SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ

  • Home
  • Myanmar
  • Yangon
  • SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ

SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ ဆယ်စုနှစ်တစ်ခုကျော်တိုင် ISO 9001:2015 (No. 685942) လက်မှတ်ရ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော နိုင်ငံတကာအဆင့်မီ SMILE မီးသတ်ဆေးဗူးစက်ရုံကြီး

03/08/2026

Behind every delivery is a team that cares. ❤️🧯

From quality inspection to careful packing, every SMILE Fire Extinguisher is prepared with attention to detail before it reaches you.

Because your safety deserves nothing less.

ီးသတ်ဆေးဗူး

🌧️ မိုးရာသီရောက်ပြီ… သင့်လုပ်ငန်းခွင် Fire Safety ကို စစ်ဆေးပြီးပြီလား?မိုးရာသီမှာ စိုထိုင်းဆ၊ ရေယိုစိမ့်မှုနဲ့ လျှပ်စစ်...
03/08/2026

🌧️ မိုးရာသီရောက်ပြီ… သင့်လုပ်ငန်းခွင် Fire Safety ကို စစ်ဆေးပြီးပြီလား?

မိုးရာသီမှာ စိုထိုင်းဆ၊ ရေယိုစိမ့်မှုနဲ့ လျှပ်စစ်ချို့ယွင်းမှုတွေကြောင့် မီးအန္တရာယ် ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဒီ Checklist လေးနဲ့ သင့် Workplace ကို စစ်ဆေးကြည့်လိုက်ပါ။

✅ Electrical Safety

- Plug Point များ၊ Switch များနှင့် Distribution Board တွင် ရေယိုစိမ့်မှု မရှိစေရန် စစ်ဆေးပါ။
- Extension Cord များကို Overload မလုပ်ပါနှင့်။
- ပျက်စီးနေသော လျှပ်စစ်ကြိုးများကို ချက်ချင်းလဲလှယ်ပါ။

✅ Fire Extinguisher

- Pressure Gauge သည် ပုံမှန်အနေအထားတွင် ရှိပါသလား။
- Fire Extinguisher ကို အလွယ်တကူ အသုံးပြုနိုင်သောနေရာတွင် ထားရှိထားပါသလား။
- Inspection Date နှင့် Service Status ကို စစ်ဆေးပါ။

✅ Fire Safety Equipment

- Fire Hose Reel နှင့် Fire Hose များ အဆင်သင့်ဖြစ်နေပါသလား။
- Fire Alarm နှင့် Emergency Bell များ အလုပ်လုပ်နေပါသလား။
- Fire Blanket (လိုအပ်သည့်နေရာများတွင်) အသင့်ရှိပါသလား။

✅ Emergency Preparedness

- Emergency Exit များ ပိတ်ဆို့ထားခြင်း မရှိပါသလား။
- Exit Sign နှင့် Emergency Lighting များ အလုပ်လုပ်နေပါသလား။
- ဝန်ထမ်းများ အရေးပေါ်ထွက်ခွာရမည့် လမ်းကြောင်းကို သိရှိထားပါသလား။

✅ Housekeeping

- မီးလောင်လွယ်သောပစ္စည်းများကို လုံခြုံစွာ သိုလှောင်ထားပါသလား။
- Fire Equipment ရှေ့တွင် ပစ္စည်းများ ပိတ်ဆို့ထားခြင်း မရှိပါသလား။
- ရေယိုစိမ့်မှုနှင့် စိုထိုင်းဆများကို အမြန်ပြုပြင်ထားပါသလား။

🌧️ မိုးရွာနေလို့ မီးအန္တရာယ် မရှိတော့ဘူးလို့ မထင်ပါနဲ့။

မိုးရာသီမှာ လျှပ်စစ်ချို့ယွင်းမှုများကြောင့် မီးလောင်မှု ဖြစ်နိုင်ခြေ မြင့်တက်နိုင်ပါတယ်။

အန္တရာယ်မဖြစ်ခင် ကြိုတင်စစ်ဆေးထားတာက အကောင်းဆုံးကာကွယ်မှုပါ။ 🧯

🔥 “စက်ရုံမှာ Refill လုပ်ချင်ပေမယ့် တစ်ဗူးတည်းလည်း လက်ခံပေးလား?”ဒီမေးခွန်းကို Customer တွေဆီက မကြာခဏ ကြားရပါတယ်။အဖြေကတော့...
02/08/2026

🔥 “စက်ရုံမှာ Refill လုပ်ချင်ပေမယ့် တစ်ဗူးတည်းလည်း လက်ခံပေးလား?”

ဒီမေးခွန်းကို Customer တွေဆီက မကြာခဏ ကြားရပါတယ်။

အဖြေကတော့… လက်ခံပေးပါတယ်။ ✅

SMILE မီးသတ်ဆေးဗူးစက်ရုံကြီးသည် ISO 9001:2015 Certified Factory ဖြစ်တဲ့အားလျော်စွာ Quality Management System အတိုင်း စံချိန်စံညွှန်းများကို လိုက်နာပြီး

✔️ တစ်ဗူးတည်းပဲ ဖြစ်ဖြစ် Refill Service ဆောင်ရွက်ပေးပါတယ်။
✔️ SMILE Brand မဟုတ်တဲ့ Fire Extinguisher များကိုလည်း Refill ပြုလုပ်ပေးပါတယ်။
✔️ Refill မပြုလုပ်မီ အခြေအနေကို စစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးပါတယ်။

မီးသတ်ဆေးဗူးတစ်ဗူးက ဝယ်ထားရုံနဲ့ မလုံလောက်ပါဘူး။
အချိန်မီ စစ်ဆေးပြီး Refill ပြုလုပ်ထားမှ အရေးပေါ်အချိန်မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

------- လိပ်စာများ -------

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

🏪 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

ီးသတ်ဆေးဗူး

၁၆ နှစ်ကျော်ကြာ ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်လာခဲ့သော မြန်မာ့ထုတ်ကုန်🇲🇲၂၀၁၀ ခုနှစ်တွင် မြတ်နိုးလေးကုမ္ပဏီလိမိတက်မှ မြ...
01/08/2026

၁၆ နှစ်ကျော်ကြာ ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်လာခဲ့သော မြန်မာ့ထုတ်ကုန်🇲🇲

၂၀၁၀ ခုနှစ်တွင် မြတ်နိုးလေးကုမ္ပဏီလိမိတက်မှ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အသိအမှတ်ပြုထောက်ခံချက်များဖြင့် SMILE မီးသတ်ဆေးဗူးများကို စတင်ထုတ်လုပ်ခဲ့ပါသည်။

ယနေ့အချိန်တွင် SMILE သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော မီးသတ်ဆေးဗူးစက်ရုံကြီး အဖြစ် ၁၆ နှစ်ကျော်ကြာ ဂုဏ်ယူစွာ ရပ်တည်လျက်ရှိပြီး၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသော မြန်မာ့ထုတ်ကုန်တစ်ခုဖြစ်လာစေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါသည်။

အရည်အသွေးကို ထိန်းသိမ်းနိုင်ရန်အတွက် SMILE သည် ISO 9001:2015 (Certificate No. 685942) Quality Management System ကို ကျင့်သုံးထားပြီး ကုန်ကြမ်းရွေးချယ်မှုမှစတင်၍ ကုန်ချောထုတ်လုပ်ပြီးစီးသည်အထိ အဆင့်တိုင်းတွင် တင်းကျပ်သော Quality Control စနစ်များဖြင့် စစ်ဆေးထုတ်လုပ်လျက်ရှိပါသည်။

ထုတ်လုပ်မှုတွင် အသုံးပြုသော ကုန်ကြမ်းများကိုလည်း COA နှင့် MSDS ပေးနိုင်သော Qualified Supplier များ ထံမှသာ ရွေးချယ်ဝယ်ယူပြီး၊ မီးငြှိမ်းသတ်မှုစွမ်းဆောင်ရည်၏ အဓိကအစိတ်အပိုင်းကိုလည်း အမျိုးသားဓာတ်ခွဲခန်းမှ စစ်ဆေးချက်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဘေးအန္တရာယ်ကင်းရှင်းကြောင်းထောက်ခံချက်တို့ဖြင့် ပြည်ပမှ တရားဝင်တင်သွင်းထားသော 50% Dry Chemical Powder ကိုသာ အသုံးပြုထားပါသည်။ Batch တိုင်းကို စမ်းသပ်မီးငြှိမ်းသတ်ခြင်းနှင့် Quality Control Check Point များကို အဆင့်ဆင့် ဖြတ်သန်းပြီးမှသာ ဝယ်ယူသူထံ ပို့ဆောင်ပေးပါသည်။

SMILE အတွက် မီးသတ်ဆေးဗူးတစ်ဗူး ထုတ်လုပ်ခြင်းထက် ပို၍အရေးကြီးသည်မှာ လူတိုင်း၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို လုံခြုံစွာ ကာကွယ်နိုင်မည့် ယုံကြည်စိတ်ချရသော ထုတ်ကုန်တစ်ခုဖန်တီးပေးနိုင်ခြင်း ဖြစ်ပါသည်။

ပြည်တွင်းမှာ ပထမဆုံး မီးသတ်ဆေးဗူးစက်ရုံတည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ မီးဘေးအန္တရာယ်ကာကွယ်ခြင်းအတွက် ငွေကြေးများစွာကုန်ကျစရာမလို၊ စျေးမကြီးစေလိုပဲ လူတိုင်းလက်လှမ်းမှီသော စျေးနှုန်းများဖြင့် မိမိအသက်အိုးအိမ်ကို ကာကွယ်နိုင်ဖို့ ဖြစ်ပါသည်။

SMILE မီးသတ်ဆေးဗူးစက်ရုံကြီး၏ ရည်မှန်းချက်မှာ အရည်အသွေးမြင့် မီးသတ်ဆေးဗူးများ ထုတ်လုပ်ပေးခြင်းသာမက မြန်မာနိုင်ငံ၏ MSME ကဏ္ဍနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အားဖြည့်ပေးနိုင်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် ဖြစ်ပါသည်။ ပြည်တွင်းထုတ်လုပ်မှုကို အခြေခံ၍ အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စံချိန်စံညွှန်းမီ ထုတ်လုပ်မှုစနစ်များကို တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် Local Supply Chain များကို အားပေးပံ့ပိုးခြင်းတို့ဖြင့် ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။

ဒါ့အပြင် SMILE သည် အရည်အသွေးအာမခံချက်၊ တိကျသော (၃) နှစ် အာမခံ၊ Professional Refill Service၊ အခမဲ့ စစ်ဆေးပေးခြင်းနှင့် ရောင်းပြီးနောက် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါသည်။

------- လိပ်စာများ -------

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

🏪 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

ီးသတ်ဆေးဗူး

🚨 FINAL CALL!ယနေ့သည် SMILE Fire Extinguisher 2kg & 3kg Pre-order Collection အတွက် ထုတ်ယူရန်နောက်ဆုံးနေ့ ဖြစ်ပါသည်။Batch ...
31/07/2026

🚨 FINAL CALL!

ယနေ့သည် SMILE Fire Extinguisher 2kg & 3kg Pre-order Collection အတွက် ထုတ်ယူရန်နောက်ဆုံးနေ့ ဖြစ်ပါသည်။

Batch 1 • Batch 2 • Batch 3 Customer များအနေဖြင့် Order များကို မိမိတို့ confirmed လုပ်ထားသည့်နေရာများတွင် ယနေ့နောက်ဆုံး လာရောက်ထုတ်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

SMILE ကို အမြဲယုံကြည်အားပေးသည့် Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

------- လိပ်စာများ -------

🏭 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး စက်ရုံ
အမှတ်(၂၅၁)၊ ကင်းတားလမ်းနှင့်ယောက်ကော်လမ်းထောင့်၊ စက်မှုဇုန် (3)၊ တိုးချဲ့ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-765028000, 09-775028000
Google Map Link >>
https://maps.app.goo.gl/BgFFdX8nw97t7RiW9?g_st=ic

🏪 𝐒𝐌𝐈𝐋𝐄 မီးသတ်ဆေးဗူး အရောင်းပြခန်း
အမှတ် (၄၁)၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : 09-5028000, 09-945028000
Google Map Link >>
https://maps.app.goo.gl/f3jUGDiE7XHvoMDm7?g_st=ic

ီးသတ်ဆေးဗူး

One spark - One mistake - One chance - One hero.🕸️ We all need a hero to save our lives🧯
30/07/2026

One spark - One mistake - One chance - One hero.

🕸️ We all need a hero to save our lives🧯

မီးလောင်ချိန်မှာ စက္ကန့်ပိုင်းတိုင်းက အရေးကြီးပါတယ်။ အဲ့ဒီအချိန်မှာ ဝယ်ထားတဲ့ မီးသတ်ဆေးဗူးက အလုပ်မလုပ်ခြင်း သို့မဟုတ် မီ...
30/07/2026

မီးလောင်ချိန်မှာ စက္ကန့်ပိုင်းတိုင်းက အရေးကြီးပါတယ်။ အဲ့ဒီအချိန်မှာ ဝယ်ထားတဲ့ မီးသတ်ဆေးဗူးက အလုပ်မလုပ်ခြင်း သို့မဟုတ် မီးမငြှိမ်းနိုင်ခြင်းကြောင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု၊ လုပ်ငန်းရပ်နားမှုနဲ့ အသက်အန္တရာယ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

မီးသတ်ဆေးဗူးတစ်လုံးရဲ့ အဓိကအရေးကြီးဆုံးအစိတ်အပိုင်းက အတွင်းမှာ ဖြည့်ထားတဲ့ Dry Chemical Powder ဖြစ်ပါတယ်။ ဘူးပြင်ပကိုကြည့်ပြီး မီးငြှိမ်းသတ်နိုင်စွမ်းကို အတည်ပြုလို့မရပါဘူး။

ပုံမှန်အားဖြင့် Dry Chemical Powder ဟာ စိုထိုင်းဆဝင်ရောက်ခြင်း၊ သိုလှောင်မှုမမှန်ကန်ခြင်းတို့ကြောင့် အစိုပြန်ပြီး ခဲကပ်နိုင်ပါတယ်။ Powder အရည်အသွေးမပြည့်မီပါက အစိုဓာတ်ဝင်ရောက်မှုမရှိသေးသော်လည်း ခဲကပ်မှုဖြစ်ပေါ်နိုင်ခြေ ပိုများပြီး၊ ဖြန်းထွက်မှုနှင့် မီးငြှိမ်းသတ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ မီးငြှိမ်းသတ်ရာတွင် လိုအပ်တဲ့ Chemical Content မပြည့်မီခြင်း၊ Chemical Composition မမှန်ကန်ခြင်းတို့ရှိပါက Powder ဖြန်းထွက်နေသော်လည်း မီးကို ထိရောက်စွာ မငြှိမ်းနိုင်ပါဘူး။ မီးတောက် ယာယီလျော့သွားသလို မြင်ရပေမယ့် ပြန်လည်တောက်လောင်နိုင်ပါတယ်။

ဒါကြောင့် မီးသတ်ဆေးဗူးမဝယ်ခင်

✅ အတွင်းရှိ Powder မှာ မီးငြှိမ်းသတ်ရာတွင် အဓိကအသုံးဝင်သော Chemical Content ဘယ်လောက်ရာခိုင်နှုန်း ပါဝင်သလဲ (မီးငြှိမ်းသတ်ရာတွင် အဓိကအသုံးဝင်သော ဓာတုပစ္စည်းပါဝင်မှု ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲ)

✅ ဖော်ပြထားတဲ့ Chemical Percentage ကို အတည်ပြုနိုင်သော Report များ ရှိ/မရှိ

✅ သက်ဆိုင်ရာဌာနများ၏ အသိအမှတ်ပြုလက်မှတ်များ၊ စစ်ဆေးချက်တွင် ပါရှိသော အချက်အလက်များက ဝယ်ယူမည့် မီးသတ်ဆေးဗူးနှင့် အမှန်တကယ် ကိုက်ညီမှုရှိ/မရှိ

✅ Warranty နှင့် ရောင်းချပြီးနောက် စစ်ဆေးပြုပြင်ပေးနိုင်သော After-sales Service ရှိ/မရှိ တို့ကို သေချာစွာ စစ်ဆေးသင့်ပါတယ်။

ထပ်လောင်းပြောကြားလိုသည်မှာ မီးသတ်ဆေးဗူးကို အပြင်ပန်းပုံစံတစ်ခုတည်းကြည့်ပြီး မရွေးချယ်ပါနဲ့။ အရေးပေါ်အချိန်မှာ အလုပ်မလုပ်ခဲ့ရင် ဆုံးရှုံးနစ်နာရမယ့်သူက ပိုင်ရှင်ကိုယ်တိုင် ဖြစ်ပါတယ်။

ီးသတ်ဆေးဗူး

🌕 Happy Full Moon Day of War So 🌕The Full Moon Day of War So (Second Waso) is one of the most sacred days in the Buddhis...
29/07/2026

🌕 Happy Full Moon Day of War So 🌕

The Full Moon Day of War So (Second Waso) is one of the most sacred days in the Buddhist calendar. It commemorates the occasion when the Buddha delivered the Dhammacakkappavattana Sutta (The First Sermon) to the five ascetics at Deer Park in Sarnath, marking the beginning of the Buddha’s teachings and the establishment of the Sangha (the Buddhist monastic community).

On this meaningful day, we extend our heartfelt wishes to everyone. May the light of the Dhamma inspire wisdom, compassion, peace, and prosperity in your life.

Wishing you and your loved ones a blessed and peaceful Full Moon Day of War So. 🙏

Address

No 251, Corner Of Kin Tar And Yauk Kaw Street, Industrial Zone 3, South Dagon Township, Yangon, Myanmar.
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959775028000

Website

Alerts

Be the first to know and let us send you an email when SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to SMILE Fire Extinguisher Factory - မီးသတ်ဆေးဗူးစက်ရုံ:

Shortcuts

Share