27/08/2026
✨️SEAZA Mid-Year Board Meeting 2026 တက်ရောက်ပြီးစီးခြင်း✨️
Southeast Asian Zoos and Aquariums Association (SEAZA) သည် အရှေ့တောင်အာရှ ဒေသတွင်းရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးသည့်ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာ (Animal welfare) ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး (Biodiversity Conservation) နှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး (Public Awareness) တို့အတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။🦁🐘🐠
SEAZA သည် မိမိတို့၏ အဖွဲ့အစည်းအတွင်းဆောင်ရွက်မှုများသာမက အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ရပ် ဖန်တီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
Htoo Zoos & Gardens Myanmarသည် (SEAZA) ၏ အဖွဲ့ဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် တရားဝင် ပါဝင်ခဲ့ပါပြီး SEAZA အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမှတစ်ဆင့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပညာပေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသတွင်းအဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
📚ထို့အပြင် SEAZA ၏လမ်းညွှန်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲများ(Workshop)၊ သင်တန်းများ (Training)နှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် SEAZA Conference များတွင် ပါဝင် တက်ရောက်ခြင်း အားဖြင့် အတွေ့အကြုံများ၊ ဗဟုသုတများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို အပြန်အလှန်မျှဝေလေ့လာပြီး မိမိတို့၏ တိရစ္ဆာန်များစောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ကို ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၊ Cebu မြို့၌ ကျင်းပပြုလုပ်မည့် ၃၄ ကြိမ် မြောက် SEAZA ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးသည့် နှစ်လည်အစည်းအဝေး SEAZA Mid-Year Board Meeting 2026 ကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စား Board Member ဦးရာဇာထွေးနှင့် အဖွဲ့ တက် ရောက်ခဲ့ပြီး SEAZA အဖွဲ့ဝင်နိုင်ငံများအကြား တိရစ္ဆာန်ဥယျာဉ်များ၏ ထိန်းသိမ်းရေး၊ ပညာပေး၊ သုတေသနနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအပါအဝင် လာမည့် SEAZA Conference အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သည့် အကြောင်းအရာများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
🤝🌿 အရှေ့တောင်အာရှဒေသအတွင်း တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန် နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Together for Animal Welfare, Conservation and a Better Future. 🐘🦧🦜🌿
The Southeast Asian Zoos and Aquariums Association (SEAZA) is a regional organization that promotes collaboration among zoos and aquariums across Southeast Asia. It continuously works to advance animal welfare, biodiversity conservation, and public awareness of environmental and wildlife conservation.
In addition to its activities within the association, SEAZA also collaborates with international conservation organizations and experts to help create a better future for animals and the natural environment.🦁🐘🐠
Htoo Zoos & Gardens Myanmar officially became a member of SEAZA in 2014. Through its membership, Htoo Zoos & Gardens Myanmar actively collaborates with regional members in the areas of animal care and conservation, biodiversity conservation, educational programs, and professional development.
📚Furthermore, by participating in workshops, training programs, and the annual SEAZA Conferences organized under SEAZA’s guidance, Htoo Zoos & Gardens Myanmar continuously improves its animal care and conservation practices by sharing and learning from experiences, knowledge, and best practices with other members.
The SEAZA Mid-Year Board Meeting 2026 was held in the Philippines on August 6 and 7, 2026, as a mid-year meeting to coordinate and discuss preparations for the successful organization of the 34th SEAZA Conference, which will be held in Cebu, Philippines, in November 2026.
The meeting was attended by Myanmar Board Member U Yazar Htwe and his team, representing Myanmar. During the meeting, discussions and coordination were held on matters related to zoo conservation, education, research, regional collaboration among SEAZA member countries, and other necessary preparations for the successful organization of the upcoming SEAZA Conference.
🤝🌿 We will continue to strengthen international and regional collaboration to further advance animal and environmental conservation efforts across Southeast Asia.
Together for Animal Welfare, Conservation and a Better Future. 🐘🦧🦜🌿