Ta Lote Cha Waterfall

Ta Lote Cha Waterfall It is located at Da La Pin Village, Ywangan Township, Southern Shan State, Myanmar.

25/11/2022
ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို ဇန်နဝါရီ ၁၇   journal ရှမ်းပြည်...
17/01/2021

ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို

ဇန်နဝါရီ ၁၇ journal

ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ ဒေသရှိ တလုပ်ချရေတံခွန်နှင့် ဆည်ကြီးကျရေတံခွန်မှာ ရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဖြစ်ကြောင်း ရွာငံ အခြေ စိုက် Kaung Kaung Travel& Tourမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သန်း က Travelling journal သို့ ပြောသည်။

ရွာငံ ဒေသ သည် ပြည်တွင်းခရီးသွားများအကြားတွင် ရေပန်းစားပြီး တောတောင်ရှုခင်း ရောင်စုံစိုက်ခင်းများကြောင့် ခရီးသွား များ၏ စိတ်ဝင်စားမှု အများဆုံးခံရ
သည့် မြို့လည်း ဖြစ်ကြောင်းသိရသည်။

လက်ရှိရွာငံဒေသတွင် လည်ပတ်စရာနေရာ ၃၀ကျော်ရှိပြီး ရာသီမရွေး လာရောက်လည်ပတ်နိုင်သည့် ဒေသဖြစ်သည်။

"အခု ရွာငံ မြောက်ပိုင်းမှာရှိတဲ့ အမြင့်ပေ ၃၀၀ ကျော်တဲ့ တလုပ်ချရေတံခွန် က ခရီးသွား အလာများကြတယ်။ ဒီရေတံခွန်က ၁၂ရာသီ ရေမပြတ်ဘူး။ လူအသွားအလာများပြီး ပေါ်ပြူလာဖြစ် တယ်။ ရွာငံတောင်ပိုင်းမှာရှိတဲ့
ဆည်ကြီးကျ ရေတံခွန်က တော့ ရေတံခွန်ထဲမှာအလှဆုံးပေါ့။ ဒီရေတံခွန်က တော်တော်လှတယ်။ရေအားများတယ်။ ရွာငံမှာဆိုအလှဆုံးရေတံခွန် ။ရေတံခွန် က မြင့်လည်းမြင့်တယ်။ အဆင့်လည်းများတယ်"ဟု ဦးကျော်သန်းက ပြောသည်။

အဆိုပါ ဆည်ကြီးကျရေတံခွန်သည် ရေလှကျေးရွာအနီးတွင်ရှိပြီး အောက်ခြေမှ အပေါ်ဆုံးထိဆိုပါက အမြင့်ပေ ၂၀၀၀ နီးပါးရှိနိုင်ကြောင်း ကြားတွင် အဆင့်အလိုက် ရေတံခွန် ငယ်များလည်းရှိကြောင်း သိရသည်။ယင်းရေတံခွန်မှာ တောကျယ်ရေတံခွန် နှင့်လည်းနီးကြောင်း သိရသည်။

ထို့ပြင် ပင်းတယနှင့်ရွာငံလမ်းခွဲကြားရှိ အလယ်ချောင်ရွာနားတွင် ရှစ်ထပ်ရေတံခွန်လည်းရှိပြီးမိုးရာသီမှာသာ ရေရှိ​ကြောင်း သိရသည်။ ရွာငံတွင် ရေတံခွန်များမှာ အကြီး အသေးများစွာရှိပြီး ရေတံခွန်ပေါင်း ၁၀ခု ကျော်ရှိကြောင်း ရေတံခွန်မြို့တော်ဟုလည်း တင်စားနိုင် ကြောင်း
ရွာငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းရှင် ဦးဝေဖြိုးမောင်က Travelling journal သို့ ပြောသည်။

ရွာငံဒေသ သို့ Adventure Tourism နှင့်Trakking လျှောက် မည်ဆိုပါက ဆောင်းရာသီနှင့်နွေရာသီတွင် သာ လာရောက်ပါက အကောင်းဆုံးအချိန်ဖြစ် ကြောင်းသိရသည်။ လက်ရှိတွင် ကားလမ်းပေါက်သည့်ရေတံခွန်များဆီသို့ ခရီးသွား ဧည့်သည်များ မှ ၁၂လရာသီ မရွေး
လာရောက်လည်ပတ်နေကြ ကြောင်း သိရသည်။

journal

Richy Ray



12/11/2020
27/07/2020

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်
ဒလပင်ရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဖွံ့ဖြိုးရေး အားပေးကူညီ
*********************************************
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဦးအေးမင်းစိုးသည် ၂၅.၇.၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ ဒလပင်ကျေးရွာသို့ရောက်ရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် ဦးဆောင်၍ ကျေးရွာလူထုသစ်ပင်စိုက်ပျိုးနိုင်ရေး စီစဉ်ပေးပြီး ကိုယ်တိုင်ပါဝင် စိုက်ပျိုးခဲ့သည်။
ဒလပင်ကျေးရွာသည် ပေ ၄၀၀ နီးပါးမြင့်မား သော တလုတ်ကျ ရေတံခွန်ကြီး ရေရှည်တည်တံ့စေရေးအတွက် ဝန်းကျင်ရှိ သစ်တောဧရိယာ ၉၆၂ ဧကကို ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အဖြစ် တောင်ကြီးခရိုင်သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂၀၀၃ ခုနှစ်ကတည်ထောင်ခဲ့ပြီ စနစ်တကျ စီမံအုပ်ချုပ်ခဲ့သည်။

ယ‌နေ့ သစ်ပင်စိုက်ပျိုးမှုသည် ဒလပင်ရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောကြီး ရေရှည်တည်တံ့စေပြီး တလုတ်ကျရေတံခွန်၏ ရေထွက်များ ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

27/07/2020

ရှမ်းပြည်နယ် သယံဇာတဝန်ကြီး တလုတ်ကျရေတခွန်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး
*********************************************
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်သည် ၂၆.၇.၂၀၂၀
ရက်နေ့ တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်၊ ဒလပင်ကျေးရွာသို့ ရောက်ရှိပြီး အလျား ၂ မိုင်ရှိသည့် ဒလပင်-တလုတ်ကျရေတခွန် ကျေးလက်လမ်း ဝဲ/ယာ တစ်လျှောက်တွင်
ခါတော်မှီပင်အပါအဝင် ဒေသသစ်မျိုး ၁၂၀၀ ပင် ကို ဒလပင်ကျေးရွာလူထုနှင့်တပျော်တပါးစိုက်ပျိုး ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်
ဦးအေးမင်းစိုး၏ စီစဉ်မှုအပေါ် ရွာငံမြို့နယ်သစ်တောဦးစီးဌာန၏ ပျိုးပင်ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ သွေးနဲ့ချွေးနဲ့ ရင်းနှီးထားရတဲ့ ကိုယ်ထူကိုယ်ထ မီးကို အခုချိန်မှ စွန့်လွှတ်ခိုင်းလို့ မရဘူး။ ကျနော်တို့ ဘဝတွေ...
11/07/2020

“ကျနော်တို့ သွေးနဲ့ချွေးနဲ့ ရင်းနှီးထားရတဲ့ ကိုယ်ထူကိုယ်ထ မီးကို အခုချိန်မှ စွန့်လွှတ်ခိုင်းလို့ မရဘူး။ ကျနော်တို့ ဘဝတွေက တအား အခက်အခဲနဲ့ ကြုံလာတုန်းက ဘယ်အစိုးရကမှ လာပြီး ဘာမှ လုပ်ပေးခဲ့တာ မရှိဘူး။ လာတဲ့ အစိုးရ နဲ့ ကျနော်တို့ ထိပ်တိုက် တွေ့မှာပဲ။ အစိုးရ ဆိုတာကလည်း အခုချိန်ထိ ကျနော်တို့ ဘယ်အစိုးရကိုမှ ယုံကြည် လို့ မရသေးဘူး” လို့ ဒေသခံ ကိုမျိုးအောင်က ပြောပါတယ်။

ကိုမျိုးအောင်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် သိမ်ကုန်းအုပ်စု ထန်းလှပင် ကျေးရွာမှ ဒေသခံတွေ ကိုယ်စား ရင်ဖွင့်သံကို တဆင့် ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်-----

မဟာဓာတ်အားလိုင်း မရှိပေမယ့် ဒေသတခုလုံး မှောင်ချိန်မှာ အလင်းရောင် ရရှိပြီးသားမို့ပါ။ အဲဒီလို အလင်းရောင် ရဖ....

Covid-19 ပီးသွားတ့ဲ တနေ့ အားလုံးနှင့် ပြန်လည်ဆုံတွေ့ချင်ပါသေးတယ် Welcome to Ta Lote Cha Waterfall
11/07/2020

Covid-19 ပီးသွားတ့ဲ တနေ့ အားလုံးနှင့် ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်

Welcome to Ta Lote Cha Waterfall

Covid-19 ရောဂါဟာ အရမ်းဆိုးလာပီဖြစ်ပါ၍ လာရောက်လည်ပတ်သူများအား မေတ္တာ ရပ်ခံချင်ပါတယ် လာရောက်လည်ပတ်သူများမှာ လည်ပတ်ပီး ပုံမ...
20/05/2020

Covid-19 ရောဂါဟာ အရမ်းဆိုးလာပီဖြစ်ပါ၍ လာရောက်လည်ပတ်သူများအား မေတ္တာ ရပ်ခံချင်ပါတယ်
လာရောက်လည်ပတ်သူများမှာ လည်ပတ်ပီး ပုံများကို အများသိစေရန်တင်နေသည်မှာ တလုတ်ချ ရေတံခွန်သို့ လည်ပတ်မှုများ အရမ်းများပြားလာ၍ တလုတ်ချရေတံခွန် နှင့်ပတ်သက်၍ အများသိစေရန် မတင်စေလိုပါ
-
-
-
-
ပုံ / တလုတ်ချ ရေတံခွန် ချစ်မြတ်နိုးသူ

ကပ်ရောဂါတွေ ပျောက်ကင်းတ့ဲ တနေ့ အားလုံးကို လာလည်ခ့ဲကြပါ သဘာဝ အလှတွေရှုမျှော်ရင်း ကပ်ရောဂါအတွင်း စိတ်ကျဥ်းကျပ်မှုတွေကို ဒီ...
03/05/2020

ကပ်ရောဂါတွေ ပျောက်ကင်းတ့ဲ တနေ့ အားလုံးကို လာလည်ခ့ဲကြပါ သဘာဝ အလှတွေရှုမျှော်ရင်း ကပ်ရောဂါအတွင်း စိတ်ကျဥ်းကျပ်မှုတွေကို ဒီနေရာလေးမှာ ထွက်ပေါက်လာရှာပီး အဝ ပျော်လိုက်ကျပါ😂😂😂
-
-
-
-
-
-
-
-
-
-

ကိုမြင်နိုင်ကြီး :::::::::ပေျါက်ကင်းမှာ ခေါ်တာနော်😁😄
😊😊🙂🙂😌😌😍😍😚😚

အထက်မှညွှန်ကြားချက်အရ(Covid,19)ကပ်ရောဂါဆိုးကြီးသည် ကမ္ဘာနှင့်အဝှမ်းမှာကူးစက်ပျံ့ပွါးနေပါသဖြင့်၎င်းကပ်ရောဂါဆိုးကြီးမပြန့်...
16/04/2020

အထက်မှညွှန်ကြားချက်အရ(Covid,19)ကပ်ရောဂါဆိုးကြီးသည် ကမ္ဘာနှင့်အဝှမ်းမှာကူးစက်ပျံ့ပွါးနေပါသဖြင့်၎င်းကပ်
ရောဂါဆိုးကြီးမပြန့်ပွါးစေရန်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့်ထန်းလှပင်(ဒလပင်)ကျေးရွာရဲ့မြောက်ဖက်မှာရှိသောသဘာဝ(သလုပ်ကျ)ရေတံခွန်အား အပန်းဖြေသွားရောက်လည်ပတ်ခြင်းအား ယာယီပိတ်ထားပြီဖြစ်ကြောင်း အပန်းဖြေခရီးသွား ညီအကိုမောင်နှမများ
သိစေရန် အသိပေးတင်ပြလိုက်ရပါသည်

လုံခြုံရေးအဖွဲ့
14,4,2020

Address

21. 2678646, 96. 4984432
Ye-ngan

Website

Alerts

Be the first to know and let us send you an email when Ta Lote Cha Waterfall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category