Amigos International Co., Ltd- Survey and Laboratory Testing Instruments

  • Home
  • Myanmar
  • Yangon
  • Amigos International Co., Ltd- Survey and Laboratory Testing Instruments
Call Directions Website Contact the organization

Amigos International Co., Ltd- Survey and Laboratory Testing Instruments Land Surveying, Material Testing, Laboratory & Scientific Instruments

"အမှားမခံတဲ့ တိုင်းတာရေးလုပ်ငန်းတွေအတွက် တိကျမှန်ကန်တဲ့ Measuring Tools များ" ဂျပန်နိုင်ငံရဲ့ ထိပ်တန်း Brand (၂) ခုဖြစ်တ...
15/10/2026

"အမှားမခံတဲ့ တိုင်းတာရေးလုပ်ငန်းတွေအတွက် တိကျမှန်ကန်တဲ့ Measuring Tools များ"

ဂျပန်နိုင်ငံရဲ့ ထိပ်တန်း Brand (၂) ခုဖြစ်တဲ့ Niigata Seiki (SK) နဲ့ Shinwa တို့ရဲ့ အကောင်းဆုံး တိုင်းတာရေးပစ္စည်းများကို တစ်နေရာတည်းမှာ စုံစုံလင်လင် လေ့လာဝယ်ယူနိုင်ပါပြီ။

လုပ်ငန်းခွင်အမျိုးအစားအလိုက် လိုအပ်ချက်ဟူသမျှကို တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မည့် ဂျပန်နည်းပညာမြင့် Measuring Tools များမှာ -

1. Squares & Protractors (ထောင့်တိုင်းကိရိယာများ) - လုပ်ငန်းခွင်မှာ အသုံးအများဆုံး Carpenter Square (ထောင့်မှန်)၊ Miter Square၊ Sliding Bevel (ထောင့်ချိုး) နဲ့ Protractor (ဒီဂရီတိုင်း) အမျိုးမျိုး။

2. Precision Digital Calipers (အနုစိတ်တိုင်း Caliper များ) - Niigata Seiki (SK) နဲ့ Shinwa တို့ရဲ့ 0.01mm အထိ အတိအကျတိုင်းတာပေးနိုင်တဲ့ Digital Vernier Caliper မော်ဒယ်မျိုးစုံ။

3. Levels & Angle Meters (ရေချိန်နှင့် ဒီဂရီတိုင်းကိရိယာများ) - သံလိုက်ရေချိန်၊ Digital Angle Meter နဲ့ Slope (အစောင်း) တိုင်း Blue Slant ကိရိယာများ။

4. Gauges & Checking Tools (အနုစိတ် ချိန်ညှိတိုင်းတာရေး ကိရိယာများ) - ဝက်အူရစ်တိုင်း Pitch Gauge၊ ကွာဟချက်တိုင်းတာတဲ့ Feeler Gauge၊ အပေါက်အကျယ်တိုင်း Taper Gauge နဲ့ အကွေးအကောက် ပုံဖော်တဲ့ Profile Gauge များ။

5. Magnifiers & Dial Gauges (မှန်ဘီလူးနှင့် ဒိုင်ခွက်ပြ ကိရိယာများ) - အသေးစိတ် လက်ရာတွေကို အနီးကပ် စစ်ဆေးနိုင်မယ့် LED Loupe၊ Pocket Magnifier နဲ့ တိကျမှုစစ်ဆေးတဲ့ Dial Gauge များ။

6. Marking & Layout Tools (နေရာချ၊ မှတ်သားရေး ကိရိယာများ) Drill မဖောက်ခင် ပွိုင့်ထောက်ဖို့ Auto Punch နဲ့ မျဉ်းဆွဲနေရာချဖို့ Layout Gauge များ။

💠 Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 400 980 831, 09 443 087 709

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 421 169 397, 067 343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09 261 995 039, 09 400 980 826, 09 250 678 506

Room No.(A-16), Taunggyi - Hopong Main Road, Thit Taw Ward, Thit Taw Gate Light Truck Bus Station, Taunggyi.
09 262 620 977







"Accurate Measuring Tools for Error-Free Measurement Work"

Good news for those who prefer authentic Japanese quality! You can now explore and purchase a comprehensive selection of top-tier measuring tools from two of Japan's leading brands: Niigata Seiki (SK) and Shinwa, all in one place.

These high-tech Japanese measuring tools are fully equipped to meet all your specific workplace requirements under one roof:

✅Squares & Protractors✅

The most commonly used workplace tools, including various types of Carpenter Squares, Miter Squares, Sliding Bevels, and Protractors.

✅Precision Digital Calipers✅

A wide range of Digital Vernier Caliper models from Niigata Seiki (SK) and Shinwa that deliver precise measurements down to 0.01 mm.

✅Levels & Angle Meters✅

Magnetic Spirit Levels, Digital Angle Meters, and Blue Slant tools for slope measurement.

✅Gauges & Checking Tools✅

Pitch Gauges for thread measurement, Feeler Gauges for measuring gaps, Taper Gauges for hole diameters, and Profile Gauges for capturing contours.

✅Magnifiers & Dial Gauges✅

LED Loupes and Pocket Magnifiers for close-up inspection of fine details, alongside Dial Gauges for accuracy testing.

✅Marking & Layout Tools✅

Auto Punches for center-pointing before drilling, and Layout Gauges for scribing and layout work.

“သုတေသနနှင့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများအတွက် မရှိမဖြစ် BIOBASE အမှတ်တံဆိပ် DM0412P PRP Centrifuge”PRP Centrifuge သည် ...
13/10/2026

“သုတေသနနှင့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများအတွက် မရှိမဖြစ် BIOBASE အမှတ်တံဆိပ် DM0412P PRP Centrifuge”

PRP Centrifuge သည် အလှအပဆိုင်ရာ အရေပြား/ဆံပင် ကုထုံးများ၊ သွားနှင့် ခံတွင်း ခွဲစိတ်မှုများ၊ အရိုးအဆစ် နာကျင်မှု ကုသခြင်းများနှင့် ဆေးဘက်ဆိုင်ရာ သုတေသန (Research Labs) နယ်ပယ်တို့တွင် High-Yield PRP/PRF ခွဲထုတ်ရန် အဓိက အသုံးဝင်ပါသည်။

ဘာကြောင့် BIOBASE DM0412P ကို ရွေးချယ်သင့်သလဲ?

🔸 ခလုတ်တစ်ချက် နှိပ်ရုံဖြင့် PRP, PRF နှင့် CGF နယ်ပယ်အလိုက် လိုအပ်သော Pre-set Setting များကို အလွယ်တကူ ရွေးချယ်နိုင်ခြင်း။

🔸 မိမိတို့လိုအပ်တဲ့ စမ်းသပ်မှုပုံစံအတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ဖို့အတွက် လည်ပတ်နှုန်းကို 300 ကနေ 4,500 rpm အထိ (10 rpm စီ အတိုးအလျှော့လုပ်နိုင်) ပြီး Max. RCF 2,490 × g အထိ စိတ်ကြိုက်ချိန်ညှိ အသုံးပြု နိုင်ခြင်း။

🔸 ကာဗွန်တုံး လဲလှယ်ရန်မလိုသည့် မော်တာကို အသုံးပြုထားပြီး လည်ပတ်ချိန်တွင် ဆူညံသံ (≤ 56dB) အလွန်နည်းပါးခြင်း။

🔸 လည်ပတ်နေစဉ် အဖုံး အလိုအလျောက် ပိတ်ထားပေးပြီး လည်ပတ်ပြီးချိန်တွင် Auto ဖွင့်ပေးသဖြင့် Sample များ အပူလွန်ကဲခြင်းမှ ကာကွယ်ပေးခြင်း။

🔸 10ml / 7ml / 5ml Tubes (၁၂) ချောင်း သို့မဟုတ် 15ml Conical Tubes (၈) ချောင်း တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ခြင်း။

💠 Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 400 980 820, 09 772 393 376

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 421 169 397, 067 343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09 261 995 039, 09 400 980 826, 09 250 678 506

Room No.(A-16), Taunggyi - Hopong Main Road, Thit Taw Ward, Thit Taw Gate Light Truck Bus Station, Taunggyi.
09 262 620 977







“Essential BIOBASE Brand DM0412P PRP Centrifuge for Research and Medical Laboratories”The PRP Centrifuge is primarily used for separating high-yield PRP/PRF in aesthetic skin and hair treatments, dental surgeries, orthopedic pain management, and medical research laboratories.

Why Choose the BIOBASE DM0412P?

🔸 One-Touch Pre-sets: Easily select the required pre-set settings for PRP, PRF, and CGF applications with just a single button press.
🔸 Precise Speed Control: Customize the rotation speed from 300 to 4,500 rpm (with 10 rpm increments/decrements) and achieve a Max. RCF of up to 2,490 $\times$ g to precisely match your experimental requirements.
🔸 Quiet & Maintenance-Free: Features a maintenance-free brushless motor (no carbon brush replacement required) with exceptionally low operational noise ($\le 56\text{ dB}$).
🔸 Advanced Lid Management: The lid automatically locks during operation and opens automatically upon completion, preventing samples from overheating.
🔸 Versatile Capacity: Accommodates up to twelve (12) 10ml / 7ml / 5ml tubes or eight (8) 15ml conical tubes simultaneously.

“ခေတ်မီမြေတိုင်းလုပ်ငန်းခွင်များအတွက် အကောင်းဆုံး Leica CS35 Field Controller ” ✅ ခေတ်မီဆန်းသစ်သော မြေတိုင်းနည်းပညာများန...
12/10/2026

“ခေတ်မီမြေတိုင်းလုပ်ငန်းခွင်များအတွက် အကောင်းဆုံး Leica CS35 Field Controller ”

✅ ခေတ်မီဆန်းသစ်သော မြေတိုင်းနည်းပညာများနှင့်အတူ ကွင်းဆင်းလုပ်ငန်းခွင်များ၏ လိုအပ်ချက်များ သည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မား လာလျက်ရှိပါသည်။

✅ မိမိတို့အသုံးပြုနေသော Field Controller သည် လုပ်ငန်းခွင်၏ လိုအပ်ချက်ကို ပြည့်မီစွာ ထောက်ပံ့ပေး နိုင်ခြင်း မရှိပါက တိကျမြန်ဆန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ခဲယဉ်းလှပါသည်။

✅ အထူးသဖြင့် ကွင်းဆင်းဒေတာ ကောက်ယူရာတွင် 3D Models များနှင့် Point Clouds ကဲ့သို့သော ကြီးမားထုထည်ရှိသည့် ဒေတာများကို ပုံရိပ်အကျယ်ဖြင့် အသေးစိတ်ကြည့်ရှုရန် လိုအပ်သည့်အခါမျိုး၌ မျက်နှာပြင်ကျဉ်းမြောင်းလွန်းခြင်းနှင့် စက်လေးခြင်းတို့က အချိန်ကြန့်ကြာမှုကို ဖြစ်စေတတ်ပါသည်။ ထို့ပြင် ဆိုးရွားပြင်းထန်သည့် ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများတွင် ကိရိယာများ အကြမ်းမခံ ခြင်းက မြေတိုင်းပညာရှင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကိုပါ သိသာစွာ ကျဆင်းစေတတ်ပါသည်။

✅ ကမ္ဘာ့ထိပ်တန်း Leica Geosystems မှ ထုတ်လုပ်ထားသော Leica CS35 Field Controller သည် ထိုကဲ့သို့သော စိန်ခေါ်မှုများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားသည့် High-speed Rugged Tablet အမျိုးအစား ဖြစ်ပါသည်။

✅ နေရောင်အောက်တွင် ပုံရိပ်များ မှေးမှိန်သွားခြင်းမရှိဘဲ 3D ဒေတာများနှင့် ပုံရိပ်များကို အသေးစိတ် ရှင်းလင်းစွာ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။

✅ ရုံးခန်းသုံး ကွန်ပျူတာတစ်လုံးကဲ့သို့ အဆင့်မြင့် စွမ်းဆောင်ရည်ရှိတာကြောင့် ကြီးမားထုထည်ရှိတဲ့ ဒေတာတွေကိုပါ ကွင်းဆင်းလုပ်ငန်းခွင်အတွင်းမှာတင် မြန်ဆန်သွက်လက်စွာ တွက်ချက် စီမံနိုင်ခြင်း။

✅ IP65 အဆင့်ရှိတာကြောင့် ဆိုးရွားသော ရာသီဥတု၊ ဖုန်နှင့် ရေငွေ့ဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်ပြီး မည်မျှပင် ကြမ်းတမ်းသော လုပ်ငန်းခွင်မျိုးတွင်မဆို စွမ်းဆောင်ရည်အပြည့်ဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း။

💠 Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 753 340 757, 09 443 087 709

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 421 169 397, 067 343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09 261 995 039, 09 400 980 826, 09 250 678 506

Room No.(A-16), Taunggyi - Hopong Main Road, Thit Taw Ward, Thit Taw Gate Light Truck Bus Station, Taunggyi.
09 262 620 977







“The Best Leica CS35 Field Controller for Modern Surveying Workplaces”

✅ With modern surveying technologies, the demands of field operations are increasing day by day.

✅ If the field controller you are currently using cannot adequately support operational requirements, making accurate and prompt decisions becomes quite difficult.

✅ Especially when capturing field data, if there is a need to view large-scale data such as 3D models and point clouds in high resolution and detail, narrow screen sizes and device lagging can cause significant time delays. Furthermore, a lack of durability in severe weather and environmental conditions can noticeably reduce the productivity of surveying professionals.

✅ Manufactured by Leica Geosystems, a world leader, the Leica CS35 Field Controller is a high-speed rugged tablet designed specifically to best address such challenges.

✅ Ability to view 3D data and images in detailed clarity under sunlight without the display fading or washing out.

✅ Featuring advanced performance comparable to an office computer, it allows you to quickly and smoothly calculate and manage heavy data right within the field workspace.

✅ With an IP65 rating, it resists severe weather, dust, and moisture, enabling you to use it with full confidence and high performance in no matter how harsh the work environment may be.

မြေထု ညစ်ညမ်းမှု(Soil Pollution)✅ မြေထု ညစ်ညမ်းမှု(Soil Pollution) ဆိုသည်မှာ မြေသားထဲကိုရောက်လာတဲ့ ပစ္စည်းတွေကြောင့် မြေ...
11/10/2026

မြေထု ညစ်ညမ်းမှု(Soil Pollution)

✅ မြေထု ညစ်ညမ်းမှု(Soil Pollution) ဆိုသည်မှာ မြေသားထဲကိုရောက်လာတဲ့ ပစ္စည်းတွေကြောင့် မြေသားရဲ့ ရှိသင့်ရှိထိုက်တဲ့ မြေအရည်အသွေးကျဆင်းလာခြင်းကို ဆိုလိုပါသည်။ မြေအလွှာများထဲသို့ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သို့မဟုတ် အဆိပ်အတောက်များ ဝင်ရောက်ပြီးအဏုဇီဝ သက်ရှိတွေ ကိုလည်း ပျက်စီးစေပါသည်။

✅ မြေဆီလွှာဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံတွင် တစ်နေရာနှင့်တစ်နေရာ အထူအပါးမတူဘဲ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ ဖုံးလွှမ်းနေသော မြေလွှာတစ်ခုဖြစ်သည်။ မြေဆီလွှာမရှိပါက အသီးအနှံများ ဖြစ်ထွန်းမလာနိုင်သလို၊ အသီးအနှံကို မှီခိုစားသောက်နေသော သက်ရှိသတ္တဝါများလည်း အသက်ရှင်နေရန် မဖြစ်နိုင်တော့ပေ။

✅ မြေဆီလွှာပျက်စီး ဆုံးရှုံးရခြင်းတွင် အကြောင်းရင်းအမျိုးမျိုး ရှိပါသည်။ အဓိကအကြောင်းရင်းများမှာ သစ်တောများပြုန်းတီးခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ စားကျက်အလွန်အကျွံ လွှတ်ကျောင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ ချဲ့ထွင်ခြင်း၊ ရွှေ၊ ကျောက်မီးသွေးနှင့် ဓာတ်သတ္တုအမျိုးမျိုး တူးဖော်ထုတ်လုပ် ခြင်း၊ သစ်တောမြေမှ အခြားအသုံးချမှုသို့ ပြောင်းလဲခြင်း၊ စိုက်ပျိုးရေးနည်းစနစ် များမမှန်ကန်ခြင်း၊ ရေနှင့် လေတိုက်စားခြင်း၊ မြေချဉ်ခြင်းနှင့် မြေဆီလွှာညစ်ညမ်းခြင်း စသည့်အကြောင်း များဖြစ်ပါသည်။

✅ ပဋိဇီဝဆေးများကို စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တွင်ကျယ်စွာအသုံးပြုသော်လည်း ၎င်းတို့သည် ပတ်ဝန်းကျင်သို့ ထုတ်လွှတ်ပြီး မြေဆီလွှာအတွင်းပျံ့နှံ့ကာ ခံနိုင်ရည်ရှိသော ဘက်တီးရီးယား များ ဖန်တီးစေနိုင်သည်။ ဤအခြေအနေကြောင့် ပဋိဇီဝဆေးများ၏ ထိရောက်မှု လျော့နည်းကာ နှစ်စဉ် လူ ၇၀၀,၀၀၀ ခန့် သေဆုံးရသည်။ 2050 ခုနှစ်တွင် ထိရောက်သောအရေးယူမှုမရှိပါက ကင်ဆာထက် ကြီးမားသည့် သေဆုံးမှုနှုန်းနှင့် စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။ ပဋိဇီဝဆေးတွေ အသုံးချမှုမှာ အကျိုးကျေးဇူးများ ရှိသော်လည်း ၎င်းတို့ရဲ့ တိုးတက်မှုနောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို သတိပြုရန်လိုသည်။

✅ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သဘာဝသယံဇာတများ အလွန်အကျွံသုံးစွဲမှု ကြောင့် ဂေဟစနစ်ယိုယွင်းပြီး biodiversity ဆုံးရှုံးမှု၊ မြေဆီလွှာပျက်စီးမှု၊ မိုးခေါင်ရေရှား ပြဿနာ များသည် ၂၁ ရာစု၏ အဓိကစိန်ခေါ်မှုများ ဖြစ်လာသည်။ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက် စေရန် သဘာဝသယံဇာတ အရင်းအမြစ် မြေဆီလွှာကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်လာပါကြောင်း တိုက်တွန်းအပ်ပါသည်။

“အရာဝတ္ထုများ၏ မျက်နှာပြင် ဆေးသားအထူကို တိကျမှန်ကန်စွာ တိုင်းတာနိုင်တဲ့ Elcometer 456” 💠 Elcometer 456 Coating Thickness...
08/10/2026

“အရာဝတ္ထုများ၏ မျက်နှာပြင် ဆေးသားအထူကို တိကျမှန်ကန်စွာ တိုင်းတာနိုင်တဲ့ Elcometer 456”

💠 Elcometer 456 Coating Thickness Gauge သည် အရာဝတ္ထုများ၏ မျက်နှာပြင် ဆေးသားအထူကို တိကျမှန်ကန်စွာ တိုင်းတာနိုင်ပါသည်။

💠 ချေးချွတ်ခြင်း (Blasting) နှင့် ဆေးသုတ်ခြင်း (Painting) လုပ်ငန်းများတွင် အင်ဂျင်နီယာများအတွက် အရေးကြီးသော တိုင်းတာရေးပစ္စည်းဖြစ်ပါသည်။

💠 Elcometer 456 Coating Thickness Gauge ကို သင်္ဘော၊ မော်တော်ယာဉ်၊ လေယာဉ် ထုတ်လုပ်မှုများ၊ ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ စတီးနှင့် အခြားသော သတ္တုဆက်စပ်ပစ္စည်းများ အကြီးစား ထုတ်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်း ရေး စီမံကိန်းများတွင်လည်း တိကျမှု အဖြေရရှိရန် အဓိကထား အသုံးပြုကြပါသည်။

💠 Ferrous & Non-Ferrous Mode ရွေးချယ်နိုင်စွမ်းရှိပြီး Probe ကို မျက်နှာပြင်ပေါ်ထောက်၍ သတ္တု (Metal) နှင့် သတ္တုမဟုတ်သော (Non-Metal) မျက်နှာပြင်များကို တိကျစွာ တိုင်းတာနိုင်ပါသည်။

💠 အလွန်ပေါ့ပါး၍ သယ်ဆောင်ရ လွယ်ကူသော လက်ကိုင်အမျိုးအစား ဖြစ်ခြင်းကြောင့် လူတစ်ယောက် တည်း လက်တစ်ဖက်ဖြင့် အသုံးပြုနိုင်ပါသည်။
အကြမ်းခံသော ကိုယ်ထည်နှင့် ရာသီဥတုဒဏ်ခံနိုင်သော IP65 အဆင့်ဖြစ်ပါသည်။

💠အချိုးအကွေ့များ၊ နေရာအကျဉ်းများ၊ လှိုင်းတွန့်နေရာများတွင်လည်း တိုင်းတာနိုင်ပါသည်။

💠 Paint Coating အထူ 0–31mm အတွင်း တိုင်းတာနိုင်ပြီး သက်ဆိုင်ရာ Probeအမျိုးအစားကို ရွေးချယ် တပ်ဆင်နိုင်ပါသည်။

💠 စက်၏ မျက်နှာပြင်ပေါ်တွင် Test Result ကို ချက်ချင်းဖော်ပြပေးပါသည်။
ElcoMaster Software အသုံးပြုပြီး လက်ကိုင်ဖုန်းပေါ်တွင် Test Result ကို လွယ်ကူစွာ Report ထုတ်ပေးနိုင်ပါသည်။

💠 Elcometer 456 Coating Thickness Gauge သည် အန္တရာယ်များသော တိုင်းတာရေးလုပ်ငန်းများအတွက် သင့်တော်ပြီး တိကျမှန်ကန်သော အဖြေများရရှိစေပါသည်။

💠 Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 753 340 757, 09 443 087 709

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 421 169 397, 067 343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09 261 995 039, 09 400 980 826, 09 250 678 506

Room No.(A-16), Taunggyi - Hopong Main Road, Thit Taw Ward, Thit Taw Gate Light Truck Bus Station, Taunggyi.
09 262 620 977







Elcometer 456-Precision Coating Thickness Measurement

💠 Accurate Coating Measurement: The Elcometer 456 Coating Thickness Gauge delivers highly accurate measurements of surface coating thickness across various materials.

💠 Essential Engineering Tool: An indispensable device for engineers involved in surface preparation (blasting) and industrial coating (painting) applications.

💠 Versatile Industrial Applications: Trusted for high-precision results across shipbuilding, automotive and aerospace manufacturing, port construction, oil & gas pipelines, structural steel fabrication, and major maintenance projects.

💠 Ferrous & Non-Ferrous Modes: Features selectable Ferrous and Non-Ferrous modes, enabling accurate readings on both metallic and non-metallic substrates simply by placing the probe on the surface.

💠 Rugged & Portable Design: Ultra-lightweight and compact for easy one-handed operation. Built with a durable body and IP65-rated weather resistance to withstand harsh field environments.

💠 Flexible Access: Measures accurately on curved surfaces, tight spaces, and corrugated or uneven areas.

💠 Wide Measurement Range: Capable of measuring coating thickness from 0 to 31 mm, with a range of interchangeable probe options available for specific application needs.

💠 Instant Results & Seamless Reporting: Test results are displayed instantly on the gauge screen. Using ElcoMaster Software, inspection data can be effortlessly transferred to a smartphone to generate detailed reports.

💠 Reliable Performance: Ideal for demanding inspection environments, ensuring dependable, accurate results every time.

“ရေလုံလောက်စွာ သောက်သုံးခြင်း၏ အံ့ဩဖွယ် အကျိုးကျေးဇူးများ”နေ့စဉ်ဘဝမှာ အကြောင်းအရင်း မရှိဘဲ ပင်ပန်းနွမ်းနယ်နေတာ၊ ခေါင်းမက...
19/09/2026

“ရေလုံလောက်စွာ သောက်သုံးခြင်း၏ အံ့ဩဖွယ် အကျိုးကျေးဇူးများ”

နေ့စဉ်ဘဝမှာ အကြောင်းအရင်း မရှိဘဲ ပင်ပန်းနွမ်းနယ်နေတာ၊ ခေါင်းမကြည်မလင်ဖြစ်တာနဲ့ အာရုံစိုက်ရခက်ခဲ တာတွေကို ကြုံတွေ့ဖူးပါသလား?

✅ ဒါတွေဟာ စိတ်ဖိစီးမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) ရဲ့ သတိမမူမိတဲ့ လက္ခဏာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

၁။ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပုံ

✅ ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းသွားတဲ့အခါ သွေးပမာဏ (Blood Volume) နည်းသွားပြီး သွေးတွေ ပျစ်ခဲလာပါတယ်။ ဒါကြောင့် ဘက်ထရီအားနည်းနေတဲ့ မော်တာလိုမျိုး အောက်ဆီဂျင်နဲ့ အာဟာရဓာတ် တွေကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးဖို့ ပိုမိုအားစိုက်ထုတ်ရတာကြောင့် မောပန်းနွမ်းနယ်မှုကို လျင်မြန်စွာ ခံစားရတာဖြစ်ပါတယ်။

✅ ဆဲလ်များ၏ စွမ်းအင်ထုတ်လုပ်မှုဟာ ရေဓာတ်ပေါ်မှာ အခြေခံပါတယ်။ ရေလုံလောက်စွာ သောက်သုံးခြင်း က ကြွက်သားများဆီသို့ အောက်ဆီဂျင် ရောက်ရှိမှုကို ကူညီပေးပြီး ရေဓာတ်ခမ်းခြောက်မှုကြောင့်ဖြစ် တတ်သော ကြွက်တက်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။

၂။ ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပုံ

✅ ဦးနှောက်၏ ၇၅% နီးပါးကို ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာကြောင့် ရေဓာတ် ၁% မှ ၂% ခန့် လျော့နည်း သွားရုံဖြင့် သတိမမူမိဘဲ အာရုံစူးစိုက်နိုင်စွမ်းကျဆင်းခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်းနဲ့ တုံ့ပြန်မှု နှေးကွေး ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

✅ ရေဓာတ်နည်းပါးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမကြည်မလင် ဖြစ်ခြင်းတို့ကို ရေပုံမှန်သောက်ပေးခြင်းဖြင့် သဘာဝအတိုင်း ပျောက်ကင်းစေနိုင်ပါတယ်။
• ရေဓာတ်ပြည့်ဝနေခြင်းက စိတ်ဖိစီးမှု မော်လီကျူးများကို လျှော့ချပေးပြီး စိတ်ဓာတ်ကြည်လင်ကာ စိတ်တိုလွယ်ခြင်းကို သက်သာစေပါတယ်။

၃။ နေ့စဉ်ဘဝတွင် ရေဓာတ်ဖြည့်တင်းရန် ထိရောက်သော အလေ့အကျင့်များ

✅ မနက်နိုးနိုးချင်း ရေ ၁ ဖန်ခွက် သောက်ခြင်းဖြင့် ညဘက် အိပ်စက်ချိန်အတွင်း ကုန်ခမ်းသွားသော ရေဓာတ်ကို ချက်ချင်းပြန်လည် ဖြည့်တင်းပေးပြီး အစာချေစနစ်နှင့် နိုးကြားမှုကို စတင်ပေးပါတယ်။

✅ ရေဆာသည်ဟု ခံစားရချိန်သည် ခန္ဓာကိုယ်တွင် ရေဓာတ် စတင်ခမ်းခြောက်နေပြီဖြစ်ကြောင်း လက္ခဏာပြနေခြင်းဖြစ်သဖြင့် မကြာခဏ သောက်ပေးပါ။

✅ ရေဘူးကို လက်လှမ်းမှီရာတွင် အမြဲဆောင်ထားပါ သို့မဟုတ် ရေဓာတ်ဖြည့်ရန် ဖုန်းထဲတွင် Alarm / Apps များ သုံးပါ။

✅ ရေသည် ရိုးရှင်းသော်လည်း ခန္ဓာကိုယ်အတွက် အထိရောက်ဆုံး သဘာဝ စွမ်းအင်ဖြစ်ပါသည်။ နေ့စဉ် အနည်းဆုံး ရေ ၂ လီတာမှ ၃ လီတာအထိ (မိမိ၏ ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်ရှားမှုပေါ်မူတည်၍) ပုံမှန်သောက်သုံး ပေးခြင်း ဖြင့် လန်းဆန်းတက်ကြွသော နေ့ရက်များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။





တစ်နေ့တာလုံး အလုပ်တွေ ပင်ပန်းတကြီး လုပ်နေပေမဲ့ တကယ့်တကယ် ဘာမှ ပြီးမြောက်မသွားသလို ခံစားဖူးပါသလား?🔸 အရာရာကို တစ်ပြိုင်နက်...
15/09/2026

တစ်နေ့တာလုံး အလုပ်တွေ ပင်ပန်းတကြီး လုပ်နေပေမဲ့ တကယ့်တကယ် ဘာမှ ပြီးမြောက်မသွားသလို ခံစားဖူးပါသလား?

🔸 အရာရာကို တစ်ပြိုင်နက်တည်း ပြီးချင်စိတ်နဲ့ လုံးပန်းနေခြင်းက စိတ်ဖိစီးမှုကိုပဲ တိုးစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကမ္ဘာကျော် လုပ်ငန်းရှင်တွေ လက်စွဲပြုကြတဲ့ Eisenhower Matrix စနစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

🔸 ဒီစနစ်က မိမိလုပ်ဆောင်ရမယ့် အလုပ်တွေကို “အရေးကြီးခြင်း (Importance)” နဲ့ “အရေးပေါ်ခြင်း (Urgency)” ဆိုတဲ့ စံနှုန်း ၂ ခုပေါ် မူတည်ပြီး Quadrant ၄ ကွက် ခွဲခြား စီမံတာဖြစ်ပါတယ်။

၁။ Urgent & Important (အရေးလည်းကြီး၊ အရေးလည်းပေါ်)

🔸 အချိန်ကန့်သတ်ချက် အလွန်နီးကပ်နေပြီး ချက်ချင်းမလုပ်ရင် ဆိုးကျိုးကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ အလုပ်များ။ (ဥပမာ:Deadline ကပ်နေသည့် အလုပ်များ၊ ကျန်းမာရေး အရေးပေါ်ကိစ္စ၊ ချက်ချင်းဖြေရှင်းရမည့် ပြဿနာများ။)

🔸 လုပ်ဆောင်ရန်: Do (ချက်ချင်း ကိုယ်တိုင်လုပ်ပါ)

၂။ Not Urgent & Important (အရေးကြီးပေမဲ့ အရေးမပေါ်သေး)

🔸 ရေရှည်အောင်မြင်မှု၊ ကိုယ်ပိုင်တိုးတက်မှုနဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပေမဲ့ Immediate Deadline မရှိတာကြောင့် လူအများစု အလွယ်တကူ လစ်လျူရှုမိတတ်သည့် အပိုင်း။(ဥပမာ: ကိုယ်ပိုင်လေ့လာသင်ယူမှု၊ ကြိုတင်စီမံကိန်း ရေးဆွဲခြင်း၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေရှည်ဆက်ဆံရေး တည်ဆောက်ခြင်း။)

🔸 လုပ်ဆောင်ရန်: Schedule (ချိန်ဆပြီး အချိန်ဇယားဆွဲ လုပ်ဆောင်ပါ)

၃။ Urgent & Not Important (အရေးပေါ်ပေမဲ့ အရေးမကြီး)

🔸 ချက်ချင်း ပြီးစီးဖို့ လိုအပ်သော်လည်း မိမိကိုယ်တိုင် လုပ်စရာမလိုဘဲ အခြားသူများကို လွှဲပြောင်းပေးနိုင်သည့် ကိစ္စများ။(ဥပမာ: အရေးမပါသည့် ဖုန်းခေါ်ဆိုမှု/အီးမေးလ်များ၊ မဖြစ်မနေ တက်ရောက်ရန် မလိုသည့် အစည်းအဝေးများ။)

🔸 လုပ်ဆောင်ရန်: Delegate (အခြားသူကို လွှဲပေးပါ)

၄။ Not Urgent & Not Important (အရေးလည်းမကြီး၊ အရေးလည်းမပေါ်)

🔸 အချိန်ကုန်သက်သက် ဖြစ်စေပြီး မည်သည့် တန်ဖိုးမှ မပေးနိုင်သည့် အရာများ။(ဥပမာ: ဆိုရှယ်မီဒီယာ အလွန်အကျွံ သုံးခြင်း၊ အဓိပ္ပာယ်မရှိဘဲ အချိန်ဖြုန်းနေခြင်း။)

🔸 လုပ်ဆောင်ရန်: Eliminate (လုံးဝ ဖယ်ရှားပါ သို့မဟုတ် လျှော့ချပါ)

နေ့စဉ် မနက်ခင်းမှာဖြစ်စေ၊ ညဘက် အိပ်ရာမဝင်ခင်မှာဖြစ်စေ မိမိလုပ်စရာ စာရင်းတွေကို ဒီ ၄ ကွက်ထဲ ခွဲထည့်ကြည့်ပါ။ ဘယ်အလုပ်ကို ဦးစားပေးရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်လာပြီး အချိန်ကုန် လူပင်ပန်းသက်သာစွာနဲ့ ပိုမို ထိရောက်လာပါလိမ့်မယ်။

“တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းအောင်မြင်မှုအတွက် အစဉ်အမြ...
11/09/2026

“တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းအောင်မြင်မှုအတွက် အစဉ်အမြဲ အသင့်ရှိနေသည့် Amigos International”

✅ အင်ဂျင်နီယာ၊ သိပ္ပံနှင့် သုတေသနလုပ်ငန်းသုံး စက်ကိရိယာများသည် တိကျမှုနှင့် တာရှည်ခံမှုအပေါ်တွင် အခြေခံရသည့်အတွက် After Sales Services (ရောင်းချပြီး ဝန်ဆောင်မှု) သည် ကျွန်ုပ်တို့ကုမ္ပဏီ၏ အရေးအကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်သည်ဟု အလေးအနက် ခံယူထားပါသည်။

✅ Amigos International Co., Ltd. သည် ခိုင်မာပြီး စနစ်ကျသော ဆားဗစ်ပေါ်လစီကို ချမှတ်ထားရှိကာ ဖောက်သည်များ၏ ယုံကြည်အားကိုးမှုအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အောက်ပါဝန်ဆောင်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁။ Service & Repair Center

စက်ပစ္စည်းများ ချို့ယွင်းခြင်း သို့မဟုတ် တိုင်းတာမှုရလဒ်များ လွဲချော်ခြင်းစသည့် အခက်အခဲများအတွက် အမြန်ဆုံးနှင့် စျေးနှုန်းအသက်သာဆုံး ပြန်လည်ပြုပြင်ပေးနိုင်ရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့ တို့တွင် Service & Repair Center များ ဖွင့်လှစ်ထားရှိပါသည်။

• စက်ချိန်ညှိစစ်ဆေးခြင်း (Calibration) ဝန်ဆောင်မှုပေးခြင်း။
• Calibration Certificate (စစ်ဆေးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်) ထုတ်ပေးခြင်း။
• အပိုပစ္စည်းများ စုံလင်စွာထားရှိကာ စက်ပြန်လည်ပြုပြင်ပေးခြင်း။

၂။ Installation & Commissioning

ဝယ်ယူထားသော စက်ပစ္စည်းများကို လုပ်ငန်းခွင်အရောက် သွားရောက်တပ်ဆင်ပေးခြင်း ဖြစ်ပါသည်။ စံနှုန်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစေရန် မီးလိုင်း၊ ရေလိုင်းနှင့် ဂတ်စ်ပိုက်လိုင်းများ တပ်ဆင်ပေးခြင်းအပြင် စက်စမ်းသပ်လည်ပတ်ခြင်းနှင့် အဖြေမှန်မမှန် စစ်ဆေးခြင်းလုပ်ငန်းများကိုပါ စနစ်တကျ ဆောင်ရွက်ပေးပါသည်။

၃။ Operation Training

စက်ပစ္စည်းများကို အသုံးပြုသူများအနေဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စေရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များမှ လုပ်ငန်းခွင်အရောက် သင်တန်းများ ပေးအပ်လျက်ရှိပါသည်။ သင်တန်းနှင့်အတူ ဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်များနှင့် အသုံးပြုပုံလက်စွဲစာအုပ်များကိုပါ ပံ့ပိုးပေးသဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းများကို ပိုမိုအကျိုးအမြတ်ရှိစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

၄။ Customer Care

ကျွန်ုပ်တို့၏ တန်ဖိုးထားရသော ဖောက်သည်များအတွက် ပိုမိုကောင်းမွန်သော နည်းပညာဝန်ဆောင်မှု များကို ပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။

• အာမခံကာလအတွင်း ပစ္စည်းနှင့် လက်ခ အခမဲ့ ပြုပြင်ပေးခြင်း။
• ၂၄ နာရီဆက်သွယ်နိုင်သော Hot Line များထားရှိပေးခြင်း။
• အာမခံကာလအတွင်း ပုံမှန်စက်ချိန်ညှိခြင်းလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးခြင်း။
• နည်းပညာဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း။

အရောင်းဝန်ထမ်းနှင့် ဆားဗစ်ဝန်ထမ်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် လူကြီးမင်းတို့ ရင်းနှီးမြှုပ်နှံထားသော ပစ္စည်းကိရိယာများထံမှ အကောင်းဆုံး စွမ်းဆောင်ရည်ကို ကြာရှည်စွာ ခံစားရရှိနိုင်မည် ဖြစ်ပါသည်။ Amigos International သည် လူကြီးမင်းတို့၏ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှုအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

💠 Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 400 980 820, 09 252 842 220

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 421 169 397, 067 343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09 261 995 039, 09 400 980 826, 09 250 678 506

Room No.(A-16), Taunggyi - Hopong Main Road, Thit Taw Ward, Thit Taw Gate Light Truck Bus Station, Taunggyi.
09 262 620 977







"Amigos International: Always Ready for Your Business Success with Full Accountability, Responsibility, and Reliable Service"

✅ Since engineering, scientific, and research equipment relies heavily on precision and durability, we strongly believe that **After-Sales Service** is one of the most vital pillars of our company.

✅ **Amigos International Co., Ltd.** has established a strong and systematic service policy. Guided by our clients' trust, we deliver the following services with full accountability and responsibility:

1. Service & Repair Center

To resolve issues such as equipment malfunctions or measurement inaccuracies as quickly and cost-effectively as possible, we have established Service & Repair Centers in **Yangon, Mandalay, Naypyitaw, and Taunggyi

Calibration Services: Precise checking and adjustment of equipment.
Calibration Certificates: Official certification issued after thorough inspection.
Spare Parts & Repairs: Comprehensive stock of genuine spare parts for prompt repairs.

2. Installation & Commissioning

We deliver and install purchased equipment directly at your job site. To ensure compliance with technical standards and safety guidelines, we systematically handle electrical, water, and gas pipeline connections, alongside initial testing and accuracy checks.

3. Operation Training

To ensure users can operate equipment skillfully and safely, our qualified specialists provide on-site practical training. We also supply operation manuals, best practices, and safety guidelines—helping your business maximize productivity and return on investment.

4. Customer Care

We continuously strive to deliver exceptional technical support and customer care for our valued clients:

Free Warranty Coverage: Complimentary parts and labor repairs during the warranty period.
24/7 Hotline Support: Round-the-clock telephone hotlines for urgent assistance.
Routine Calibration: Free scheduled calibration services within the warranty period.
Technical Consultation: Ongoing troubleshooting and technical support.

Seamless synergy between our sales and service teams ensures that you get long-term, optimal performance from your equipment investments. Amigos International is dedicated every day to delivering the best service for your complete satisfaction and trust.

Microwave Digestion ဆိုတာ ဘာလဲ?🔸 မြေဆီလွှာနမူနာများတွင် ပါဝင်သော ခဲ၊ ကက်ဒမီယမ် နှင့် ကြေးနီ ကဲ့သို့ သတ္တုဓာတ်များကို စစ်...
09/09/2026

Microwave Digestion ဆိုတာ ဘာလဲ?

🔸 မြေဆီလွှာနမူနာများတွင် ပါဝင်သော ခဲ၊ ကက်ဒမီယမ် နှင့် ကြေးနီ ကဲ့သို့ သတ္တုဓာတ်များကို စစ်ဆေးသည့်အခါ AAS, ICP-OES, ICP-MS ကဲ့သို့သော စက်များထဲသို့ နမူနာကို တိုက်ရိုက်ထည့်သွင်း စစ်ဆေး၍မရနိုင်သည့် အခြေ အနေများ ရှိပါသည်။

🔸 အကြောင်းမှာ မြေဆီလွှာ၊ အစားအသောက်၊ အပင်၊ ကျောက်တုံးနှင့် စွန့်ပစ်ရွှံ့နွံ ကဲ့သို့သော နမူနာများသည် ရှုပ်ထွေးသော ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားသည့် အခဲပုံစံဖြင့် တည်ရှိနေသောကြောင့် ဖြစ်ပါသည်။ AAS, ICP-OES, ICP-MS စက်များဖြင့် သတ္တုဓာတ်ပမာဏကို တိုင်းတာစစ်ဆေးနိုင်ရန်အတွက် အဆိုပါ အခဲနမူနာများကို အက်ဆစ်ဖြင့် စနစ်တကျ ပျော်ဝင်ခြေဖျက် (Acid Digestion) ကာ အရည်အဖြစ်သို့ လုံးဝပြောင်းလဲပေးရန် လိုအပ်ပါသည်။

🔸 Milestone အမှတ်တံဆိပ် Microwave Digestion သည် (High-pressure vessels) အတွင်း အပူချိန်ကို စနစ်တကျ ထိန်းချုပ်ပေးနိုင်သော Microwave စွမ်းအင်ကို အသုံးပြု၍ အက်ဆစ်အရောအနှောကို တိုက်ရိုက်အပူပေး ခြေဖျက်ပေးပါသည်။

🔸 နမူနာအဆိုင်အခဲ ခြေဖျက်ချိန်ကို နာရီပေါင်းများစွာမှ မိနစ် ၂၀ - ၃၀ အတွင်းသို့ သိသိသာသာ လျှော့ချပေးနိုင် သဖြင့် ဓာတ်ခွဲခန်း လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စေခြင်း။

🔸 ဇီဝဗေဒဆိုင်ရာ နမူနာများနှင့် စက်မှုဇုန်ထုတ် နမူနာများအပါအဝင် ခြေဖျက်ရန် ခက်ခဲသော အစိုင်အခဲ နမူနာများကို ဘေးကင်းလုံခြုံစွာဖြင့် အလွယ်တကူ ပျော်ဝင်စေနိုင်ခြင်း။

🔸 လေလုံသည့် ဒီဇိုင်း (Closed-vessel) ကြောင့် အငွေ့ပျံလွယ်သော ဒြပ်စင်များ ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး ပုံမှန်ဓာတ်ခွဲခန်း ပတ်ဝန်းကျင်သို့ အက်ဆစ်အငွေ့များ ထွက်ရှိမှုကိုလည်း အပြည့်အဝ တားဆီးပေးခြင်း။

🔸 မြင့်မားသော အပူချိန်နှင့် ဖိအားကို စနစ်တကျ ထိန်းချုပ်၍ နမူနာ အမြောက်အမြားကို တစ်ပြိုင်နက်တည်း ခြေဖျက်စစ်ဆေးနိုင်ခြင်း။

🔸 သဘာဝပတ်ဝန်းကျင် စစ်ဆေးမှုများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အရည်အသွေး ထိန်းချုပ်မှုများ သို့မဟုတ် အစားအသောက် ဘေးကင်းလုံခြုံရေး ဆန်းစစ်မှုများအတွက် AAS, ICP-OES, ICP-MS စက်များဖြင့် မတိုင်းတာမီ နမူနာပြင်ဆင်သည့် အဆင့်တွင် Microwave Digestion System သည် မဖြစ်မနေ လိုအပ်သည့် စမ်းသပ်စစ်ဆေးရေး ကိရိယာတစ်ခု ဖြစ်ပါသည်။

💠 Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 400 980 820, 09 772 393 376

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 421 169 397, 067 343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09 261 995 039, 09 400 980 826, 09 250 678 506

Room No.(A-16), Taunggyi - Hopong Main Road, Thit Taw Ward, Thit Taw Gate Light Truck Bus Station, Taunggyi.
09 262 620 977







What is Microwave Digestion?

🔸 When testing for heavy metals such as lead (Pb), cadmium (Cd), and copper (Cu) in soil samples, solid samples cannot be directly introduced into analytical instruments like ICP-OES or ICP-MS.

🔸 This is because samples such as soil, food, plants, rocks, and sludge exist in solid forms with complex matrices. To measure trace element concentrations using ICP or AAS instruments, these solid matrices must be thoroughly dissolved and completely transformed into liquid form through systematic acid digestion.

🔸 Milestone Microwave Digestion Systems utilize controlled microwave energy within high-pressure vessels to directly heat acid mixtures and digest samples rapidly.

🔸 Key Advantages
Time-Saving: Reduces sample digestion times dramatically from several hours down to just 20–30 minutes, significantly accelerating laboratory throughput.

🔸 High Efficiency: Safely and effortlessly digests complex matrices, including difficult biological and industrial samples.

🔸 Volatilization Protection: The sealed, closed-vessel design prevents the loss of volatile elements while completely containing acid fumes, protecting the laboratory environment.

🔸 High Throughput & Control: Enables simultaneous multi-sample digestion under precise temperature and pressure controls.

🔸 The Microwave Digestion System is an indispensable sample preparation tool prior to performing ICP-OES or ICP-MS analysis across environmental testing, pharmaceutical quality control, and food safety testing applications.

Address

SH B5/4 Malikha Housing, Yadanar Road Thingangyun Tsp
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+9513566717

Alerts

Be the first to know and let us send you an email when Amigos International Co., Ltd- Survey and Laboratory Testing Instruments posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Amigos International Co., Ltd- Survey and Laboratory Testing Instruments:

Shortcuts

Share