26/08/2026
မြန်မာနိုင်ငံရဲ့ အမှတ်တရလေးတွေကို ဂျာမနီကို ယူဆောင်သွားမယ်!
🇲🇲🇩🇪
ဂျာမနီနိုင်ငံကို ခဏတာ သွားရောက်မယ့် ရန်ကုန် ဂျာမန်သံရုံး အကြီးအကဲ Mr.Mathias ဟာ မြန်မာကော်ဖီနဲ့ မြန်မာ့သမိုင်း စာမျက်နှာတွေအကြောင်း ထင်ဟပ်စေတဲ့ စာအုပ်နှစ်အုပ်ကို ခရီးဆောင်အိတ်ထဲ ထည့်ယူသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဘာလင်မြို့မှာ ကျင်းပမယ့် နှစ်ပတ်လည် ဂျာမန်သံအမတ်ကြီးများ အစည်းအဝေးကိုလည်း သူ တက်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသအကြောင်းတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခရီးဆောင်အိတ်ထဲမှာ နေရာလွတ်တွေ ရှိနေပါသေးတယ်။
သံရုံးအကြီးအကဲ Mr.Mathias ကိုယ်တိုင်က မြန်မာ ခေတ်ပြိုင်စာပေတွေကိုလည်း စိတ်ဝင်စားသူဆိုတော့ ဘယ်စာအုပ်တွေကို ဖတ်ဖို့ သင်တို့အနေနဲ့ အကြံပြုချင်ပါသလဲ။
အောက်က မှတ်ချက်ကဏ္ဍမှာ အကြံပြုချက်တွေကို မျှဝေပေးကြပါဦး။
🎥 အခု ခရီးစဥ်မှာ သူ ဘာတွေ သယ်သွားမလဲဆိုတာနဲ့ သူဖတ်ဖူးတဲ့ မြန်မာ စာအုပ်တွေအကြောင်း အောက်က ဗီဒီယိုကို ဆက်လက်ကြည်ရှုကြရအောင်ပါ။ 👇👇👇
#ဂျာမနီ #မြန်မာ #သံရုံး #အကြီးအကဲ #စာပေ #သမိုင်း #အရှေ့တောင်အာရှ Thant Lady
Taking a little bit of Myanmar with me! 🇲🇲🇩🇪
Our Head of Mission, Mathias Licharz, is packing Myanmar coffee and two books on Myanmar’s history for his short trip to Germany.
He’ll also attend the annual German Ambassadors’ Conference in Berlin, where Myanmar and Southeast Asia will be part of the conversations.
There’s still room in his suitcase! What contemporary Myanmar books would you recommend?
Share your suggestions in the comments.
🎥Watch his message below.👇👇👇