07/05/2026
[English below]
စက်သုံးဆီချွေတာဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ စက်ဘီးစီးတဲ့ သံတမန်တွေ။
ဖေဖော်ဝါရီ လကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီတွေ စျေးတက်ပြီး ပြတ်လပ်မှုနဲ့ ကြုံခဲ့ရပါတယ်။ လူအများစုက ကားဆီဖြည့်ဖို့အတွက်၊ ကောက်ပဲ သီးနှံ ရိတ်သိမ်းဖို့အတွက်နဲ့ သူတို့ရဲ့ ထွက်ကုန်တွေကို စျေးအရောက် ပို့ဖို့ သယ်ယူပို့ဆောင်ရေးအတွက် ဆီဝယ်ဖြည့်နိုင်ဖို့ ရုန်းကန်ကြရပါတယ်။
နယ်သာလန်သံရုံးရဲ့ ဒုတိယ သံရုံး အကြီးအကဲ မစ္စတာ ၀င်းမ် ဗန်ဒွေါန်က စက်သုံးဆီ ချွေတာဖို့အတွက် ရုံးသွားရင် တတ်နိုင်သလောက် စက်ဘီးစီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြင်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။”
နယ်သာလန်နိုင်ငံမှာတော့ စက်ဘီးနဲ့ ရုံးတက်တာက ပုံမှန်ပါပဲ။ ငါးကီလိုမီတာ ပတ်လည်အတွင်းဆိုရင် ရာသီဥတု ဆိုးနေရင်တောင် လူအများစုက ရုံးကို စက်ဘီးစီး သွားကြတယ်။
“ကျွန်တော် မြန်မာနိုင်ငံ မလာခင်တုန်းက နေ့တိုင်း ရုံးကို စက်ဘီးစီး သွားတယ်။ မိုးပဲ ရွာရွာ နှင်းပဲ ကျကျ ကျွန်တော်က ရေလုံတဲ့ ဝတ်စုံ ဝတ်ပြီး စက်ဘီးစီး ရုံးတက်တယ်။
"မြန်မာနိုင်ငံမှာတော့ စက်ဘီးစီး ရုံးတက်နိုင်ဖို့ တခြားနည်းတွေကို သုံးဖို့ လိုပြန်ပါတယ်။ ဒီမှာက စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေး ထားတဲ့ လမ်းမရှိတော့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ဖို့ လမ်းသွယ်လေးတွေကို သုံးရတယ်။ အိမ်ကနေ စောစောထွက်ရတယ်။ အားကစား ဝတ်စုံဝတ်ရတယ်။ ရုံးမှာ ရေချိုးလို့ ရတော့ ကံကောင်းတယ်။ ရုံးကလူတွေ မရောက်ခင် ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲ ကုတ်အင်္ကျီ ဝတ်ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။
"စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။
"ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမယ့် စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ် ဆိုတာ ပြသနိုင်တယ်လို့တော့ ကျွန်တော် ယုံတယ်။ စက်သုံးဆီ အသုံး လျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ" လို့ ဝင်းမ်က ပြောပါတယ်။
မိတ်ဆွေရော စက်သုံးဆီ ချွေတာဖို့ ဘာတွေ လုပ်ဆောင်နေပါပြီလဲ။ အောက်က ကော့မန့်ထဲမှာ ရေးခဲ့ပါဦး။
Cycling diplomats: a small step to reduce fuel use
Since the end of February, Myanmar is facing steep fuel price increases and shortages. Many people are struggling to pay for fuel in their car, to harvest their crops or to transport their goods to markets. Reducing fuel use was one of the reasons our Deputy Head of Mission, Wim van Doorn, has decided to go to the office by bicycle as much as possible: “I had been thinking about cycling to work since I arrived in Myanmar. The heat, questions about safety, and needing to go to meetings in my suit were some of the reasons that I never did it. However, when I saw the impact of the fuel crisis, I felt I needed to contribute something as well.”
Cycling to work is normal in the Netherlands. More than half of the people that live within 5 kilometers of their work go there by bicycle even in bad weather.
Wim said, “Before coming to Myanmar, I also cycled to work every day. For rain or snow, I would have waterproof gear with me. In Myanmar, I need to adapt in other ways: as there are no bike lanes, I use small streets and avoid the busy main roads. I leave home early and dress in a sports outfit. I am lucky that I can shower in the office. Before everybody else arrives, I get dressed up in my suit, ready for the day. Cycling uses less fuel, reducing pressure on fuel availability. It saves money and is better for the environment. I also see more of daily Myanmar life in the streets, and it is healthy: the 25 minute bike ride is my daily exercise”.
“I know it is only a small contribution, but I believe that it shows solidarity with the people that are really struggling. Every little step to reduce fuel consumption can add up.”
What are you doing to reduce fuel use? Let us know in the comments.