Ywangan Township People Defence Force.

Ywangan Township People Defence Force. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ywangan Township People Defence Force., Government Organization, Ye-ngan.

29/03/2026
28/03/2026
 #ဒီကနေ့မတ်လ၂၈ရက်နေ့ဟာ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အာဏာရှင်ကို  ရွှေးကောက်ခံပြည်သူ့အစိုးရကို အာ...
28/03/2026

#ဒီကနေ့မတ်လ၂၈ရက်နေ့ဟာ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အာဏာရှင်ကို ရွှေးကောက်ခံပြည်သူ့အစိုးရကို အာဏာပြန်အပ်ဖို့ ပြည်သူ့ဆန္ဒနဲ့ဖေါ်ထုတ်ပြသခဲ့ပြီး စစ်အာဏာရှင်ဟာ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သ-တ်ဖြတ်ဖမ်းဆီးချုပ်နောင်ထောင်တွင်းအကျဉ်းချ လူမဆန်စွာရက်ရက်စက်စက်ပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြခေါင်းဆောင်လူငယ်များနဲ့ ဒီကနေ့မှာ မျက်နှာစုံညီအစည်းဝေးဆုံးဖြတ်ချက်အရ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုရွှေးချယ်ပြီး စစ်အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို တန်ပြန်တော်လှန်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့တဲ့လက်နက်ကိုင်တော်လှန်ရေး ငါးနှစ်မြောက်ပြည့်နေ့ဖြစ်ပါတယ်။

ဒီလက်နက်ကိုင်တော်လှန်ရေးမှာပါဝင်ခဲ့သောကျောင်းသား လူငယ်မောင်မယ်ရဟန်းရှင်ပြည်သူတွေကိုအလေးနက်ဂါရဝပြုအပ်ပါတယ်။
ထို့အတူ တော်လှန်ရေးတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော PDFရဲဘော်ရဲမေများကိုလဲ အလေးနီပြု ဂုဏ်ပြုအပ်ပါတယ်။ဖမ်းဆီးအကျဉ်းကျခံရဲဘော်ရဲဘက်များကိုလဲ အလေးနီပြုဂုဏ်ပြုအပ်ပါတယ်။
ငါတို့စစ်အာဏာရှင်တော်လှန်ရေးကြီးကို လက်ဗလာကနေ ခေတ်မှီမောင်းပြန်လက်နက်တွေတပ်ဆင်ပြီးတိုက်ခိုက်နိုင်တဲ့အထိ ညာနအား ငွေအား အလုံးအရင်းဖြင့်ထောက်ပို့ကူညီကြသော ရဟန်းရှင်လူပြည်သူအပေါင်းအား၎င်း အကျွန်ုပ်တို့မှ အလေးနီပြုဂုတ်ပြုအပ်ပါတယ်။
ငါးနှစ်ပြည့်မှသည် အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးပြီး တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်တည်နိုင်သည်ထိ အားလုံးအတူလက်တွဲညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ကြပါလို့တိုက်တွန်းရင်း။

တော်လှန်ရေးမုချအောင်ရမည်။
ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDO)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အမိန့်အမှတ် ၁/၂၀၂၆၁၃၈၇ခုနှစ်၊ ပြာသိုလဆန်း (၁၄)ရက်(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)၁။ ယနေ့က...
01/01/2026

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

အမိန့်အမှတ် ၁/၂၀၂၆
၁၃၈၇ခုနှစ်၊ ပြာသိုလဆန်း (၁၄)ရက်
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)

၁။ ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ (၁၁၀)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။

၂။ အထက်အပိုဒ်(၁)တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/အကျဉ်းသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတပုံအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည်။

ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

21/12/2025

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ချက်ခြင်းလွှတ်ပေးပါ။နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းလွှတ်ပေးပါ။

  ◼NUG ၊ EROs နဲ့ SRA အင်အားစုကြီးသုံးခုရဲ့ စစ်ရေးဖော်ဆောင်မှုဟာ တော်လှန်ရေးရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာမယ်လို့ ခွန်ဘီထ...
17/12/2025



◼NUG ၊ EROs နဲ့ SRA အင်အားစုကြီးသုံးခုရဲ့ စစ်ရေးဖော်ဆောင်မှုဟာ တော်လှန်ရေးရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာမယ်လို့ ခွန်ဘီထူး ပြော
◼EROs ၊ SRA တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော

CJ Platform

စစ်အာဏာရှင်စနစ်ကို တော်လှန်နိုင်ဖို့အတွက် လက်နက်ကိုင်အင်အားစုကြီးတွေ စုစည်းပြီးတော့ ဟန်ချက်ညီညီတော်လှန်ရမှာဖြစ်ပြီး စစ်ဆင်ရေးတွေကို လက်တွေ့အကောင်အထည်ဖော် အောင်မြင်အောင် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဥက္ကဌ ကိုခွန်ဘီထူးက CJ Platform ကို ပြောပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ရှမ်းနဲ့ မွန်ပြည်တို့က အင်အားကြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အများစုနဲ့ ဖွဲ့စည်းထားပြီး လုပ်ငန်းစဉ်နဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နိုင်ဖို့အတွက် SRA ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့တပ်တွေက နွေဦးတော်လှန်ရေးမဟာမိတ်က တစ်နိုင်ငံလုံးမှာ ချိတ်ဆက်မိသွားတဲ့ တပ်မဟာမိတ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဆိုတော့ Logistic ကိစ္စတွေ၊ နောက်ပြီး စစ်ဆင်ရေးစီမံချက်ကိစ္စတွေမှာ အားလုံးက ပိုမိုအောင်မြင်နိုင်မယ်၊ ပိုပြီးထိရောက်မယ်၊ ဆိုတော့ ဒါက အရေးကြီးတဲ့တော်လှန်ရေး အလှည့်အပြောင်းတစ်ခုဖြစ်မယ်” လို့ SRA တပ်ပေါင်းစုမှာ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကိုခွန်ဘီထူးက CJ Platform ကို ပြောပါတယ်။

ချင်းညီနောင် (CB) အဖွဲ့၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရးတပ်မတော် (BPLA) စတဲ့ စုစုပေါင်းအဖွဲ့ ၁၉ ဖွဲ့ပါဝင်တဲ့ SRA တပ်ပေါင်းစုဖွဲ့စည်းတာကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC အောက်မှာရှိနေတဲ့ PDF တွေရှိမယ်။ အခုဆိုရင်လည်း SRA တပ်ဖွဲ့တွေရှိမယ်၊ EROs တပ်ဖွဲ့တွေရှိမယ်။ ဒီတပ်ဖွဲ့တွေ အချင်းချင်းကြားမှာ Joint Command တစ်ခု ပေါ်ပေါက်လာနိုင်ဖို့အတွက်ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ သူက ပြောပါတယ်။

စစ်အုပ်စုကို တော်လှန်နေတဲ့ အင်အားစုကြီးတွေဖြစ်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) အင်အားစုတွေနဲ့ SRA တပ်ပေါင်းစုအင်အားစုတွေအနေနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါက တော်လှန်ရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့ ကိုခွန်ဘီထူးက ဆိုပါတယ်။

SRA တပ်ပေါင်းစုမှာ လုပ်ငန်းစဉ်နဲ့ စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ သက်ဆိုင်ရာတပ်ဖွဲ့တွေ အချိုးကျပါဝင်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး တပ်ပေါင်းစုအနေနဲ့ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေကိုလည်း အတူတကွ တစ်ချိန်တည်းမှာပဲ ဖော်ဆောင် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကလည်း CJ Platform ကို ပြောပါတယ်။

“ဒေသအသီးသီးမှာ လှုပ်ရှားနေကြတဲ့တပ်တွေကို စုဖွဲ့ပြီးတဲ့အခါမှာ ဒီတပ်ပေါင်းစုအဖြစ်နဲ့သာ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ဒေသအသီးသီးမှာ ဒီတပ်ဖွဲ့တွေဟာ နဂိုမူလလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေမှာဖြစ်သလို တပ်ပေါင်းစုအနေနဲ့ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေကိုလည်း အတူတကွ တစ်ချိန်တည်းမှာပဲ ဖော်ဆောင်သွားမှာ၊ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”လို့ ကိုမင်းဟန်ထက်ကလည်း ပြောပါတယ်။

အခု SRA မှာ ပါဝင်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ချင်း၊ မွန်၊ တနင်္သာရီတို့မှာ တိုက်ပွဲအတွေ့အကြုံရှိခဲ့သူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်ပိုင်းမှာ အထူးပြောစရာမရှိပေမဲ့ စစ်ဆင်ရေးတွေ အကောင်အထည်ဖော်ချိန် ဟန်ချက်ညီတဲ့ တိုက်စစ်ဆင်မှုတွေ ဖြစ်ပေါ်စေဖို့က အစီအမံရေးဆွဲသူတွေအပေါ်မှာသာ မူတည်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ပြောပါတယ်။

ဒီလိုတပ်ပေါင်းစုဖွဲ့စည်းနိုင်ဖို့အတွက် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြား ကာလရှည်ဆွေးနွေးမှုတွေရှိခဲ့ပြီး အခုလိုတပ်ပေါင်းစုဖွဲ့စည်းနိုင်ခဲ့တာဟာ ဝမ်းမြောက်စရာဖြစ်တယ်လို့လည်း CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း သုံးသပ်ပြောပါတယ်။ လုပ်ငန်းစဉ်တွေနဲ့ စစ်ဆင်ရေးတွေ ပေါက်မြောက်တဲ့အထိလုပ်နိုင်ဖို့အတွက် စောင့်ကြည့်ဖို့လိုအပ်ပြီး ဒါဟာ ကြီးမားတဲ့ ခက်ခဲသိမ်မွေ့တဲ့ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

SRA တပ်ပေါင်းစုမှာ CB အဖွဲ့၊ KNDF တပ်ဖွဲ့၊ BPLA တပ်ဖွဲ့တို့အပြင် 96 Soldiers PDF ၊ ဗမာ့တပ်မတော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Forece for Democracy (FFD) ၊ Generation Z Army (GZA) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) နဲ့ ယောကာကွယ်ရေး (YDF) တို့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။

#တပ်ပေါင်းစု

 #နွေဦးတော်လှန်ရေးတပ်ပေါင်းစု(SRA)ရဲ့ နိုင်ငံရေးဦးတည်ချက် သဘောထားထုတ်ပြန်ချက်များ။တော်လှန်ရေးမုချအောင်ရမည်။
17/12/2025

#နွေဦးတော်လှန်ရေးတပ်ပေါင်းစု(SRA)ရဲ့ နိုင်ငံရေးဦးတည်ချက် သဘောထားထုတ်ပြန်ချက်များ။
တော်လှန်ရေးမုချအောင်ရမည်။

30/11/2025
ပျူစောထီးသီတာယုမွန်အဖွဲ့သားတွေရဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းရနိုဝင်ဘာ-၃၀၊ ၂၀၂၅ ​မန္တလေးတိုင်...
30/11/2025

ပျူစောထီးသီတာယုမွန်အဖွဲ့သားတွေရဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းရ

နိုဝင်ဘာ-၃၀၊ ၂၀၂၅ ​

မန္တလေးတိုင်း၊ ညောင်ဦး-မြင်းခြံလမ်းပိုင်းမှာ မြင်းခြံမြို့က ပျုစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့အဖွဲ့သားတွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ လက်နက် ၃လက်နဲ့ ခဲယမ်းတွေတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက် မနေ့က မနက် ၁၁နာရီခန့်က သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလိုက်ပါလာတဲ့ကားကို ညောင်ဦး-မြင်းခြံလမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကားပေါ်ပါ စစ်အုပ်စုဝင် အမျိုးသမီးတပ်သား ၄ဦး၊ အမျိုးသားတပ်သား ၁ဦး စုစုပေါင်း ၅ဦးလုံးသေဆုံးပြီး G4သေနတ် တစ်လက်၊ကာဘိုင် နှစ်လက်နဲ့ ကျည်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ရဲဘော်မှိုင်းက ပြောပါတယ်။

"သီတာယုမွန်မပါဘူး။ သူ့လက်ပါးစေတွေပဲ ပါတာ။ ကားပေါ်ပါအကုန်သေတာ။ ပုံမှန်ဆို ညောင်ဦး-မြင်းခြံလမ်းက သူတို့အားကောင်းတယ်။ သူတို့ လမ်းလို့ကိုပြောလို့ရတယ်"လို့ ၎င်းက ပြောပါတယ်။

ညောင်ဦး-မြင်းခြံလမ်းပိုင်းဟာ ပျူစောထီးတွေအားကောင်းတဲ့ဒေသဖြစ်တဲ့ကြားက တိုက်ခိုက်ခံလိုက်ရတာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း(၁)ပကဖမှ ရဲဘော်ဒီးနှင့်ရဲဘော် ဓာတ်​ဗူး ဦးဆောင်တဲ့ ရဲဘော် (၁၀)ယောက်ကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

(တိုက်ခိုက်မှုမှာ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းနဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pakokku Special Task Force)

 #တူမီးခေတ်မဟုတ်တော့ဘူးနောမြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၈ ခု ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စ...
29/11/2025

#တူမီးခေတ်မဟုတ်တော့ဘူးနော

မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၈ ခု ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းဖွဲ့စည်း

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။
မန္တလေးဒေသ၊ မြင်းခြံခရိုင်အတွင်းရှိ ပြန့်ကျဲနေတဲ့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ၈ ဖွဲ့စုစည်းပြီး မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း ပါဝင်တဲ့တပ်အသီးသီးက နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ကြပါတယ်။

စစ်ကြောင်းမှာ Natogyi People Defece Force NPDF ၊ Taung Tha People Defence Force - TTA PDF ၊ Natogyi Guerrilla Force NGF ၊ Myingyan Black Tiger MBT ၊ Onemore Column ၊ Ngazun PDF ၊ ငါန်းဇွန်မီးနဂါးတပ်ဖွဲ့နဲ့ အားမာန်သစ်ပြောက်ကျားတပ်ဖွဲ့တို့နဲ့ ပူးပေါင်းဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: The Voice of Spring


ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင် တိုက်ပွဲပြင်းထန်သျှမ်းသံတော်ဆင့်၊ ၂၀၂၅ နိုဝင်ဘာလ ၂၉ ရက်သျှ...
29/11/2025

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင် တိုက်ပွဲပြင်းထန်

သျှမ်းသံတော်ဆင့်၊ ၂၀၂၅ နိုဝင်ဘာလ ၂၉ ရက်

သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်ခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု တောတွင်းတစ်နေရာရှိ SSPP တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်မှ မြေပြင်ထိုးစစ်ဆင် ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ဒီနေ့လယ်က ဖြစ်တာ၊ ပုံဝိုးဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး သေနတ်ပစ်သံ ကြားတာပဲ။ တချို့ပြောတာလည်း တောင်ထိပ်ဘက်က တောထဲမှာ လုပ်ထားတဲ့ ကျားဖြန့်ရုံကို စစ်တပ်က ဝင်ပစ်တာလို့လည်း ပြောကြတယ်။ စစ်တပ်က ရှေ့ရက်က ရပ်စောက်ဘက်ကနေ ကူးလာတာ” ဟု ကျောက်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ် အင်အား (၁၀၀) ဝန်းကျင်သည် SSPP တပ်စခန်းတည်ရှိရာ ပုံဝိုးကျေးရွာအနီး တောတွင်းတစ်နေရာတွင် ထိုးစစ်ဆင် ဝင်ရောက်လာခြင်းကြောင့် နေ့လယ် ၃ နာရီခန့်အထိ နှစ်ဘက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နှစ်ဘက်တပ်ဖွဲ့ ထိခိုက်မှု ရှိ မရှိ မေးမြန်းအတည်ပြုနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ယခုလ နိုဝင်ဘာလ (၈) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် SSPP ၏ ပဉ္စမအကြိမ်မြောက် ပါတီကွန်ဂရက် အစည်းအဝေးကြီးတွင် ရလဒ်(၅) ချက် ထုတ်ပြန်ခဲ့ရာ ၎င်းတို့ထိန်းချုပ်နယ်မြေ၊ အိမ်နီးချင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများ မရှိစေရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးတို့ကို အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုဝင်ဘာလ (၃) ရက်တွင်လည်း SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်ခဲ့ရာ အကယ်၍ ကျားဖြန့်လုပ်ကိုင်သူများကို လက်ခံထားပါက (၇) ရက်အတွင်း ဖယ်ရှားရန် သတိပေးထားသည်။


#သျှမ်းသံတော်ဆင့်



#စစ်ကော်မရှင်တပ် #ကျောက်မဲ #ပုံဝိုး #ကျားဖြန့်

29/11/2025

#အကြမ်းဖက် မူးယစ်ဆေးဝါးဖြန့်ချီရေးဒိုင် ချဲဒိုင် ဝက်ဒိုင် အမဲဒိုင် လေးကောင်ဂျင်ဒိုင် ဖါဂေါင်း စစ်မူ့ထမ်းဟောင်း ပြည်သူ့စစ်ခေါင်းဆောင် ပျူစောထီးခေါင်းဆောင် ပြည်သူ့အိမ်တွေမီးရှို့ ပစ္စည်းခိုးယူ pdfလို့စွပ်စွဲ ပြည်သူတွေကို ဖမ်းဆီးသ-တ်ဖြ-တ်နေတဲ့ ဝင်းမြင့် (မြင်းကျဒိုး) အမျှအမျှအမျှ အဝိစိမှာစောက်ထိုးဂျိုးကပ်ပါစေ မင်းရဲ့ရှေ့ကသွားနှင့်သူများနဲ့ ငရဲအိုးမှာ မင်နောက်က မင်းရဲ့အပေါင်းဖေါ်တွေလဲ မကြာခင်လိုက်လာကြလိမ့်မယ်။

Address

Ye-Ngan

Telephone

+66801874704

Website

Alerts

Be the first to know and let us send you an email when Ywangan Township People Defence Force. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share