MICS - TUsF - Myanmar

MICS - TUsF - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MICS - TUsF - Myanmar, Yangon.

13/03/2026

ခွဲစိတ်ခန်းသုံးပစ္စည်းဖိုးကအစ တောင်းပြီးမှကုပေးသည့် မန္တလေးလူမှုဖူလုံရေးဆေးရုံအုပ်နှင့် တာဝန်ရှိသူများ၏ လုပ်ရပ် အလုပ်သမားများ ဝေဖန်

မတ် ၁၃ ရက်
The Justice Wave

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်နှင့် ကုသခွင့်ပေးရန် ရည်ရွယ်ဖွင့်လှစ်ထားသော လူမှုဖူလုံရေးဆေးရုံ (အလုပ်သမားဆေးရုံကြီး) တွင် ဆေးရုံအုပ်အပါအဝင် တာဝန်ရှိသူအချို့က အလုပ်သမားများထံမှ နည်းမျိုးစုံဖြင့် အဓမ္မငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း နစ်နာသူအလုပ်သမားများ၏ ပြောဆိုချက်အရ သိရသည်။

အလုပ်သမားများအနေဖြင့် မိမိတို့လစာ၏ ၂ ရာခိုင်နှုန်းနှင့် အလုပ်ရှင်ဘက်မှ ၃ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးကြေးအဖြစ် လစဉ်ပေးသွင်းနေရပြီး ကျန်းမာရေးနှင့် အလုပ်လက်မဲ့အာမခံအတွက် လူမှုဖူလုံရေးကတ် (Smart Card) ပြရုံဖြင့် အခမဲ့ကုသခွင့်ရရှိရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ငွေကြေးအမြောက်အမြား ပေးဆောင်နေရသည်ဟု ဆိုသည်။

အဆိုပါဆေးရုံတွင် ဆေးရုံစတက်သည်နှင့် တစ်ပြိုင်နက် ငွေကျပ် ၅ သောင်းခန့်ကို အကြောင်းပြချက်မရှိဘဲ ကြိုတင်တောင်းခံလေ့ရှိကြောင်း သိရသည်။ ထို့အပြင် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်လာပါက ခွဲစိတ်ခန်းသုံးပစ္စည်းများဖြစ်သည့် ချုပ်ကြိုး၊ ဂွမ်း၊ ပတ်တီး၊ ထုံဆေးနှင့် ဆေးထိုးအပ်များအပြင် ဆေးရုံက ထောက်ပံ့ပေးရမည့် ဆေးဝါးများကိုပါ အလုပ်သမားများက ကိုယ်တိုင်ဝယ်ယူနေရသည့်အပြင် ငွေကြေးပါ ထပ်မံတောင်းခံနေခြင်းဖြစ်သည်။

"အကြီးစားခွဲစိတ်မှုဆိုရင် ဆေးရုံအုပ်က ၁၀ သိန်းလောက်အထိ တောင်းပါတယ်။ ညှိနှိုင်းရင်တောင် အနည်းဆုံး ၇ သိန်းလောက် ပေးရတယ်။ ခွဲစိတ်မှုတိုင်းအတွက် ပိုက်ဆံမပေးရင် မလုပ်ပေးသလိုမျိုး လုပ်နေတာပါ" ဟု နစ်နာသူ အလုပ်သမားတစ်ဦးက ပြောသည်။

ထို့အပြင် ခွဲစိတ်မှုများကို ကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် မလုပ်ဆောင်ဘဲ လက်သင်ဆရာဝန်များဖြင့်သာ လုပ်ဆောင်ခိုင်းမှုများရှိနေသဖြင့် အလုပ်သမားများ၏ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေရကြောင်း သိရသည်။

အလုပ်သမားများ၏ ပြောပြချက်အရ အောင်မြေသာစံမြို့နယ်အပါအဝင် မြို့နယ်သုံးခုမှ လူမှုဖူလုံရေးတာဝန်ခံများသည် ဆေးရုံအတွင်း ဖြစ်ပွားနေသည့် ယင်းကဲ့သို့ ငွေကြေးတောင်းခံမှုများကို သိရှိသော်လည်း တိုင်ကြားလာပါက ဖြေရှင်းပေးခြင်းမရှိဘဲ ခေါင်းရှောင်နေကြကြောင်း သိရသည်။

"လူမှုဖူလုံရေးရုံးကို သွားပြောရင်လည်း ဆေးရုံနဲ့မဆိုင်သလိုလို၊ သူတို့နဲ့မဆိုင်သလိုလိုနဲ့ ရှောင်နေကြတယ်။ အလုပ်သမားတွေမှာတော့ လစဉ်ကြေးလည်း ပေးရသေးတယ်၊ တကယ့်တကယ် ဆေးရုံတက်တော့လည်း အပြင်ဆေးခန်းထက်တောင် ပိုကုန်နေရတယ်" ဟု MICS မှအထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က The Justice Wave သတင်းဌာနကိုပြောပါတယ်။

လက်ရှိတွင် အဆိုပါလူမှုဖူလုံရေးဆေးရုံ၌ အစိုးရမှ ထုတ်ပေးထားသော ဆေးဝါးများ ပြတ်လပ်နေသည်ဟု အကြောင်းပြကာ အပြင်ဆေးဆိုင်များတွင်သာ ဈေးကြီးပေးဝယ်ခိုင်းနေခြင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့် လျော်ကြေးငွေများ ထုတ်ယူရာတွင်လည်း ကြန့်ကြာအောင် ပြုလုပ်ခြင်းနှင့် လာဘ်ငွေတောင်းခြင်းများကိုပါ ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

#မန္တလေးလူမှူဖူလုံရေးဆေးရုံ

12/03/2026

မန္တလေး လူမှုဖူလုံရေး အလုပ်သမားဆေးရုံက ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကြေးတောင်းခံနေ
ဇွဲသစ်

မန္တလေးတိုင်း၊ လူမှုဖူလုံရေး အလုပ်သမားဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ အလုပ်သမားတွေဆီကနေ ခွဲစိတ်ခ ငွေကြေးနဲ့ အလှူငွေ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေကြေး တောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။

အောင်မြေသာဇံမြို့နယ်၊ ၆၆ လမ်းနဲ့ ၁၄ လမ်းထောင့်မှာရှိတဲ့ အလုပ်သမားဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးဖြစ်သူ ခွဲစိတ်ဆရာဝန် ဒေါက်တာဗညား ဦးဆောင်ပြီး လူနာအလုပ်သမားတွေဆီက အလှူငွေတောင်းခံတာ၊ ခွဲစိတ်ခအတွက် ငွေကြေးကြိုတောင်းနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အလုပ်သမားတွေရဲ့ ပြောပြချက်အရ ခွဲစိတ်ကုသမှု လုပ်မယ်ဆိုရင် ခွဲခန်းသုံးပစ္စည်းတွေ၊ ဆပ်ပြာ၊ အမှိုက်အိတ် စတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ လူနာဘက်က ဝယ်ယူပေးရတယ်လို့ ဆိုပါတယ်။ အခုလို ဖြစ်ပွားနေတာ အချိန် ၆ လနီးပါး ရှိနေပြီဖြစ်ပြီး အလုပ်သမား အယောက် ၃၀ ကျော်ထက်မနည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသမှုတွေကိုလည်း အသေးစား၊ အလတ်စား၊ အကြီးစားဆိုပြီး ခေါင်းစဉ်တပ်ကာ အနည်းဆုံး ကျပ် ၁၅ သိန်း ဝန်းကျင်လောက်က စပြီး ငွေကြေးတောင်းခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကာယကံရှင် အလုပ်သမားတယောက်က “သူတို့က ပိုက်ဆံကို ကြိုတောင်းတာ။ သွားပြတဲ့နေ့ကတည်းက ဘယ်လောက်လောက် ကုန်မယ်ဆိုပြီး ကြိုတောင်းတာ။ ခွဲခန်းသုံးမဲ့ ပစ္စည်းတွေ ဝယ်ဖို့ဆိုပြီး ကြိုတောင်းတာ။ ဆေးရုံက ပိုက်ဆံတောင်းတာတော့ လူနာတိုင်းကို တောင်းတယ်။ ကျနော်က ဖြစ်စေချင်တာတော့ ဖူလုံရေးရုံးကိုပဲ တိုက်ရိုက်လုပ်စေချင်တယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာဇံ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ်တွေက လူမှုဖူလုံရေးရုံးတွေကို တိုင်ကြားထားပေမဲ့ ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက်မှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ ဥပဒေအရ လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းထားတာကြောင့် အလုပ်သမား ဆေးရုံတက် ကုသတဲ့အခါ ထပ်မံ ငွေကြေးတောင်းခံတာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

MICS- TUsFs အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ကျနော်တို့ လူမှုဖူလုံရေးဥပဒေအရဆိုရင် ဆေးရုံတက်တဲ့ အလုပ်သမားတွေက အခွန်ဆောင်ထားပြီးသား ဖြစ်တယ်။ တနည်းအားဖြင့် လူမှုဖူလုံရေးကြေး ပေးပြီးသား ဖြစ်ပါတယ်။ ဒီလိုမျိုး လူမှုဖူလုံရေးကြေး အခွန်ဆောင်ထားပြီးသား အလုပ်သမားတွေဆီကနေ ထပ်ပြီးတော့ ခေါင်းစဉ် အမျိုးမျိုးပြပြီး ငွေကြေးကောက်ခံတာက ဥပဒေနဲ့ မညီညွတ်ပါဘူး။ ဒါ့အပြင် လူမှုဖူလုံရေးအဖွဲ့ အနေနဲ့ ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ နစ်နာသွားတဲ့ အလုပ်သမားတွေကိုလည်း လျော်ကြေးပေးဖို့ လိုသလို ဒီလိုကိစ္စတွေ ထပ်မဖြစ်အောင် ဆေးရုံအုပ်ကို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေ ကန့်သတ်ခံနေရတဲ့ အချိန်မှာ အလုပ်သမားတွေအပေါ် အခုလို အကျင့်ပျက် လာဘ်စားမှုတွေ ပိုမို ဖြစ်ပေါ်လာနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လူမှုဖူလုံရေးစနစ်အရ အလုပ်သမားတွေဟာ လစဉ် လုပ်အားခရဲ့ ၂ ရာခိုင်နှုန်း၊ အလုပ်ရှင်ဘက်က ၃ ရာခိုင်နှုန်း၊ စုစုပေါင်း ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးကြေးအဖြစ် ပေးဆောင်ထားတာဖြစ်ပြီး လူမှုဖူလုံရေးဆေးရုံတွေမှာ ဆေးကုသမှု ခံယူရင် ထပ်မံငွေကြေးပေးစရာ မလိုဘူးလို့ သိရပါတယ်။

Photo: Mandalay Workers Hospital

#မန္တလေး #လူမှုဖူလုံရေး #အလုပ်သမားဆေးရုံ

Heineken မြန်မာစက်ရုံ၏ အလုပ်သမားရေးရာ ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုမရှိဟု MICS ဝေဖန်၊ ထုတ်ကုန်များ သပိတ်မှောက်ရန် ပြင်...
10/03/2026

Heineken မြန်မာစက်ရုံ၏ အလုပ်သမားရေးရာ ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုမရှိဟု MICS ဝေဖန်၊ ထုတ်ကုန်များ သပိတ်မှောက်ရန် ပြင်ဆင်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Heineken မြန်မာဘီယာစက်ရုံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေပြီး၊ ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာမှုမရှိဘဲ ဖြေရှင်းနေသဖြင့် ထုတ်ကုန်များကို သပိတ်မှောက်ရန်အထိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အဆိုပါစက်ရုံတွင် လုပ်အားအမြတ်ထုတ်ခြင်း၊ အေဂျင်စီမှတဆင့် ခြောက်လတကြိမ်သာ စာချုပ်ချုပ်ဆို၍ အလုပ်တည်မြဲခွင့် ပိတ်ပင်ခြင်းနှင့် နားရက်မပေးဘဲ ခိုင်းစေခြင်းများ ရှိနေကြောင်း MICS က စုံစမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဥရောပလုပ်ငန်းရှင်များအသင်း (EuroCham) ၏ ကြားဝင်မှုဖြင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆွေးနွေးခဲ့သော်လည်း ကုမ္ပဏီဘက်မှ အားရဖွယ် တုံ့ပြန်မှုမရှိကြောင်း သိရသည်။

MICS အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က Heineken သည် အလုပ်သမားများအား ၎င်းတို့၏ ဝန်ထမ်းများအဖြစ် အသိအမှတ်မပြုဘဲ အေဂျင်စီဝန်ထမ်းများအဖြစ်သာ သတ်မှတ်ကာ တာဝန်ရှောင်နေကြောင်း၊ စစ်ကော်မရှင်လက်အောက်ခံ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဟန်ပြဖြေရှင်းမှုများသာ ပြုလုပ်နေကြောင်း ဝေဖန်ပြောဆိုသည်။

“Heineken က ဒီအလုပ်သမားတွေဟာ သူတို့ဝန်ထမ်းတွေ မဟုတ်ဘူး၊ အေဂျင်စီဝန်ထမ်းတွေပဲ ဖြစ်တယ်လို့ အခုထိ ငြင်းဆိုနေတုန်းပါ။ ဒါဟာ ဥပဒေကို လက်တလုံးခြားလုပ်ပြီး တာဝန်ရှောင်တာ ဖြစ်သလို၊ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အပေါ်ယံ ကုစားမှုတွေပဲ လုပ်နေတာပါ” ဟု ကိုသက်နှင်းအောင်က မဇ္ဈိမသို့ ပြောသည်။

Heineken သည် စစ်ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း နားရက်မရခဲ့သည့် လွန်ခဲ့သော ခြောက်လစာအတွက် လျော်ကြေး ၂၄ ရက်စာကို ပေးလျော်ခဲ့သော်လည်း၊ ယင်းမှာ အရင်းခံပြဿနာကို ဖြေရှင်းခြင်းမဟုတ်ဘဲ ဟန်ပြလုပ်ဆောင်ချက်သာ ဖြစ်သည်ဟု ကိုသက်နှင်းအောင်က ဆက်ပြောသည်။

“ကျွန်တော်တို့ဆီ တိုင်ကြားတဲ့ ဝန်ထမ်းက ၂၀၀ ကျော်ရှိတယ်။ တရုံလုံးမှာ ဝန်ထမ်းက ၅၀၀ ဝန်းကျင်ပါ။ ဒါပေမဲ့ သူတို့က ခြောက်လ တကြိမ်ထုတ်တယ်ဆိုတော့ မတည်ငြိမ်ဘူး။ အခု ၂၀၀ ကျော်လုံး လျော်ကြေးမရဘူး။ နစ်နာတဲ့သူပဲရတာ။ အရေအတွက်မသိရဘူး။ ဒါ့ကြောင့်ကျနော်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောတာ” ဟု ကိုသက်နှင်းအောင်က ဆိုသည်။

အဆိုပါစက်ရုံအလုပ်သမားများမှာ ယခင်က တရက်ပျက်ကွက်လျှင် ဒဏ်ကြေး ၃၀,၀၀၀ ကျပ် ဖြတ်တောက်ခံရသော်လည်း၊ ယခုအခါ ပုံစံပြောင်းလဲ၍ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ နှစ်ရက်ပျက်ကွက်သည်နှင့် အလုပ်ထုတ်ပစ်သည့် စနစ်ကို ကျင့်သုံးနေကြောင်း မဇ္ဈိမ စုံစမ်းသိရသည်။

Heineken သည် နိုင်ငံတကာ စီးပွားရေးကျင့်ဝတ်များဖြစ်သည့် OECD လမ်းညွှန်ချက်နှင့် ILO စံနှုန်းများကို လိုက်နာရန် ပျက်ကွက်နေကြောင်း MICS က ထောက်ပြထားသည်။ လက်ရှိတွင် အဆိုပါ ချိုးဖောက်မှုများကို နယ်သာလန်ရှိ ရုံးချုပ်သို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း MICS က ဆိုသည်။

အကယ်၍ Heineken ဘက်မှ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိဘဲ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေဦးမည်ဆိုပါက MICS အနေဖြင့် အစီရင်ခံစာများ ထုတ်ပြန်သွားမည်ဖြစ်သလို၊ Heineken ထုတ်ကုန်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအထိ ပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း ဆိုသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ Heineken မြန်မာစက်ရုံဘက်မှ တရားဝင်တုံ့ပြန်ချက်ကိုမူ မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

စာတည်း။ ။ နောင်နောင်

ဓာတ်ပုံ - Taxila College မှ ကျောင်းသား/သူများ ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ Heineken ဘီယာစက်ရုံသို့ ၂၀၂၅ ခုနစ် မေလက လေ့လာရေး ခရီးလာရောက်စဉ်။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Heineken ဘီယာစက်ရုံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေပြီး၊ ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာမှုမရှိဘဲ ဖြေရှင်းနေသဖြင့် ထုတ်ကုန်များကို သပိတ်မှောက်ရန်အထိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ပြင်ဆင်နေကြောင်း သိရသည်။ (Taxila College)

#အလုပ်သမားရေးရာ

#စက်ရုံအလုပ်
#မဇ္ဈိမသတင်းဌာန

-----------------------------------------

Weak Response to Labour Rights Violations at Heineken FactoryZwe ThitLabour rights advocates say they will continue thei...
10/03/2026

Weak Response to Labour Rights Violations at Heineken Factory
Zwe Thit
Labour rights advocates say they will continue their actions because the company has not provided a transparent resolution to labour rights violations at the Heineken beer factory located in Hmawbi Township, Yangon Region.
The Myanmar Industries Craft and Services Trade Unions Federation (MICS-TUsF) announced in February that labour exploitation and labour rights violations were occurring against workers at the Heineken beer factory.
The factory recruited and hired workers through intermediary agencies, did not appoint them as permanent employees, required them to sign contracts every six months, forced them to work without rest days, and made unfair wage deductions, among other labour rights violations.
After investigating the matter based on complaints from workers, the union said it held discussions with responsible officials from the Heineken company through EuroCham, but there was no adequate remedy or resolution provided for the workers.
Ko Thet Hnin Aung, General Secretary of MICS-TUsF, said: “We have found that Heineken Myanmar has taken advantage of the current situation in Myanmar and has completely failed to comply with labour rights. In addition, it has cooperated with the junta’s non-transparent Ministry of Labour and carried out further violations against workers. They say they have already provided remedies, but we condemn those remedies as insufficient. Another point is that the Heineken company must speak openly and transparently about this issue. It cannot simply make superficial gestures. Therefore, MICS will continue to pursue this matter regarding the superficial handling of labour rights violations by Heineken Myanmar in cooperation with the junta’s Ministry of Labour.”
MICS also said that the labour rights violations had been reported to the company’s headquarters in the Netherlands, and if there is still no transparent and accountable resolution, campaigns opposing the company’s products will continue.
Factory workers said they are working under insecure six-month contracts, are required to work without rest days, face a deduction of 30,000 kyats per day if they are absent, and can be dismissed if they are absent for two consecutive days.
One affected worker said: “There are many violations of our rights. For example, we have no rest days at all. Simply put, we do not even get Labour Day off. We have to go to work. We are forced to come in. If we do not come, they impose fines. There is no right to take leave. As for other days, that is out of the question. Even on days when they tell us not to come to work, we do not receive a single penny. We have none of those benefits.”
Heineken is an international beer brand and, according to its Code of Conduct, has pledged not to discriminate against workers and to recognize labour rights. However, MICS said that in practice the company has failed to comply with those commitments.
It was not possible to contact responsible officials from the Heineken Myanmar factory for comment regarding the workers’ allegations.
Heineken, the Netherlands-based global beer company, invested nearly US$60 million in Myanmar around 2016.
In addition, a report by the organization Justice for Myanmar stated that the Heineken company is one of the major businesses paying taxes that serve as a source of revenue for the military junta.

https://www.facebook.com/share/p/1Ad5AGTiDu/

Heineken စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ဖြေရှင်းမှု အားနည်း
ဇွဲသစ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Heineken ဘီယာစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အပေါ် ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းမှုမျိုး မရှိတာကြောင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

Heineken ဘီယာစက်ရုံမှာ အလုပ်သမားတွေအပေါ် လုပ်အားအမြတ်ထုတ်တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဖေဖော်ဝါရီလ အတွင်း ထုတ်ပြန်ခဲ့ပါတယ်။

Heineken ဘီယာစက်ရုံဟာ အလုပ်သမားတွေကို ကြားခံအေဂျင်စီကတဆင့် အလုပ်ခေါ်ယူ ခန့်အပ်ပြီး အတည်တကျမခန့်ထားဘဲ ၆ လတကြိမ် စာချုပ်ချုပ်တာ၊ နားရက်မပေးဘဲ အလုပ်ခိုင်းတာ၊ လုပ်ခလစာ မတရားဖြတ်တောက်တာတွေ အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာပါ။

အလုပ်သမားတွေဆီက တိုင်ကြားချက်တွေကို အခြေခံပြီး အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဥရောပလုပ်ငန်းရှင်များအသင်းကတဆင့် Heineken ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ အလုပ်သမားတွေအတွက် လုံလောက်တဲ့ ကုစားဖြေရှင်းချက်မျိုး မရှိဘူးလို့ ဆိုပါတယ်။

MICS-TUsF အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က “Heineken မြန်မာ ကုမ္ပဏီက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို အသုံးချပြီးတော့ အလုပ်သမားအခွင့်အရေးကို လုံးဝ လိုက်နာခဲ့ခြင်းမရှိတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါအပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေအပေါ်မှာ ထပ်မံပြီးတော့ ချိုးဖောက်မှုတွေ လုပ်တယ်။ သူတို့ကတော့ ကုစားမှု ပေးလိုက်ပြီ ဆိုပြီးတော့ လုပ်တာပေါ့။ ဒါပေမဲ့ လုံလောက်မှု မရှိတဲ့ ကုစားမှုမျိုးကိုလည်း ကျနော်တို့အနေနဲ့ ရှုတ်ချတယ်။ နောက်တခုက Heineken ကုမ္ပဏီက ဒီကိစ္စကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ဖော်ပြောဆိုရမှာ ဖြစ်ပါတယ်။ အပေါ်ယံဟန်ပြလုပ်လို့ မရဘူး။ အဲ့တော့ ကျနော်တို့အနေနဲ့ MICS အနေနဲ့ Heineken မြန်မာက စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ အပေါ်ယံ ဟန်ပြလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို နယ်သာလန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားထားပြီး၊ ပွင့်လင်းမြင်သာတဲ့ တာဝန်ယူဖြေရှင်းပေးမှုမရှိရင် ထုတ်ကုန်အပေါ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း MICS အဖွဲ့ချုပ်က ပြောပါတယ်။

စက်ရုံအလုပ်သမားတွေဟာ ခိုင်မာမှု မရှိတဲ့ ၆ လအလုပ် စာချုပ်နဲ့ အလုပ်လုပ်ရတဲ့အပြင် နားရက် မရှိဘဲ အလုပ်ဆင်းရတာ၊ အလုပ်ပျက်ကွက်ပါက တရက်ကို ဒဏ်ကြေး ၃၀,၀၀၀ ဖြတ်တောက်တာ၊ ၂ ရက် ဆက်တိုက် ပျက်ကွက်ပါက အလုပ်ထုတ်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ကာယကံရှင် အလုပ်သမားတယောက်က “အခွင့်အရေးတွေ ချိုးဖောက်ခံရတာ အများကြီးပေါ့။ ဥပမာပြောရရင် ကျနော်တို့မှာ နားရက်ဆိုတာ မရှိဘူး။ အရှင်းဆုံး ပြောရရင် အလုပ်သမားနေ့တောင် ကျနော်တို့ မနားရဘူး။ ဆင်းရတယ်။ အတင်းအကျပ် မဖြစ်မနေ ဆင်းခိုင်းတယ်။ မဆင်းရင် ဒဏ်ရိုက်တာတွေ၊ နားရက် ခံစားခွင့်ဆိုတာ မရှိဘူး။ တခြားနေ့တွေဆိုတာလည်း ဝေးလာဝေး၊ မဆင်းတဲ့ရက်ထားပါတော့ သူတို့ နားခိုင်းတဲ့ ရက်တွေဆိုလည်း တပြားမှ မရဘူး။ အဲဒီခံစားခွင့်တွေ ဘာမှ မရှိဘူး”လို့ ပြောပါတယ်။

Heineken ဟာ အပြည်ပြည်ဆိုင်ရာ ဘီယာ အမှတ်တံဆိပ်တခု ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းကျင့်ဝတ် (Code of Conduct) အရ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ အလုပ်သမား အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ ကတိကဝတ် ပြုထားပေမဲ့ လက်တွေ့မှာတော့ လိုက်နာမှု မရှိဘူးလို့ MICS အဖွဲ့ ချုပ်က ပြောပါတယ်။

အလုပ်သမားတွေဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး Heineken မြန်မာ စက်ရုံတာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

နယ်သာလန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဘီယာကုမ္ပဏီဖြစ်တဲ့ Heineken ဟာ မြန်မာနိုင်ငံမှာ ၂၀၁၆ ဝန်းကျင်က အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Heineken ကုမ္ပဏီဟာ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်တဲ့ အခွန်ပေးဆောင်နေတဲ့ အဓိကလုပ်ငန်းတခု ဖြစ်တယ်လို့လည်း Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
#အလုပ်သမားအခွင့်အရေး #မှော်ဘီ

To mark International Women’s Day, which falls today, we briefly held a discussion session from 10:00 a.m. to 12:00 noon...
10/03/2026

To mark International Women’s Day, which falls today, we briefly held a discussion session from 10:00 a.m. to 12:00 noon.
During the session, we exchanged views on the difficulties faced by the women who attended, the activities of MICS, and the provisions of the International Labour Organization (ILO) relating
https://www.facebook.com/share/p/1CMdYJ9FeP/

[English Below]အမျိုးသမီးများအပေါ်  လိင်အမြတ်ထုတ်မှု အရေးယူပေးရန် အလုပ်သမားအဖွဲ့ချုပ်များ ကြေညာDVBလုပ်ငန်းခွင်အတွင်းနဲ့ ...
09/03/2026

[English Below]
အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှု အရေးယူပေးရန် အလုပ်သမားအဖွဲ့ချုပ်များ ကြေညာ
DVB

လုပ်ငန်းခွင်အတွင်းနဲ့ လုပ်ငန်းခွင်ပြင်ပတွေမှာ အမျိုးသမီးတွေ လိင်အမြတ်ထုတ်ခံနေကြရတယ်လို့ မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် အလုပ်သမားအဖွဲ့ချုပ်တွေရဲ့ ကြေညာချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ကျား၊ မ ခွဲခြားဆက်ဆံခံရတာ၊ လုပ်ခလစာ မညီမျှတာ၊ မီးဖွားခွင့်ယူလို့ အလုပ်ထုတ်ခံရတာအပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တဲ့ ကျေးရွာတွေမှာ အမျိုးသမီးတွေကို ဖမ်းဆီးပြီး အဓမ္မကျင့်တဲ့ ဖြစ်ရပ်တွေ ရှိသလို စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုတွေ ရှိလာတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေက ထိရောက်စွာအရေးယူဖို့ MICS-TUsF က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ကလည်း လုပ်ငန်းခွင်အတွင်းနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးတွေကို လိင်အမြတ်ထုတ်ခံရတာ၊ အဓမ္မပြုကျင့်တာ၊ လိင်ကျွန်ပြု ခိုင်းစားတာတွေ ရှိနေပြီး ကျူးလွန်သူတွေ အရေးယူခံရတာ နည်းပါးနေတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

“လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ လုပ်တဲ့ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရစေဘဲ ကျူးလွန်ခံရသူအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရမှာဖြစ်ပါတယ်” လို့ CTUM က ကြေညာပါတယ်။

အလားတူ အမျိုးသမီးတွေ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမူတွေအပေါ် လက်ခံနိုင်စရာမရှိဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ ကျူးလွန်သူကို အရေးယူဖို့ STUM က တောင်းဆိုထားသလို အလုပ်သမားသမဂ္ဂတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းခွင်အတွင်း အကြမ်းဖက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို တင်ပြသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Photo: Solidarity of Trade Union Myanmar
#အမျိုးသမီး #လိင်အမြတ်ထုတ်မှု #အလုပ်သမား

Labor unions call for action against sexual exploitation of women

Labor unions emphasized in their statement for International Women’s Day on March 8 that women are facing sexual exploitation both inside and outside workplaces.

According to the statement of the Myanmar Industries, Crafts and Services Trade Unions Federation (MICS-TUsF), women are facing gender discrimination in the workplace, unequal wages, being dismissed for taking maternity leave, and also sexual harassment.

In addition, there have been cases where women were arrested and r***d in villages entered by military columns of the junta, and there have also been sexual abuses against women by some groups that are taking up arms against the military council. Therefore, MICS-TUsF urged the relevant organizations to take effective action.

The Confederation of Trade Unions Myanmar (CTUM) also stated that women are being sexually exploited, r***d, and forced into sexual slavery in workplaces and conflict areas, and that only a few perpetrators are being punished.

“Any organization or individual committing sexual exploitation or sexual harassment in the workplace must not receive impunity, and justice must be sought for the victims,” CTUM said in its statement.

Similarly, the Solidarity Trade Union of Myanmar (STUM) stated in its declaration that physical assaults and sexual harassment against women are unacceptable.

STUM also demanded that all such physical assaults must stop immediately and that the perpetrators must be punished. It also announced that it will cooperate with labor unions and human rights organizations and report workplace violence to the international community.

အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှု အရေးယူပေးရန် အလုပ်သမားအဖွဲ့ချုပ်များ ကြေညာ
DVB

လုပ်ငန်းခွင်အတွင်းနဲ့ လုပ်ငန်းခွင်ပြင်ပတွေမှာ အမျိုးသမီးတွေ လိင်အမြတ်ထုတ်ခံနေကြရတယ်လို့ မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် အလုပ်သမားအဖွဲ့ချုပ်တွေရဲ့ ကြေညာချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ကျား၊ မ ခွဲခြားဆက်ဆံခံရတာ၊ လုပ်ခလစာ မညီမျှတာ၊ မီးဖွားခွင့်ယူလို့ အလုပ်ထုတ်ခံရတာအပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တဲ့ ကျေးရွာတွေမှာ အမျိုးသမီးတွေကို ဖမ်းဆီးပြီး အဓမ္မကျင့်တဲ့ ဖြစ်ရပ်တွေ ရှိသလို စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုတွေ ရှိလာတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေက ထိရောက်စွာအရေးယူဖို့ MICS-TUsF က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ကလည်း လုပ်ငန်းခွင်အတွင်းနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးတွေကို လိင်အမြတ်ထုတ်ခံရတာ၊ အဓမ္မပြုကျင့်တာ၊ လိင်ကျွန်ပြု ခိုင်းစားတာတွေ ရှိနေပြီး ကျူးလွန်သူတွေ အရေးယူခံရတာ နည်းပါးနေတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

“လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ လုပ်တဲ့ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရစေဘဲ ကျူးလွန်ခံရသူအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရမှာဖြစ်ပါတယ်” လို့ CTUM က ကြေညာပါတယ်။

အလားတူ အမျိုးသမီးတွေ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမူတွေအပေါ် လက်ခံနိုင်စရာမရှိဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ ကျူးလွန်သူကို အရေးယူဖို့ STUM က တောင်းဆိုထားသလို အလုပ်သမားသမဂ္ဂတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းခွင်အတွင်း အကြမ်းဖက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို တင်ပြသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Photo: Solidarity of Trade Union Myanmar
#အမျိုးသမီး #လိင်အမြတ်ထုတ်မှု #အလုပ်သမား

[English Below]Heineken စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ဖြေရှင်းမှု အားနည်း ဇွဲသစ်ရန်ကုန်တိုင်း၊ မှော်ဘီမြို...
09/03/2026

[English Below]
Heineken စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ဖြေရှင်းမှု အားနည်း
ဇွဲသစ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Heineken ဘီယာစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အပေါ် ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းမှုမျိုး မရှိတာကြောင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

Heineken ဘီယာစက်ရုံမှာ အလုပ်သမားတွေအပေါ် လုပ်အားအမြတ်ထုတ်တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဖေဖော်ဝါရီလ အတွင်း ထုတ်ပြန်ခဲ့ပါတယ်။

Heineken ဘီယာစက်ရုံဟာ အလုပ်သမားတွေကို ကြားခံအေဂျင်စီကတဆင့် အလုပ်ခေါ်ယူ ခန့်အပ်ပြီး အတည်တကျမခန့်ထားဘဲ ၆ လတကြိမ် စာချုပ်ချုပ်တာ၊ နားရက်မပေးဘဲ အလုပ်ခိုင်းတာ၊ လုပ်ခလစာ မတရားဖြတ်တောက်တာတွေ အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာပါ။

အလုပ်သမားတွေဆီက တိုင်ကြားချက်တွေကို အခြေခံပြီး အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဥရောပလုပ်ငန်းရှင်များအသင်းကတဆင့် Heineken ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ အလုပ်သမားတွေအတွက် လုံလောက်တဲ့ ကုစားဖြေရှင်းချက်မျိုး မရှိဘူးလို့ ဆိုပါတယ်။

MICS-TUsF အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က “Heineken မြန်မာ ကုမ္ပဏီက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို အသုံးချပြီးတော့ အလုပ်သမားအခွင့်အရေးကို လုံးဝ လိုက်နာခဲ့ခြင်းမရှိတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါအပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေအပေါ်မှာ ထပ်မံပြီးတော့ ချိုးဖောက်မှုတွေ လုပ်တယ်။ သူတို့ကတော့ ကုစားမှု ပေးလိုက်ပြီ ဆိုပြီးတော့ လုပ်တာပေါ့။ ဒါပေမဲ့ လုံလောက်မှု မရှိတဲ့ ကုစားမှုမျိုးကိုလည်း ကျနော်တို့အနေနဲ့ ရှုတ်ချတယ်။ နောက်တခုက Heineken ကုမ္ပဏီက ဒီကိစ္စကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ဖော်ပြောဆိုရမှာ ဖြစ်ပါတယ်။ အပေါ်ယံဟန်ပြလုပ်လို့ မရဘူး။ အဲ့တော့ ကျနော်တို့အနေနဲ့ MICS အနေနဲ့ Heineken မြန်မာက စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ အပေါ်ယံ ဟန်ပြလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို နယ်သာလန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားထားပြီး၊ ပွင့်လင်းမြင်သာတဲ့ တာဝန်ယူဖြေရှင်းပေးမှုမရှိရင် ထုတ်ကုန်အပေါ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း MICS အဖွဲ့ချုပ်က ပြောပါတယ်။

စက်ရုံအလုပ်သမားတွေဟာ ခိုင်မာမှု မရှိတဲ့ ၆ လအလုပ် စာချုပ်နဲ့ အလုပ်လုပ်ရတဲ့အပြင် နားရက် မရှိဘဲ အလုပ်ဆင်းရတာ၊ အလုပ်ပျက်ကွက်ပါက တရက်ကို ဒဏ်ကြေး ၃၀,၀၀၀ ဖြတ်တောက်တာ၊ ၂ ရက် ဆက်တိုက် ပျက်ကွက်ပါက အလုပ်ထုတ်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ကာယကံရှင် အလုပ်သမားတယောက်က “အခွင့်အရေးတွေ ချိုးဖောက်ခံရတာ အများကြီးပေါ့။ ဥပမာပြောရရင် ကျနော်တို့မှာ နားရက်ဆိုတာ မရှိဘူး။ အရှင်းဆုံး ပြောရရင် အလုပ်သမားနေ့တောင် ကျနော်တို့ မနားရဘူး။ ဆင်းရတယ်။ အတင်းအကျပ် မဖြစ်မနေ ဆင်းခိုင်းတယ်။ မဆင်းရင် ဒဏ်ရိုက်တာတွေ၊ နားရက် ခံစားခွင့်ဆိုတာ မရှိဘူး။ တခြားနေ့တွေဆိုတာလည်း ဝေးလာဝေး၊ မဆင်းတဲ့ရက်ထားပါတော့ သူတို့ နားခိုင်းတဲ့ ရက်တွေဆိုလည်း တပြားမှ မရဘူး။ အဲဒီခံစားခွင့်တွေ ဘာမှ မရှိဘူး”လို့ ပြောပါတယ်။

Heineken ဟာ အပြည်ပြည်ဆိုင်ရာ ဘီယာ အမှတ်တံဆိပ်တခု ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းကျင့်ဝတ် (Code of Conduct) အရ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ အလုပ်သမား အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ ကတိကဝတ် ပြုထားပေမဲ့ လက်တွေ့မှာတော့ လိုက်နာမှု မရှိဘူးလို့ MICS အဖွဲ့ ချုပ်က ပြောပါတယ်။

အလုပ်သမားတွေဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး Heineken မြန်မာ စက်ရုံတာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

နယ်သာလန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဘီယာကုမ္ပဏီဖြစ်တဲ့ Heineken ဟာ မြန်မာနိုင်ငံမှာ ၂၀၁၆ ဝန်းကျင်က အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Heineken ကုမ္ပဏီဟာ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်တဲ့ အခွန်ပေးဆောင်နေတဲ့ အဓိကလုပ်ငန်းတခု ဖြစ်တယ်လို့လည်း Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
#အလုပ်သမားအခွင့်အရေး #မှော်ဘီ

Weak Response to Labour Rights Violations at Heineken Factory
Zwe Thit
Labour rights advocates say they will continue their actions because the company has not provided a transparent resolution to labour rights violations at the Heineken beer factory located in Hmawbi Township, Yangon Region.
The Myanmar Industries Craft and Services Trade Unions Federation (MICS-TUsF) announced in February that labour exploitation and labour rights violations were occurring against workers at the Heineken beer factory.
The factory recruited and hired workers through intermediary agencies, did not appoint them as permanent employees, required them to sign contracts every six months, forced them to work without rest days, and made unfair wage deductions, among other labour rights violations.
After investigating the matter based on complaints from workers, the union said it held discussions with responsible officials from the Heineken company through EuroCham, but there was no adequate remedy or resolution provided for the workers.
Ko Thet Hnin Aung, General Secretary of MICS-TUsF, said: “We have found that Heineken Myanmar has taken advantage of the current situation in Myanmar and has completely failed to comply with labour rights. In addition, it has cooperated with the junta’s non-transparent Ministry of Labour and carried out further violations against workers. They say they have already provided remedies, but we condemn those remedies as insufficient. Another point is that the Heineken company must speak openly and transparently about this issue. It cannot simply make superficial gestures. Therefore, MICS will continue to pursue this matter regarding the superficial handling of labour rights violations by Heineken Myanmar in cooperation with the junta’s Ministry of Labour.”
MICS also said that if there is still no transparent and accountable resolution, campaigns opposing the company’s products will continue.
Factory workers said they are working under insecure six-month contracts, are required to work without rest days, face a deduction of 30,000 kyats per day if they are absent, and can be dismissed if they are absent for two consecutive days.
One affected worker said: “There are many violations of our rights. For example, we have no rest days at all. Simply put, we do not even get Labour Day off. We have to go to work. We are forced to come in. If we do not come, they impose fines. There is no right to take leave. As for other days, that is out of the question. Even on days when they tell us not to come to work, we do not receive a single penny. We have none of those benefits.”
Heineken is an international beer brand and, according to its Code of Conduct, has pledged not to discriminate against workers and to recognize labour rights. However, MICS said that in practice the company has failed to comply with those commitments.
It was not possible to contact responsible officials from the Heineken Myanmar factory for comment regarding the workers’ allegations.
Heineken, the Netherlands-based global beer company, invested nearly US$60 million in Myanmar around 2016.
In addition, a report by the organization Justice for Myanmar stated that the Heineken company is one of the major businesses paying taxes that serve as a source of revenue for the military junta.

Heineken စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ဖြေရှင်းမှု အားနည်း
ဇွဲသစ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Heineken ဘီယာစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အပေါ် ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းမှုမျိုး မရှိတာကြောင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

Heineken ဘီယာစက်ရုံမှာ အလုပ်သမားတွေအပေါ် လုပ်အားအမြတ်ထုတ်တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဖေဖော်ဝါရီလ အတွင်း ထုတ်ပြန်ခဲ့ပါတယ်။

Heineken ဘီယာစက်ရုံဟာ အလုပ်သမားတွေကို ကြားခံအေဂျင်စီကတဆင့် အလုပ်ခေါ်ယူ ခန့်အပ်ပြီး အတည်တကျမခန့်ထားဘဲ ၆ လတကြိမ် စာချုပ်ချုပ်တာ၊ နားရက်မပေးဘဲ အလုပ်ခိုင်းတာ၊ လုပ်ခလစာ မတရားဖြတ်တောက်တာတွေ အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာပါ။

အလုပ်သမားတွေဆီက တိုင်ကြားချက်တွေကို အခြေခံပြီး အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဥရောပလုပ်ငန်းရှင်များအသင်းကတဆင့် Heineken ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ အလုပ်သမားတွေအတွက် လုံလောက်တဲ့ ကုစားဖြေရှင်းချက်မျိုး မရှိဘူးလို့ ဆိုပါတယ်။

MICS-TUsF အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က “Heineken မြန်မာ ကုမ္ပဏီက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို အသုံးချပြီးတော့ အလုပ်သမားအခွင့်အရေးကို လုံးဝ လိုက်နာခဲ့ခြင်းမရှိတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါအပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေအပေါ်မှာ ထပ်မံပြီးတော့ ချိုးဖောက်မှုတွေ လုပ်တယ်။ သူတို့ကတော့ ကုစားမှု ပေးလိုက်ပြီ ဆိုပြီးတော့ လုပ်တာပေါ့။ ဒါပေမဲ့ လုံလောက်မှု မရှိတဲ့ ကုစားမှုမျိုးကိုလည်း ကျနော်တို့အနေနဲ့ ရှုတ်ချတယ်။ နောက်တခုက Heineken ကုမ္ပဏီက ဒီကိစ္စကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ဖော်ပြောဆိုရမှာ ဖြစ်ပါတယ်။ အပေါ်ယံဟန်ပြလုပ်လို့ မရဘူး။ အဲ့တော့ ကျနော်တို့အနေနဲ့ MICS အနေနဲ့ Heineken မြန်မာက စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ အပေါ်ယံ ဟန်ပြလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို နယ်သာလန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားထားပြီး၊ ပွင့်လင်းမြင်သာတဲ့ တာဝန်ယူဖြေရှင်းပေးမှုမရှိရင် ထုတ်ကုန်အပေါ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း MICS အဖွဲ့ချုပ်က ပြောပါတယ်။

စက်ရုံအလုပ်သမားတွေဟာ ခိုင်မာမှု မရှိတဲ့ ၆ လအလုပ် စာချုပ်နဲ့ အလုပ်လုပ်ရတဲ့အပြင် နားရက် မရှိဘဲ အလုပ်ဆင်းရတာ၊ အလုပ်ပျက်ကွက်ပါက တရက်ကို ဒဏ်ကြေး ၃၀,၀၀၀ ဖြတ်တောက်တာ၊ ၂ ရက် ဆက်တိုက် ပျက်ကွက်ပါက အလုပ်ထုတ်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ကာယကံရှင် အလုပ်သမားတယောက်က “အခွင့်အရေးတွေ ချိုးဖောက်ခံရတာ အများကြီးပေါ့။ ဥပမာပြောရရင် ကျနော်တို့မှာ နားရက်ဆိုတာ မရှိဘူး။ အရှင်းဆုံး ပြောရရင် အလုပ်သမားနေ့တောင် ကျနော်တို့ မနားရဘူး။ ဆင်းရတယ်။ အတင်းအကျပ် မဖြစ်မနေ ဆင်းခိုင်းတယ်။ မဆင်းရင် ဒဏ်ရိုက်တာတွေ၊ နားရက် ခံစားခွင့်ဆိုတာ မရှိဘူး။ တခြားနေ့တွေဆိုတာလည်း ဝေးလာဝေး၊ မဆင်းတဲ့ရက်ထားပါတော့ သူတို့ နားခိုင်းတဲ့ ရက်တွေဆိုလည်း တပြားမှ မရဘူး။ အဲဒီခံစားခွင့်တွေ ဘာမှ မရှိဘူး”လို့ ပြောပါတယ်။

Heineken ဟာ အပြည်ပြည်ဆိုင်ရာ ဘီယာ အမှတ်တံဆိပ်တခု ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းကျင့်ဝတ် (Code of Conduct) အရ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ အလုပ်သမား အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ ကတိကဝတ် ပြုထားပေမဲ့ လက်တွေ့မှာတော့ လိုက်နာမှု မရှိဘူးလို့ MICS အဖွဲ့ ချုပ်က ပြောပါတယ်။

အလုပ်သမားတွေဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး Heineken မြန်မာ စက်ရုံတာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

နယ်သာလန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဘီယာကုမ္ပဏီဖြစ်တဲ့ Heineken ဟာ မြန်မာနိုင်ငံမှာ ၂၀၁၆ ဝန်းကျင်က အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Heineken ကုမ္ပဏီဟာ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်တဲ့ အခွန်ပေးဆောင်နေတဲ့ အဓိကလုပ်ငန်းတခု ဖြစ်တယ်လို့လည်း Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
#အလုပ်သမားအခွင့်အရေး #မှော်ဘီ

Address

Yangon

Telephone

09776767968

Website

Alerts

Be the first to know and let us send you an email when MICS - TUsF - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share