Chan Myae Htay - My Notes

Chan Myae Htay - My Notes Chan Myae Htay (My Notes)

Oxygen Concentrator ဆိုတာ ဘာလဲ။ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ။အတိုချုံ့ပြောရင် (Grade and Purity မှန်တဲ့စက်) Oxygen flow rate တ...
21/07/2021

Oxygen Concentrator ဆိုတာ ဘာလဲ။
ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ။

အတိုချုံ့ပြောရင် (Grade and Purity မှန်တဲ့စက်) Oxygen flow rate တင်လိုက်လည်း Oxygen သန့်စင်မှုမကျဆင်းတဲ့ စက်ကိုဝယ်ပါ။

Oxygen concentrator ဆိုတာဘာလဲဆိုတော့ Oxygen ထုတ်ပေးတဲ့စက်လို့ အများသိကြပါတယ်။

ဘာကိုဘယ်လိုရွေးဝယ်ရမလဲဆိုတာကတော့ အချက်အလက်အချို့နဲ့ ရှင်းပြပေးပါမယ် မှတ်သားထားပေးပါခင်ဗျ။

Grade

Home use grade နဲ့ Medical use grade ဆိုပြီး ၂ မျိုးရှိပါတယ်။ ဘာကိုဝယ်သင့်သလဲဆိုရင် Medical grade ကိုဝယ်ပါ။ တချို့စက်တွေမှာ medical grade လို့ product specifications ထဲမှာပါတယ်။ Medical grade လို့ရေးထားတာမတွေ့ရင် equipment classification ဆိုတာကို ရှာကြည့်ပါ။ equipment classification / Electricity safety => Class II / Class II B ဆိုတာပါရင် Medical grade စက်ပါ။

Time

အကြမ်းဖျဉ်းအနေနဲ့ Home grade နဲ့ Medical grade က အသုံးပြုနိုင်တဲ့အချိန်ကွာခြားပါတယ်။
Home use grade တွေက နာရီအကန့်အသတ်နဲ့ဖွင့်ပြီး စက်ကိုအနားပေးပြီးမှ ပြန်သုံးလို့ရပါတယ်။
Medical grade စက်တွေက 24 hr ဆက်တိုက် သုံးလို့ရပါတယ်။

Oxygen concentrator ဆိုင်ရာ အခေါ်အဝေါ်များ

အသုံးအနှုန်းများကို မှတ်ရလွယ်စေရန် စာလုံးအတိုကောက်များကို မှတ်သားထားပေးပါဗျ။
1 min ကို အမြင့်ဆုံး 10 Litre ထုတ်ပေးတဲ့စက်တွေမှာ 1/10 L လို့ ရေးပါတယ်။
Oxygen = O2
1/1 L = 1 LPM = 1 Litre per minute (1 minute ကို O2 1 Litre ထုတ်ပေးနိုင်တာကိုပြောတာ)
1/10 L = 10 LPM (1 minute ကို O2 10 Litre ထုတ်ပေးနိုင်တာကိုပြောတာ)
အဲ့ဒါတွေကို Oxygen flow rate (အောက်ဆီဂျင်စီးဆင်းမှုနှုန်း) လို့ခေါ်ပါတယ်။

FLOW RATE

Oxygen ထုတ်ပေးတဲ့အခါမှာ ၁ မိနစ်မှာ ထုတ်ပေးတဲ့ Oxygen ပမာဏကို Flow rate လို့ခေါ်ပါတယ်။
1/10 L ၊ 1/5 L ဆိုပြီး ရေးတာတွေက Oxygen ထုတ်ပေးတဲ့အခါမှာ ၁ မိနစ်ကို အများဆုံးထုတ်ပေးနိုင်တဲ့ Oxygen ပမာဏ Flow ကို ရေးတာပါ။
Home grade စက်တွေမှာ flow rate 1 LPM မှာ O2 ပါဝင်မှု 90% ရှိပေမယ့် လူနာက များများပိုရှုဖို့လိုလို့ flow rate 5 LPM (5 Litre per minute) 1 minute ကို 5 Litre အထိတင်လိုက်ရင် Oxygen ပါဝင်မှု 35% ထိကျသွားပါတယ်။ Oxygen ရှုနေပေမဲ့ Oxygen ပါဝင်မှုကနည်းတဲ့အတွက် COVID ကြောင့်ဖြစ်တဲ့ severe hypoxia ကို ထိထိရောက်ရောက် မသက်သာစေပါဘူး။
Medical grade စက်တွေမှာတော့ flow rate ကို 1 2 3 4 5 6 7 စသဖြင့် တင်လိုက်လည်း Oxygen purity က 90%~95% ကနေ ကျမသွားပါဘူး။

Flow rate များရင် ကောင်းသလား။

Clinical guidelines တွေအရ patient က Oxygen 5 LPM ထက်ပိုပြီး လိုအပ်နေပြီဆိုရင် ICU တင်ပြီး ကုရမှာပါ။
အဲဒီတော့ အိမ်မှာပဲကုလို့ အများဆုံးအကျိုးရှိနိုင်တဲ့ O2 ပမာဏက 5 LPM ပါ။
Clinical guidelines တွေအရပြောတာပါ ဒီထက်ပိုပြိး capacity များတဲ့စက် ဝယ်မယ်ဆိုရင်လည်း ဝယ်နိုင်ပါတယ်။

ဘယ်လို Flow rate နဲ့ ဘယ်လိုအမျိုးအစားတွေဝယ်သင့်သလဲ။

5 LPM / 7 LPM/ 10 LPM အမျိုးမျိုးရှိတဲ့အထဲမှာ ကိုယ်တတ်နိုင်တဲ့ငွေပမာဏ ဝယ်လို့ရတဲ့ အဆင်ပြေတဲ့စက်ကိုဝယ်ပါ။

Output flow

တချို့ 10L စက်တွေက dual output နဲ့လာပါတယ်။
တပြိုင်နက် နှစ်ယောက်ရှူလို့ရပါတယ်။
10 L ကို နှစ်ယောက်ရှုဆိုရင်တော့ တယောက် maximum 5 LPM ပဲ ထွက်ပါမယ်။
Oxygen purity အနည်းဆုံး 90-93% အထက်ထုတ်ပေးနိုင်တဲ့စက်ကိုဝယ်ပါ။ Flow rate တင်လိုက်ရင် purity ကျသွားတဲ့စက်မျိုး COVID patient အတွက် အသုံးမဝင်ပါ။

****************************************

တခြားသောအချက်အလက်တွေနဲ့လည်း medical grade စက် ဟုတ်လားဆိုတာ ကြည့်လို့ရပါတယ်။

Power consumption

Medical grade 5 L စက်တလုံးရဲ့ power consumption က 300-450 watts လောက် အနည်းဆုံးရှိသင့်တယ်။
10 L စက်ဆို 450-800 watts လောက်ရှိသင့်တယ်။
Medical grade စက်တွေက heavy duty ဖြစ်တဲ့အတွက် wattage များများသုံးရတယ်။ Wattage အရမ်းနည်းတဲ့စက် performance မကောင်းနိုင်ပါ medical grade မဖြစ်နိုင်ပါ။

Product weight

Medical grade 5 L စက်တလုံးရဲ့ အလေးချိန်က 13-17 kg လောက်အထိလေးတတ်ပါတယ်။
10L စက်ဆိုရင် 18-28 kg လောက်အထိ လေးတတ်တယ်။
စက်က 10kg အောက်ဆိုရင် medical grade မဖြစ်နိုင်ပါ။

Equipment classification and Device Safety Ratings

ဒါကတော့ ဆေးရုံးသုံး medical equipment တခုအတွက် လျှပ်စစ်နဲ့ဆိုင်တဲ့ safety rating ဖြစ်တယ်။ ဆေးရုံသုံးစက်တခု တောက်လျောက် ရက် 30 အထိ run ပြီး QC pass ရတယ် ဆိုရင် Class II B လို့ သတ်မှတ်ခွင့်ရှိတယ်။ Class II B ရတဲ့ စက်တွေက medical grade အဖြစ်သုံးလို့ရတဲ့ စက်ဖြစ်တယ်။ ဒါပေမဲ့ rating အခေါ်အဝေါ်က ထုတ်တဲ့နိုင်ငံ အပေါ်ကွာတတ်လို့ သေချာချင်ရင် Google မှာ ပြန်ရှာပါ။

Specifications

ရောင်းသူဆီက စက်ရဲ့ Specifications ကိုတောင်းကြည့်ဖို့ အားမနာပါနဲ့။
Specifications ပြမထားပဲရောင်းတာဆို လုံးဝ မဝယ်ပါနဲ့။
ငွေကုန်ပြီး အသုံးမဝင်ဖို့များပါတယ်။ Specifications ကို ဘယ်လိုဖတ်ရမလဲဆိုတာ အောက်မှာ တခုချင်းစီပြထားပါတယ်။

ထပ်ပြီးသတိပေးရရင် အဓိကအရေးအကြီးဆုံးကြည့်ရမဲ့ အချက်က Medical grade နှင့် Oxygen purity မှန်ကန်တဲ့ စက်ဖြစ်ဖို့လိုတယ်။

Specifications ဖတ်တဲ့အခါ Oxygen purity နဲ့ English လို အဓိပ္ပာယ်တူတဲ့ စကားလုံးတွေက
Oxygen purity
Oxygen density
Oxygen concentration
Oxygen percentage
Oxygen content

Medical grade ရဲ့ English လို အဓိပ္ပာယ်တူတဲ့ စကားလုံးတွေက
Medical grade
Hospital use
Clinic use
ICU use

Home grade ရဲ့ English လို အဓိပ္ပာယ်တူတဲ့ စကားလုံးတွေက
Non medical
Home use
Household use
Personal use

ထပ်ပြီး သတိပေးရရင် Product Specifications ကို သေချာဖတ်ပြီးမှ စက်ကိုဝယ်ပါ။

Credit and References:
1.
Post of Dr. Nora, Clinical Nutritionist, MBBS, MSc, HPPF (LSHTM, LSE), MSc Clinical Nutrition (University of Aberdeen UK)
https://m.facebook.com/story.php?story_fbid=1052198465313306&id=391474811385678

2.
Photo from other internet sharing

Thank you all my dear !365 Person Liked.😎😎😎😎😎
31/08/2017

Thank you all my dear !
365 Person Liked.
😎😎😎😎😎

အလှပြင်ဆိုင်ကို သွားစရာမလိုဘဲ အိမ်မှာပဲ တစ်ကိုယ်လုံး ချေးချွတ်ကြမယ်. . .ချေးချွတ်တယ် (Scrub) ဆိုတာ အသားရဲ့ အပေါ်ဆုံး အရြေ...
08/02/2017

အလှပြင်ဆိုင်ကို သွားစရာမလိုဘဲ အိမ်မှာပဲ တစ်ကိုယ်လုံး ချေးချွတ်ကြမယ်. . .



(၁) သကြား

(၂) ပင်လယ်ဆား

(၃) မုန့်ဖုတ်ဆိုဒါ

(၄) အုတ်ဂျုံမှုန့်

Source : Totalbeauty

Credit: Duwun

Version
ချေးချွတ်တယ် (Scrub) ဆိုတာ အသားရဲ့ အပေါ်ဆုံး အရေပြားကို ခွာလိုက်တာပါပဲ။ ခပ်ကြမ်းကြမ်း သဲ (သို့) ချေးချွတ်ဆေးအနုတွေနဲ့ သေချာပွတ်တိုက်ပေးတာကို ပြောတာပါ။ ဒါမှ ပျက်ဆီးနေတဲ့ အပေါ်ယံအရေပြားကို ကွာကျစေမှာ ဖြစ်ပါတယ်။

လူ့အရေပြားမှာ အပေါ်ယံလွှာ နဲ့ အောက်လွှာ ဆိုပြီး နှစ်လွှာရှိတယ်။ နေ့စဉ် အပေါ်အရေပြားက ဆဲလ်တွေက နေပူမိ၊ လေဒဏ်မိတာကြောင့် သေသွားကြပါတယ်။ ဒီအခါမှာ အသားအရေက ညစ်ထပ်ထပ်နဲ့ ကြမ်းတမ်းနေတတ်ပါတယ်။ မည်းညစ်ပျက်ဆီးနေတဲ့အပေါ်လွှာက ဆဲလ်တွေ တဖြည်းဖြည်းကွာကျသွားနေတုန်းမှာ အောက်လွှာက ဆဲလ်အသစ်တွေက အပေါ်လွှာကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ချေးချွတ်တယ်ဆိုတာ ခပ်ကြမ်းကြမ်း သဲ (သို့) ချေးချွတ်ဆေးအနုတွေနဲ့ သေချာပွတ်တိုက်ပေးတာကို ပြောတာပါ။ ဒါမှ ပျက်ဆီးနေတဲ့ အပေါ်ယံအရေပြားကို ကွာကျစေမှာ ဖြစ်ပါတယ်။ ဆဲလ်သစ်တွေ တက်လာတဲ့အခါမှာ အသားအရည်က နုပျိချောမွေ့နေပြီး အရေပြားပေါ်က အမဲစက်တွေ၊ အမာရွတ်တွေလည်း ပျောက်ကင်းသွားပါတယ်။

(၁) သကြား
သကြားခဲလေးတွေကို သံလွင်ဆီ၊ ဗာဒံဆီတို့နဲ့ ရောပြီး အရေပြားကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ၅မိနစ်ခန့်ထားပြီး ရေနွေးနဲ့ ဆေးကြောလိုက်ပါ။ ဆဲလ်သစ်တွေကို မြန်မြန်ပွားများစေလို့ အသားအရည်ကို ကြည်လင်စေဖို့အတွက် သုံးကြပါတယ်။

(၂) ပင်လယ်ဆား
ပင်လယ်ဆားကို မိမိနှစ်သက်ရာ ဗာဒံဆီ၊ သံလွင်ဆီ တစ်မျိုးမျိုးနဲ့ ရောပြီး မျက်နှာကို စက်ဝိုင်းပုံ လိမ်းပြီး (၅) မိနစ်ခန့် ထားပါ။ ပြီးရင် ရေနွေးနဲ့မျက်နှာ ပြန်သစ်ပါ။ ပင်လယ်ဆားမှာ သတ္တုဓာတ်များစွာပါဝင်ပြီး ဆဲလ်ဟောင်းများကို မြန်မြန်ကွာကျစေပါတယ်။ အရေပြားကို နုပျိုစေပြီး အစိုဓာတ်ကို ထိန်းပေးလို့ အရေပြားခြောက်သွေ့သူတွေအတွက် အထူးကောင်းမွန်ပါတယ်။

(၃) မုန့်ဖုတ်ဆိုဒါ
ဆိုဒါက ဆဲလ်သေတွေ ဖယ်ရှားရာမှာ အသုံးများဆုံး ပစ္စည်းဖြစ်ပါတယ်။ မျက်နှာသစ်ရာမှာ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း တစ်ဇွန်းစာ လောက် လက်ဖဝါးထဲထည့်ပြီး ပွတ်တိုက်ရုံနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တယ်။ သုံးတဲ့အခါ လက်ဖဝါးနဲ့ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

(၄) အုတ်ဂျုံမှုန့်
အထိခိုက်သိပ်မခံတဲ့ အရေပြားတအားနုသူတွေကတော့ အုတ်ဂျုံမှုန့်ကို ပျားရည်(သို့) ဒိန်ချဉ်တစ်မျိုးမျိုးနဲ့ ရောပြီး သုံးသင့်ပါတယ်။ ရောထားတာကို ခပ်ဖွဖွ ပွတ်လိမ်းထားပြီး (၁၅) မိနစ်ခန့်ကြာရင် ထုံးစံအတိုင်း ရေနွေးနွေးနဲ့ ဆေးကြောပါ။ ကြည်လင်တောက်ပပြီး ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အုတ်ဂျုံက နူးညံ့ပြီး အရေပြားကို ချောမွေ့စေတဲ့အပြင် အစိုဓာတ်လည်း ထိန်းပေးတယ်။ ပျားရည်က အသားအရေအရောင်ကို ပြုပြင်ပေးပြီး အနာကျက်စေတဲ့ အာနိသင်ရှိလို့ ဝက်ခြံပေါက်နေလည်း အေးဆေးသုံးနိုင်တယ်။

Source : Totalbeauty

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

http://www.phothutaw.com/2017/02/blog-post_429.html?m=0

03/02/2017

မော်ဒယ်လ်မန်း . . . ☺ ☺ ☺
Model Man . . . ☺ ☺ ☺

23/01/2017

တစ်အိမ်လုံးရဲ့အနံ့ဆိုးတွေကို လွယ်ကူစွာ ဖယ်ရှားနည်း

အိမ် တစ်ခုလုံး မှာ အနံ့ အသက်ဆိုး ထွက်နေ ပါက ဘယ်လို လုပ်ကြမလဲ။ မီးဖိုပေါ် ရှာလကာရည် အငွေ့ တစ်ထောင်းထောင်း ထွက်အောင် တည်ခြင်းဖြင့် အနံ့ဆိုးတွေ ကို လွင့်ပြယ်စေနိုင် ပါတယ်။ယင်း အနံ့ဆိုး ကို ပျက်ပြယ်စေနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့ ဖုံးဖိ စရာ မလိုအပ်ပါ။ မိမိ အိမ်ကို အပုပ်နံ့ ထွက်စေတဲ့ အနံ့ဆိုး တစ်ခုခု သို့မဟုတ် မနေ့က တစ်စုံ တစ်ခု ကြော်လှော် ချက်ပြုတ်ရာမှာ အနံ့တွေ စွဲ ကျန်နေ သည်ပဲဖြစ်ဖြစ် အဲဒီ အနံ့ဆိုး ကို အမြန်ဆုံး ထုတ်ပစ်ဖို့ ရိုးရှင်းလွယ်ကူသော နည်းလမ်းတစ်ခုပါပဲ။မီးဖိုပေါ် တင်ထားတဲ့ အဖုံးဖွင့် လက်ကိုင်တပ် ဒယ် တစ်ခုထဲ ရှာလကာရည် တစ်ခွက်လောက် လောင်း ထည့်ပြီး တအုံနွေးနွေး ဆူပွက်နေအောင် တည်ပါ။ ယင်းအငွေ့ တထောင်းထောင်း ထနေတဲ့ ရှာလကာရည် ဟာ ပုပ်စော် အနံ့တွေ ထွက်စေတဲ့ အရာတွေ လေထဲ လွင့်ပြယ်စေမှာဖြစ်တယ်။ အဲဒီ အတိုင်း ခဏ ထားထား ပါက သင့်အိမ် တစ်ခုလုံး အနံ့ အသက်ဆိုး များ ပျောက်ကင်း သွားစေပါလိမ့် မယ်။ အစပိုင်း မှာတော့ ရှာလကာရည် အနံ့လေး အနည်းငယ် စွဲကျန်နေနိုင်ပေမယ့် ခဏကြာ အပြီးမှာတော့ ဘယ် အနံ့အသက် မှ ကျန်ရစ်နေတော့မှာ မဟုတ်ပါဘူး။

Credit:Chit Chit

လုံးဝ အစိမ်းမစားသင့်တဲ့ အစားအစာ (၄) မျိုးကျန်းမာရေး, စားသောက်ဖွယ်, ဗဟုသုတ၁ - အာလူးအာလူးရဲ့ မချက်ပြုတ်ရသေးတဲ့ ကစီဓာတ်ဟာ အ...
23/01/2017

လုံးဝ အစိမ်းမစားသင့်တဲ့ အစားအစာ (၄) မျိုး
ကျန်းမာရေး, စားသောက်ဖွယ်, ဗဟုသုတ

၁ - အာလူး



၂ - ပဲပင်ပေါက်


၃ - ပျားရည်


၎ - နွားနို့


Credit : duwun

Version

၁ - အာလူး

အာလူးရဲ့ မချက်ပြုတ်ရသေးတဲ့ ကစီဓာတ်ဟာ အစာအိမ်ပြဿနာများစွာကို ဖြစ်ပေါ်နိုင်ပါတယ်။ အဆိပ်အတောက်ရှိတဲ့ solanine ဓာတ်ပါဝင်မှုလည်း မြင့်မားပါတယ်။

နည်းနည်းလေးစားမယ်ဆိုရင်တောင် ခေါင်းကိုက်တာတွေ မအီမသာ ဖြစ်တာတွေ ရှိလာနိုင်ပါတယ်။

၂ - ပဲပင်ပေါက်

ပဲပင်ပေါက်ကို လုံးဝအစိမ်းမစားသင့်ပါဘူး။ အသုပ်ထဲမှာ ထည့်စားမယ်ဆိုရင် ရေနွေးဖျော်သင့်ပါတယ်။ ပဲပင်ပေါက်အစိမ်းဟာ salmonella, E. coli လို လူ့ကျန်းမာရေးကို အန္တရယ်ပေးမယ့် ပိုးမွှားတွေ ရှိတဲ့နေရာ ဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်။ ပဲပင်ပေါက်ဝယ်လာတဲ့အခါမှာလည်း သေချာဆေးကြောပြီးမှ ချက်ပြုတ်သင့်ပါတယ်။

၃ - ပျားရည်

ပျားရည်အစိမ်းစားတာဟာ လူကြီးတွေအတွက် ကိစ္စမရှိပေမဲ့ အလွန်ငယ်ရွယ်တဲ့ကလေးတွေကို တိုက်ကြွေးတဲ့နေရာမှာ သတိထားသင့်ပါတယ်။ အပူပေး ပိုးသတ်ထားတာမျိုး မဟုတ်တာကြောင့် grayanotoxin လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုး ပါဝင်နိုင်ပါတယ်။ ရောဂါကြီး မဖြစ်နိုင်ပေမဲ့ မူးတာမောတာတွေ ရှိလာနိုင်ပါတယ်။

၄ - နွားနို့

နွားနို့ကို ပိုးသတ်ဖို့ အပူပေးတဲ့အခါ ၁၆၁ ဒီဂရီဖာရင်ဟိုက်ထိပေးရပါတယ်။ အချိန်ကလည်း အနည်းဆုံး ၁၅ စက္ကန့်လောက် ပေးရပါတယ်။ နွားနို့စိမ်းမှာ ပိုးမွှားပေါင်းများစွာ ခိုအောင်းနေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun

ကိုယ်ဝန်ဆောင်တွေ ဘယ်လိုသစ်သီးဖျော်ရည်မျိုး သောက်သင့်သလဲ ကျန်းမာရေး, စားသောက်ဖွယ်, ဗဟုသုတ ကိုယ်ဝန်ဆောင်တွေ ဘယ်လိုသစ်သီးဖျော်ရည်မျိုး သောက်သင့်သလဲ အစစ အရာရာကျန်းမာရေး ဂရုစိုက်ရတဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ရင်သွေးငယ်ကျန်းမာပြီး အာဟာရပြည့်ဖို့ ကျန... အသေးစိတ်ဖတ်ရန်

၃၈ ဖြာ မင်္ဂလာ (အင်္ဂလိပ်-မြန်မာ)
04/12/2016

၃၈ ဖြာ မင်္ဂလာ (အင်္ဂလိပ်-မြန်မာ)

၃၈ဖြာမင်္ဂလာတရားတော်

၂၀၁၇ အတွက် ပြက္ခဒိန် . . ပိတ်ရက်တွေ ကြည့်ချင်သူများအတွက်
04/12/2016

၂၀၁၇ အတွက် ပြက္ခဒိန် . . ပိတ်ရက်တွေ ကြည့်ချင်သူများအတွက်

Facebook သုံးပြီး အချိန်ကုန်ငွေကုန်ဖြစ်ပြီး တခုခုရအောင် ဗဟုသုတသိထားသင့်တဲ့ အချက်များ
သိမှတ်ဖွယ်စာ အကြောင်းစုံကို ဒီထဲမှာစုစည်းပေးပါ့မယ် ပုံကိုထောက်ပြီး အပြည့်စုံဖတ်ပါ **
အခြားသူများအတွက်လဲ ပြန်လည်မျှဝေShare ပေးပါ

Credit - All Uploader

လင်းနို့ လူသားလေးတွေ ဖြစ်နေပြီ . . . :-) :-) :-)
27/03/2016

လင်းနို့ လူသားလေးတွေ ဖြစ်နေပြီ . . . :-) :-) :-)

04/03/2016

သံပုယိုသီး နဲ့ သံပုရာသီး ခွဲခြား သိနိုင်သောနည်း

သံပုယိုသီးက ရေမှာ ပေါလောပေါ်ပြီး သံပုရာသီးက ရေထဲ နစ်ဝင်တယ်။ ကြည့်ရင် အတူတူထင်ရပေမယ့် သံပုရာသီးက ရေထက် သိပ်သည်းဆပိုများပြီး သံပုယိုသီး သိပ်သည်းမှုက ရေနဲ့ အတူတူပင်ဖြစ်တယ်။

Credit : Unknown :-)

04/03/2016

အလုပ်ခွင်မှာ စိတ်ဖိစီးမူ ခံစားရပါကဒီနည်းလေးတွေ သုံးကြည့်ပါ

အလုပ်ခွင်မှာ ခံစားနေရတဲ့ စိတ်ဖိစီးမူတွေကို နှစ်၊ လ၊ ရက်တွေ ကြာအောင် သိမ်းဆည်းလို့ မထားလိုက်ပါနဲ့။ အလုပ်ဆိုတာ ပျော်ရွှင်မူတွေ ရှိကို ရှိရပါမယ်။ အမြဲ စိတ်ဖိစီးမူတွေနဲ့ ပြည့်နှက်နေပြီ ဆိုရင်တော့ တစ်ခုခု အမှားအယွင်း ဖြစ်လို့ နေပါပြီ။
ဝါသနာ မပါတဲ့ အလုပ်ကို ရွေးချယ်ပြီး လုပ်မိတဲ့ အတွက်ကြောင့် များလား…။
ငွေကို မက်ပြီး အလုပ်လုပ်တဲ့ အတွက်ကြောင့်လား…။

မေးစရာတွေ အထွေထွေ ပေါ်လာပါလိမ့်မယ်။ ဒီတော့ စိတ်ဖိစီး မူတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ စိတ်ဖိစီးမူဟာ တစ်နေ့တည်း တစ်ရက်တည်း ဆိုရင်တော့ ပြဿနာ မဟုတ်ပေမယ့် နှစ် လ ရက်တွေ ရှည်လာပြီ ဆိုရင် မကောင်းတော့ပါဘူး။
စိတ်ဖိစီးမူတွေကို ကြာရှည်စွာ သိမ်းထားမယ် ဆိုရင်တော့ သွေတိုး နှလုံး စတဲ့ ရောဂါတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

ဖြေရှင်းနည်း -
၁။ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်း။
၂။ ပြဿနာဟာ အလုပ်ကြောင့်လား မိမိ၏ Personal ကြောင့်လား ဆိုတာကို ကွဲပြားအောင်လုပ်။
၃။ ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် အလုပ်ကနေထွက်။
၎။ နေ့စဉ် တရားထိုင် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေကိုဖတ်။
၅။ အားကစား တစ်ခုခုကို နေ့စဉ်လုပ်။
အလုပ်ခွင်ဟာ မိမိနေ့စဉ် ရင်ဆိုင် လှုပ်ရှားနေရတဲ့ နေရာတစ်ခု ဖြစ်လို့ မိမိသော်လည်းကောင်း၊ မိမိ၏ မိတ်ဆွေ သူငယ်ချင်း
သော်လည်းကောင်း စိတ်ဖိစီးမူ ခံစားနေရတယ်ဆိုရင် အားပေးပါ ကူညီပါ စောင့်ရှောက်ပါ။

Credit : Yoyarlay

Address

Yangon

Opening Hours

Monday 17:00 - 22:00
Tuesday 17:00 - 22:00
Wednesday 17:00 - 22:00
Thursday 17:00 - 22:00
Friday 17:00 - 22:00
Saturday 17:00 - 22:00
Sunday 17:00 - 22:00

Alerts

Be the first to know and let us send you an email when Chan Myae Htay - My Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category