𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚

  • Home
  • Myanmar
  • Ye-u
  • 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚

𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚, Political organisation, ဒီမိုကရေစီလမ်း, Ye-u.

"ရေဦးမြို့နယ်အနောက်ခြမ်းဇုံ 𝐏𝐃𝐂✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာနဖြစ်သည်။ မြေပြင်ခွေးစစ်ကြောင်းလှုပ်ရှားမှုများ/ဝေဟင်သတင်းများကို အချိန်နဲ့တပြေးညီ ထုတ်ပြန်လျှက်ရှိပါသည် Page 2 Official📡

🚨စစ်ကိုင်းတိုင်း-ရေဦး🚨💥Airstrike💥▪️စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ စက်တင်ဘာလ၊ ၇ ရ...
08/09/2026

🚨စစ်ကိုင်းတိုင်း-ရေဦး🚨

💥Airstrike💥

▪️စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ စက်တင်ဘာလ၊ ၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ အကြောင်းမဲ့ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၇)ဦး သေဆုံး

စက်တင်ဘာလ၊ ၈ ရက်၊ ၂၀၂၆ (𝐏𝐃𝐂)

💥 ရေဦးမြို့နယ်အနောက်တောင်ဘက်ခြမ်း တင်းတိမ်ရံစံပြကျေးရွာကို တိုက်ပွဲဖြစ်ထားခြင်းမရှိပဲ အကြမ်းဖက်စစ်ခွေးတပ်မှ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ကားဝပ်ရှော့ဆိုင်ကို မုံရွာနမခ,တက် 𝗚𝘆𝗿𝗼𝗰𝗼𝗽𝘁𝗲𝗿-ဂိုင်ရိုကော်ပတာ တိုက်ခိုက်ယာဥ် (၃)စီး ဖြင့် ယမန်နေ့ညနေပိုင်းအချိန် (4:44 Pm)ခန့်မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားပြီး နမခ,မှ ထပ်တက်လာသည့် 𝗠𝗶-𝟯𝟱 𝗔𝘁𝘁𝗮𝗰𝗸 𝗔𝗶𝗿𝗰𝗿𝗮𝗳𝘁-တိုက်ခိုက်ယာဥ် (၁) စီးဖြင့်လည်း (4:51 Pm)မှစကာ ရှော့ကတ်များ (၁၀)ကြိမ်ထက်မနည်းပစ်ခတ်၍ စက်လက်နက်ဖြင့်ဆွဲကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည် ။
𝗚𝘆𝗿𝗼𝗰𝗼𝗽𝘁𝗲𝗿 (၃)စီး၊ Mi35 (၁)စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကားဝပ်ရှော့မှ လုပ်သား အမျိုးသမီးငယ်တစ်ဦး နှင့် အမျိုးသား (၆)ဦး၊ စုစုပေါင်း အပြစ်မဲ့အရပ်သားပြည်သူ (၇)ဦး နေရာတင် ခေါင်းပြတ်/ခြေပြတ်/လက်ပြတ်ဖြစ်ကာ သေဆုံးခဲ့ရပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည် ။
(သေဆုံးခဲ့ရသည့် ၇ ဦး ထဲတွင် ကားလာပြင်သည့် အခြားရွာခံ အရပ်သားပြည်သူအချို့ ပါဝင်သည်)

အနီးကပ်ဒလန်သတင်းပေးမှုများကြောင့် အကြမ်းဖက်စစ်တပ်ဟာ တင်းတိမ်ရံစံပြကျေးရွာ အများပြည်သူသွားလာနေချိန် ကားဝပ်ရှော့ဆိုင်ပေါ် အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သေကြေစေရန်ရည်ရွယ်၍ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ထပ်မံကျုးလွန်ခဲ့ခြင်းဖြစ်ပါသည် ။

▪️ရေဦးမြို့နယ် တင်းတိမ်ရံစံပြကျေးရွာသည် အကြမ်းဖက်(မ အ လ)အာဏာသိမ်းယူပြီးနောက် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ ၃၀ ရက်နေ့ ခမရ(၃၆၈)အကြမ်းဖက်စစ်တပ် မြေပြင်စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူပိုင်နေအိမ်များနှင့် စျေးကြီးတခုလုံး စျေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခံခဲ့ရပါသည် ။
၂၀၂၄ခုနှစ်၊ သြဂုတ်လနှင့် အောက်တိုဘာလထဲတွင် အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာများဖြင့် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တာကြောင့် မွေးကင်းစကလေးငယ် အပါအဝင် အရပ်သားပြည်သူ (၄)ဦး သေဆုံးခဲ့ရပါသေးသည် ။

အကြမ်းဖက်ခွေးစစ်တပ်ဟာ အရပ်သားပြည်သူများ ပစ်မှတ်ထားပြီး နေ့စဥ်လူမဆန်စွာ Jet Fighter/Y-12/Mi35/𝗚𝘆𝗿𝗼𝗰𝗼𝗽𝘁𝗲𝗿/Paramotor/Su***de Drone များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများအနေဖြင့် နေ့ညမရွေး လေကြောင်းအသိ လေကြောင်းသတိရှိပြီး အထူးဂရုစိုက်နေထိုင်ပေးကြပါရန် 𝐏𝐃𝐂 မှ အသိပေးနှိုးဆော်အပ်ပါသည် ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

07/09/2026

🚨စစ်ကိုင်းတိုင်း-ရေဦး🚨 🚁

💥 ရေဦးနယ်အနောက်တောင်ခြမ်း(တနေရာ)တွင် နမခ တက် 𝗠𝗶-𝟯𝟱 𝗔𝘁𝘁𝗮𝗰𝗸 𝗔𝗶𝗿𝗰𝗿𝗮𝗳𝘁-တိုက်ခိုက်ယာဥ် (𝟭) စီး ပျံသန်းဝဲပြီး ရှော့ကတ်များဖြင့် (၁၀)ကြိမ်ပစ်ခတ်ထားပြီး စက်လက်များဆွဲကာ ပစ်ခတ်နေပါတယ် ။

🚨စစ်ကိုင်းတိုင်း-ဒီပဲယင်း-ရေဦး🚨 လေကြောင်း သတိပြုပါ ။

7 Sep, 2026/ 17:07
🛰️
https://t.me/airinformationyeu

⚠️စစ်ကိုင်းတိုင်း-ဒီပဲယင်း⚠️⚠️ဒီပဲယင်းနယ်အနောက်တောင်ခြမ်းကိုဖြတ်၍ နမခတက် 𝗚𝘆𝗿𝗼𝗰𝗼𝗽𝘁𝗲𝗿(ဂိုင်ရိုကော်ပတာ)တိုက်ခိုက်ယာဥ် (3)စီ...
07/09/2026

⚠️စစ်ကိုင်းတိုင်း-ဒီပဲယင်း⚠️

⚠️ဒီပဲယင်းနယ်အနောက်တောင်ခြမ်းကိုဖြတ်၍ နမခတက် 𝗚𝘆𝗿𝗼𝗰𝗼𝗽𝘁𝗲𝗿(ဂိုင်ရိုကော်ပတာ)တိုက်ခိုက်ယာဥ် (3)စီး အရှေ့မြောက်ရပ်သို့ ပျံသန်းလာနေသောကြောင့် တော်လှန်မိဘပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ လေကြောင်းအသိလေကြောင်းသတိရှိကြပါရန် လုံခြုံသည့်နေရာများမှာ နေထိုင်ပေးကြဖို့ 𝗣𝗗𝗖မှ အသိပေးအပ်ပါသည် ။

⚠️စစ်ကိုင်းတိုင်း-ဒီပဲယင်း-ရေဦး-တန့်ဆည်-ခင်ဦး-ရွှေဘို⚠️ သတိပြုဂရုစိုက်ပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

SEP 7, 2026/⌚16:33
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

07/09/2026

‼️မန္တလေးတိုင်း-တကောင်း/ စစ်ကိုင်းတိုင်း-ထီးချိုင့်/ကသာ ⚠️

🛳️(ရေကြောင်းသတင်း)🛳️

Update 🛳️ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ အထက်သို့ ထပ်မံဆန်တက်လာသည့် အကြမ်းဖက်စစ်ခွေးသင်္ဘော အစီးရေ (၃၂)စီးဟာ မန္တလေးတိုင်း-တကောင်းနယ်အတွင်း ဝင်ရောက်နေပြီး လက်နက်ကြီး/လက်နက်ငယ်များ ရမ်းကားပစ်ခတ်ကာ အထက်သို့ဆက်လက်ဆန်တက်နေကြောင်း သတင်းရရှိထားပါသည် ။

သို့ဖြစ်သောကြောင့် ဧရာဝတီမြစ်ကမ်းဘေးဝဲယာ နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက်ပြီး လုံခြုံသည့်နေရာများမှာ ရွေ့ပြောင်းနေထိုင်ပေးကြပါရန် အထူးသတိပေးနှိုးဆော်အပ်ပါသည် ။
⚠️ဂျက်ဖိုက်တာ / Y-12 / Mi-35 / Su***de Drone လေကြောင်းအထူးဂရုစိုက်ပေးကြပါခင်ဗျာ ။

⚠️မန္တလေးတိုင်း-တကောင်း/ စစ်ကိုင်းတိုင်း-ထီးချိုင့်/ကသာ⚠️ အထူးဂရုစိုက်ပေးကြပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

SEP 7, 2026/⌚12:20 Pm
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

‼️စစ်ကိုင်းတိုင်း-ရွှေဘို-ခင်ဦး-ကန့်ဘလူ🛳️(ရေကြောင်းသတင်း)🛳️Update 🛳️ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ အထက်သို့ ထပ်မံဆန်တ...
06/09/2026

‼️စစ်ကိုင်းတိုင်း-ရွှေဘို-ခင်ဦး-ကန့်ဘလူ

🛳️(ရေကြောင်းသတင်း)🛳️

Update 🛳️ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ အထက်သို့ ထပ်မံဆန်တက်လာသည့် အကြမ်းဖက်စစ်ခွေးသင်္ဘော အစီးရေ (၃၀)ကျော်ဟာ ရွှေဘို/ခင်ဦး/ကန့်ဘလူနယ်တို့အတွင်း ဝင်ရောက်နေပြီး အထက်သို့ဆက်လက်ဆန်တက်နေကြောင်း သတင်းရရှိထားပါသည် ။

🚨ခင်ဦးမြို့နယ်အရှေ့ခြမ်းဘက်ကိုလည်း တွင်းငယ်(တတက ၁၃)ခွေးခြံတက် Mi-35-တိုက်ခိုက်ရေးရဟတ်ယာဉ် (1) စီးဖြင့် ခွေးသင်္ဘောများအပေါ် ပျံသန်းဝဲလုံခြုံရေးယူပေးနေပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါတယ် ။ (11:30 Am)

သို့ဖြစ်သောကြောင့် ဧရာဝတီမြစ်ကမ်းဘေးဝဲယာ နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက်ပြီး လုံခြုံသည့်နေရာများမှာ ရွေ့ပြောင်းနေထိုင်ပေးကြပါရန် အထူးသတိပေးနှိုးဆော်အပ်ပါသည် ။
⚠️ဂျက်ဖိုက်တာ / Y-12 / Mi-35 / Su***de Drone လေကြောင်းအထူးဂရုစိုက်ပေးကြပါခင်ဗျာ ။

⚠️ စစ်ကိုင်းတိုင်း-ရွှေဘို/ခင်ဦး/ကန့်ဘလူ⚠️ အရှေ့ခြမ်း အထူးဂရုစိုက်ပေးကြပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

SEP 6, 2026/⌚11:33 Am
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

05/09/2026

💢မန္တလေးတိုင်း-စဥ့်ကူး/ စစ်ကိုင်းတိုင်း-ဝက်လက်-ရွှေဘို-ခင်ဦး💢

🛳️(ရေကြောင်းသတင်း)🛳️

Update 🛳️ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ အထက်သို့ ထပ်မံဆန်တက်လာသည့် အကြမ်းဖက်စစ်ခွေးသင်္ဘော အစီးရေ (၃၀)ခန့်ထဲမှ ရှေ့ဆုံးပွိုင့် ခွေးသင်္ဘော(၄)စီးဟာ စဥ့်ကူးမြို့နယ်အတွင်း ဝင်ရောက်နေပြီး ရွာသာရွာအနီးကနေ လက်နက်ငယ်များရမ်းကားပစ်ခတ်ကာ အထက်သို့ဆက်လက်ဆန်တက်နေကြောင်း သတင်းရရှိထားပါသည် ။
သို့ဖြစ်သောကြောင့် ဧရာဝတီမြစ်ကမ်းဘေးဝဲယာ နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက်ပြီး လုံခြုံသည့်နေရာများမှာ ရွေ့ပြောင်းနေထိုင်ပေးကြပါရန် အထူးသတိပေးနှိုးဆော်အပ်ပါသည် ။

⚠️မန္တလေးတိုင်း-စဥ့်ကူး/ စစ်ကိုင်းတိုင်း-ဝက်လက်/ရွှေဘို/ခင်ဦး⚠️ အရှေ့ခြမ်း အထူးဂရုစိုက်ပေးကြပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

SEP 5, 2026/⌚14:00
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

05/09/2026

💢မန္တလေးတိုင်း-မတ္တရာ/ စစ်ကိုင်းတိုင်း-ဝက်လက်💢

🛳️ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ အထက်သို့ ထပ်မံဆန်တက်လာသည့် အကြမ်းဖက်စစ်ခွေးသင်္ဘော အစီးရေ (၃၀)ခန့်ဟာ မတ္တရာနယ်/ဝက်လက်နယ်-ရေလည်မှော်ရွာဘက် ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းကားပစ်ခတ်ကာ အထက်သို့ဆက်လက်ဆန်တက်နေကြောင်း သတင်းရရှိထားပါသည် ။
သို့ဖြစ်သောကြောင့် ဧရာဝတီမြစ်ကမ်းဘေးဝဲယာ နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက်ပြီး လုံခြုံသည့်နေရာများမှာ ရွေ့ပြောင်းနေထိုင်ပေးကြပါရန် အထူးသတိပေးနှိုးဆော်အပ်ပါသည် ။

⚠️ဝက်လက်/ခင်ဦး⚠️ အရှေ့ခြမ်း အထူးဂရုစိုက်ပေးကြပါ ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

SEP 5, 2026/⌚13:28
#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

05/09/2026

🔺မန္တလေး/မတ္တရာ(ရေကြောင်း သတင်း)🔺

မန္တလေးဂေါ်ဝန် ညတွင်းချင်း ဆန်တက်လာသော ခွေးတိုက်ခိုက်‌ ရေးနှင့် ခွေးသင်္ဘော (စုစုပေါင်း ၆စီး)သည် မတ္တရာနယ် ရှင်လှအလယ်ရွာနားတွင် ရပ်တန့်ထားပြီး မနက်ခင်းပိုင်းတ္ငင် စတင်ဆန်တက်လာသော ခွေးပါတွဲတွန်းသင်္ဘော အစီး ၂၀ကျော်ထဲမှ ပထမတွဲတွန်းသည် မတ္တရာနယ် သုံးဆယ်ပေးရွာ အနောက်ဘက်တွင် ရောက်ရှိ၍ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိထား။

ခွေးတွဲတွန်းသင်္ဘောတန်းသည် မန္တလေးဆိပ်ကမ်းမှ ဆက်လက်ထွက်နေ။

Edit: ခွေးသင်္ဘောများပေါ်မှ လက်နက်ကြီး/လက်နက်ငယ်များ ရမ်းကားပစ်ခတ်ခြင်း လေကြောင်းကနေ လုံခြုံရေးယူလိုက်ပါကာ မြစ်ဘေးတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သောကြောင့် ဧရာဝတီမြစ်ဘေးဝဲယာရှိ မိဘပြည်သူများ ဘေးကင်းလုံခြုံသည့်နေရာများမှာ ရွေ့ပြောင်းနေထိုင်ကြဖို့ အထူးသတိပေးနှိုးဆော်အပ်ပါသည် ။

Sep. 5 , 9 : 23 AM

#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡

‼️သတိပေးထုတ်ပြန်ကြေငြာချက်‼️စက်တင်ဘာလ၊ ၄ရက်၊ ၂၀၂၆ (𝐏𝐃𝐂)- အကြမ်းဖက်စစ်ရှုံး ခွေးစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ...
04/09/2026

‼️သတိပေးထုတ်ပြန်ကြေငြာချက်‼️

စက်တင်ဘာလ၊ ၄ရက်၊ ၂၀၂၆ (𝐏𝐃𝐂)

- အကြမ်းဖက်စစ်ရှုံး ခွေးစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်နေရာအနှံ့အပြားကို အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သေစေရန်ရည်ရွယ်ပြီး အဓိကပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများ နေ့စဥ်ကျုးလွန်လျှက်ရှိနေသည်ကို တွေ့ရှိရပါသည် ။
- အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ကြသည့် ကျေးရွာများ နှင့် ဘုန်းကြီးကျောင်း ဆေးရုံဆေးခန်းများကို အဓိကဦးတည်ပစ်မှတ်ထား၍ ဂျက်ဖိုက်တာအုပ်လိုက်တက်လာပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာသည်ကိုလည်း တွေ့ရှိရပါသည် ။
- စစ်ကိုစစ်နဲ့တူအောင် မတိုက်ပါပဲ အပြစ်မဲ့အရပ်သားပြည်သူ လူကြီးလူငယ် ကလေးသူငယ် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါမကျန် သေစေလိုသောဆန္ဒတခုတည်းဖြင့်သာရည်ရွယ်ပြီး တိုက်ပွဲဖြစ်ထားခြင်းမရှိသည့်ကျေးရွာများအား ဂျက်ဖိုက်တာများ,Mi-35တိုက်ခိုက်ယာဥ်များ,Y-12ဗုံးကြဲယာဥ်များ,ဂိုင်ရိုကော်ပတာများ,ပါရာမော်တာများ,အသေခံဒရုန်းများ တို့ဖြင့် လေကြောင်းသာလွန်အသုံးပြုကာ အစုလိုက်အပြုံလိုက် လိုက်လံသတ်ဖြတ် စစ်ရာဇဝတ်မှုကျုးလွန်လျှက်ရှိပါသည် ။

သို့ဖြစ်ပါ၍ နေ့ညမရွေး လေကြောင်းအသိ လေကြောင်းသတိရှိကြပါရန်နှင့် မိမိတို့မြို့နယ်များအတွင်း
ဂျက်ဖိုက်တာ,ဂိုင်ရိုကော်ပတာ,ပါရာမော်တာ,အသေခံဒရုန်း များ ဖြတ်သန်းဝင်ရောက်လာပြီဆိုပါက မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာများမှာ အထူးဂရုစိုက်၍နေထိုင်ပေးကြပါရန် PDCမှ သတိပေးနှိုးဆော်အပ်ပါသည် ။

"တော်လှန်ပါ၊ ဂရုစိုက်ပါ၊ အသက်ရှင်ပါ"

မှတ်ချက်။ (သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်)

#𝐏𝐞𝐨𝐩𝐥𝐞𝐬𝐃𝐞𝐟𝐞𝐧𝐬𝐞𝐂𝐨𝐦𝐫𝐚𝐝𝐞(𝐏𝐃𝐂)
➠ရွှေဘိုခရိုင်၊ရေဦးမြို့နယ်အနောက်ခြမ်းဇုံ✰အမေ့သား✰တော်လှန်သတင်းဆက်သွယ်ရေးဌာန📡
https://t.me/peoplesdefensecomrade
​📡သတင်းပေးပို့ရန် t.me/htookhantzaw5 💬

04/09/2026

Address

ဒီမိုကရေစီလမ်း
Ye-U

Website

Alerts

Be the first to know and let us send you an email when 𝙋𝙚𝙤𝙥𝙡𝙚'𝙨 𝘿𝙚𝙛𝙚𝙣𝙨𝙚 𝘾𝙤𝙢𝙧𝙖𝙙𝙚 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share