Amigos International Co., Ltd- Survey and Laboratory Testing Instruments

  • Home
  • Myanmar
  • Yangon
  • Amigos International Co., Ltd- Survey and Laboratory Testing Instruments

Amigos International Co., Ltd- Survey and Laboratory Testing Instruments Land Surveying, Material Testing, Laboratory & Scientific Instruments

“မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာခြင်း”  ၂၀၂၆ ခုနှစ် ၊ ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိသည် မြန်မာ့နှစ်သစ်ကူး အတာသင်္...
10/04/2026

“မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာခြင်း”

၂၀၂၆ ခုနှစ် ၊ ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိသည် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် Amigos International Co.,Ltd ၏ ရုံးချုပ်နှင့် ရုံးခွဲများအား ပိတ်ထားမည်ဖြစ်ပြီး ဧပြီလ (၂၀) ရက်နေ့တွင် ပုံမှန်ရုံးချိန်များအတိုင်း ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။



“Total Station ၊ RTK GPS ထပ်အဆပေါင်းများစွာ မြန်ဆန်အောင် တိုင်းတာနိုင်တဲ့ Leica BLK 360 Laser Scanner”🔸 အဆောက်အဦတစ်ခုလုံ...
09/04/2026

“Total Station ၊ RTK GPS ထပ်အဆပေါင်းများစွာ မြန်ဆန်အောင် တိုင်းတာနိုင်တဲ့ Leica BLK 360 Laser Scanner”

🔸 အဆောက်အဦတစ်ခုလုံး၏ အနုစိတ် Data များကို မိနစ်ပိုင်းအတွင်း တိကျစွာ တိုင်းတာရရှိနိုင်ဖို့ Leica BLK360 က အသင့်ရှိနေပါပြီ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ တိုင်းတာမှုများအတွက် အဆင့်မြင့်ဆုံး LiDAR နည်းပညာကို အခြေခံထား သည့် ခေတ်မီ Laser Scanner တစ်ခု ဖြစ်ပါသည်။

🔸 ရှေးဟောင်း ဂူ၊ ဘုရား၊ ပုထိုးများနှင့် စေတီပုထိုးများ၏ မူလလက်ရာကို 3D Data ဖြင့် အနုစိတ် မှတ်တမ်းတင်နိုင်ခြင်း။

🔸 တည်ဆောက်ပြီး အဆောက်အဦများ၏ Footprint ကို ပြန်လည်ရှာဖွေခြင်းနှင့် Interior Design အတွက် လိုအပ်သော 3D Data များကို ချက်ချင်းရရှိခြင်း။

🔸 ဆီကန်၊ ရေကန်နှင့် သိုလှောင်ကန်များ၏ ထုထည်ကို တွက်ချက်ခြင်းနှင့် Stock Pile (သဲ၊ ကျောက်) ပုံများ၏ နေ့စဉ် အသွင်းအထုတ်ပမာဏကို တိုင်းတာခြင်း။

🔸 တစ်စက္ကန့်လျှင် Points ပေါင်း ၃ သိန်း ၆ သောင်း (360,000 pts/sec) အထိ ကောက်ယူနိုင် သဖြင့် သာမာန်ရိုးကျ Total Station များဖြင့် တိုင်းတာသောလုပ်ငန်းများတွင် အဆပေါင်း များစွာ မြန်ဆန်ခြင်း။

🔸 HDR Camera နှင့် LiDAR စနစ် ပေါင်းစပ်ထားသောကြောင့် 10m အကွာတွင် 4mm အထိသာ Error ရှိသော တိကျသေချာသည့် Data များ ရရှိခြင်း။

🔸 ခလုတ်တစ်ချက်နှိပ်ရုံဖြင့် စနစ်တကျ တိုင်းတာနိုင်သည့် One-Button Operation စနစ်။

🔸 အလေးချိန် ၁ ကီလိုဂရမ် (၂.၂ ပေါင်) သာရှိပြီး လက်ကိုင်အရွယ်အစားဖြစ်သဖြင့် သယ်ဆောင်ရ လွယ်ကူခြင်း။

🔸 Renovation, Restoration နှင့် Restructuring လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော 3D Data များ ရရှိရန် အခက်အခဲ ဖြစ်နေပါက Leica BLK360 (G1) က လူကြီးမင်းတို့အတွက် အကောင်းဆုံး အဖြေဖြစ်လာပါလိမ့်မည်။

Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09-443 087 709 , 09-250 299 877

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 - 421 169 397, 067-343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09-261 995 039, 09-400 980 826, 09-250 678 506







“Leica BLK360 Laser Scanner: Measuring many times faster than Total Station and RTK GPS”
The Leica BLK360 is ready to help you obtain detailed data of an entire building accurately within minutes. It is a modern Laser Scanner based on the most advanced LiDAR technology for construction sites, heritage preservation, and engineering surveys.

The ability to record the original details of ancient caves and pagodas with high-precision 3D Data.

Finding the footprint of existing buildings and instantly obtaining necessary 3D Data for Interior Design.

Calculating the volume of oil tanks, water tanks, and storage tanks, as well as measuring the daily inflow and outflow of Stock Piles (sand, gravel).

Capable of capturing up to 360,000 points per second (360,000 pts/sec), making it many times faster than tasks measured with conventional Total Stations.

The combination of HDR Camera and LiDAR system provides reliable data with an error margin of only 4mm at a distance of 10m.

One-Button Operation system for systematic measurement with just a single press of a button.

Easy to carry as it weighs only 1 kg (2.2 lbs) and is handheld in size.

If you are facing difficulties in obtaining reliable 3D Data for Renovation, Restoration, and Restructuring projects, the Leica BLK360 (G1) will be the best solution for you.

“မြေသား သိပ်သည်းဆကို တိုင်းတာနိုင်တဲ့ Turkey အမှတ်တံဆိပ် Dynamic Cone Penetrometer (DCP)”✅ DCP သည် ဆောက်လုပ်ရေးလုပ်ငန်းန...
07/04/2026

“မြေသား သိပ်သည်းဆကို တိုင်းတာနိုင်တဲ့ Turkey အမှတ်တံဆိပ် Dynamic Cone Penetrometer (DCP)”

✅ DCP သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် လမ်း ဒီဇိုင်းများအတွက် အသုံးဝင်မည့် မြေသားလွှာများ၏ ခံနိုင်ရည်အား Strength (CBR) ရှာဖွေရာတွင် အလွယ်ကူဆုံး တိုင်းတာနိုင်ပါသည်။

✅ DCP ၏ အစိတ်အပိုင်းများအားလုံးကို Wooden Box ထဲတွင်စနစ်တကျသိမ်းဆည်းနိုင်ခြင်းကြောင့် အလွယ်တကူသယ်ဆောင်ရွေ့ပြောင်းနိုင်ပါသည်။

✅ DCP ၏အစိတ်အပိုင်းများအားလုံးကို အရည်အသွေးမြင့် Stainless Steel ဖြင့်ပြုလုပ်ထားသောကြောင့် အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်ပါသည်။

✅ အနည်းဆုံး 850 mm မှ အများဆုံး 2 m အထိတိုင်းတာနိုင်ပါသည်။

✅ 60° Cone Angle ရှိပြီး 8 Kg Hammer ကိုအသုံးပြုထားပါသည်။

✅ DCP ၏အစိတ်အပိုင်းအားလုံးကို မြေသားစမ်းသပ်မှုပြီးဆုံးချိန်တွင် Wooden Box ထဲတွင် စနစ်တကျ ပြုလုပ် သိမ်းဆည်းနိုင် သည့်အတွက် ပစ္စည်းများပျောက်ရှခြင်း၊ ပျက်စီးခြင်း၊ ကျိုးပဲ့ခြင်း အစရှိသည့် အန္တရာယ်များမှ ကာကွယ်ပြီးသားဖြစ်ပါသည်။

Dynamic Cone Penetrometer (DCP) ၏ Wooden Box ထဲတွင်ပါဝင်သော Accessory များမှာ -

✅ A Hammer Assembly
✅ Pe*******on Rod
✅ 2 Piece 60° Cone
✅ Metal Plate Coupling For Ruler
✅ Segmented Adaptor For Extension Rods
✅ Segmented Upper Extension Rod
✅ Segmented Lower Extension Rod
✅ 2 Piece 13-17mm AF Spanners
✅ 3mm AF Hex Wrench
✅ Tommy Bar
✅ A Bottle of Adhesive,10cc
✅ Users Manual
✅ Steel Ruler

Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်
✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09-443 087 709 , 09-403 997 619

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 - 421 169 397, 067-343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09-261 995 039, 09-400 980 826, 09-250 678 506







Dynamic Cone Penetrometer (DCP) - Made in Turkey
“Measure Soil Density and Strength with Precision”

Accurate CBR Testing: The DCP is the easiest tool to determine the strength and California Bearing Ratio (CBR) of soil layers, making it essential for construction and road design projects.

Portable & Organized: All components are neatly packed in a durable Wooden Box, making it easy to transport to various job sites.

High-Quality Build: Made from high-grade Stainless Steel, the device is rugged, corrosion-resistant, and built for long-term heavy-duty use.

Measurement Range: Capable of testing depths from a minimum of 850 mm up to 2 meters.

Standard Specifications: Features a 60° Cone Angle and an 8 kg Drop Hammer.

Safe Storage: Storing all parts in the dedicated wooden box after testing prevents loss, damage, or breakage of the components.

The DCP Set includes the following accessories (inside the Wooden Box):

✅ A Hammer Assembly
✅ Pe*******on Rod
✅ 2 Piece 60° Cone
✅ Metal Plate Coupling For Ruler
✅ Segmented Adaptor For Extension Rods
✅ Segmented Upper Extension Rod
✅ Segmented Lower Extension Rod
✅ 2 Piece 13-17mm AF Spanners
✅ 3mm AF Hex Wrench
✅ Tommy Bar
✅ A Bottle of Adhesive,10cc
✅ Users Manual
✅ Steel Ruler

“လေတိုက်နှုန်းကို လျင်မြန်စွာ တိုင်းတာပေးနိုင်တဲ့ Benetech အမှတ်တံဆိပ် GM816 Anemometer”✅ Benetech အမှတ်တံဆိပ် GM816 Ane...
03/04/2026

“လေတိုက်နှုန်းကို လျင်မြန်စွာ တိုင်းတာပေးနိုင်တဲ့ Benetech အမှတ်တံဆိပ် GM816 Anemometer”

✅ Benetech အမှတ်တံဆိပ် GM816 Anemometer သည် လေတိုက်နှုန်းနှင့် အပူချိန်အား တိကျစွာတိုင်းတာနိုင်ပြီး အသုံးပြုရလွယ်ကူသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပါသည်။

✅ လက်ကိုင်အမျိုးအစား ဖြစ်သောကြောင့် သယ်ဆောင်ရအဆင်ပြေပြီး နေရာဒေသမရွေး အသုံးပြုနိုင် သော မိုးလေဝသ အထောက်အကူ ကိရိယာတစ်ခု ဖြစ်ပါသည်။

✅ လေတိုက်နှုန်းများအား မီတာ/စက္ကန့်(m/s)၊ ကီလိုမီတာ/နာရီ(km/h)၊ ပေ/မိနစ်(ft/min)၊ မိုင်/နာရီ(m/h) အစရှိသည့် ယူနစ်အမျိုးမျိုးဖြင့် တိုင်းတာကြည့်ရှုနိုင်သောကြောင့် မိုးလေဝသပညာရှင်များ နှင့် ပတ်ဝန်း ကျင်လေ့လာ စောင့်ကြည့်ရေး ပညာရှင်များအတွက် အထူးသင့်လျော်သော ကိရိယာတစ်ခု ဖြစ်ပါသည်။

✅ ကျယ်ပြန့်သော LCD မျက်နှာပြင် ဖြစ်သောကြောင့် အလင်းရောင်ရရှိမှု နည်းပါးသော ပတ်ဝန်းကျင်များ တွင် ကောင်းစွာကြည့်ရှုနိုင်ပြီး Low Battery Alarm နှင့် Auto Power-Off စနစ်ပါဝင်ပါသည်။

✅ Beaufort Scale အသုံးပြု၍ လက်ရှိလေတိုက်နှုန်း၊ ပျမ်းမျှလေတိုက်နှုန်းနှင့် အများဆုံး လေတိုက်နှုန်း များကို လွယ်ကူတိကျစွာ တိုင်းတာနိုင်ပါသည်။

✅ GM816 Anemometer သည် လေတိုက်နှုန်း အကွာအဝေးအား 0 မှ 30m/s အတွင်း ကြည့်ရှုနိုင်ပြီး အပူချိန် 10°C မှ 45° အတွင်း ရာသီဥတုမရွေး၊ နေရာဒေသမရွေး အသုံးပြုနိုင်သည့် အလွန်အသုံး၀င်သော ကိရိယာတစ်ခုဖြစ်ပါသည်။

Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

🏢
Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
☎️ 09- 443 087 709, 09- 403 997 619

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09-421169397, 067-3432535
🏢
Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
☎️ 09-261995039, 09-400980826, 09-250678506
🏢
No.181, Kokko Street, Kangyi Quarter, Taunggyi.
☎ 09-262637723, 09-262620977







Benetech GM816 Anemometer: Fast and Accurate Wind Speed Measurement
The Benetech GM816 Anemometer is designed for high precision in measuring both wind speed and temperature, featuring a user-friendly and ergonomic design.

As a handheld device, it is highly portable and serves as a convenient meteorological tool that can be used anytime, anywhere.

It supports multiple measurement units, including meters per second (m/s), kilometers per hour (km/h), feet per minute (ft/min), and miles per hour (mph). This versatility makes it an ideal instrument for meteorologists and environmental monitoring professionals.

The device is equipped with a large LCD screen with a backlight, ensuring clear visibility even in low-light conditions. It also includes practical features such as a Low Battery Alarm and an Auto Power-Off system to conserve energy.

Utilizing the Beaufort Scale, it can easily and accurately measure current wind speed, average wind speed, and maximum wind gusts.

The GM816 Anemometer features a wind speed measurement range of 0 to 30m/s and an operating temperature range of -10°C to 45°C, making it an incredibly useful tool for any location or weather condition.

02/04/2026

"သန့်စင်တဲ့ သောက်သုံးရေ အရည်အသွေးကို စမ်းသပ်စစ်ဆေးနိုင်သည့် Palintest အမှတ်တံဆိပ် PTW 10030"

❇️ Potakit+ Basic Portable Water Quality Laboratory Test Kit သည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်များရှိ ရေများကို သောက်သုံးရန် သင့်/မသင့် စမ်းသပ်ရာတွင် စမ်းသပ်တိုင်းတာနိုင်သော စက်ကိရိယာတစ်ခုဖြစ်သည်။

❇️ ရေ၏ Microbiological ပါဝင်မှု့များ၊ Physico-Chemical ပါဝင်မှု့များ နှင့် Arsenic ပါဝင်မှု့များကို စမ်းသပ်တိုင်းတာရာတွင် အလွန်အသုံးဝင်သော Kit အမျိုးအစားဖြစ်ပါသည်။

❇️ ရေအရည်အသွေး အဖြေတိကျမှု့သည် မိမိတို့သယ်ဆောင်လာသော ရေ နမူနာများ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခြင်း (Contamination) ရှိ မရှိပေါ်တွင် မူတည်ပါသည်။

❇️ Palintest အမှတ်တံဆိပ် Water Quality Test Kit သည် ရေနမူနာအား ၎င်း၏ မူရင်းနေရာတွင် တိုက်ရိုက်တိုင်းတာ စစ်ဆေးနိုင်ပါသည်။

❇️ PTW 10030 သည် မိမိတိုင်းတာမည့် နေရာများဖြစ်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်၊ ဆည် အစရှိသည့် နေရာများတွင် တိုက်ရိုက်တိုင်းတာနိုင်သော လူသယ်ဆောင်နိုင်သည့် Test Kit တစ်ခုဖြစ်ပါသည်။

❇️ UK နိုင်ငံအခြေစိုက် Palintest/Wagetch ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော ကျွန်တော်များ Amigos International အနေဖြင့် Palintest/Wagetch Water test kit များ သုံးစွဲရာတွင် အဆင်ပြေချောမွေ့စွာဖြင့် နှစ်ပေါင်းများစွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သော ဆားဗစ်များ ၊ ပြုပြင်ထိန်းသိမ်းမှု့များ ၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု့များ အစရှိသည့် ရောင်းချပြီးဝန်ဆောင်မှု့ လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

✅ Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09 400 980 820, 09 252 842 220

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09 - 421 169 397, 067-343 2535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09-261 995 039, 09-400 980 826, 09-250 678 506

🌐 www.amigosmyanmar.com









"Palintest PTW 10030: Ensuring Pure and Safe Drinking Water Quality"

❇️ The Potakit+ Basic Portable Water Quality Laboratory Test Kit is a specialized device designed to test whether water from rivers, streams, lakes, ponds, and wells is safe for consumption.

❇️ This kit is highly effective for measuring Microbiological content, Physico-Chemical parameters, and Arsenic levels in water.

❇️ Accuracy in water quality results often depends on whether the collected water samples have been compromised or contaminated during transport.

❇️ With the Palintest Water Quality Test Kit, you can conduct tests directly at the source, ensuring the integrity of the water sample.

❇️ The PTW 10030 is a portable, easy-to-carry kit, making it ideal for on-site testing at rivers, lakes, dams, and other remote locations.

❇️ As the sole distributor of UK-based Palintest/Wagtech in Myanmar, Amigos International is committed to providing excellent after-sales services, including maintenance and technical support, to ensure long-term and reliable use for our customers.

"1,000m ထိ Prism မလိုဘဲ တိုင်းတာနိုင်မယ့် Geomax အမှတ်တံဆိပ် Zoom 50 Total Station”✅ Geomax အမှတ်တံဆိပ် Zoom 50 Total St...
01/04/2026

"1,000m ထိ Prism မလိုဘဲ တိုင်းတာနိုင်မယ့် Geomax အမှတ်တံဆိပ် Zoom 50 Total Station”

✅ Geomax အမှတ်တံဆိပ် Zoom 50 Total Station သည် အင်ဂျင်နီယာ ဆောက်လုပ်ရေးလုပ်ငန်းများဖြစ် သည့် လမ်း၊ တံတား၊ အထပ်မြင့်အဆောက်အဦများနှင့် ရေကာတာစီမံကိန်းများ အပြင် မြေပုံရေးဆွဲခြင်း လုပ်ငန်းများဖြစ်သော ဧရိယာအကျယ်အဝန်း၊ နယ်နိမိတ်၊ ကွန်ဒိုမြေပုံများ၊ အနိမ့်အမြင့်အစရှိသည့် တိုင်းတာရေးလုပ်ငန်းများကို အရည်အသွေးမြင့်မားစွာ ဆောင်ရွက်ပေးနိုင်သည့် မြေတိုင်းကိရိယာတစ်ခု ဖြစ်ပါသည်။

✅ ကြည်လင်သော မှန်ဘီလူး၊ ကြီးမားသော 3.5” Display Screen ၊ ရှင်းလင်းပြတ်သားသည့် Color Display၊ Touch Screen များဖြင့် တည်ဆောက်ထားပါသည်။

✅ Long Prism Mode ဖြင့် အကွာအဝေး 10,000m အထိ တိုင်းတာနိုင်ပြီး၊ Prism မပါဘဲ Reflectroless Function ကို အသုံးပြု၍ accXess 10 EDM ဖြင့် အကွာအဝေး 1,000m အထိ တိုင်းတာနိုင်သည်။

✅ Internal Memory Point ပေါင်း 50,000 အထိသိမ်းဆည်းထားနိုင်သည်။

✅ သာမန်ရိုးရိုး Dual Axis Compensation မဟုတ်ဘဲ Quadruple Axis Compensation ဖြင့် တည်ဆောက် ထားသည့်အတွက် Station တစ်ခုတွင် ခွင့်ပြုနိုင်သည့် ပမာဏအတွင်း ရေချိန်အောက်ပါက တိုင်းတာမှုရလဒ်မှန်ကန်မှုရှိအောင် ထိန်းပေးနိုင်ပါသည်။

Amigos International Co., Ltd ၏ ခိုင်မာစနစ်ကျသော After Sales Services များတွင်

✅ လိုအပ်သောအရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားခြင်း၊
✅ စက်ချိန်ညှိစစ်ဆေးခြင်း၊
✅ စက်ကိုင်တွယ်မှုသင်တန်းပေးခြင်း၊
✅ စက်ပြန်လည်ပြုပြင်၊ လဲလှယ်ပေးခြင်းတို့ ပါဝင်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

🏢
Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
☎️ 09- 443 087 709, 09- 403 997 619

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09-421169397, 067-3432535
🏢
Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
☎️ 09-261995039, 09-400980826, 09-250678506
🏢
No.181, Kokko Street, Kangyi Quarter, Taunggyi.
☎ 09-262637723, 09-262620977







GeoMax Zoom 50 Total Station: 1,000m Reflectorless Measurement Capability
The GeoMax Zoom 50 Total Station is a high-performance surveying instrument designed for various engineering and construction projects, including roads, bridges, high-rise buildings, and dam projects. It is also ideal for mapping tasks such as area calculations, boundary surveying, condominium mapping, and topographic (elevation) surveys, delivering high-quality results across all applications.

The device features a crystal-clear lens, a large 3.5” color display screen, and an intuitive touchscreen interface for ease of use.

Equipped with the accXess 10 EDM technology, it can measure distances up to 10,000m in Long Prism Mode and up to 1,000m in Reflectorless Mode (without using a prism).

The internal memory is capable of storing up to 50,000 measurement points.

Unlike standard dual-axis systems, it is built with Quadruple Axis Compensation. This ensures that even if the station experiences minor leveling deviations within allowable limits, the instrument automatically compensates to maintain highly accurate measurement results.

Amigos International Co., Ltd ရဲ့ Quiz Time မှ ကြိုဆိုလိုက်ပါတယ်။အပါတ်စဉ် Quiz Time အစီအစဉ်လေးတွေရှိတာကြောင့် ဗဟုသုတရစေဖ...
29/03/2026

Amigos International Co., Ltd ရဲ့ Quiz Time မှ ကြိုဆိုလိုက်ပါတယ်။

အပါတ်စဉ် Quiz Time အစီအစဉ်လေးတွေရှိတာကြောင့် ဗဟုသုတရစေဖို့ 𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 & Follow လုပ်ထားဖို့မမေ့နဲ့နော်။

မြေတိုင်းစက်ပစ္စည်းတွေရဲ့ ကိန်းဂဏန်းတွေ မှန်ကန်မှုရှိမရှိကို ပုံမှန်စစ်ဆေးပြီး ပြန်လည်ချိန်ညှိပေးခြင်းကို ဘာလို့ခေါ်သလဲ?

(က) Installation
(ခ) Calibration
(ဂ) Formatting

မနက်ဖြန်မှာ Comment တွင် အဖြေမှန်လေးတင်ပေးထားပါမယ်ရှင်။ပါဝင်ဖြေကြားပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။

'တစ်ကမ္ဘာလုံးကို ချိတ်ဆက်ပေးထားတဲ့ ပင်လယ်ရေအောက် အင်တာနက်ကြိုးများအကြောင်း"✅ ကျွန်တော်တို့ နေ့တိုင်းသုံးနေတဲ့ Facebook၊ ...
28/03/2026

'တစ်ကမ္ဘာလုံးကို ချိတ်ဆက်ပေးထားတဲ့ ပင်လယ်ရေအောက် အင်တာနက်ကြိုးများအကြောင်း"

✅ ကျွန်တော်တို့ နေ့တိုင်းသုံးနေတဲ့ Facebook၊ YouTube နဲ့ Internet ဒေတာတွေရဲ့ ၉၅% ကျော်ဟာ ဂြိုဟ်တုကနေ လာတာမဟုတ်ဘဲ ပင်လယ်ကြမ်းပြင်မှာ သွယ်တန်းထားတဲ့ Submarine Communications Cables တွေကနေ လာတာဆိုတာ သိပြီးပြီလား?

ဒီနေ့ခေတ် ကမ္ဘာ့အင်တာနက် ဆက်သွယ်ရေးရဲ့ အဓိက ကျောရိုးတိုင်ကြီးတွေအကြောင်း စိတ်ဝင်စားစရာတွေကို အတူတူ ကြည့်လိုက်ရအောင် -

✅ အရှည်က ကမ္ဘာကို ၃၅ ပတ်ကျော် ပတ်လို့ရတယ် 🌏

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ စာရင်းတွေအရ တစ်ကမ္ဘာလုံးမှာ အင်တာနက်ကြိုးစနစ် ၆၀၀ ကျော် ရှိပါတယ်။ စုစုပေါင်းအရှည်က ကီလိုမီတာ ၁.၄၈ သန်းကျော် (မိုင် ၉ သိန်းကျော်) ရှိလို့ ကမ္ဘာကြီးကို ၃၅ ပတ်ကျော်လောက် ပတ်နိုင်တဲ့ အရှည်ဖြစ်ပါတယ်။

✅ ဖန်မျှင်ဖိုင်ဘာ (Fiber-optic) နည်းပညာ

ဒီကြိုးတွေထဲမှာ ဒေတာတွေကို အလင်းလှိုင်းတွေအဖြစ် ပြောင်းလဲပြီး အလွန်မြန်တဲ့နှုန်းနဲ့ ပေးပို့နိုင်တဲ့ ဖန်မျှင်ဖိုင်ဘာ (Fiber-optic) လေးတွေ ပါဝင်ပါတယ်။ အပြင်ဘက်ကနေ ရေဖိအားနဲ့ ပတ်ဝန်းကျင်အန္တရာယ်တွေကို ခံနိုင်ဖို့ သံမဏိကြိုးတွေ၊ ပလတ်စတစ်နဲ့ ကြေးနီအလွှာပေါင်းများစွာနဲ့ အထပ်ထပ် ကာကွယ်ထားရတာပါ။

✅ ရန်သူက ငါးမန်းတွေလား?

ဒီကြိုးတွေရဲ့ မထင်မှတ်ထားတဲ့ ရန်သူကတော့ ငါးမန်းတွေ ဖြစ်ပါတယ်။ ကြိုးတွေက ထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ငါးမန်းတွေက အစာထင်ပြီး လာကိုက်တတ်ကြလို့ အပြင်ဘက်ကနေ သံမဏိအလွှာတွေနဲ့ အထပ်ထပ် ပိုခိုင်ခံ့အောင် လုပ်ထားရပါတယ်။

✅ မြန်မာနိုင်ငံနဲ့ အင်တာနက်ကြိုးများ

ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ SEA-ME-WE 3 & 5၊ AAG စတဲ့ ကြိုးတွေကို အဓိက သုံးပါတယ်။ ဒါ့အပြင် စင်ကာပူနဲ့ တိုက်ရိုက်ချိတ်ထားတဲ့ UMO ကြိုးနဲ့ ပထမဆုံး ပုဂ္ဂလိကပိုင် MYTHIC ကြိုးတွေကလည်း မြန်မာ့အင်တာနက်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

✅ ရင်ဆိုင်ရလေ့ရှိတဲ့ အန္တရာယ်များ

ဒီကြိုးတွေဟာ ပင်လယ်ကြမ်းပြင်မှာ ရှိနေလို့ သင်္ဘောကျောက်ဆူးတွေ ငြိတာ၊ ငါးဖမ်းပိုက်တွေနဲ့ ငြိမိတာ ဒါမှမဟုတ် ငလျင်လှုပ်ပြီး ရေအောက်မြေပြိုတာမျိုးတွေကြောင့် ပြတ်တောက်သွားတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ အထူးပြုလုပ်ထားတဲ့ ကြိုးသွယ်သင်္ဘော (Cable-laying ships) တွေနဲ့ ပြန်လည်ပြုပြင်ရပါတယ်။

#အင်တာနက်ဗဟုသုတ #ကမ္ဘာ့အင်တာနက်ကြိုးများ




Amigos International Co., Ltd သည် ကမ္ဘာ့အကောင်းဆုံးနှင့် အတိကျဆုံးမြေတိုင်းကိရိယာများ ထုတ်လုပ်သော ဆွစ်ဇာလန်နိုင်ငံ Leica...
26/03/2026

Amigos International Co., Ltd သည် ကမ္ဘာ့အကောင်းဆုံးနှင့် အတိကျဆုံးမြေတိုင်းကိရိယာများ ထုတ်လုပ်သော ဆွစ်ဇာလန်နိုင်ငံ Leica Geosystems ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြေတိုင်းပညာရှင်များ Leica အမှတ်တံဆိပ် မြေတိုင်းကိရိယာများအား နှစ်ပေါင်းကြာမြင့်စွာ အသုံးပြုနိုင်ရန် အရေးကြီးဆုံးဖြစ်သည့် ရောင်းချပြီးဝန်ဆောင်မှု လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျှက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ဆွစ်လူမျိုးတို့၏ အချိန်တိကျမှု၊ စေ့စပ်သေချာမှု၊ လက်မှု့နှင့် စက်မှု့ပညာဘက်တွင်အနုစိတ်နိုင်သော (Exceptional Craftsmanship) သည် ဆွစ်ဇာလန်နိုင်ငံထုတ် ပစ္စည်းများ၏အရည်အသွေးနှင့်အတူ ကျော်ကြားပါသည်။

Leica အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများသည် ဆွစ်တို့၏ တိကျသေချာမှု၊ စေ့စပ်မှုနှင့် အနုစိတ်သော လက်မှု၊စက်မှု ပညာတို့ကိုပေါင်းစပ်ထားသည့် လက်ရာမွန်တစ်ခုဖြစ်ပါသည်။

Amigos International Co., Ltd မှဝယ်ယူရရှိနိုင်သော Leica အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများ

✳️ Leica Manual Total Station
✳️ Leica Robotic Total Station
✳️ Leica GNSS/GPS
✳️ Leica Laser Scanner
✳️ Leica Digital Level
✳️ Leica Laser Distance Meter

Leica အမှတ်တံဆိပ်ဆိုတာဘာလဲ?

✅Leica Geosystem ၏ မူလဇစ်မြစ်အစသည် ၁၈၁၉ခုနှစ်ဆွစ်ဇာလန်နိုင်ငံတွင် တည်ထောင်ခဲ့သော Kern & Co မှ စတင်ခဲ့ပြီး ယနေ့အချိန်ဆိုလျှင် နှစ်ပေါင်း၂၀၀ သက်တမ်းအထိရှိပြီဖြစ်ပါသည်၊

✅ ၁၉၂၁ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ Heerbrugg မြို့ အခြေစိုက် Wild-Heerbrugg ကုမ္ပဏီနှင့် ပူးပေါင်းကာ ကမ္ဘာ့ပထမဦးဆုံးလက်ကိုင်အမျိုးအစား Manual Theodolite ဖြစ်သည့် Opto-Mechanical Theodolite T2 ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်၊

✅ အဆိုပါ Wild Manual Theodolite ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များတွင် သင်ထောက်ကူ ပစ္စည်းအဖြစ် ယနေ့တိုင်သုံးစွဲလျှက်ရှိပါသည်၊

✅ Wild မှဆင်းသက်လာသော Leica အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများကို ကမ္ဘာ့နိုင်ငံအသီးသီး၏ အောက်ဖော်ပြပါကဏ္ဍများတွင် တိကျသောတိုင်းတာမှုအဖြေများရရှိရန် အားထားအသုံးပြုလျက်ရှိပါသည်၊

✅ အဆောက်အဦလုပ်ငန်းများ (Building Construction)
✅ အခြေခံအဆောက်အဦလုပ်ငန်းများ (Infrastructure)
✅ မြေတိုင်း နှင့် မြေပုံထုတ်လုပ်ရေးလုပ်ငန်းများ (Surveying & Mapping)
✅ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ (Transportation)
✅ အကြီးစားတည်ဆောက်ရေးစီမံကိန်းများ (Mega Project)
✅ သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ (Natural Resource)

✅ Leica Geosystems ၏ ကမ္ဘာ့ထိပ်တန်းနည်းပညာနှင့် Amigos International Co., Ltd ၏ တာဝန်ယူမှုအပြည့်ရှိသည့် ရောင်းချပြီးဝန်ဆောင်မှုစနစ်အကောင်းဆုံးနှစ်ခု ပေါင်းစည်းထားသော နှစ်ထပ်ကိန်းအစွမ်းဖြင့် Leica အမှတ်တံဆိပ် မြေတိုင်းပစ္စည်းများဖြင့် မိမိတို့လုပ်ငန်းကို ယခုထက်ပိုမိုမြင့်မားတိုးတက်အောင် ဆောင်ရွက်ကြပါစို့....

Amigos International Co., Ltd မှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေသော ရောင်းချပြီးဝန်ဆောင်မှုစနစ်များ (After Sales Services)

✳️ အာမခံတစ်နှစ်ပေးထားခြင်း
✳️ Service Center ထားရှိ၍ Calibration and Repair လုပ်ငန်းများဆောင်ရွက်ပေးခြင်း
✳️ Calibration Certificate ထုတ်ပေးခြင်း
✳️ တိုင်းတာနေစဉ်အတွင်း သိလိုသည်များကို တယ်လီဖုန်းဖြင့် Technical Support ပေးခြင်း
✳️ လုပ်ငန်းခွင်အရောက် စက်ကိုင်တွယ်အသုံးပြုပုံ သင်ကြားပေးခြင်း

Available from Amigos International Co.,Ltd in Myanmar

အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Amigos International Co.,ltd
SH-B5(4), Malikha Housing,
Yadanar Road, 14/Bawamyint Quarter,
Thingangyun Tsp, Yangon.
09- 443 087 709, 09- 250 299 877

No (Pa/213), Tha Pyay Gone Market, Pwal Yone Tan, Nay Pyi Taw
09-421169397, 067-3432535

Building No : A-2, Shwe Nan Taw Housing(1), 18st x 19st, Between 58st x 59st, Nan Shae, Aung Myae Thar Zan Tsp, Mandalay.
09-261995039, 09-400980826, 09-250678506







Amigos International Co., Ltd. is the exclusive authorized distributor of Leica Geosystems (Switzerland)—the world leader in manufacturing the most precise surveying instruments. We are dedicated to supporting Myanmar’s surveying professionals through our proactive after-sales services, ensuring the long-term reliability and performance of your Leica equipment.

The world-renowned quality of Swiss products is rooted in their legendary precision, meticulous attention to detail, and exceptional craftsmanship. Leica surveying instruments are a masterpiece, perfectly blending these Swiss traditions with cutting-edge engineering.

✳️ Leica Products Available at Amigos International:

Leica Manual Total Stations

Leica Robotic Total Stations

Leica GNSS/GPS Systems

Leica Laser Scanners

Leica Digital Levels

Leica Laser Distance Meters
What defines the Leica Brand?

✅ Legacy of Excellence: The roots of Leica Geosystems trace back to Kern & Co., founded in Switzerland in 1819. With over 200 years of history, it stands as a pillar of innovation.
✅ Pioneering History: In 1921, the Wild-Heerbrugg company (based in Heerbrugg, Switzerland) developed the T2 Opto-Mechanical Theodolite—the world’s first portable manual theodolite.
✅ Trusted in Education: To this day, these Wild Manual Theodolites are still utilized as essential teaching aids in universities and colleges across Myanmar.
✅ Global Industry Standard: Descended from the Wild legacy, Leica instruments are relied upon worldwide for high-precision results in:

Building Construction

Infrastructure Development

Surveying & Mapping

Transportation

Mega Projects

Natural Resource Extraction

✅ The Power of Partnership: By combining Leica Geosystems' world-class technology with Amigos International’s responsible after-sales support, we provide a synergistic solution to elevate your business to new heights.

🛠 Our Committed After-Sales Services:
At Amigos International Co., Ltd., we stand behind every product with full accountability:

1-Year Warranty on equipment.

Dedicated Service Center for professional Calibration and Repair.

Issuance of Calibration Certificates.

Real-time Technical Support via telephone for on-site assistance.

On-site Training to ensure proficient equipment operation at your project location.

Amigos International Co., Ltd ရဲ့ Quiz Time မှ ကြိုဆိုလိုက်ပါတယ်။အပါတ်စဉ် Quiz Time အစီအစဉ်လေးတွေရှိတာကြောင့် ဗဟုသုတရစေဖ...
22/03/2026

Amigos International Co., Ltd ရဲ့ Quiz Time မှ ကြိုဆိုလိုက်ပါတယ်။

အပါတ်စဉ် Quiz Time အစီအစဉ်လေးတွေရှိတာကြောင့် ဗဟုသုတရစေဖို့ 𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 & Follow လုပ်ထားဖို့မမေ့နဲ့နော်။

Total Station တစ်ခုကို အသုံးပြုပြီး တိုင်းတာတဲ့အခါ အကွာအဝေး (Distance) ကို တိတိကျကျ ရရှိဖို့အတွက် ဘယ်အရာကို ပစ်မှတ် (Target) အဖြစ် အသုံးပြုရသလဲ?

(က) သစ်သားတိုင်
(ခ) Prism
(ဂ) မှန်ဘီလူး

မနက်ဖြန်မှာ Comment တွင် အဖြေမှန်လေးတင်ပေးထားပါမယ်ရှင်။ပါဝင်ဖြေကြားပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။

ဂျပန်နိုင်ငံက အဆောက်အအုံတွေ ငလျင်ဒဏ်ကို ဘာကြောင့် ဒီလောက်ခံနိုင်ရည်ရှိတာလဲ?✅  ဂျပန်မှာ ငလျင်ပြင်းပြင်းထန်ထန် လှုပ်ပေမဲ့ ...
21/03/2026

ဂျပန်နိုင်ငံက အဆောက်အအုံတွေ ငလျင်ဒဏ်ကို ဘာကြောင့် ဒီလောက်ခံနိုင်ရည်ရှိတာလဲ?

✅ ဂျပန်မှာ ငလျင်ပြင်းပြင်းထန်ထန် လှုပ်ပေမဲ့ အဆောက်အအုံတွေက ဘာလို့မပြိုလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့ဆီမှာ ပြင်းအား ၇ အထက် ငလျင်တွေကိုတောင် ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတဲ့ နည်းပညာ (၃) မျိုး ရှိပါတယ်။

၁။ Taishin (ခိုင်ခံ့အောင် တောင့်ခံတဲ့စနစ်)
ဒါကတော့ အခြေခံအကျဆုံးပါ။ အဆောက်အဦရဲ့ တိုင်နဲ့ နံရံတွေကို ပိုခိုင်ခံ့အောင် လုပ်ထားပြီး ငလျင်ဒဏ်ကို တောင့်ခံထားတဲ့ စနစ်မျိုးပါ။

၂။ Seikin (တုန်ခါမှုကို လျှော့ချတဲ့စနစ်)
အဆောက်အအုံအတွင်းထဲမှာ ငလျင်တုန်ခါမှုကို စုပ်ယူပေးမယ့် Dampers (တုန်ခါမှုထိန်း ကိရိယာတွေ) ထည့်ထားတာပါ။ သူကတော့ ငလျင်လှုပ်ချိန်မှာ အဆောက်အဦ ယိမ်းထိုးမှုကို အများကြီး လျှော့ချပေးပါတယ်။

၃။ Menshin (မြေကြီးနဲ့ သီးခြားခွဲထားတဲ့စနစ်)
ဒါကတော့ အဆင့်မြင့်ဆုံးပါ။ အဆောက်အဦနဲ့ မြေကြီးကြားမှာ ရော်ဘာ (Rubber Bearings) တွေ ဒါမှမဟုတ် စပရင်တွေ ခံထားတာ ဖြစ်ပါတယ်။ မြေကြီးက လှုပ်ချင်သလို လှုပ်ပေမဲ့ အဆောက်အဦကိုတော့ သီးခြားလွတ်နေစေပြီး တုန်ခါမှုဒဏ်ကို ၄၀% ကနေ ၆၀% အထိ လျှော့ချပေးနိုင်ပါတယ်။

✅ ဂျပန်က အဆောက်အအုံ ၉၇% လောက်ဟာ ၁၉၈၁ နောက်ပိုင်း သတ်မှတ်ခဲ့တဲ့ စံနှုန်းသစ် (Shin-Taishin) အတိုင်း တည်ဆောက်ထားတာမို့ အင်အားပြင်းငလျင်တွေမှာတောင် ပျက်စီးမှု အရမ်းနည်းသွားတာပါ။

ဒီနည်းပညာတွေရဲ့ အကျိုးကျေးဇူးတွေကတော့ -

✅ အဆောက်အအုံကြီးတစ်ခုလုံး ပြိုကျခြင်းကနေ ၉၀% ကျော် ကာကွယ်ပေးနိုင်ပါတယ်။
✅ အတွင်းထဲက ပရိဘောဂတွေနဲ့ တန်ဖိုးကြီးစက်ပစ္စည်းတွေ လဲကျပျက်စီးတာမျိုး မဖြစ်တော့ပါဘူး။
✅ ငလျင်လှုပ်ပြီးတာနဲ့ အဆောက်အအုံက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလို့ ပြုပြင်စရိတ် အကုန်အကျ သက်သာပါတယ်။

ကျွန်တော်တို့ ဆောက်လုပ်ရေးလောကမှာလည်း အခုလို ခေတ်မီတဲ့ နည်းပညာတွေအပြင်၊ အဆောက်အဦ မဆောက်ခင်မှာ Soil Testing (မြေဆီလွှာစမ်းသပ်ခြင်း) နဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေရဲ့ အရည်အသွေးကို တိကျတဲ့ စက်ကိရိယာတွေနဲ့ စနစ်တကျ စစ်ဆေးဖို့ (Material Testing) ကလည်း အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်ခင်ဗျာ။

#ငလျင်ဒဏ်ခံအဆောက်အဦ





Address

SH B5/4 Malikha Housing, Yadanar Road Thingangyun Tsp
Yangon
11071

Alerts

Be the first to know and let us send you an email when Amigos International Co., Ltd- Survey and Laboratory Testing Instruments posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Amigos International Co., Ltd- Survey and Laboratory Testing Instruments:

Share