04/09/2026
နောက်ထပ် စာအုပ်စင် အသစ်စက်စက် တစ်စင်
ထပ်တိုးလာပြီ
ပြီးတော့ ရေဘေးကြောင့် ပျက်စီးသွားတဲ့
သစ်သားစာအုပ်စင်တွေ ၊ ထိုင်ခုံတွေ နဲ့
Wall Partition တစ်ခု လည်း
ပြန်လည်ပြုပြင်ပြီးပါပြီ
စာကြည့်တိုက်လည်း နေရာချဲ့ထားတော့
စာအုပ်စင်အသစ်ထပ်ဖြည့်ဖို့ နေရာ ၃ နေရာ
တိုးလာပါတယ် အခုဆိုရင်
စာအုပ်စင်ကြီး ၂ စင် ပြုလုပ်ပြီးပါပြီ
နောက်ထပ်အလျား ၈ပေ
အနံ ၁၀လက်မ နဲ့ အမြင့် ၇ပေ ရှိတဲ့ စာအုပ်စင်ကြီး
တစ်စင် ထပ်မံပြုလုပ်ဖို့ အပ်ပြီးပါပြီ
ကလေးစာဖတ်ခန်းအတွက်
၈ပေ×၆ပေ
သစ်သားကြမ်းခင်း ၂ချပ် ပြုလုပ်ဦးမှာပါ
သစ်သားကြမ်းခင်းပြီးရင်တော့
ကလေးတွေ ပိုပြီး စိတ်လွတ်လပ်ပေါ့ပါးစွာနဲ့ ဇိမ်ကျကျ စာဖတ်နိုင်တော့မှာပါ
အလှူရှင်တွေရဲ့ စေတနာ သဒ္ဓါကြောင့်
စာကြည့်တိုက်ကို ပြန်လည်ထူထောင်နိုင်ရုံသာမက အရင်ကထက်ပိုပြီး သပ်ရပ်လှပ ကျယ်ဝန်းတဲ့ စာကြည့်တိုက်လေး ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်
စာကြည့်တိုက်တိုးတက်ရေး အတွက်
ဝိုင်းဝန်းကူညီပံ့ပိုးကြသူများ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာရွှင်လန်းကြပါစေဗျာ
ပတ်ဝန်းကျင်ကောင်းလေးဖြစ်အောင်
ကြိုးစားပါဦးမယ်
#အခမဲ့စာကြည့်တိုက်
#ရေဦးမြို့