Yangon , MSMEs Development Department , DISI , MOI

Yangon , MSMEs Development Department  , DISI , MOI We are here to help SME in Myanmar.

18/08/2026
*MSME စိုက်ပျိုးရေးထွက်ကုန် လုပ်ငန်းရှင်များ အတွက် ပြည်တွင်း/ပြည်ပဈေးကွက်ချိတ်ဆက်ရန် သတင်းကောင်း ပါးခြင်း*🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎...
14/08/2026

*MSME စိုက်ပျိုးရေးထွက်ကုန် လုပ်ငန်းရှင်များ အတွက် ပြည်တွင်း/ပြည်ပဈေးကွက်ချိတ်ဆက်ရန် သတင်းကောင်း ပါးခြင်း*
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

ပြည်တွင်း/ပြည်ပ ဈေးကွက်ချိတ်ဆက်နိုင်ရေးတို့အတွက် MSME လုပ်ငန်းရှင်များထံ ဈေးကွက်သတင်းအချက်အလက် ပေးပို့အကြောင်းကြားအပ်ပါသည်။
City Winner ကုမ္ပဏီ သည် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ လယ်ယာထွက်ကုန်နှင့် အခြားထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသော MSME လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူလိုပါသည်။
*ရရှိနိုင်မည့် အခွင့်အလမ်း -*
MSME လုပ်ငန်းရှင်များမှ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များကို တိုက်ရိုက်ရောင်းချခွင့် နှင့်နိုင်ငံတကာ ဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက် တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသဖြင့်
Agro Supplier အဖြစ် City Winner ကုမ္ပဏီ သို့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်လိုသည့် စိုက်ပျိုးရေးထွက်ကုန် MSME လုပ်ငန်းရှင်များ၊ တောင်သူများ၊ အသင်းအဖွဲ့များအနေဖြင့် -
ဈေးကွက်ဝယ်လိုအားရှိသော ပစ္စည်းအမည်စာရင်းဂိုဒေါင်အရောက် Target Offer နှုန်းထားများတို့ကို ပူးတွဲ၍ အောက်ပါ Viber နံပါတ်သို့ တိုက်ရိုက်ချိတ်ဆက် စုံစမ်းမေးမြန်းနိုင်ပါ ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဆက်သွယ်ရန် Viber -
City Winner Admin Viber: +959681171994

MSME လုပ်ငန်းရှင်များအနေဖြင့် ကြော်ငြာပါ MSME  ချေးငွေလျောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးခြင်း 🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓       ...
13/08/2026

MSME လုပ်ငန်းရှင်များအနေဖြင့် ကြော်ငြာပါ MSME ချေးငွေလျောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓


ရန်ကုန်တိုင်းဒေသကြီးမှ MSME လုပ်ငန်းရှင်များအနေဖြင့် ချေးငွေ
လျှောက် ထားနိုင်ရန်အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများအား ပြင်ဆင် နိုင်ရန် နှင့် အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များအားစုံစမ်းမေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ။
၁။ MSME ချေးငွေအဆိုပြုလွှာ
၂။သက်တမ်းရှိ SME Member card
၃။သက်တမ်းရှိလုပ်ငန်းမှတ်ပုံတင်/လိုင်စင်ရရှိပြီးသူ
၄။ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်
လက်မှတ် (မိတ္တူ)ဒါရိုက်တာများစာရင်းရှယ်ယာ ရှင်များအစည်းအဝေးမှတ်တမ်း
၅။ ချေးငွေလျှောက်ထားသူအမည်ပေါက်၊အာမခံ ပိုင်ဆိုင်မှုအထောက်အထား ၊ဘိုးဘွားပိုင်မြေ၊ဂ ရန်မြေ၊လန(၃၉)၊လယ(၃၀)(က)(ခ)
၆။လုပ်ငန်းရှင်လိုင်စင်ဓါတ်ပုံ၊မှတ်ပုံတင်(မိတ္တူ)
၇။လုပ်ငန်းသမိုင်းကြောင်းအကျဥ်းချုပ်
၈။ချေးငွေလျောက်ထားသည့်လုပ်ငန်းဖြင့်ချေးငွေ ထုတ်ချေးထာခြင်းရှိ/မရှိ ဝန်ခံဂတိပြုလွှာ
၉။ဘဏ္ဍာရေးရှင်းတမ်း ၁ နှစ်(သို့) ၃ နှစ်
၁၀။ချေးငွေအသုံးပြုမည့်အစီအစဥ်
၁၁။ပြန်လည်ပေးဆပ်မည့်အစီအစဥ်
၁၂။လုပ်ငန်းတွင်ခန့်ထားသည့်လုပ်သားဦးရေ
နှင့်လစာနှုန်းထား
၁၃။ချေးငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအစီ
အစဥ်(Business plan)
၁၄။လုပ်ငန်းဓါတ်ပုံ (ရှေ့၊နောက်၊ဝဲယာ
အတွင်းအပြင်)
၁၅။အာမခံပစ္စည်းဓါတ်ပုံ (ရှေ့၊နောက်၊ဝဲယာ အတွင်းအပြင်)
၁၆။(၁)နှစ် ( သို့ )(၃)နှစ် အခွန်ပေးဆောင်ထားမှု(သို့) အခွန်ကင်းရှင်းကြောင်းအထောက်အ ထား
၁၇။ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များ
တွင်ဖွင့်လှစ်ထားသော MSME Agency များမှ လုပ်ငန်းအမှန်တစ်ကယ်ဆောင်ရွက်နေကြောင်းထောက်ခံချက်

ချေးငွေထုတ်ချေးခြင်းမပြုရန် ကန့်သတ်တားမြစ်ထားသောလုပ်ငန်းများ

-အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊
-အာမခံလုပ်ငန်းများ၊
-အသေးစားငွေရေး၊ကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ၊
-အဖိုးတန် သတ္တုကျောက်များရောင်းဝယ်ရေး၊
-အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ (ခရီးသွားလုပ်ငန်းမှ အပ)၊
-ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ၊
-ပေါက်ကွဲစေတတ်သောပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း (လက်နက်များ၊ ခဲယမ်းမီးကျောက်များ)၊
-မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော အရာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊
-ဥပဒေအရ ကိုက်ညီမှု မရှိသော တားမြစ်ကန့်သတ်ထားသော လုပ်ငန်းများ၊
-သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ၊

စုံစမ်းမေးမြန်းရန်

- ၀၉-၄၅၀၈၆၉၁၇၄

၀၉-၄၂၅၂၈၅၁၃၄

ဖုန်း၀၉-၂၆၀၂၀၀၈၄၃
ဖုန်း၀၉-၇၉၈၄၇၃၄၇၂
ဖုန်း ၀၉-၇၉၉၂၅၅၁၃၉
၀၉-၇၈၈၉၃၃၈၉၄
၀၉-၉၈၅၂၂၂၇၅၃

MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်းအိန္ဒိယနိုင်ငံတွင် ကျင်းပမည့် "Reverse Buyer-Seller Meet (RBSM)" ပွဲသို့ ...
04/08/2026

MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် "Reverse Buyer-Seller Meet (RBSM)" ပွဲသို့ တက်ရောက်ရန် MSME လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ Vijayawada မြို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်သော Reverse Buyer-Seller Meet (RBSM) ပွဲသို့ တက်ရောက်ရန် MSME စီးပွားရေးလုပ်ငန်းရှင်များ အမည်စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်း
အပြည်ပြည်ဆိုင်ရာ ဝယ်ယူသူများ (Buyers) နှင့် အိန္ဒိယနိုင်ငံမှ MSME စီးပွားရေးလုပ်ငန်းများနှင့်ပို့ကုန်လုပ်ငန်းရှင်များထံမှ အရည်အသွေးမြင့် ကုန်ပစ္စည်း/ဝန်ဆောင်မှု ရောင်းချသူများ အကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန်တစ်ဦးချင်း (One-on-One) တွေ့ဆုံဆွေးနွေးမှုများ မှတစ်ဆင့် ရေရှည်ခိုင်မာသော ကုန်သွယ်ရေး မိတ်ဖက် ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။
အဓိက ပါဝင်မည့် ကဏ္ဍများ
1. စိုက်ပျိုးရေးနှင့် အစားအသောက်
2. အထည်အလိပ်နှင့် အဝတ်အထည်
3. လက်မှုအနုပညာနှင့် လက်ရက်ကန်း
4. စက်မှုအင်ဂျင်နီယာဆိုင်ရာ ကုန်ပစ္စည်းများ
5. တုပပြုလုပ်ထားသော လက်ဝတ်ရတနာများနှင့်
6. ဆေးဝါးနှင့် ဓာတုဗေဒဆိုင်ရာ ပစ္စည်းများ ပါဝင်ပါသည်။
စိတ်ပါဝင်စားသော ဝယ်ယူသူများ အနေဖြင့်
အောက်ပါ လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည် -
https://indiasmeforum.org/itd/register-as-buyer
အသေးစိတ်အချက်အလက်ကြည့်ရှုရန်: https://www.indiasmeforum.org/itd/upcoming-events
တိုက်ရိုက် ဆက်သွယ်ရန် မေးမြန်းနိုင်သည့် ဖုန်းနှင့် အီးမေးလ်များ:
Mr. Aayush Sharma: +91 86556 74289
Mr. Harsh Nirwan: +91 86556 74286
Email: [email protected] /
[email protected] သို့ စာရင်းပေးဆက်သွယ် ဆောင်ရွက်ပြီးသည့်လုပ်ငန်းရှင်များအနေဖြင့် (၂၉.၈.၂၀၂၆)ရက်မတိုင်မီ ရန်ကုန်တိုင်းMSME ဌာနသို့အောက်ပါဖုံးနံပါတ်များမှတဆင့် စာရင်းပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ☎ ၀၉ ၇၉၈ ၄၇၃ ၄၇၂
☎ ၀၉ ၉၈၅ ၂၂၂ ၇၅၃
☎၀၉-၇၈၈၉၃၃၈၉၄
☎၀၉ ၂၅၅၉၁၀၃၆၃
☎ ၀၉-၄၅၁၀၉၅၉၈၉

A wing of the India SME Forum, the International Trade Division supports Indian MSMEs in expanding globally through export advisory, market access, and trade facilitation in collaboration with governments and global partners.

*MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း*                                                                       ...
30/07/2026

*MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း*
*(၂၇ ကြိမ်မြောက် International Sericultural Commission (ISC) Congress on Sericulture and Silk Industry (ISCC-2026) ကျင်းပမည့်အကြောင်း သတင်းကောင်းပါးခြင်း*
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

(၂၇) ကြိမ်မြောက် International Sericultural Commission (ISC) Congress on Sericulture and Silk Industry (ISCC-2026) ကို "Silk for a Sustainable Future" ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၇) ရက်အထိ အိန္ဒိယနိုင်ငံ ၊ချန်နိုင်းမြို့ Hyatt Regency Hotel တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်
စာတမ်းတင်သွင်းလိုသူများ လိုက်နာရမည့်အချက်များ
- ISCCသည် (၃) နှစ်လျှင်(၁)ကြိမ် ကျင်းပသည့်အခမ်းအနားဖြစ်ကြောင်း
- ISCC-2026 ၏ "Silk for a Sustainable Future" ခေါင်းစဉ် ဖြင့်ကျင်းပမည်ဖြစ်ပြီး၊ဘာသာရပ်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊မူဝါဒချမှတ်သူများ စသည့်ပိုးချည်ထုတ်လုပ်မှုနှင့် ဆက်စပ်သည့်ကဏ္ဍများမှ ပုဂ္ဂိုလ်ပေါင်း (၃၅၀) ဦးခန့်ပါဝင်တက်ရောက်နိုင်ရန်ရည်မှန်းထားကြောင်း
- အခမ်းအနားကိုအစီအစဉ်(၈) ခု ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း
- ပါဝင်တက်ရောက်လိုသူများ အနေဖြင့် မိမိရွေးချယ်သည့်ပါဝင်မှုအလိုက် အခကြေးငွေပေးသွင်းပြီး လျှောက်လွှာကို [email protected] သို့ အီးမေးလ်ဖြင့် (၂၅.၉.၂၀၂၆) ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း
- စာတမ်းအနှစ်ချုပ်ကို ၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ (၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ရမည်။
- စာတမ်းအပြည့်အစုံကို ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ (၂၃) ရက် နောက်ဆုံးထား၍ ပေးပို့ရမည်။
- စာတမ်းများကို *[email protected]* သို့ အီးမေးလ်ဖြင့် ပေးပို့တင်သွင်းနိုင်ပါသည်။

27/07/2026

MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ( ၃၀-၉-၂၀၂၆ ) ရက်နေ့မှ ( ၂-၁၀-၂၀၂၆ ) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စက်မှုပြပွဲသို့ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် MSME လုပ်ငန်းရှင်များ သွားရောက်ပြသနိုင်ကြောင်းနှင့် သွားရောက်ပြသလိုသည့် MSME လုပ်ငန်းရှင်များသည် ကုန်ကျစရိတ်အား မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ကြောင်းနှင့် သွားရောက်ပြသရန် စိတ်ပါဝင်စားပါက
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ☎ ၀၉ ၇၉၈ ၄၇၃ ၄၇၂
☎၀၉ ၉၈၅ ၂၂၂ ၇၅၃
☎ ၀၉-၇၈၈၉၃၃၈၉၄
☎၀၉ ၂၅၅၉၁၀၃၆၃
☎၀၉-၄၅၁၀၉၅၉၈၉

အာဆီယံ startup များနှင့်ကိုရီးယားနိုင်ငံ startup ဂေဟစနစ်(Ecosystem)အတွင်းရှိ အရှိန် မြှင့် တင်ပေးမည့် အဖွဲ့အစည်းများ၊ရင်...
21/07/2026

အာဆီယံ startup များနှင့်ကိုရီးယားနိုင်ငံ startup ဂေဟစနစ်(Ecosystem)အတွင်းရှိ အရှိန် မြှင့် တင်ပေးမည့် အဖွဲ့အစည်းများ၊ရင်းနှီးမြှုပ်နှံသူများ နှင့်ဆန်းသစ် တီထွင်မှု ဆိုင်ရာ ပံ့ပိုးကူညီရေး အဖွဲ့ အစည်းများအပါအဝင် အဓိကသက်ဆိုင်သူများအကြားချိတ်ဆက်မှုကို လွယ်ကူ‌ချောမွေ့စေရန် အတွက်ASEAN Korea Startup Week 2026တွင်စိတ်ပါဝင်စားသူများပါဝင်နိုင်ရေးအတွက် သတင်း အချက်အလက်ဖြန့်ဝေခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အကြောင်းအရာ👉 ASEAN Korea Startup Week 2026
ကျင်းပပြုလုပ်မည့်ရက် 👉(၂၀.၉.၂၀၂၆)ရက်နေ့မှ(၂၃.၉.၂၀၂၆)ရက်နေ့ထိ
ကျင်းပပြုလုပ်မည့်နိုင်ငံ👉ကိုရီးယားသမ္မတနိုင်ငံ၊ဆိုးလ်မြို့နှင့်ဒယ်ကူမြို့
ဖိတ်ကြားခြင်း👉ကိုယ်စားလှယ်(၁)ဦး
ကုန်ကျစရိတ်ကျခံမှု 👉 AKC မှကျခံပါမည်။
အဆိုပြုနောက်ဆုံးရက်👉(၂၄.၇.၂၀၂၆)ရက်နေ့
စိတ်ဝင်စားပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်၍(၂၃.၇.၂၀၂၆)ရက်နေ့နောက်ဆုံးထားပြီးRegistration Formပေးပို့နိုင်ပါကြောင်းသတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်-
☎၀၉-၇၉၈၄၇၃၄၇၂
☎၀၉-၇၈၈၉၃၃၈၉၄
☎၀၉-၂၅၅၉၁၀၃၆၃
☎၀၉-၉၈၅၂၂၂၇၅၃
☎၀၉-၄၄၃၁၂၂၇၁၄

လုပ်ငန်းရှင်များအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်း
19/07/2026

လုပ်ငန်းရှင်များအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်း

17/07/2026
MSME လုပ်ငန်းရှင်များထံသို့ သတင်းကောင်းပါးခြင်း                                                                         ...
07/07/2026

MSME လုပ်ငန်းရှင်များထံသို့ သတင်းကောင်းပါးခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
MSME လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယနိုင်ငံ၊ ၊ စက်မှုသုတေသနဦးစီးဌာနအောက်ရှိ နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် (National Research Development Corporation-NRDC) ကမျှဝေပေးပို့လာသည့် (A Compendium of Ready- to – Transfer Millet Technologies) နှံစားပြောင်းနည်းပညာဆိုင်ရာစုစည်းမှု နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လိုပါ က NRDC နှံစားပြောင်းနည်းပညာဆိုင်ရာစုစည်းမှုGovernment Schemes on Millets for Entrepreneurs
(1) https://mofpi.gov.in/announcements/guidelines-production-linked-incentive-scheme-millet- based-products
(2) https://pmfme.mofpi.gov.in/pmfme/ #/Home-Page

Support from NRDC

(1) http://www.nrdcindia.com/Pages/Techno%20Commercial%20Support
(2) http://www.nrdcindia.com/Pages/Priority%20Projects
(3) http://www.nrdcindia.com/Pages/TDVC
(4) http://www.nrdcindia.com/Pages/Patent%20Assistance
(5) http://www.nrdcindia.com/Pages/Seed%20Funding
(6) TTFC MSME Scheme Our Contact Details:
• Dr. Akanskha Jain (Innovation/Deputy Manager): [email protected]; +91-9467988231
• Sh. Amitabh Mishra (D. GM): [email protected] သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။

Address

No(192) Kaba Aye Pagoda Road, Bahan Township, Yangon Division
Yangon
11201

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+9518605335

Alerts

Be the first to know and let us send you an email when Yangon , MSMEs Development Department , DISI , MOI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon , MSMEs Development Department , DISI , MOI:

Shortcuts

Share