25/07/2026
#မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု
+++++++++++++++++++++++++++++++++++++++++++++++++++++
၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၅ ရက်နေ့ နေ့လယ် ၁းဝဝနာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ကံမမြို့၊ အမှတ် ၃ ရပ်ကွက် ကံမ-ပြည်လမ်း ကံမ အခြေခံပညာအထက် တန်းကျောင်းရှိ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးမြင့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်လှိုင်သန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်နှင့် ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကြောင်း၊ အချိန်မှ ၁၅၁၅ အချိန်ထိ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် ၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာ ဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်စေရန် ရည်ရွယ်၍
အခမ်းနားတွင် အ.ထ.က (ကံမ)မှ Grade–9 ကျောင်းသား ကျောင်းသူလေးများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမြင့်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌ ဦးသက်လွင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း၊ ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် “အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း” “ Never Stop Learning Talk Show”တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူ အသီးသီးက ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို နေ့လယ် ၃းဝဝနာရီတွင် ရုပ်သိမ်းခဲ့သည်။
#ပြည်သူ့ပါတီ
#မကွေးတိုင်းဒေသကြီး