07/05/2026
"ဟိုင်းကြီးကျွန်းကသခင်မ - ဇာတ်လမ်း (စ/ဆုံး)" - "ရော့ ဒီမှာ ကားလက်မှတ်.. ဒါကမောင်လေး သုံးဖို့.." (၁၀၀၀၀)တန် အရွက် ၂၀..
"သေချာ အဆင်ပြေအောင် ရှင်းပြခဲ့နော် ပရောဂျက်ကို၊ စာချုပ်ပါ တစ်ခါတည်းချုပ်ခဲ့။ မမက နက်ဖြန် ခရီးထွက်စရာ ပေါ်လာလို့…"
"ဟုတ်ကဲ့ပါ အစ်မ"
ပြေးရပြီလေ အဆောင်ကို။ အဝတ်အစား မထုတ်ရသေး၊ ရေမချိုးရသေး။ သူမဝယ်ထားတဲ့ ကားလက်မှတ်က နေပြည်တော် ညနေ ၆ နာရီကား။ အလုပ်ကိစ္စပြောတဲ့ အချိန်က ရုံးဆင်းခါနီး ညနေ ၃ နာရီ။
"ဖူး... မောတာကွာ၊ မန်နေဂျာက ငါ့ကို ခိုင်းကောင်းတယ်ဆိုပြီး ဒီလိုအမြဲတမ်း လုပ်တာ... ပြီးရင် သူဌေးကို အလုပ်ပြ၊ သူကတော့ သူ့ချစ်သူနဲ့ ခရီးထွက်တော့မှာ မသိတာကျလို့" ဟွန်း... ဒါမျိုး ခဏခဏ ခရီးထွက်ရလို့ ပြင်ထားတဲ့ ခရီးဆောင်အိတ်ကိုယူ၊ ရတဲ့ တက္ကစီနဲ့ ပြေးရပြီပေါ့ဗျာ ကားဂိတ်ကို...။
"အောင်ဘု" ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်း..။ ကျွန်တော်က စာရင်းကိုင်၊ ကွန်ပျူတာရော၊ ကားပါမောင်းရတော့ ရုံးက မန်နေဂျာ အပျိုကြီး နန်းထိပ်ထားရဲ့ တောက်တိုမည်ရ ခေါ်ခိုင်းခံနေရသူ...။ မန်နေဂျာက တိုင်းရင်းသူ၊ အသားလေးကဖြူဖြူ ကိုယ်ဟန်အချိုးအစားကလည်း အရမ်းလှ။ လားရှိုးတက္ကသိုလ် တက်တုန်းက မေဂျာကွင်းတောင် ဖြစ်ဖူးတယ်။ လုပ်ငန်းကလည်း အရမ်းကျွမ်းကျင်၊ ကုမ္ပဏီပိုင်ရှင်ကတောင် လက်လွှဲထားတော့ ရုံးမှာ သူက အာဏာအရှိဆုံးပဲလေ...။
ကျွန်တော်ကတော့ အခိုင်းခံရဆုံးပေါ့ဗျာ...။ ဒီလိုနဲ့ ကားဂိတ်ရောက်... နာရီကြည့်လိုက်တော့ ကားထွက်ဖို့ ၁ နာရီနီးပါး လိုသေး... "အိုကေလေ" ထုံးစံအတိုင်း အနီးနားက ဆိုင်တစ်ဆိုင် အမြန်လိုက်ရှာပြီး အမောပြေ အအေးတစ်ပုလင်းလောက် သောက်လိုက်တယ်။
တက်ကြွတဲ့ ခြေလှမ်းများနဲ့ ကားပေါ်တက်.. ထိုင်ရမယ့်ခုံကို ရှာကြည့်လိုက်တယ်။ (နောက်ဆုံးခုံ ပြတင်းပေါက်ဘက်ပဲဟ... စောစောက ဂိတ်မှာမေးလိုက်တာတော့...) တွေ့ပြီ.. ခုံနဲ့အတူ ကျွန်တော် အံ့သြသွားတယ်။ ဘေးနားမှာကျတာက နီညိုရောင်ဝမ်းဆက်နဲ့ အမျိုးသမီးတစ်ယောက်..။ အမလေး! လှလိုက်တာနော်၊ အသားလေးက မီးမှိန်မှိန်အောက်မှာတောင် ဝင်းနေတာဗျ။ ၅ စက္ကန့်လောက် ကြောင်ကြည့်နေမိတယ်။
"ဘာလဲ"
သူ့အသံကြားမှ ကျွန်တော် သတိရတယ်။
"ခင်ဗျာ.. အော် ဟုတ်ကဲ့.. ဟိုဘက်က ကျွန်တော့်ခုံပါ အစ်မ.."
"လာ လာ" ဆိုပြီး သူထပေးတယ်။ ပါးစပ်ကတော့ ပွစိပွစိနဲ့။ ကျွန်တော် ကြားမိတာက.. "ဘယ်လို ကားဂိတ်လဲ မသိဘူး၊ ယောက်ျားလေးနဲ့ ခုံတူတူချပေးတယ်.. ဘာညာနဲ့ပေါ့ဗျာ"
ခုံပေါ်ထိုင်ရင်း ဘေးကအလန်းလေးကို ခိုးကြည့်မိတော့... မျက်စိမှိတ်ပြီး အိပ်နေပြီ။ ကိုယ့်ဘဝကိုယ် တွေးမိတယ်.. အင်း... လူပျိုဖော်ဝင်ကတည်းက ချောမောတဲ့ မိန်းကလေးတွေကို မြင်ရင် ရင်ခုန်တတ်တာ ငါ့အကျင့်ပဲ...။ ကျောင်းတက်တုန်းကဆို မိန်းကလေးအဆောင်တွေဘက် လျှောက်လည်၊ ကိုယ်သဘောကျတဲ့ ကောင်မလေးတွေကို အဝေးကနေ ငေးကြည့်ပြီး စိတ်ကူးတွေယဉ်ခဲ့ရတာ အခါခါပဲ... စိတ်ကူးယဉ်တတ်လွန်းတဲ့ အောင်ဘုရယ်...
ဒီလိုနဲ့ ဖုန်းလေးထုတ်၊ မနေ့ညကမှ ဒေါင်းထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးတွေ နားကြပ်လေးတပ်ပြီး ကြည့်နေမိတယ်.............
စိတ်ဝင်စားဖွယ် ဇာတ်လမ်းအပြည့်အစုံကို Comment တွင် ဆက်လက်ဖတ်ရှုပါ 👇👇👇