်မင်းဦး (သင်တန်းနည်းပြ) နှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်သူ့ပါတီဗဟိုမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် အခမ်းအနားသို့ ရွှေပြည်သာမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မြို့နယ်ဥက္ကဋ္ဌ၊ တောင်သူလယ်သမားပါတီ မြို့နယ်ဥက္ကဋ္ဌ၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ခရိုင်ဥက္ကဋ္ဌနှင့် မြို့နယ်အလုပ်အမှုဆောင်များ တက်ရောက်၍ သင်တန်းဆင်းသူများအား ဂုဏ်ပြုအားပေးခဲ့ကြသည်။

📚 ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက်ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်စေရေးနှင့် အကြောင်းအမျ...
22/05/2026

📚 ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက်
ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူရန် အခက်အခဲရှိနေသော ကျောင်းပြင်ပရောက် ကျောင်းသူ၊ ကျောင်းသားများ (မူလတန်းဆင့်နှင့် အလယ်တန်းဆင့်) ကျောင်းသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ရွှေပြည်သာမြို့နယ် ပညာရေးမှူးရုံး၊ သက်ဆိုင်ရာကျောင်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ပြည်သူ့ပါတီ (ရွှေပြည်သာမြို့နယ်) တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၂၁.၅.၂၀၂၆) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသော ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ “ကျောင်းပြင်ပရောက် ကလေးများ ကျောင်းသို့ ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်)” ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူ့ပါတီ (ရွှေပြည်သာမြို့နယ်) မှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များက ရွှေပြည်သာမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါ အထူးအစီအစဉ်မှတစ်ဆင့် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်မသင်ကြားနိုင်သော ကျောင်းသူ/ကျောင်းသားများအား ရာနှုန်းပြည့်နီးပါး ကျောင်းပြန်လည်အပ်နှံနိုင်ရေး၊ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးတို့ကို အလေးထား ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် သိရှိလိုသော အချက်အလက်များ၊ လိုအပ်သော အကူအညီများကို ရင်းနှီးပွင့်လင်းစွာ ဆက်သွယ်မေးမြန်းနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

#ဆက်သွယ်ရန်လိပ်စာ
ပြည်သူ့ပါတီ (ရွှေပြည်သာမြို့နယ်)
၁၁၂/က၊ ဇော်ဂျီလမ်း၊ ၆/၉ ရပ်ကွက်
ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
#ဆက်သွယ်ရန်ဖုန်းနံပါတ်
09756038194, 09420098708, 09458129032, 09794787797

“ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းသူ/ကျောင်းသားများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေးအတွက် ပြည်သူလူထုနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားပါမည်။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၈) မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်ရုံးဖွင့်ပွဲ (မှော်ဘီမြို့နယ်) အခမ်းအနားကို ၂၀၂၆ ခုနှစ်...
21/05/2026

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၈) မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်ရုံးဖွင့်ပွဲ (မှော်ဘီမြို့နယ်) အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ (၂၁)ရက်၊ ကြာသပတေးနေ့တွင် ပြည်သူ့ပါတီ၊ ဗဟိုဥက္ကဌ-ဦးဖေသက်၊ အတွင်းရေမှူး-ဦးကျော်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရုံးခန်းဆိုင်းဘုတ်ကို အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို ပြည်သူ့ပါတီ (ရွှေပြည်သာမြို့နယ်) ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့မှ တက်ရောက်အားပေးခဲ့ပါသည်။

#ပြည်သူ့ပါတီ
#ရွှေပြည်သာမြို့နယ်

၂၀၂၆ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တတိယအကြိမ်ပုံမှန်အစည်းအဝေး (တတိယနေ့) ရန်ကုန်တိုင်းဒေသကြီးလွ...
09/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တတိယအကြိမ်ပုံမှန်အစည်းအဝေး
(တတိယနေ့) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ရေးရာကော်မတီများကို စတင်ဖွဲ့စည်းရာတွင် ကော်မတီ (၁၀) ခုရှိသည့်အနက် ''ပြည်သူ့ပါတီ'' မှ -

၁။ ဥပဒေကြမ်းကော်မတီတွင် ဦးကျော်မင်းထွန်း (မဲဆန္ဒနယ်အမှတ်-၆၊ လှည်းကူးမြို့နယ်)

၂။ ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွါးရေးဆိုင်ရာကော်မတီတွင် ဦးအောင်ခိုင်ဦး (မဲဆန္ဒနယ်အမှတ်-၁၊ အလုံမြို့နယ်)

၃။ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များ၊ တာဝန်ခံချက်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီတွင် ဦးသော်တာ (မဲဆန္ဒနယ်အမှတ်-၂၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်)

၄။ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ရေးကော်မတီတွင် ဦးဝေယံပိုင် (မဲဆန္ဒနယ်အမှတ်-၄၊ မင်္ဂလာတောင်ညွန့်မြို့နယ်)

၅။ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေး ကော်မတီတွင် ဦးကျော်လင်း (မဲဆန္ဒနယ်အမှတ်-၁၊ ကမာရွတ်မြို့နယ်)

၆။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် ကျေးလက်ဆိုင်ရာကော်မတီတွင် ဦးလှဌေး (မဲဆန္ဒနယ်အမှတ်-၄၊ သုံးခွမြို့နယ်)

၇။ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာကော်မတီတွင် ဒေါ်စန္ဒာဝင်း (မဲဆန္ဒနယ်အမှတ်-၃၊ ကွမ်းခြံကုန်းမြို့နယ်) တို့ ပါဝင်ခဲ့ခြင်းအပေါ် ''ပြည်သူ့ပါတီ (ရွှေပြည်သာမြို့နယ်)'' အလုပ်အမှူဆောင်များမှ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

#ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ_ရွှေပြည်သာမြို့နယ်
#ပြည်သူအတွက်_ပြည်သူ့ပါတီ

ပြည်သူ့ပါတီ(ရွှေပြည်သာမြို့နယ်)၊ ပါတီဝင်များ စု​ပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၆) ရက်​ (တနင်္လါနေ့) တွင် ​ရွှေပြည်သာမြို့နယ...
06/04/2026

ပြည်သူ့ပါတီ(ရွှေပြည်သာမြို့နယ်)၊ ပါတီဝင်များ စု​ပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၆) ရက်​ (တနင်္လါနေ့) တွင် ​ရွှေပြည်သာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီကို တန်းစီဝယ်ယူ​နေကြ​သော မိဘပြည်သူများ၊ ခရီးသွားပြည်သူများကို ဖရဲသီးဖျော်ရည်များ သွား​ရောက်လှူဒါန်းခဲ့ကြပါသည်။

#ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ_ရွှေပြည်သာမြို့နယ်

ပြည်သူ့ပါတီ (ဗဟိုအမျိုးသမီးနှင့်က​လေးသူငယ်​ရေးရာ​ကော်မတီဝင်များ)၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ပါတီတာဝန်ရှိသူများနှင့် ပါတီ...
05/04/2026

ပြည်သူ့ပါတီ (ဗဟိုအမျိုးသမီးနှင့်က​လေးသူငယ်​ရေးရာ​ကော်မတီဝင်များ)၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ပါတီတာဝန်ရှိသူများနှင့် ပါတီဝင်များ စု​ပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၅) ရက်​ (တနင်္ဂ​နွေ​နေ့)တွင် ​ရွှေပြည်သာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီကို တန်းစီဝယ်ယူ​နေကြ​သော မိဘပြည်သူများအား ​သောက်​ရေသန့်ဘူးများနှင့် Royal-D ဓာတ်ဆားထုပ်များ သွား​ရောက်လှူဒါန်းခဲ့ကြပါသည်။

#ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ_ရွှေပြည်သာမြို့နယ်

ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်နှင့်စာအောင်သံဃာ၊ သီလရှင်များအား ဆုချီးမြှင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ...
21/03/2026

ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်နှင့်
စာအောင်သံဃာ၊ သီလရှင်များအား ဆုချီးမြှင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ၂၀၂၆ခုနှစ်၊ မတ်လ (၂၁)ရက်နေ့တွင် ''ပြည်သူ့ပါတီ (ရွှေပြည်သာမြို့နယ်)'' မှ တက်ရောက်ခဲ့ပြီး ကြက်သွန်နီ၊ ဆား၊ ဖယောင်းတိုင်၊ ဝတ္ထုငွေ တို့ကို (၅၂၀,၈၀၀) ကျပ်တိတိ လှူဒါန်းခဲ့ပါသည်။

#ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ_ရွှေပြည်သာမြို့နယ်

အနာဂတ်အလင်းရောင်ယဥ်ကျေးလိမ္မာ ဓမ္မစင်တာ ဖောင်ဒေးရှင် (ဗဟို) မိဘဂုဏ်ရည်ကျောင်းတိုက်နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ သင်တန်းဖ...
20/03/2026

အနာဂတ်အလင်းရောင်ယဥ်ကျေးလိမ္မာ
ဓမ္မစင်တာ ဖောင်ဒေးရှင် (ဗဟို)
မိဘဂုဏ်ရည်ကျောင်းတိုက်
နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ''ပြည်သူ့ပါတီ(ရွှေပြည်သာမြို့နယ်) မှ တက်ရောက်အားပေးခဲ့ပြီး အလှူငွေ ၁သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

#ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ_ရွှေပြည်သာမြို့နယ်

Address

Yangon
11411

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when People's Party - Shwe Pyi Thar Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share